【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လူပျောက်လား၊ ကျားဖောင်ပေါ်လား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 လူပျောက်လား၊ ကျားဖောင်ပေါ်လား

ယခုရက်သတ္တပတ် ပြည်တွင်းသတင်းတွေထဲ သတိထားမိစရာဖြစ်ခဲ့တာက ယခင်အပတ်ကဖြစ်ခဲ့တဲ့ ကျားဖောင်သတင်းက အများစိတ်ဝင်စားစရာ သတင်းဖြစ်ခဲ့သလို ဒီသတင်းနဲ့ဆက်စပ်ကာ လူပျောက်သတင်းတွေကလည်း ယခုရက်သတ္တပတ်မှာ  အများစုအတွက် သတိထားစရာအဖြစ် အွန်လိုင်းမှာ ဝေဖန်မှုများခဲ့ပါတယ်။ဒါ့အပြင် မိန်းကလေးတစ်ဦးကို မြင်းဆေးလို့ခေါ်တဲ့ စိတ်ကြွဆေးတိုက်ပြီး အဓမ္မကျင့်ခဲ့တဲ့ သတင်းအပြင် ICJ နဲ့ ဗျာများနေတဲ့ မြန်မာအစိုးရအတွက် နောက်ထပ်ဖိအားပေးစရာဖြစ်လာတဲ့ ဓာတုလက်နက် သတင်းကလည်း ယခုရက်သတ္တပတ်မှာ ဖြစ်လာခဲ့ပါတယ်။

ဒီသတင်းတွေက ယခုရက်သတ္တပတ်ထဲ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပခဲ့တဲ့ တောင်ကိုရီးယား-အာဆီယံ Culture Innovation Summit ကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်သတင်းတွေ၊ ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၂၀ က ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိသဖြင့် အသစ်ဖွဲ့စည်းပေးဖို့ တောင်းဆိုခဲ့တဲ့သတင်းတွေ၊ ခြေဥပြင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်တွင်း ဆွေးနွေးစဉ်  တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၄ ဦးနှင့် ကြံ့ခိုင်ရေးကိုယ်စားလှယ် ဦးမောင်မြင့်တို့၏ ဆွေးနွေးချက်အချို့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခံရတဲ့သတင်းတွေ၊ ကမ္ဘာလှည့်ခရီးသည် ဂျာမနီနိုင်ငံသားတစ်ဦးနဲ့ အာဂျင်တီးနားနိုင်ငံသူတို့ သီပေါမြို့နယ်ထဲမှာ မိုင်းထိမိပြီး ဂျာမနီနိုင်ငံသား သေဆုံးခဲ့တဲ့ သတင်းတွေထက် အများပြည်သူက ပိုပြီးအာရုံစိုက်မိစေခဲ့ပါတယ်။

ရောင်တော်ပြန်လား၊ တကယ်လား

အုပ်ချုပ်ရေးအခြေအနေ မငြိမ်မသက်ဖြစ်နေတဲ့ ရခိုင်ဒေသမှာ ယခုရက်သတ္တပတ်အတွင်း သတင်းများစွာ ဖြစ်ခဲ့ပါတယ်။ဒီထဲမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်က ကျပ်သိန်းနှစ်ထောင်ကျော် လုယက်ခံရတဲ့ သတင်းက လူပြောများခဲ့ပါတယ်။
ဇာတ်လမ်းဆန်ဆန်ဖြစ်ခဲ့တဲ့ ဒီလုယက်မှုမှာ မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတွေက ဘဏ်ပိတ်ချိန် ပုံမှန်ဆောင်ရွက်နေကျအတိုင်း ငွေထည့်ထားတဲ့ သံသေတ္တာကို မြို့မရဲစခန်းမှာရှိတဲ့ ဘဏ်ငွေတိုက်မှာ အပ်နှံဖို့ ဆိုက္ကားနဲ့သွားရောက်ခဲ့ရာမှာ အစိမ်းရောင် အလုံပိတ် သုံးဘီးဆိုင်ကယ်တစ်စီးပေါ်က အနက်ရောင်မျက်နှာဖုံး တပ်ထားသူနှစ်ဦးက ထိုးကြိတ်လုယက်ပြီး ငွေကျပ် သိန်း ၂၁ဝဝ ကျော်ပါတဲ့ သံသေတ္တာကို လုယက်သွားတာလို့ ဆိုပါတယ်။

ဒီအတွက် အွန်လိုင်းမှာ လှောင်ပြောင်တဲ့ အထေ့အငေါ့ကာတွန်းတွေ၊ ဝေဖန်ချက်တွေ ပေါ်လာခဲ့ပါတယ်။ယနေ့အထိ လုသွားတဲ့သူကို မမိသေးသလို အွန်လိုင်းသတင်းတွေအရ ဒီဒေသမှာ လှုပ်ရှားနေတဲ့ ရခိုင်လက်နက်ကိုင် အေအေကပဲ လုသလိုလို။ရောင်တော်ပြန်နဲ့ လုသလိုလိုနဲ့ အများပြည်သူပိုင်ငွေဟာ ဆုံးရှုံးသွားဖို့ များနေပြီဖြစ်ပါတယ်။

ဖမ်းထားခံရတာ ကြာနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးကဝိဓဇ နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းတို့ကို တပ်မတော်က အချိန်နှစ်လကြာ ထိန်းသိမ်းစစ်ဆေးပြီးနောက် နိုဝင်ဘာလ ၂၂ သောကြာနေ့ ညနေက စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ဆရာတော် အပါအဝင် သုံးဦးကို ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်လို့ သံသယနဲ့ တပ်မတော်က ထိန်းသိမ်းစစ်ဆေးခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (က) နဲ့ အမှုဖွင့်ခဲ့ပါတယ်။တပ်ဘက်က ရခိုင်မြောက်ပိုင်းမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ ရဟတ်ယာဉ်တွေသုံးပြီး တိုက်တဲ့အတွက် ဝေဖန်မှုတွေ ထွက်လာခဲ့ပါတယ်။ဒီအတွက် တပ်မတော် သတင်းထုတ်ပြန်ရေးအဖွဲ့ဘက်က သောင်းကျန်းသူနှိမ်နှင်းရေးမှာ ရဟတ်ယာဉ်သုံးစွဲခွင့်ရှိတယ်ဆိုပြီး ပြောခဲ့ကာ အေအေဘက်ကို သတင်းပေးတဲ့ ဒေသခံတွေကများတဲ့အတွက်ဖြစ်ပြီး အေအေက တိုက်ခိုက်ရာမှာ အရပ်ဝတ်နဲ့ တပ်ဘက်ကို ခြုံခိုတိုက်ခိုက်လေ့ရှိပြီး ချက်ချင်းတုံ့ပြန်မတိုက်ခိုက်နိုင်ပါက ရွာတွေထဲ ပြန်ဝင်သွားတဲ့အတွက် ရဟတ်ယာဉ်ကိုသုံးပြီး တိုက်ရတာလို့ ပြောခဲ့ပါတယ်။ဒီလထဲမှာ ရခိုင်မြောက်ပိုင်းက ပလက်၀၊ မြောက်ဦး၊ မင်းပြားဘက်တွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ မကြာခဏဖြစ်ခဲ့ပါတယ်။ဒီအတွက် နှစ်ဘက်စလုံးမှာ အထိအခိုက် ကျဆုံးမှုတွေရှိသလို ဖမ်းဆီးရမိတာတွေလည်း ရှိခဲ့ပါတယ်။

အေအေဘက်က နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီမှာ ပလက်ဝမြို့နယ် အနောက်ဘက် တောင်တန်းပေါ် မှာ တပ်မ (၇၇) လက်အောက်ခံ ခမရ (၃၁၃) က စစ်ကြောင်းတစ်ခုနှင့် အေအေ လက်နက်ကိုင်အဖွဲ့တို့  နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အရာရှိတစ်ဦး အပါအဝင် ၁၃ ဦး လက်နက်ချခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။နောက်ပိုင်းမှာ အဆိုပါဖမ်းမိထားတဲ့သူတွေကို ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အေအေဘက်က ထိန်းသိမ်းထားတဲ့သူတွေနဲ့ တပ်ဘက်က ထိန်းသိမ်းထားတဲ့သူတွေချင်း လဲလှယ်မယ်ဆိုပြီး ပြောခဲ့ပါတယ်။ဒီထဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်တွေအရ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ဖမ်းဆီးထားသူ ၃၀ ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။ဒီလိုဖမ်းဆီးထားတဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သား ခြောက်ဦး၊ အကျဉ်းဦးစီးဝန်ထမ်း တစ်ဦး၊ တပ်အင်ဂျင်နီယာ တစ်ဦးလည်း ပါဝင်ပါတယ်။မကြာခင်က ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ပြန်လွှတ်ပေးမှာ မဟုတ်သေးဘူးလို့ ပြောခဲ့တာရှိပါတယ်။

အေအေက ဖမ်းဆီးထားတဲ့ ချင်းလူမျိုး ၈၀ ကျော် ရှိတယ်ဆိုပြီး ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရထံ တင်ပြထားသလို ပြည်တွင်း ပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေက အေအေကို ကိုယ်စားလှယ် ဦးဝှေ့တင်း ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေ ရှိခဲ့ပါတယ်။တပ်မတော်ဘက်က ဦးဝှေ့တင်း ဖမ်းဆီးခံရတာအပြင် အခြားဖမ်းဆီးခံရသူတွေကိုပါ ကယ်တင်ဖို့ လုပ်ဆောင်နေတယ်လို့ တုံ့ပြန်ထားသလို သုံ့ပန်းချင်းလဲလှယ်ဖို့ မရှိဘူးလို့ ပြောခဲ့ပါတယ်။

အေအေက ဖမ်းဆီးထားတဲ့သူတွေထဲမှာ စုပ်စမြုပ်စပျောက်နေသူတွေ ရှိလာသလို သေဆုံးနေပြီလို့ အသံတွေလည်းထွက်နေသလို အေအေဘက်ကတော့ ဖမ်းထားတဲ့သူတွေကို ဥပဒေအတိုင်း စောင့်ရှောက်ထားတယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် ဖမ်းဆီးခံထားရတဲ့သူ မိသားစုဝင်တွေဘက်က စိုးရိမ်မှုတွေရှိခဲ့တဲ့အတွက် မန္တလေး မဟာမုနိမှာ အထိန်းသိမ်းခံနေရသူတွေ လွတ်မြောက်ရေးအတွက် ဆုတောင်းမှုတွေ ရှိခဲ့ပါတယ်။ရခိုင်မြောက်ပိုင်း ပြဿနာဟာ ကြာလေပိုဆိုးလေဖြစ်သလို စစ်ပြေးဒုက္ခသည် အရေအတွက်ကလည်း တိုးနေတဲ့အတွက် ကြာရင် အဆိုပါဒေသမှာ နေထိုင်သူတွေအတွက် စစ်ဘေးဒုက္ခဟာ ကြီးမားလာဖို့ များနေပါတယ်။နောက်ထပ် လူအသေအပျောက်သတင်းတွေ တိုင်းရင်းသားအချင်းချင်းကြားမှာ မုန်းတီးစိတ်ဝမ်းကွဲစေတဲ့ အဖြစ်တွေ လှုံ့ဆော်မှုတွေ ထပ်ကြားရဦးမလား၊ လက်ရှိကြုံနေရတဲ့ ပြည်ပပြဿနာက ယခုပြည်တွင်းမညီညွတ်မှုကို ပြေလည်စေမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ICJ ၊ ဓာတုလက်နက်စွပ်စွဲချက်နှင့် မြန်မာ

ဒီဇင်ဘာ ၁၁ ရက်မှာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မှာ ရှိတဲ့ ICJ ရုံးမှာ မြန်မာနိုင်ငံအပေါ် OIC ဆိုတဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ကိုယ်စား ဂမ်ဘီယာဆိုတဲ့ အာဖရိကမှာရှိတဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတစ်ခုက စွဲဆိုတဲ့ စွပ်စွဲချက်အတွက် ရင်ဆိုင်ရဖို့ရှိပါတယ်။ဒီအတွက် မြန်မာအစိုးရ အာဏာပိုင်တွေဘက်က ပြင်ဆင်နေသလို မကြာခင်ကလည်း တပ်ဘက်၊ အရပ်ဘက် အမြင့်ဆုံးအာဏာပိုင်တွေ တွေ့ဆုံကာ ဒီကိစ္စအတွက် ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်တန်းခေါင်းဆောင်တွေ အစည်းအဝေးအပြီးမှာ ICJ မှာ တရားရင်ဆိုင်ဖို့ အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဖွဲ့စည်းရသည့် နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ဖွဲစည်းခဲ့ပါတယ်။နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ဖွဲ့စည်းတဲ့ အဆိုပါအထူးအဖွဲ့မှာ တပ်မတော်က နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်တဲ့ အရာရှိကြီးတစ်ဦးနဲ့ တပ်မတော်အရာရှိကြီးတစ်ဦး ပါဝင်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးတို့မှ ဥပဒေပညာရှင်များ ပါဝင်ကာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးဆောင်မည်ဟု ဖော်ပြထားပါတယ်။

ICJ မှာ ရှင်းရမယ့် ကိစ္စတွေထဲမှာ လူမျိုးတုန်းသတ်ဖြတ်တာတွေ ဆိုတာတွေလည်း ပါဝင်ပါတယ်။ဒီအတွက် ထင်ရှားတာက အင်းဒင်နဲ့ ဂူတားပြင်ကျေးရွာအဖြစ်တွေက ထင်ရှားပါတယ်။ဒါတွေကို စစ်ဆေးရာမှာ တပ်မတော်ဘက်က ဂူတားပြင်ရွာ ဖြစ်စဉ်မှာ ကနဦးတွေ့ခဲ့တာတွေအတွက် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဘူးသီးတောင် နယ်မြေခံတပ်က စစ်တရားရုံးမှာ စစ်ဆေးမယ်ဆိုပြီး ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ICJ ကိစ္စနဲ့ ထွေးလုံးရစ်ပတ်နေချိန်မှာ နောက်ထပ်ဖော်ဆောင်လာတဲ့ ပြဿနာတစ်ခုက ပေါ်ထွက်လာခဲ့ပါတယ်။ဒါက မြန်မာနိုင်ငံမှာ ဓာတုလက်နက်များ သိုလှောင်ထားဖွယ် ရှိတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့တာပါ။နိုဝင်ဘာ ၂၅ ရက်ရက်က ပြုလုပ်တဲ့ ဓာတုလက်နက် တားမြစ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ နှစ်ပတ်လည်အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အရေပြားကို လောင်ကျွမ်းစေသော ဆာလဖျူရစ်အက်စစ် ဓာတ်ငွေ့စီမံကိန်းနှင့် ဓာတုလက်နက် ထုတ်လုပ်ရေး အဆောက်အအုံ အပါအဝင် ဓာတုလက်နက် စီမံကိန်းတစ်ရပ်ကို ၁၉၈၀ ခုနှစ်များက လုပ်ဆောင်ခဲ့တာကို အမေရိကန်က သတင်းရရှိထားတယ်ဆိုပြီး ပြောခဲ့တာပါ။ဒီအတွက်  ဓာတုလက်နက်တားမြစ်ရေး တစ်ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို မြန်မာနိုင်ငံက  ချိုးဖောက်ထားတယ်ဆိုပြီး ပြောခဲ့တာပါ။ယခင်ကလည်း မြန်မာနိုင်ငံမှာ ဓာတုလက်နက်ကဲ့သို့ လက်နက်များ အသုံးပြုခြင်းနှင့် သိုလှောင်ခြင်းများ ရှိနေတယ်လို့ စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရဘူးတဲ့အတွက်  ယခုလို ICJ ပြဿနာဖြစ်ချိန်မှာ ဓာတုလက်နက်များ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တားမြစ်သော ဓာတုလက်နက် သဘောတူညီချက် (CWC) ကို ၂၀၁၅ ခုနှစ်က ပါဝင်လက်မှတ်ထိုးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီစွပ်စွဲချက်ကို သတိထားဖို့ လိုလာပါတယ်။

တပ်မတော်ဘက်ကတော့ ဓာတုလက်နက်တွေ သိုလှောင်တာရော အသုံးပြုတာရော မရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ဒါ့အပြင် ထုတ်လုပ်ဖို့လည်းမရှိကြောင်းနဲ့ အသုံးပြုတာလည်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။အခုလိုစွပ်စွဲတာတွေဟာ အမေရိကန်နိုင်ငံရဲ့ အစီအစဉ်တွေထဲက နိုင်ငံရေးအရ ဖိအားပေးမှုတစ်ရပ်သာ ဖြစ်တယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။ICJ ကိစ္စအတွက် အစိုးရဘက်က ပြင်ဆင်နေချိန်မှာ ဒီလိုနောက်ထပ်စွပ်စွဲချက် ထွက်လာတဲ့အတွက် ကောင်းတဲ့အလားအလာ မဟုတ်သလို သတိထားစောင့်ကြည့်ဖို့ လိုနေပြီဖြစ်ပါတယ်။

လူပျောက်လား၊ ကျားဖောင်လုပ်သားလား

ယခုရက်သတ္တပတ်အတွင်း နောက်ထပ်စိတ်ဝင်စားစရာဖြစ်လာခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဒဂုံတက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးကို ကျားဖောင်ကို ရောင်းစားခံလိုက်ရတဲ့ သတင်းနောက်ဆက်တွဲပါဘဲ။လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတာကြောင့် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတစ်ခုဖြစ်တဲ့ ကျားဖောင်တွေကို  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂ ရက်နေ့က စပြီး ၃ ရက်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ရှိနေပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ကျားဖောင်ပေါ်မှာ ရောင်းစားခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံအဖြစ် စွပ်စွဲထားသူ ၇ ဦးထဲက ၂ ဦးကို ဖမ်းဆီးထားပြီး ကျောက်တံတားရဲစခန်းမှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်ထားသလို ပန်းဆိုးတန်းကနေ ခေါ်သွားတဲ့ သံသယတရားခံ မအေးသက်မာ ကို ဖမ်းဆီးရမိဖို့ လိုက်နေတယ်ဆိုပါတယ်။

အဆိုပါ အမှုကို ကျောက်တံတားတရားရုံးမှာ စတင်ရုံးထုတ်ရာမှာ တရားလိုဘက်ကနေ ၂၀၁၈ ခုနှစ်က ကျားဖောင်ပေါ် ရောင်းစားခံရတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက တရားခံခေါ်ပြခဲ့ရာမှာ အတည်ပြုခဲ့ပါတယ်။လက်ရှိမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ဗလကြီး (ခေါ်) အောင်ဗလ ဆိုသူဟာ ဒဂုံတက္ကသိုလ်ကျောင်းသားအပြင် ရန်ကုန်ဆေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုဆန်းဦး ကိုလည်း ရေးမြို့နယ်ဘက်မှာ ကျားဖောင်လုပ်ငန်း လုပ်ကိုင်ဖို့ ရောင်းစားခဲ့တယ် ဆိုပါတယ်။အဆိုပါရောင်းစားခံရသူ ကိုဆန်းဦး က ဒလက်ဘက်မှာ အရက်သောက်နေစဉ် အရက်ခွက်ထဲ ဗလကြီး ဆိုသူက ဆေးတစ်မျိုးခပ်ကာ ခေါ်ခဲ့ခြင်းဖြစ်ပြီး သတိရချိန်မှာ ပင်လယ်ထဲရောက်နေကာ လေးလခန့် အလုပ်လုပ်ပြီး ထွက်ပြေးလာတယ်လို့ ဆိုပါတယ်။

ဒီလို အရွယ်ကောင်း အမျိုးသားတွေတောင် ဆေးခပ်ပြီး ကျားဖောင်မှာ လုပ်သားအဖြစ် ရောင်းစားခံရတာကို ကြုံရတဲ့ကိစ္စက တိုင်းသိပြည်သိဖြစ်လာတဲ့အတွက် နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်အစည်းအဝေးမှာ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ဒီဖြစ်စဉ်ကို မီဒီယာများက ရေးလိုက်တဲ့အတွက် ရေလုပ်ငန်းရဲ့ ထွက်ကုန်တွေက ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေပါတယ်လို့ စွပ်စွဲခဲ့ရင် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ရေလုပ်ငန်းရဲ့ စီးပွားရေးကို ထိခိုက်နိုင်ပါတယ်လို့ ဆိုပါတယ်။  

ဒီလိုပြောကြားခဲ့တဲ့အတွက် အွန်လိုင်းမှာ ဝေဖန်မှုတွေ ထောက်ပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ဒီလိုအဖြစ်လို ဖြစ်စဉ်မျိုး ထိုင်းမှာလည်းဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်းက အင်ဒိုနီးရှားပိုင် ကျွန်းပေါ်မှာ ထိုင်းငါးဖမ်းသင်္ဘောများက မြန်မာရေလုပ်သားများကို ကျွန်ပြုခိုင်းစေခဲ့တဲ့ ဖြစ်စဉ်တွေကို သတင်းမီဒီယာတွေမှာ ပါလာခဲ့လို့ ILO နှင့် အီးယူတို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးကာ ထိုင်းရေလုပ်ငန်းများအပေါ်  အရေးယူမှုများနှင့် ယခုအထိ စောင့်ကြည့်မှုများလည်း ရှိနေတဲ့အတွက် ယခုဖြစ်စဉ်မှာလည်း ထိုင်းမှာလို အရေးယူခံရမှာကို မြန်မာရေလုပ်ငန်းရှင်ကြီးတွေက စိုးရိမ်နေကြတာပါ။ကျားဖောင်လုပ်သားများ လူကုန်ကူးခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး  ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့ နှစ်ဖက်စလုံးမှာ တာဝန်ရှိပြီး ဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၈ ရက်က နေပြည်တော် အမရာဟိုတယ်၌ ပြုလုပ်သော အမျိုးသားအဆင့် ငါးမန်းနှင့် ငါးလိပ်ကျောက် ထိန်းသိမ်းရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး စီမံချက်နှင့် ပတ်သက်သော အစည်းအဝေးအပြီး မီဒီယာသမားတွေ မေးရာမှာ ဖြေခဲ့တာရှိပါတယ်။

ယခုဖြစ်စဉ်မှာ ရိုးရိုးသားသား လုပ်ကိုင်သူတွေလည်း ရှိတဲ့အတွက်  တကယ်ကျူးလွန်ခဲ့တဲ့သူ၊ ခေတ်သစ်ကျွန်ပြုသူတွေကို  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သွားရောက်စစ်ဆေးပြီးတဲ့ တွေ့ရှိတဲ့အခါ ဘယ်လိုအရေးယူ ဆောင်ရွက်မှုတွေရှိလာမလဲ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဘယ်လိုအရေးယူမလဲ၊ နောင်မဖြစ်အောင် ဘယ်လိုကြပ်မတ်မှုတွေ ရှိလာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ယခုဖြစ်ရပ်မှာ အများပြည်သူ သတိထားမိစေခဲ့တာက သတိမေ့သွားပြီး ဘယ်ရောက်လို့ ဘယ်ရောက်မှန်းမသိ ဖြစ်စေတဲ့ မူးယစ်ဆေးဝါး အန္တရာယ်ကိုပါဘဲ။အရပ်ထဲမှာတော့ လွယ်လွယ်ဘဲ တို့ဆေးလို့ ခေါ်ကြပါတယ်။ဒီဆေးပြဿနာက ယခင်ကတည်းက ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာက အတည်မပြုခဲ့ပေမယ့် ဒေသန္တရအာဏာပိုင်တွေဘက်ကတော့ အခါအားလျော်စွာ ထုတ်ပြန်သတိပေးမှုတွေ ရှိတဲ့အတွက် ဒီဆေးက ရှိတယ်ဆိုတာကို အကြမ်းဖျင်းလက်ခံရမယ့် အနေအထားရှိနေပါတယ်။

ဒီလို အများပြည်သူက တို့ဆေးတွေကို သတိထားမိပြီး အွန်လိုင်းမှာ ဆေးခပ်ခံရတဲ့ ဖြစ်စဉ်တွေ စုပြုံတက်လာချိန်မှာ နောက်ထပ်စိုးရိမ်ဖွယ်ရာ လူမဆန်တဲ့ ဖြစ်စဉ်တစ်ခုက မော်လမြိုင်မြို့မှာဖြစ်ခဲ့ပါတယ်။ဒါက မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက် မြို့ရှောင်လမ်းရှိ စတိုင် (လ်) တည်းခိုခန်းမှ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦး ထွက်လာကာ လမ်းပေါ်သို့ မူးလဲကျသွားလို့ ပတ်ဝန်းကျင်နေသူတွေတွေ့ပြီး မော်လမြိုင်ဆေးရုံ ပို့ရာကနေ အဖြစ်မှန်ကို သိရတာပါ။ဆေးရုံဆေးစစ်ချက်မှာ ယင်းမိန်းကလေးငယ်သည် မြင်းဆေး (စိတ်ကြွဆေး) တိုက်ကျွေးခံရကာ အဓမ္မပြုကျင့်ခံထားရတာကိုတွေ့လို့ တရားခံကို အားချင်းရှာခဲ့ရပါတယ်။

မိန်းကလေးငယ် ထွက်လာတဲ့ တည်းခိုခန်းကို စစ်ဆေးချက်အရ ကျော်ငြိမ်း အမည်ရှိ ယာဉ်မောင်းအမျိုးသားကို ဖမ်းမိခဲ့ပါတယ်။ဒါဟာ ကြောက်စရာလန့်စရာကိစ္စပါ။ကျားဖောင်ကိစ္စ အပါအဝင်  စိတ်ပြောင်းဆေးသုံးပြီး ဒီလိုကျူးလွန်တဲ့ ပြစ်မှုတွေ မကြာခဏပေါ်လာတဲ့အတွက် အများပြည်သူလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ တာဝန်ယူမှုအပေါ်  မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ဒီလိုစိတ်ပျက်စရာတွေထဲကနေ အနည်းငယ်စိတ်ကျေနပ်စရာ သတင်းတစ်ပုဒ်ကတော့ သိမ်ဖြူဂုံးတံတားအောက်၊ ရထားသံလမ်းဘေးမှာ မြွေရေခွံအိတ်ဖြင့် စွန်ပစ်ခံခဲ့ရတဲ့  အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးကို လူသတ်အဓမ္မကျူးလွန်ခဲ့တဲ့ ရက်စက်ယုတ်မာတဲ့ လူနှစ်ဦးကို ဖမ်းဆီးမိခဲ့တဲ့ သတင်းပါဘဲ။ဒီအမှုက ဖအေဘေးအိပ်နေတဲ့ ကလေးငယ်ကို ပွေ့ခေါ်ပြီး အဓမ္မကျင့်ကာ အော်ဟစ်ရုန်းကန်လို့ ထုသတ်ခဲ့တဲ့ အဓိကတရားခံ စိုင်းဖုန်းကျော် (ခ) ပြည့်ဖြိုးပိုင် (ခ) သရဲ (ခ) ဖင်ကြီးမ ဆိုတဲ့သူကို အခင်းဖြစ်ပြီး လေးလခန့်အကြာမှာ ကျိုက္ခမီမြို့နယ်ထဲမှာ ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ပါဝင်သူကို ပန်းဆိုးတန်းဂုံးအောက်မှာ ဖမ်းဆီးမိခဲ့ပါတယ်။ဒီသူတွေကို ဘယ်လို ပြစ်ဒဏ်ချမလဲ၊ ဒီလိုမျိုးမဖြစ်အောင် ဘာတွေပြင်ဆင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီသတင်းတွေအပြင် ယခုရက်ထဲမှာဖြစ်ခဲ့တဲ့ နောက်ထပ်သတင်းတွေကတော့ လက်ရှိကျင့်သုံးနေသော ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြည့်တန်ဆာဆိုင်ရာ ဥပဒေအဖြစ် ပြန်လည်ပြင်ဆင်ရေးဆွဲကာ လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတော့မယ့်သတင်း၊ တန့်ယန်းမြို့နယ်တွင် လူသတ်အလောင်းဖျောက်ပြီး ခြိမ်းခြောက်ငွေတောင်းသူ သင်္ကန်းဝတ်တစ်ဦးနှင့် လူတစ်ဦးကို ဖမ်းဆီးရမိခဲ့တဲ့သတင်း၊ ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ဆောက်လက်စ ဓာတ်ဆီဆိုင်ပြိုကျမှုကြောင့် မြန်မာလုပ်သားသုံးဦး အပါအဝင် စုစုပေါင်းခုနစ်ဦး သေဆုံးခဲ့တဲ့သတင်း၊ ကတ်စနစ်ဖြင့် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မန္တလေးမြို့ရှိ အကြွေစေ့ဂိမ်းဆိုင်ကို ဝင်ရောက်ရှာဖွေရာ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၃၁ ဦးကို ဖမ်းမိခဲ့တဲ့သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
နို၀င်ဘာ - ၂၉

( Zawgyi )

ယခုရက္သတၱပတ္ ျပည္တြင္းသတင္းေတြထဲ သတိထားမိစရာျဖစ္ခဲ့တာက ယခင္အပတ္ကျဖစ္ခဲ့တဲ့ က်ားေဖာင္သတင္းက အမ်ားစိတ္ဝင္စားစရာ သတင္းျဖစ္ခဲ့သလို ဒီသတင္းနဲ႔ဆက္စပ္ကာ လူေပ်ာက္သတင္းေတြကလည္း ယခုရက္သတၱပတ္မွာ  အမ်ားစုအတြက္ သတိထားစရာအျဖစ္ အြန္လိုင္းမွာ ေဝဖန္မႈမ်ားခဲ့ပါတယ္။ဒါ့အျပင္ မိန္းကေလးတစ္ဦးကို ျမင္းေဆးလို႔ေခၚတဲ့ စိတ္ႂကြေဆးတိုက္ၿပီး အဓမၼက်င့္ခဲ့တဲ့ သတင္းအျပင္ ICJ နဲ႔ ဗ်ာမ်ားေနတဲ့ ျမန္မာအစိုးရအတြက္ ေနာက္ထပ္ဖိအားေပးစရာျဖစ္လာတဲ့ ဓာတုလက္နက္ သတင္းကလည္း ယခုရက္သတၱပတ္မွာ ျဖစ္လာခဲ့ပါတယ္။

ဒီသတင္းေတြက ယခုရက္သတၱပတ္ထဲ ေတာင္ကိုရီးယားႏိုင္ငံ ဘူဆန္ၿမိဳ႕တြင္ က်င္းပခဲ့တဲ့ ေတာင္ကိုရီးယား-အာဆီယံ Culture Innovation Summit ကို တက္ေရာက္ခဲ့တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခရီးစဥ္သတင္းေတြ၊ ျပည္ခိုင္ၿဖိဳး အပါအဝင္ ပါတီ ၂၀ က ေ႐ြးေကာက္ပြဲေကာ္မရွင္ကို အယုံအၾကည္မရွိသျဖင့္ အသစ္ဖြဲ႕စည္းေပးဖို႔ ေတာင္းဆိုခဲ့တဲ့သတင္းေတြ၊ ေျခဥျပင္ေရး ဥပေဒမူၾကမ္းကို လႊတ္ေတာ္တြင္း ေဆြးေႏြးစဥ္  တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၄ ဦးႏွင့္ ႀကံ့ခိုင္ေရးကိုယ္စားလွယ္ ဦးေမာင္ျမင့္တို႔၏ ေဆြးေႏြးခ်က္အခ်ိဳ႕ လႊတ္ေတာ္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ကိုက္ညီျခင္းမရွိသည့္အတြက္ လႊတ္ေတာ္မွတ္တမ္းမွ ႏုတ္ပယ္ခံရတဲ့သတင္းေတြ၊ ကမာၻလွည့္ခရီးသည္ ဂ်ာမနီႏိုင္ငံသားတစ္ဦးနဲ႔ အာဂ်င္တီးနားႏိုင္ငံသူတို႔ သီေပါၿမိဳ႕နယ္ထဲမွာ မိုင္းထိမိၿပီး ဂ်ာမနီႏိုင္ငံသား ေသဆုံးခဲ့တဲ့ သတင္းေတြထက္ အမ်ားျပည္သူက ပိုၿပီးအာ႐ုံစိုက္မိေစခဲ့ပါတယ္။

ေရာင္ေတာ္ျပန္လား၊ တကယ္လား

အုပ္ခ်ဳပ္ေရးအေျခအေန မၿငိမ္မသက္ျဖစ္ေနတဲ့ ရခိုင္ေဒသမွာ ယခုရက္သတၱပတ္အတြင္း သတင္းမ်ားစြာ ျဖစ္ခဲ့ပါတယ္။ဒီထဲမွာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕မွာရွိတဲ့ ျမန္မာ့စီးပြားေရးဘဏ္က က်ပ္သိန္းႏွစ္ေထာင္ေက်ာ္ လုယက္ခံရတဲ့ သတင္းက လူေျပာမ်ားခဲ့ပါတယ္။
ဇာတ္လမ္းဆန္ဆန္ျဖစ္ခဲ့တဲ့ ဒီလုယက္မႈမွာ ျမန္မာ့စီးပြားေရးဘဏ္ တာဝန္ရွိသူေတြက ဘဏ္ပိတ္ခ်ိန္ ပုံမွန္ေဆာင္႐ြက္ေနက်အတိုင္း ေငြထည့္ထားတဲ့ သံေသတၱာကို ၿမိဳ႕မရဲစခန္းမွာရွိတဲ့ ဘဏ္ေငြတိုက္မွာ အပ္ႏွံဖို႔ ဆိုကၠားနဲ႔သြားေရာက္ခဲ့ရာမွာ အစိမ္းေရာင္ အလုံပိတ္ သုံးဘီးဆိုင္ကယ္တစ္စီးေပၚက အနက္ေရာင္မ်က္ႏွာဖုံး တပ္ထားသူႏွစ္ဦးက ထိုးႀကိတ္လုယက္ၿပီး ေငြက်ပ္ သိန္း ၂၁ဝဝ ေက်ာ္ပါတဲ့ သံေသတၱာကို လုယက္သြားတာလို႔ ဆိုပါတယ္။

ဒီအတြက္ အြန္လိုင္းမွာ ေလွာင္ေျပာင္တဲ့ အေထ့အေငါ့ကာတြန္းေတြ၊ ေဝဖန္ခ်က္ေတြ ေပၚလာခဲ့ပါတယ္။ယေန႔အထိ လုသြားတဲ့သူကို မမိေသးသလို အြန္လိုင္းသတင္းေတြအရ ဒီေဒသမွာ လႈပ္ရွားေနတဲ့ ရခိုင္လက္နက္ကိုင္ ေအေအကပဲ လုသလိုလို။ေရာင္ေတာ္ျပန္နဲ႔ လုသလိုလိုနဲ႔ အမ်ားျပည္သူပိုင္ေငြဟာ ဆုံးရႈံးသြားဖို႔ မ်ားေနၿပီျဖစ္ပါတယ္။

ဖမ္းထားခံရတာ ၾကာေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ အိုးထိန္းေက်း႐ြာက ေက်ာင္းထိုင္ဆရာေတာ္ ဦးကဝိဓဇ နဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေဝစိုးထြန္းတို႔ကို တပ္မေတာ္က အခ်ိန္ႏွစ္လၾကာ ထိန္းသိမ္းစစ္ေဆးၿပီးေနာက္ ႏိုဝင္ဘာလ ၂၂ ေသာၾကာေန႔ ညေနက စစ္ေတြၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံ လႊဲေျပာင္းေပးခဲ့ပါတယ္။ဆရာေတာ္ အပါအဝင္ သုံးဦးကို ရကၡိဳင့္တပ္ေတာ္ (AA) နဲ႔ ပတ္သက္လို႔ သံသယနဲ႔ တပ္မေတာ္က ထိန္းသိမ္းစစ္ေဆးခဲ့တာျဖစ္ၿပီး ရဲတပ္ဖြဲ႕က အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ - ၅၀ (က) နဲ႔ အမႈဖြင့္ခဲ့ပါတယ္။တပ္ဘက္က ရခိုင္ေျမာက္ပိုင္းမွာျဖစ္တဲ့ တိုက္ပြဲေတြမွာ ရဟတ္ယာဥ္ေတြသုံးၿပီး တိုက္တဲ့အတြက္ ေဝဖန္မႈေတြ ထြက္လာခဲ့ပါတယ္။ဒီအတြက္ တပ္မေတာ္ သတင္းထုတ္ျပန္ေရးအဖြဲ႕ဘက္က ေသာင္းက်န္းသူႏွိမ္ႏွင္းေရးမွာ ရဟတ္ယာဥ္သုံးစြဲခြင့္ရွိတယ္ဆိုၿပီး ေျပာခဲ့ကာ ေအေအဘက္ကို သတင္းေပးတဲ့ ေဒသခံေတြကမ်ားတဲ့အတြက္ျဖစ္ၿပီး ေအေအက တိုက္ခိုက္ရာမွာ အရပ္ဝတ္နဲ႔ တပ္ဘက္ကို ၿခဳံခိုတိုက္ခိုက္ေလ့ရွိၿပီး ခ်က္ခ်င္းတုံ႔ျပန္မတိုက္ခိုက္ႏိုင္ပါက ႐ြာေတြထဲ ျပန္ဝင္သြားတဲ့အတြက္ ရဟတ္ယာဥ္ကိုသုံးၿပီး တိုက္ရတာလို႔ ေျပာခဲ့ပါတယ္။ဒီလထဲမွာ ရခိုင္ေျမာက္ပိုင္းက ပလက္၀၊ ေျမာက္ဦး၊ မင္းျပားဘက္ေတြမွာ ျပင္းထန္တဲ့တိုက္ပြဲေတြ မၾကာခဏျဖစ္ခဲ့ပါတယ္။ဒီအတြက္ ႏွစ္ဘက္စလုံးမွာ အထိအခိုက္ က်ဆုံးမႈေတြရွိသလို ဖမ္းဆီးရမိတာေတြလည္း ရွိခဲ့ပါတယ္။

ေအေအဘက္က ႏိုဝင္ဘာ ၁၉ ရက္ မြန္းလြဲ ၁ နာရီမွာ ပလက္ဝၿမိဳ႕နယ္ အေနာက္ဘက္ ေတာင္တန္းေပၚ မွာ တပ္မ (၇၇) လက္ေအာက္ခံ ခမရ (၃၁၃) က စစ္ေၾကာင္းတစ္ခုႏွင့္ ေအေအ လက္နက္ကိုင္အဖြဲ႕တို႔  ႏိုဝင္ဘာ ၁၉ ရက္ မြန္းလြဲ ၁ နာရီ၌ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲအတြင္း အရာရွိတစ္ဦး အပါအဝင္ ၁၃ ဦး လက္နက္ခ်ခဲ့တယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ေနာက္ပိုင္းမွာ အဆိုပါဖမ္းမိထားတဲ့သူေတြကို ဓာတ္ပုံကို ထုတ္ျပန္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ေအေအဘက္က ထိန္းသိမ္းထားတဲ့သူေတြနဲ႔ တပ္ဘက္က ထိန္းသိမ္းထားတဲ့သူေတြခ်င္း လဲလွယ္မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ဒီထဲမွာ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ထုတ္ျပန္ခ်က္ေတြအရ တပ္မေတာ္သားေတြ၊ ရဲတပ္ဖြဲ႕ဝင္ေတြ အပါအဝင္ ဖမ္းဆီးထားသူ ၃၀ ေက်ာ္ေလာက္ ရွိတယ္လို႔ ဆိုပါတယ္။ဒီလိုဖမ္းဆီးထားတဲ့သူေတြထဲမွာ ရဲတပ္ဖြဲ႕ဝင္ ကိုးဦး၊ တပ္မေတာ္သား ေျခာက္ဦး၊ အက်ဥ္းဦးစီးဝန္ထမ္း တစ္ဦး၊ တပ္အင္ဂ်င္နီယာ တစ္ဦးလည္း ပါဝင္ပါတယ္။မၾကာခင္က ဖမ္းဆီးထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီက ခ်င္းျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း ကို ျပန္လႊတ္ေပးမွာ မဟုတ္ေသးဘူးလို႔ ေျပာခဲ့တာရွိပါတယ္။

ေအေအက ဖမ္းဆီးထားတဲ့ ခ်င္းလူမ်ိဳး ၈၀ ေက်ာ္ ရွိတယ္ဆိုၿပီး ခ်င္းျပည္နယ္အစိုးရက ျပည္ေထာင္စုအစိုးရထံ တင္ျပထားသလို ျပည္တြင္း ျပည္ပ အရပ္ဖက္အဖြဲ႕အစည္းေတြက ေအေအကို ကိုယ္စားလွယ္ ဦးေဝွ႔တင္း ကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတာေတြ ရွိခဲ့ပါတယ္။တပ္မေတာ္ဘက္က ဦးေဝွ႔တင္း ဖမ္းဆီးခံရတာအျပင္ အျခားဖမ္းဆီးခံရသူေတြကိုပါ ကယ္တင္ဖို႔ လုပ္ေဆာင္ေနတယ္လို႔ တုံ႔ျပန္ထားသလို သုံ႔ပန္းခ်င္းလဲလွယ္ဖို႔ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။

ေအေအက ဖမ္းဆီးထားတဲ့သူေတြထဲမွာ စုပ္စျမဳပ္စေပ်ာက္ေနသူေတြ ရွိလာသလို ေသဆုံးေနၿပီလို႔ အသံေတြလည္းထြက္ေနသလို ေအေအဘက္ကေတာ့ ဖမ္းထားတဲ့သူေတြကို ဥပေဒအတိုင္း ေစာင့္ေရွာက္ထားတယ္လို႔ ေျပာခဲ့ပါတယ္။ဒါေပမယ့္ ဖမ္းဆီးခံထားရတဲ့သူ မိသားစုဝင္ေတြဘက္က စိုးရိမ္မႈေတြရွိခဲ့တဲ့အတြက္ မႏၲေလး မဟာမုနိမွာ အထိန္းသိမ္းခံေနရသူေတြ လြတ္ေျမာက္ေရးအတြက္ ဆုေတာင္းမႈေတြ ရွိခဲ့ပါတယ္။ရခိုင္ေျမာက္ပိုင္း ျပႆနာဟာ ၾကာေလပိုဆိုးေလျဖစ္သလို စစ္ေျပးဒုကၡသည္ အေရအတြက္ကလည္း တိုးေနတဲ့အတြက္ ၾကာရင္ အဆိုပါေဒသမွာ ေနထိုင္သူေတြအတြက္ စစ္ေဘးဒုကၡဟာ ႀကီးမားလာဖို႔ မ်ားေနပါတယ္။ေနာက္ထပ္ လူအေသအေပ်ာက္သတင္းေတြ တိုင္းရင္းသားအခ်င္းခ်င္းၾကားမွာ မုန္းတီးစိတ္ဝမ္းကြဲေစတဲ့ အျဖစ္ေတြ လႈံ႕ေဆာ္မႈေတြ ထပ္ၾကားရဦးမလား၊ လက္ရွိႀကဳံေနရတဲ့ ျပည္ပျပႆနာက ယခုျပည္တြင္းမညီၫြတ္မႈကို ေျပလည္ေစမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ICJ ၊ ဓာတုလက္နက္စြပ္စြဲခ်က္ႏွင့္ ျမန္မာ

ဒီဇင္ဘာ ၁၁ ရက္မွာ နယ္သာလန္ႏိုင္ငံ သည္ဟိဂ္မွာ ရွိတဲ့ ICJ ႐ုံးမွာ ျမန္မာႏိုင္ငံအေပၚ OIC ဆိုတဲ့ အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ ကိုယ္စား ဂမ္ဘီယာဆိုတဲ့ အာဖရိကမွာရွိတဲ့ မဖြံ႕ၿဖိဳးေသးတဲ့ ႏိုင္ငံတစ္ခုက စြဲဆိုတဲ့ စြပ္စြဲခ်က္အတြက္ ရင္ဆိုင္ရဖို႔ရွိပါတယ္။ဒီအတြက္ ျမန္မာအစိုးရ အာဏာပိုင္ေတြဘက္က ျပင္ဆင္ေနသလို မၾကာခင္ကလည္း တပ္ဘက္၊ အရပ္ဘက္ အျမင့္ဆုံးအာဏာပိုင္ေတြ ေတြ႕ဆုံကာ ဒီကိစၥအတြက္ ေဆြးေႏြးတာေတြ ရွိခဲ့ပါတယ္။

ႏိုဝင္ဘာ ၂၃ ရက္မွာ ျပဳလုပ္ခဲ့တဲ့ ထိပ္တန္းေခါင္းေဆာင္ေတြ အစည္းအေဝးအၿပီးမွာ ICJ မွာ တရားရင္ဆိုင္ဖို႔ အစိုးရႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန၏ ၫႊန္ၾကားခ်က္အရ ဖြဲ႕စည္းရသည့္ ႏိုင္ငံတကာရာဇဝတ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႕ကို ဖြဲစည္းခဲ့ပါတယ္။ႏိုဝင္ဘာ ၂၆ ရက္ ရက္စြဲနဲ႔ ဖြဲ႕စည္းတဲ့ အဆိုပါအထူးအဖြဲ႕မွာ တပ္မေတာ္က ႏိုင္ငံတကာဥပေဒေရးရာ ကြၽမ္းက်င္တဲ့ အရာရွိႀကီးတစ္ဦးနဲ႔ တပ္မေတာ္အရာရွိႀကီးတစ္ဦး ပါဝင္ကာ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ ေရွ႕ေနခ်ဳပ္႐ုံးႏွင့္ စစ္ဥပေဒခ်ဳပ္႐ုံးတို႔မွ ဥပေဒပညာရွင္မ်ား ပါဝင္ကာ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးက ဦးေဆာင္မည္ဟု ေဖာ္ျပထားပါတယ္။

ICJ မွာ ရွင္းရမယ့္ ကိစၥေတြထဲမွာ လူမ်ိဳးတုန္းသတ္ျဖတ္တာေတြ ဆိုတာေတြလည္း ပါဝင္ပါတယ္။ဒီအတြက္ ထင္ရွားတာက အင္းဒင္နဲ႔ ဂူတားျပင္ေက်း႐ြာအျဖစ္ေတြက ထင္ရွားပါတယ္။ဒါေတြကို စစ္ေဆးရာမွာ တပ္မေတာ္ဘက္က ဂူတားျပင္႐ြာ ျဖစ္စဥ္မွာ ကနဦးေတြ႕ခဲ့တာေတြအတြက္ ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ ဥကၠ႒အျဖစ္ တာဝန္ယူထားတဲ့ စုံစမ္းစစ္ေဆးေရးခုံ႐ုံးက ဘူးသီးေတာင္ နယ္ေျမခံတပ္က စစ္တရား႐ုံးမွာ စစ္ေဆးမယ္ဆိုၿပီး ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္႐ုံးက ႏိုဝင္ဘာ ၂၆ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလို ICJ ကိစၥနဲ႔ ေထြးလုံးရစ္ပတ္ေနခ်ိန္မွာ ေနာက္ထပ္ေဖာ္ေဆာင္လာတဲ့ ျပႆနာတစ္ခုက ေပၚထြက္လာခဲ့ပါတယ္။ဒါက ျမန္မာႏိုင္ငံမွာ ဓာတုလက္နက္မ်ား သိုေလွာင္ထားဖြယ္ ရွိတယ္ဆိုၿပီး အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အႀကီးတန္းတာဝန္ရွိသူတစ္ဦးက ေျပာခဲ့တာပါ။ႏိုဝင္ဘာ ၂၅ ရက္ရက္က ျပဳလုပ္တဲ့ ဓာတုလက္နက္ တားျမစ္ေရးဆိုင္ရာ အဖြဲ႕အစည္း၏ ႏွစ္ပတ္လည္အစည္းအေဝးမွာ ေျပာခဲ့တာျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ အေရျပားကို ေလာင္ကြၽမ္းေစေသာ ဆာလဖ်ဴရစ္အက္စစ္ ဓာတ္ေငြ႕စီမံကိန္းႏွင့္ ဓာတုလက္နက္ ထုတ္လုပ္ေရး အေဆာက္အအုံ အပါအဝင္ ဓာတုလက္နက္ စီမံကိန္းတစ္ရပ္ကို ၁၉၈၀ ခုႏွစ္မ်ားက လုပ္ေဆာင္ခဲ့တာကို အေမရိကန္က သတင္းရရွိထားတယ္ဆိုၿပီး ေျပာခဲ့တာပါ။ဒီအတြက္  ဓာတုလက္နက္တားျမစ္ေရး တစ္ကမာၻလုံးဆိုင္ရာ သေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံက  ခ်ိဳးေဖာက္ထားတယ္ဆိုၿပီး ေျပာခဲ့တာပါ။ယခင္ကလည္း ျမန္မာႏိုင္ငံမွာ ဓာတုလက္နက္ကဲ့သို႔ လက္နက္မ်ား အသုံးျပဳျခင္းႏွင့္ သိုေလွာင္ျခင္းမ်ား ရွိေနတယ္လို႔ စြပ္စြဲမႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရဘူးတဲ့အတြက္  ယခုလို ICJ ျပႆနာျဖစ္ခ်ိန္မွာ ဓာတုလက္နက္မ်ား ထုတ္လုပ္ျခင္း၊ သိုေလွာင္ျခင္းႏွင့္ အသုံးျပဳျခင္းတို႔ကို တားျမစ္ေသာ ဓာတုလက္နက္ သေဘာတူညီခ်က္ (CWC) ကို ၂၀၁၅ ခုႏွစ္က ပါဝင္လက္မွတ္ထိုးခဲ့တဲ့ ျမန္မာႏိုင္ငံအေနနဲ႔ ဒီစြပ္စြဲခ်က္ကို သတိထားဖို႔ လိုလာပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဓာတုလက္နက္ေတြ သိုေလွာင္တာေရာ အသုံးျပဳတာေရာ မရွိဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။ဒါ့အျပင္ ထုတ္လုပ္ဖို႔လည္းမရွိေၾကာင္းနဲ႔ အသုံးျပဳတာလည္းမရွိဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။အခုလိုစြပ္စြဲတာေတြဟာ အေမရိကန္ႏိုင္ငံရဲ႕ အစီအစဥ္ေတြထဲက ႏိုင္ငံေရးအရ ဖိအားေပးမႈတစ္ရပ္သာ ျဖစ္တယ္လို႔ တပ္မေတာ္ဘက္က ဆိုပါတယ္။ICJ ကိစၥအတြက္ အစိုးရဘက္က ျပင္ဆင္ေနခ်ိန္မွာ ဒီလိုေနာက္ထပ္စြပ္စြဲခ်က္ ထြက္လာတဲ့အတြက္ ေကာင္းတဲ့အလားအလာ မဟုတ္သလို သတိထားေစာင့္ၾကည့္ဖို႔ လိုေနၿပီျဖစ္ပါတယ္။

လူေပ်ာက္လား၊ က်ားေဖာင္လုပ္သားလား

ယခုရက္သတၱပတ္အတြင္း ေနာက္ထပ္စိတ္ဝင္စားစရာျဖစ္လာခဲ့တဲ့ သတင္းတစ္ပုဒ္ကေတာ့ ၿပီးခဲ့တဲ့ ရက္သတၱပတ္က ဒဂုံတကၠသိုလ္က ေနာက္ဆုံးႏွစ္ ေက်ာင္းသားတစ္ဦးကို က်ားေဖာင္ကို ေရာင္းစားခံလိုက္ရတဲ့ သတင္းေနာက္ဆက္တြဲပါဘဲ။လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြရွိေနတာေၾကာင့္ ပင္လယ္ျပင္ ငါးဖမ္းလုပ္ငန္းတစ္ခုျဖစ္တဲ့ က်ားေဖာင္ေတြကို  ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က လာမယ့္ ဒီဇင္ဘာ ၂ ရက္ေန႔က စၿပီး ၃ ရက္ၾကာ စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္သြားဖို႔ရွိေနပါတယ္။

ဒဂုံတကၠသိုလ္ေက်ာင္းသား က်ားေဖာင္ေပၚမွာ ေရာင္းစားခံရတဲ့ အမႈနဲ႔ပတ္သက္ၿပီး တရားခံအျဖစ္ စြပ္စြဲထားသူ ၇ ဦးထဲက ၂ ဦးကို ဖမ္းဆီးထားၿပီး ေက်ာက္တံတားရဲစခန္းမွာ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၅ နဲ႔ အမႈဖြင့္ထားသလို ပန္းဆိုးတန္းကေန ေခၚသြားတဲ့ သံသယတရားခံ မေအးသက္မာ ကို ဖမ္းဆီးရမိဖို႔ လိုက္ေနတယ္ဆိုပါတယ္။

အဆိုပါ အမႈကို ေက်ာက္တံတားတရား႐ုံးမွာ စတင္႐ုံးထုတ္ရာမွာ တရားလိုဘက္ကေန ၂၀၁၈ ခုႏွစ္က က်ားေဖာင္ေပၚ ေရာင္းစားခံရတဲ့ က်န္းမာေရးဝန္ထမ္းတစ္ဦးက တရားခံေခၚျပခဲ့ရာမွာ အတည္ျပဳခဲ့ပါတယ္။လက္ရွိမွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးထားတဲ့ ဗလႀကီး (ေခၚ) ေအာင္ဗလ ဆိုသူဟာ ဒဂုံတကၠသိုလ္ေက်ာင္းသားအျပင္ ရန္ကုန္ေဆးဝန္ထမ္းတစ္ဦးျဖစ္တဲ့ ကိုဆန္းဦး ကိုလည္း ေရးၿမိဳ႕နယ္ဘက္မွာ က်ားေဖာင္လုပ္ငန္း လုပ္ကိုင္ဖို႔ ေရာင္းစားခဲ့တယ္ ဆိုပါတယ္။အဆိုပါေရာင္းစားခံရသူ ကိုဆန္းဦး က ဒလက္ဘက္မွာ အရက္ေသာက္ေနစဥ္ အရက္ခြက္ထဲ ဗလႀကီး ဆိုသူက ေဆးတစ္မ်ိဳးခပ္ကာ ေခၚခဲ့ျခင္းျဖစ္ၿပီး သတိရခ်ိန္မွာ ပင္လယ္ထဲေရာက္ေနကာ ေလးလခန႔္ အလုပ္လုပ္ၿပီး ထြက္ေျပးလာတယ္လို႔ ဆိုပါတယ္။

ဒီလို အ႐ြယ္ေကာင္း အမ်ိဳးသားေတြေတာင္ ေဆးခပ္ၿပီး က်ားေဖာင္မွာ လုပ္သားအျဖစ္ ေရာင္းစားခံရတာကို ႀကဳံရတဲ့ကိစၥက တိုင္းသိျပည္သိျဖစ္လာတဲ့အတြက္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔က ျမန္မာႏိုင္ငံ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္မွာ ျပဳလုပ္တဲ့ ပုံမွန္အစည္းအေဝးမွာ ငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္၏ အေထြေထြအတြင္းေရးမႉး ဦးဝင္းႀကိဳင္ က ဒီျဖစ္စဥ္ကို မီဒီယာမ်ားက ေရးလိုက္တဲ့အတြက္ ေရလုပ္ငန္းရဲ႕ ထြက္ကုန္ေတြက ညႇင္းပမ္းႏွိပ္စက္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ေနပါတယ္လို႔ စြပ္စြဲခဲ့ရင္ တိုင္းျပည္ရဲ႕ စီးပြားေရးနဲ႔ ေရလုပ္ငန္းရဲ႕ စီးပြားေရးကို ထိခိုက္ႏိုင္ပါတယ္လို႔ ဆိုပါတယ္။  

ဒီလိုေျပာၾကားခဲ့တဲ့အတြက္ အြန္လိုင္းမွာ ေဝဖန္မႈေတြ ေထာက္ျပမႈေတြ ျဖစ္လာခဲ့ပါတယ္။ဒီလိုအျဖစ္လို ျဖစ္စဥ္မ်ိဳး ထိုင္းမွာလည္းျဖစ္ခဲ့ၿပီး ၂၀၁၃ ခုႏွစ္အတြင္းက အင္ဒိုနီးရွားပိုင္ ကြၽန္းေပၚမွာ ထိုင္းငါးဖမ္းသေဘၤာမ်ားက ျမန္မာေရလုပ္သားမ်ားကို ကြၽန္ျပဳခိုင္းေစခဲ့တဲ့ ျဖစ္စဥ္ေတြကို သတင္းမီဒီယာေတြမွာ ပါလာခဲ့လို႔ ILO ႏွင့္ အီးယူတို႔ကဲ့သို႔ေသာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားက သတိေပးကာ ထိုင္းေရလုပ္ငန္းမ်ားအေပၚ  အေရးယူမႈမ်ားႏွင့္ ယခုအထိ ေစာင့္ၾကည့္မႈမ်ားလည္း ရွိေနတဲ့အတြက္ ယခုျဖစ္စဥ္မွာလည္း ထိုင္းမွာလို အေရးယူခံရမွာကို ျမန္မာေရလုပ္ငန္းရွင္ႀကီးေတြက စိုးရိမ္ေနၾကတာပါ။က်ားေဖာင္လုပ္သားမ်ား လူကုန္ကူးခံရမႈ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး  ငါးလုပ္ငန္းဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ကေတာ့ ႏွစ္ဖက္စလုံးမွာ တာဝန္ရွိၿပီး ဥပေဒအတိုင္းသာ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ႏိုဝင္ဘာ ၂၈ ရက္က ေနျပည္ေတာ္ အမရာဟိုတယ္၌ ျပဳလုပ္ေသာ အမ်ိဳးသားအဆင့္ ငါးမန္းႏွင့္ ငါးလိပ္ေက်ာက္ ထိန္းသိမ္းေရးလုပ္ငန္း အေကာင္အထည္ေဖာ္ေဆာင္ေရး စီမံခ်က္ႏွင့္ ပတ္သက္ေသာ အစည္းအေဝးအၿပီး မီဒီယာသမားေတြ ေမးရာမွာ ေျဖခဲ့တာရွိပါတယ္။

ယခုျဖစ္စဥ္မွာ ႐ိုး႐ိုးသားသား လုပ္ကိုင္သူေတြလည္း ရွိတဲ့အတြက္  တကယ္က်ဴးလြန္ခဲ့တဲ့သူ၊ ေခတ္သစ္ကြၽန္ျပဳသူေတြကို  ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က သြားေရာက္စစ္ေဆးၿပီးတဲ့ ေတြ႕ရွိတဲ့အခါ ဘယ္လိုအေရးယူ ေဆာင္႐ြက္မႈေတြရွိလာမလဲ၊ သက္ဆိုင္ရာ အဖြဲ႕အစည္းေတြက ဘယ္လိုအေရးယူမလဲ၊ ေနာင္မျဖစ္ေအာင္ ဘယ္လိုၾကပ္မတ္မႈေတြ ရွိလာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ယခုျဖစ္ရပ္မွာ အမ်ားျပည္သူ သတိထားမိေစခဲ့တာက သတိေမ့သြားၿပီး ဘယ္ေရာက္လို႔ ဘယ္ေရာက္မွန္းမသိ ျဖစ္ေစတဲ့ မူးယစ္ေဆးဝါး အႏၲရာယ္ကိုပါဘဲ။အရပ္ထဲမွာေတာ့ လြယ္လြယ္ဘဲ တို႔ေဆးလို႔ ေခၚၾကပါတယ္။ဒီေဆးျပႆနာက ယခင္ကတည္းက ရွိခဲ့တာျဖစ္ၿပီး သက္ဆိုင္ရာက အတည္မျပဳခဲ့ေပမယ့္ ေဒသႏၲရအာဏာပိုင္ေတြဘက္ကေတာ့ အခါအားေလ်ာ္စြာ ထုတ္ျပန္သတိေပးမႈေတြ ရွိတဲ့အတြက္ ဒီေဆးက ရွိတယ္ဆိုတာကို အၾကမ္းဖ်င္းလက္ခံရမယ့္ အေနအထားရွိေနပါတယ္။

ဒီလို အမ်ားျပည္သူက တို႔ေဆးေတြကို သတိထားမိၿပီး အြန္လိုင္းမွာ ေဆးခပ္ခံရတဲ့ ျဖစ္စဥ္ေတြ စုၿပဳံတက္လာခ်ိန္မွာ ေနာက္ထပ္စိုးရိမ္ဖြယ္ရာ လူမဆန္တဲ့ ျဖစ္စဥ္တစ္ခုက ေမာ္လၿမိဳင္ၿမိဳ႕မွာျဖစ္ခဲ့ပါတယ္။ဒါက ေမာ္လၿမိဳင္ၿမိဳ႕ ေျမနီကုန္းရပ္ကြက္ ၿမိဳ႕ေရွာင္လမ္းရွိ စတိုင္ (လ္) တည္းခိုခန္းမွ ဆယ္ေက်ာ္သက္အ႐ြယ္ မိန္းကေလးတစ္ဦး ထြက္လာကာ လမ္းေပၚသို႔ မူးလဲက်သြားလို႔ ပတ္ဝန္းက်င္ေနသူေတြေတြ႕ၿပီး ေမာ္လၿမိဳင္ေဆး႐ုံ ပို႔ရာကေန အျဖစ္မွန္ကို သိရတာပါ။ေဆး႐ုံေဆးစစ္ခ်က္မွာ ယင္းမိန္းကေလးငယ္သည္ ျမင္းေဆး (စိတ္ႂကြေဆး) တိုက္ေကြၽးခံရကာ အဓမၼျပဳက်င့္ခံထားရတာကိုေတြ႕လို႔ တရားခံကို အားခ်င္းရွာခဲ့ရပါတယ္။

မိန္းကေလးငယ္ ထြက္လာတဲ့ တည္းခိုခန္းကို စစ္ေဆးခ်က္အရ ေက်ာ္ၿငိမ္း အမည္ရွိ ယာဥ္ေမာင္းအမ်ိဳးသားကို ဖမ္းမိခဲ့ပါတယ္။ဒါဟာ ေၾကာက္စရာလန႔္စရာကိစၥပါ။က်ားေဖာင္ကိစၥ အပါအဝင္  စိတ္ေျပာင္းေဆးသုံးၿပီး ဒီလိုက်ဴးလြန္တဲ့ ျပစ္မႈေတြ မၾကာခဏေပၚလာတဲ့အတြက္ အမ်ားျပည္သူလုံၿခဳံေရးအတြက္ သက္ဆိုင္ရာအဖြဲ႕အစည္းေတြရဲ႕ တာဝန္ယူမႈအေပၚ  ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ပါတယ္။ဒီလိုစိတ္ပ်က္စရာေတြထဲကေန အနည္းငယ္စိတ္ေက်နပ္စရာ သတင္းတစ္ပုဒ္ကေတာ့ သိမ္ျဖဴဂုံးတံတားေအာက္၊ ရထားသံလမ္းေဘးမွာ ေႁမြေရခြံအိတ္ျဖင့္ စြန္ပစ္ခံခဲ့ရတဲ့  အသက္ (၈) ႏွစ္အ႐ြယ္ရွိ မိန္းကေလးကို လူသတ္အဓမၼက်ဴးလြန္ခဲ့တဲ့ ရက္စက္ယုတ္မာတဲ့ လူႏွစ္ဦးကို ဖမ္းဆီးမိခဲ့တဲ့ သတင္းပါဘဲ။ဒီအမႈက ဖေအေဘးအိပ္ေနတဲ့ ကေလးငယ္ကို ေပြ႕ေခၚၿပီး အဓမၼက်င့္ကာ ေအာ္ဟစ္႐ုန္းကန္လို႔ ထုသတ္ခဲ့တဲ့ အဓိကတရားခံ စိုင္းဖုန္းေက်ာ္ (ခ) ျပည့္ၿဖိဳးပိုင္ (ခ) သရဲ (ခ) ဖင္ႀကီးမ ဆိုတဲ့သူကို အခင္းျဖစ္ၿပီး ေလးလခန႔္အၾကာမွာ က်ိဳကၡမီၿမိဳ႕နယ္ထဲမွာ ဖမ္းဆီးႏိုင္ခဲ့ၿပီး က်န္ပါဝင္သူကို ပန္းဆိုးတန္းဂုံးေအာက္မွာ ဖမ္းဆီးမိခဲ့ပါတယ္။ဒီသူေတြကို ဘယ္လို ျပစ္ဒဏ္ခ်မလဲ၊ ဒီလိုမ်ိဳးမျဖစ္ေအာင္ ဘာေတြျပင္ဆင္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီသတင္းေတြအျပင္ ယခုရက္ထဲမွာျဖစ္ခဲ့တဲ့ ေနာက္ထပ္သတင္းေတြကေတာ့ လက္ရွိက်င့္သုံးေနေသာ ျပည့္တန္ဆာႏွိပ္ကြပ္ေရးဥပေဒကို ျပည့္တန္ဆာဆိုင္ရာ ဥပေဒအျဖစ္ ျပန္လည္ျပင္ဆင္ေရးဆြဲကာ လာမယ့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းေတာ့မယ့္သတင္း၊ တန႔္ယန္းၿမိဳ႕နယ္တြင္ လူသတ္အေလာင္းေဖ်ာက္ၿပီး ၿခိမ္းေျခာက္ေငြေတာင္းသူ သကၤန္းဝတ္တစ္ဦးႏွင့္ လူတစ္ဦးကို ဖမ္းဆီးရမိခဲ့တဲ့သတင္း၊ ထိုင္းႏိုင္ငံ ဖူးခက္ၿမိဳ႕မွာ ေဆာက္လက္စ ဓာတ္ဆီဆိုင္ၿပိဳက်မႈေၾကာင့္ ျမန္မာလုပ္သားသုံးဦး အပါအဝင္ စုစုေပါင္းခုနစ္ဦး ေသဆုံးခဲ့တဲ့သတင္း၊ ကတ္စနစ္ျဖင့္ ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ မႏၲေလးၿမိဳ႕ရွိ အေႂကြေစ့ဂိမ္းဆိုင္ကို ဝင္ေရာက္ရွာေဖြရာ တ႐ုတ္ႏိုင္ငံသားတစ္ဦး အပါအဝင္ လူ ၃၁ ဦးကို ဖမ္းမိခဲ့တဲ့သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ႏို၀င္ဘာ - ၂၉