【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တော်လှန်ရေးလား၊ လက်စားချေသတ်ဖြတ်မှုတွေလား

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 တော်လှန်ရေးလား၊ လက်စားချေသတ်ဖြတ်မှုတွေလား

ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ စိတ်မကောင်းစရာသတင်းတွေ ဖြစ်ခဲ့သလို မြန်မာ နိုင်ငံရှေ့ရေးအတွက်ရင်လေးစရာ သတင်းတွေ ၊ စိတ်အားတက်စရာသတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အေအေလက်နက်ကိုင်တွေက ဖမ်းဆီးထားတဲ့ ဓားစာခံတွေ သတ်ဖြတ်ခံနေရတဲ့ သတင်းတွေအပြင် ပျောက်ဆုံးနေတဲ့ ဆရာဝန်သားအဖကို ပြန်တွေ့တဲ့ သတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ မြန်မာ့ရေတပ်မတော် စစ်သင်္ဘောတွေ တပ်တော်ဝင်တဲ့ သတင်းတွေကလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးလား သတ်ဖြတ်မှုတွေလား ရခိုင်လက်နက်ကိုင် အေအေက ဒီဇင်ဘာ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးရဲသိန်း တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးထိလို့ သေဆုံးတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။အေအေ ထုတ်ပြန်ချက်မှာတော့ ဒီဇင်ဘာလ ၂၅ ရက် နေ့လယ်တွင် မြန်မာ့တပ်မတော်က ပစ်ခတ်တိုက်ခိုက်သော လက် နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အေအေက ဘက်က ဖမ်းဆီးထိန်းသိမ်းထားသူများထဲမှ သေဆုံးသူ နှင့် ဒဏ်ရာရသူများရှိခဲ့ပြီး သေဆုံးသူများထဲတွင် ဦးရဲသိန်းလည်း ပါဝင်တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။ဒါဟာ ထုတ်ပြန်မှုတွေအရ အေအေဖမ်းဆီးထားတဲ့ သူတွေထဲကနေ သေဆုံးတယ်ဆိုပြီး ဖမ်းဆီးထားတဲ့သူတွေ သေဆုံး ရမှုထဲမှာ တတိယမြောက်လူသိများတဲ့ အမှုပါ။ အေအေက အစောပိုင်းကဖမ်းဆီးထားတဲ့ သူတွေထဲက အိန္ဒိယနိုင်ငံသားတစ်ဦး၊ မီးသတ်အရာရှိ တစ်ဦး၊ အခု NLD မြို့နယ်အဆင့်ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ခဲ့မှုတွေပါဘဲ။ ဒီထဲမှာ သတ်ဖြတ်ခံရလို့ သေဆုံးခဲ့ရတဲ့ ဒေသခံတွေ၊ ရဲအဖွဲ့ဝင်တွေ၊ မီးသတ်အဖွဲ့ဝင်တွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ မပါသေးပါဘူး။ ယခုကိစ္စမှာ အေအေအနေနဲ့ နိုင်ငံတကာကို သွားပြီး မြန်မာအရေးအတွက် ICJ မှာ သွားရောက် ရင်ဆိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ထောက်ခံတဲ့ ဆန္ဒပြပွဲလုပ်ဖို့ ပြင်ဆင်နေချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီလိုသေဆုံးကြောင်းထုတ်ပြန်ခဲ့တဲ့အတွက် သက်ဆိုင်ရာအဖွဲအစည်းတွေအပြင် အစိုးရအဖွဲ့အစည်းတွေ ၊ အေ အေနဲ့ ဆက်နွယ်မှုရှိနေတဲ့ အဖွဲအစည်းတွေအတွက် သတိထားနေထိုင်စရာဖြစ်လာပါတယ်။ ချင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို ဖမ်းဆီးပြီးမကြာမီမှာ ယခုလို NLD မြို့နယ်ဥက္ကဋ္ဌ သေဆုံးခဲ့ တဲ့ ဆက်စပ်မှုဟာ ယခင်ဖမ်းဆီးထားတဲ့သူတွေဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ထမ်းသုံးဦး၊ အကျဉ်းဦးစီးဌာနဝန်ထမ်း နှစ်ဦး နှင့် တပ်မတော်၊ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၇ ဦးအပြင် အခြားဒေသခံတွေအတွက်လည်း စိုးရိမ်စရာ ဖြစ် လာခဲ့ပါတယ်။ ယခုလို သေဆုံးခဲ့ရတဲ့သူအတွက် သက်ဆိုင်ရာပါတီဖြစ်တဲ့ အာဏာရပါတီကတော့ ပါတီအနေဖြင့် သက်သေအထောက်အထားများကို စောင့်ဆိုင်းလျှက်ရှိပြီး မှန်ကန်ပါက ပါတီသဘောထားကို ထုတ်ပြန်သွားမယ် လို့ ပြောခဲ့တာရှိပါတယ်။ဒါအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေနိုင်တယ်ဆိုပြီး NLD ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်က ပြောခဲ့တာရှိပါတယ်။ အေအေအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးလုပ်ရာမှာ နောက်ပိုင်းမှာ ဒေခံတွေကို သတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်လာသလို ရက်စက်တဲ့ သတ်ဖြတ်မှုတွေကိုအောက်ခြေက လုပ်လာတာကိုတားဆီးခြင်းမရှိတာကို တွေကလာရပါတယ်။ အထူးသဖြင့် လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဒေသခံတစ်ဦးကို တုတ်နဲ့ရိုက်နှက်သတ်ဖြတ်မှုမှာ သတ်ဖြတ်မှုတွေရှိတာကို ဝန်ခံခဲ့သလို အခြားဒီလိုဖြစ်ရပ်တစ်ခုမက ရှိတတ်တယ်လို့ ပြောခဲ့တာလည်း ရှိခဲ့ပါ တယ်။ မကြာခဏပြန်ပေးဆွဲမှုတွေ၊သတ်ဖြတ်မှုတွေကြောင့် တစ်ဖက်က လာရောက်တိုက်ခိုက်နေတဲ့ ARSAအဖွဲရဲ့ ထိုးဖောက်မှုရှိနေတဲ့ ဒေသတွင်းမှာ အစိုးရယန္တရားပျက်လုနီးပါး ဖြစ်နေသလို မကြာခင်က အဆိုပါဒေသတွင်း သာ မက ရခိုင်ပြည်နယ်အတွင်း လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်ဆောင်ရမယ်ဆိုပြီး အခွန်မဆောင် ရင် လုပ်ငန်းတွေ ဖျက်ဆီးခံရဖို့ ခြိမ်းခြောက်တာတွေကြောင့် ဒေသနဲ့ ပြည်နယ်အတွင်း စီးပွားရေးပါ ပျက်ပြားပြီး စစ်ဘောင်ကျယ်ပြီး စစ်မက်ဆင်နွဲနေတဲ့ ဒေသသဖွယ် ဖြစ်လာဖို့ ကိန်းများနေပြီ ဖြစ်ပါတယ်။ ဒီလို စိုးရိမ်ဖွယ်အနေအထားတွေကြောင့် ရခိုင်ပြဿနာက တိုင်းရင်းသားလက်နက်ကိုင်အရေးထက် သူဦးသူသတ်၊ကိုယ်ဦးကိုယ်သတ်အနေအထားထိရှိလာပါတယ်။ဒေသတွင်း တည်ငြိမ်မှုပျက်ပြားလာတာနဲ့အမျှ ဒေသခံတွေအတွက် စားဝတ်နေရေးသာမက ကြာရှည်လာဖွယ်ရှိတဲ့ အစွန်းရောက်မှုတွေ ရှိလာနိုင်လို့ တိုင်းပြည် အတွက် စိုးရိမ်ဖွယ်အနေအထားပါဘဲ။ ဒီလိုပြန်ပေးဆွဲမှုတွေက ရပ်မသွားဘဲ ဒီဇင်ဘာ ၂၄ ရက်မှာ တောင်ဘဇာ နယ်မြေရုံး၌ တာဝန်ကျနေသည့် လက်ထောက်ညွှန်မှူး ဦးတင်မျိုးအောင်သည် ခွင့်ပြန်လာ လ/ထ လဝကမှူး သွားရောက်ကြိုဆိုစဉ် ဖမ်းဆီးခဲ့တာတွေဖြစ်ခဲ့ပါတယ်။ ဒီလိုတွေ ဆက်တိုက်ဖြစ်လာတဲ့ အနေအထားက အေအေ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း အစိုးရအုပ်ချုပ်ရေးယန္တရားကို ဖျက်ဆီးမည့် သဘောရှိပြီး စင်ပြိုင်အစိုးရထောင် မည့်သဘောရှိနေလို့ အစိုးရဘက်ကလည်း ဆက်တိုက်လုံခြုံရေးဆောင်ရွက်မယ်အနေအထားရှိလာပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မင်း ပြား၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ မြေပုံမြို့နယ်တွေမှာ တိုက် ပွဲ များ ဖြစ်ပွားပြီး ပလက်ဝဒေသ တိုက်ပွဲ ဖြစ်စဉ် တွင် တပ်မတော်ကလေကြောင်း တိုက်ခိုက်ရတာတွေဖြစ်ခဲ့ပါတယ်။ အေအေဘက်ကတော့ သူဖမ်းထားတဲ့ ဓားစာ ခံတွေရဲ့လုံခြုံရေးနဲ့ အသက်ရှင်ရေးအတွက် အာမခံချက်မပေးဘူးလို့ တုံပြန်ပြောခဲ့တာရှိပါတယ်။ အေအေ အဖွဲ့ကို ဦးဆောင်သူ ထွန်းမြတ်နိုင်ရဲ့ ညီမနဲ့ ယောက်ဖ၊ညီတို့ကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ထိုင်းဘက်မှာ ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူနဲ့ သားသမီးတွေကို ဖမ်း ဆီးခံခဲ့ရပြီးနောက်မှာ အေအေဘက်က အရပ်သားတွေ၊ အစိုးရဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးဘက်က လူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုများလာတဲ့အတွက် ရှေ့ဆက် ဘာတွေ ပိုဖြစ်လာမလဲ၊ တပ်ဘက်က ဘယ်လို ကိုင်တွယ်လာနိုင်မလဲ၊ အရပ်သားတွေ ဘယ်လိုထိခိုက်မှုတွေဖြစ် လာမလဲ၊ စစ်ရှောင်ဒုက္ခသည်တွေ ဘယ်လောက်ထိတိုးပွားလာဦးမလဲဆိုတာ ရှေ့ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီသတင်းတွေက ယခုရက်ထဲမှာ ဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ ဘူးသီးတောင် မြို့နယ်ကျောက်ရံ ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းဆရာဦးနိုင်အောင်ထွန်းကို အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးထား တာမှာ တရားမစွဲဘဲ ပြန်လွှတ်ပေးခဲ့တဲ့ သတင်း၊မူဆယ်မြို့မှာ ဒီဇင်ဘာ ၂၃ ရက်နေ့ ညပိုင်းက ကားတစ်စီးအား နောက်ထပ် ကားနှစ်စီး မှ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် လူတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရှိခဲ့ တဲ့သတင်း၊ငွေစက္ကူအတုနှင့် အစစ်လဲလှယ်ရန်အတွက်လာရောက်သော BGF တပ်ဖွဲ့ဝင် ဟောင်းအချို့ကို မန္တလေး ခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ကနောင်မင်းသားကြီးလမ်းဆုံမီးပွိုင့်မှာ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ သတင်း၊ မြေပုံ မြို့နယ် ယောချောင်းကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲလို့ ၍ကလေးငယ်နှစ်ဦးအပါအဝင်ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ အပြစ်မဲ့ပြည်သူများကို လက်နက်အားကိုးဖြင့် အကြမ်း ဖက်သည့် လုပ်ရပ်မှန်သမျှပြင်း ထန်စွာ ရှုတ်ချကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ခဲ့တဲ့ သတင်းတွေထဲ သတိထားစောင့်ကြည့်နေရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ မတော်တဆမှုနှင့် စိတ်နှလုံးမငြိမ်းချမ်းဖွယ် သေဆုံးမှုများ မကြာခင်က ပြည်တွင်းသတင်းတွေထဲ အများစုစောင့်ကြည့်နေခဲ့ရတဲ့ သတင်းဖြစ်တဲ့ မော်လမြိုင်က ဆရာဝန်သားအဖပျောက်ဆုံးတဲ့ သတင်းဟာ ယခုရက်သတ္တပတ်မှာ အဖြေပေါ်ခဲ့ပါတယ်။ ထင်ကြေးအမျိုးမျိုး ထွက်ခဲ့သလို ကာယကံရှင်မိသားစုကိုယ်တိုင် သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ အထိ ဂယက်ပြင်းထန်ခဲ့တဲ့ ယခု လူပျောက်ဆုံးမှုထဲ မှာ သေဆုံးသူထဲ လူမမည်ကလေးငယ်ပါဝင်နေတဲ့ အပြင် စုတ်စမြုပ်စပျောက်တဲ့ အထိဖြစ်ခဲ့ တဲ့ အတွက် စိတ်ဝင်စားမှုအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ အဆိုပါ ၁၉ ရက်ကြာပျောက်ဆုံးနေတဲ့ ဆရာဝန်သားအဖနှစ်ဦးရဲ့ကားကို ဒီဇင်ဘာ ၂၄ ရက်က မော်လ မြိုင် မြို့ အတ္ထရံမြစ်ထဲကနေရှာဖွေတွေ့ရှိခဲ့ပြီး ကားထဲမှာလည်း အလောင်းတွေကိုတွေ့ရှိခဲ့ ပါတယ်။ ဒီလိုရှာဖွေ တွေ့ရှိရာ မှာ ကားကို နောက်ဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့ CCTV လမ်းကြောင်းအတိုင်း ရှာဖွေရာကနေ အတ္ထရံမြစ် ထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ဒီဇင်ဘာလ(၅)ရက် ညပိုင်းက ပျောက်သွားခဲ့တဲ့ ဒီဆရာဝန်သားအဖနှစ်ဦးကို စားသောက်ဆိုင် CCTV မှတ်တမ်းတွေကနေ လမ်းတစ်လျှောက် လိုက်စစ်ခဲ့ရာမှာ ဒီလိုတွေ့ရှိခဲ့တာဖြစ်တယ် ဆိုပါတယ်။ မြစ်ထဲကနေဆယ်ယူရရှိတဲ့ကားထဲမှာ နုန်းတွေထဲ ရုပ်အလောင်းတွေပါနေတဲ့အတွက် ဆေးရုံကို ပို့ခဲ့ပါ တယ်။ CCTV မှတ်တမ်းတွေထဲမှာ အမူးလွန်ပြီး ယိမ်းယိုင်နေတဲ့ ဆရာဝန်ကိုတွေ့ရသလို တစ်ဝိုင်းထဲသောက် နေတဲ့ သူတွေကို နူတ်ဆက်နေတာကိုလည်းတွေ့ရပါတယ်။ ဒီလိုဖြစ်ရပ်ကဖြစ်တောင့်ဖြစ်ခဲလို့ ဆိုပေမယ့် မြို့ကြီးတွေမှာ အမူးလွန်နေတဲ့ ကားသမားတွေ ကား တိုက်မိပြီး သေကြေထိခိုက်ပျက်စီးတာက မကြာခဏဆိုသလိုပါဘဲ။ဒါဟာ ကြေကွဲဖွယ်ဖြစ်သလို တဒင်္ဂ ပေါ့ လျော့မှုက မိသားစုတွေ သေကွဲကွဲခဲ့ရတဲ့ ဖြစ်ရပ်အထိ ဆိုးဝါးခဲ့တာ ယခု၂၀၁၉ ခုနှစ်ရဲ့ စိတ်ထိခိုက်ဖွယ်ဖြစ် ရပ်ပါဘဲ။ ဒီမော်လမြိုင်မှာဘဲ နောက်ထပ်စိတ်ထိခိုက်ဖွယ်သတင်းတစ်ခုက ကားတိုက်မှုသတင်းပါဘဲ။ ပဲခူး ကြို့ပင်ကောက်နဲ့ ဇီးကုန်းကနေ ငှားကာကျိုက္ခမီသို့ ဘုရားဖူး ထွက်လာတဲ့ ဟိုက်ဂျက်ကားကို သဲတင်ကားကဝင်ကြိတ်မိတဲ့ သတင်းပါဘဲ။ ဒီနှစ်ထဲအသေအပျောက် အများဆုံးယာဉ်တိုက်မှုဖြစ်ခဲ့ပါတယ်။ သတင်းတွေအရ သဲတင်ကားကိုကျော်တက်ရာမှာ မလွတ်ဘဲ ကားအောက်ကို ရောက်သွားခဲ့တာလို့ ဆိုသလို ကားပေါ်ပါတဲ့ လူ ၁၄ ဦးအနက် ၁၀ ဦးထိ ကားအောက်ဖိကြိတ်ခံရသလိုဖြစ်ခဲ့တဲ့ ယခုဖြစ်ရပ်က အလွန်ကို ဆိုးဝါးတဲ့ သတင်းဖြစ်ခဲ့ပါတယ်။ဖြစ်စဉ်ဖော်ပြချက်တွေအရ ဒီဇင်ဘာ ၂၆ ရက်နံနက်က ခရီးသည် ၁၄ ဦး လိုက် ပါပြီး ဘုရားဖူး ထွက်လာတဲ့ ဟိုက်ဂျက်ယာဉ် မုဒုံမြို့နယ်ကွမ်တာ ကျေးရွာအရောက်မှာ ရှေ့က မောင်းနှင် နေတဲ့ သဲတင်ယာဉ်ကိုကျော်တက်ရာကနေ မျက်နှာချင်းဆိုင်ကနေ ကားတစ်စီးလာတဲ့ အတွက် လားရာတူ ဘက်ပြန် ကပ်စဉ်မှာ ကျော်တက်လာတဲ့ သဲကားရှေ့ ပြန်ပိတ်မိသလိုဖြစ်တဲ့အတွက် တက်ကြိတ်မိသလိုဖြစ်ကုန်တာ လို့မျက်မြင်တွေက ဆိုပါတယ်။ ယခုနောက်ပိုင်းကာလတွေမှာ ကျပ်သိန်းတစ်ရာဝန်းကျင်နဲ့ အောက်မှာ ရှိတဲ့ ဟိုက်ဂျက်ကားတွေကို လုပ်ငန်းသုံးအဖြစ် ဝယ်ယူစီးနင်းလာကြတာကိုတွေ့ရသလို အဝေးပြေးလမ်းတွေမှာ လူနဲ့ကုန်စည်တွေကို တင် ပြီးမောင်းနှင့်ကြတာကိုလည်း တွေ့နေရပါတယ်။ ကားအင်ဂျင်ပါဝါကနည်းသလိုမောင်းနှင်တဲ့ သူအများစုက လည်း ကားမောင်းကျွမ်းကျင်မူဆိုတာထက် ယာဉ်အကြောင်းသိရုံဘဲသိတဲ့ သူတွေ မောင်းကြတာများတဲ့ အတွက် ကိုယ်ကားက အင်ဂျင်ပါဝါနည်းတာကိုမေ့ပြီးကျော်တက်ရာမှာ မကြာခဏဆိုသလို နောက်က လာတဲ့ကားကို မလွတ်ဘဲ တိုက်မိတာတွေကြောင့်သေကြေမှုတွေက မကြာမကြာ ကြားနေရပါတယ်။ဒါဟာ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရတဲ့ ကြေကွဲဖွယ်သင်ခန်းစာတစ်ခုပါဘဲ။ ဒီသတင်းတွေက ယခုရက်ထဲဖြစ်ခဲ့တဲ့သတင်းတွေထဲက ရတနာပုံတက္ကသိုလ်ကျောင်းသား အသတ်ခံရမှုက ပါဝင်ကျူးလွန်သူတွေထဲက တစ်ဦူးကို အလုပ်နှင့်ထောင်ဒဏ်အနှစ်၃၀ချမှတ်လိုက်သတင်း၊ ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုမှာ သံသယတရားခံ သန်းထွဋ်အောင်အပါအဝင် အစွပ်စွဲခံရသူ သုံးဦးတို့ကို တယောက်လျှင် ငွေကျပ်သိန်း (၁၀၀)ဖြင့် ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက အာမခံပေးခဲ့တဲ့ သတင်း၊ တွေထဲ မှာ ကြားရသူတိုင်း စိတ်ထိခိုက်ဖြစ်ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။ ရေတပ်သင်္ဘောဖြစ်သွားတဲ့ ကြယ်ငါးပွင့်သင်္ဘော မြန်မာ့တပ်မတော်ရေရဲ့ ဒီဇင်ဘာ ၂၄ရက်မှာပြုလုပ်ခဲ့တဲ့ တပ်တော်ဝင်အခမ်းအနားက အများစု စောင့်ကြည့် ခဲ့ရတဲ့ အခမ်းအနားတစ်ခုဖြစ်သလို လူမှုကွန်ရက်မှာလည်း လူပြောသူပြောအများဆုံး လည်းဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကိုရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ စစ်သင်္ဘော မုတ္တမကြောင့် ပြည်တွင်းက နေသူ တွေအတွက် စိတ်ဝင်စားမှုပိုခဲ့ရသလို လက်ရှိ တပ်ဘက်မှာရှိနေတဲ့ စစ်သင်္ဘောတွေထဲ အကြီးမား ဆုံးဖြစ်နေတဲ့ အတွက်လည်း ပြည်ပနဲ့ အိမ်နီးချင်းတွေက သတိထားစောင့်ကြည့်မှုရှိခဲ့ပါတယ်။အများစုမျှော်နေတဲ့ အိန္ဒိယ ဘက်က ပြန်လွှဲမယ် ကီလို ကလပ်အမျိုးအစားရေငုပ်သင်္ဘောယခုရေတပ်မတော်နှစ်ပတ်လည်မှာ တပ်တော် မဝင်သေးပေမယ် အများမမျှော်လင့်ထားတဲ့ စစ်သင်္ဘောတွေ ယခုအခမ်းအနားမှ တပ်တော်ဝင်ခဲ့ပါတယ်။ဒီထဲမှာ ယခင်မြန်မာကြာယ်ငါးပွင့်သင်္ဘောလိုင်းမှာ နိုင်ငံတကာပြေးဆွဲခဲ့တဲ့ မြစ်ကြီးနားကုန်သင်္ဘောလည်း စစ်ရေ ယာဉ် အဖြစ် တပ်တော်ဝင်ခဲ့တာ အများအတွက် အံအားသင့်စေခဲ့ပါတယ်။ ဒီလိုဖြစ်တဲ့ အတွက် တပ်ဘက်က ရှင်းလင်းချက်တွေမှာတော့ မြန်မာကြယ်ငါးပွင့်သင်္ဘောလိုင်း အနေနဲ့ စီးပွားရေးအရ မအောင် မြင်လို့ တပ်မတော်က လုပ်ကိုင်တဲ့ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်က ကြယ်ငါး ပွင့် သင်္ဘောလိုင်းကို ဝယ်ယူခဲ့တာလို့ဆိုပါတယ်။ဒီဇင်ဘာ ၂၄ ရက် တပ်တော်ဝင်တဲ့စစ်ရေယာဉ်ရှစ်စီး အနက် စစ်ရေ ယာဉ်(မြစ်ကြီးနား) တစ်စီးဘဲ ရေတပ်စခန်းက အ ကြီးစားပြုပြင်ခြင်းဖြစ်ပြီး ကျန် စစ်ရေယာဉ်လေးစီးကို တပ်မ တော် ရေတပ်သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့ကာ အစ္စရေးနိုင်ငံကနေ ပင်လယ်ကမ်းရိုး တန်းသွားအမြန် တိုက် ရေယာဉ်နှစ်စီး၊ ကိုရီးယားနိုင်ငံမှာ တည်ဆောက်တဲ့ စစ်ရေယာဉ် (မုတ္တမ) တို့ ဝင်ခဲ့ပါတယ်။ တပ်ဘက် ပြန်လည်မွမ်းမံပြီး တပ်တော်ဝင်ခဲ့တဲ့ မြစ်ကြီးနားသင်္ဘောအပေါ် သင်္ဘောအဟောင်းအဖြစ် ဝေဖန်မှု တွေရှိခဲ့ပြီး အများ အားဖြင့် သင်္ဘောရဲ့ခံနိုင်ရည်နဲ့ သက်တမ်းအပေါ် စိုးရိမ်စိတ်နဲ့ ထောက်ပြခဲ့တာကို တွေ့ရပါတယ်။ တပ်ဘက်က ရှင်းပြရာမှာ ဒီလိုကြယ်ငါးပွင့်ပိုင် သင်္ဘောတွေအပြင် ဆေးရုံသင်္ဘော (သန်လျင်) ဆိုတာလည်းကြယ်ငါးပွင့်ပိုင်သင်္ဘောထဲက တစ်စင်းဆိုတာကို ပါပြောခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အရင်က တည်ရှိခဲ့တဲ့ မြန်မာတပ်မတော်ရေတပ်အင်အားနဲ့ ယခုရေတပ်အင်အားက အတော်လေးကွာခြားလာပြီဖြစ်သလို ပြည်ပရန်နဲ့ အိမ်နီးချင်းရန်တွေဝိုင်းနေတဲ့အချိန်မှာ မြန်မာပင်လယ်ပြင် ကိုစိုးမိုးမယ့် မြန်မာရေတပ်အတွက် စစ်သင်္ဘောအရေအတွက်တိုးလာတာ ကြိုဆိုရမှာဖြစ်သလို အရည်အချင်း ပိုင်းပါ ထက်မြက်တဲ့ သင်္ဘောတွေ၊ လက်နက်ကိရိယာတွေ ရှိလာတာကလည်း ယခုချိန်မှာကြိုဆိုရမှာ ဖြစ်ပါ တယ်။ ဒီသတင်းတွေက ယခုရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ သတင်းတွေထဲက ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် မှာ ပြည်သူလူထုနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေဆုံခဲ့တဲသတင်း၊ ဒေါ်ခင်ကြည် ကွယ်လွန်ခြင်း (၃၁) နှစ်ပြည့် အဖြစ် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က သံ ဃာတော်များအား ဆွမ်းသင်္ကန်း ကပ်လှူဒါန်းခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်းယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံး သပ်ချက်ကိုဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။ မာလင်း ဒီဇင်ဘာ - ၂၈ ( Zawgyi ) ယခုရက္သတၱပတ္အတြင္း ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ စိတ္မေကာင္းစရာသတင္းေတြ ျဖစ္ခဲ့သလို ျမန္မာ ႏိုင္ငံေရွ႕ေရးအတြက္ရင္ေလးစရာ သတင္းေတြ ၊ စိတ္အားတက္စရာသတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ ေအေအလက္နက္ကိုင္ေတြက ဖမ္းဆီးထားတဲ့ ဓားစာခံေတြ သတ္ျဖတ္ခံေနရတဲ့ သတင္းေတြအျပင္ ေပ်ာက္ဆုံးေနတဲ့ ဆရာဝန္သားအဖကို ျပန္ေတြ႕တဲ့ သတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ ျမန္မာ့ေရတပ္မေတာ္ စစ္သေဘၤာေတြ တပ္ေတာ္ဝင္တဲ့ သတင္းေတြကလည္း စိတ္ဝင္စားစရာ ျဖစ္ခဲ့ပါတယ္။ ေတာ္လွန္ေရးလား သတ္ျဖတ္မႈေတြလား ရခိုင္လက္နက္ကိုင္ ေအေအက ဒီဇင္ဘာ ၁၁ ရက္ေန႔က ဖမ္းဆီးခဲ့တဲ့ ဘူးသီးေတာင္ NLD ဥကၠ႒ ျဖစ္တဲ့ ဦးရဲသိန္း တပ္မေတာ္နဲ႔တိုက္ပြဲျဖစ္ပြားစဥ္ လက္နက္ႀကီးထိလို႔ ေသဆုံးတယ္ဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ေအေအ ထုတ္ျပန္ခ်က္မွာေတာ့ ဒီဇင္ဘာလ ၂၅ ရက္ ေန႔လယ္တြင္ ျမန္မာ့တပ္မေတာ္က ပစ္ခတ္တိုက္ခိုက္ေသာ လက္ နက္ႀကီး က်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ေအေအက ဘက္က ဖမ္းဆီးထိန္းသိမ္းထားသူမ်ားထဲမွ ေသဆုံးသူ ႏွင့္ ဒဏ္ရာရသူမ်ားရွိခဲ့ၿပီး ေသဆုံးသူမ်ားထဲတြင္ ဦးရဲသိန္းလည္း ပါဝင္တယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာပါ။ဒါဟာ ထုတ္ျပန္မႈေတြအရ ေအေအဖမ္းဆီးထားတဲ့ သူေတြထဲကေန ေသဆုံးတယ္ဆိုၿပီး ဖမ္းဆီးထားတဲ့သူေတြ ေသဆုံး ရမႈထဲမွာ တတိယေျမာက္လူသိမ်ားတဲ့ အမႈပါ။ ေအေအက အေစာပိုင္းကဖမ္းဆီးထားတဲ့ သူေတြထဲက အိႏၵိယႏိုင္ငံသားတစ္ဦး၊ မီးသတ္အရာရွိ တစ္ဦး၊ အခု NLD ၿမိဳ႕နယ္အဆင့္ေခါင္းေဆာင္တစ္ဦးကို သတ္ျဖတ္ခဲ့မႈေတြပါဘဲ။ ဒီထဲမွာ သတ္ျဖတ္ခံရလို႔ ေသဆုံးခဲ့ရတဲ့ ေဒသခံေတြ၊ ရဲအဖြဲ႕ဝင္ေတြ၊ မီးသတ္အဖြဲ႕ဝင္ေတြ၊ ရပ္ကြက္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးေတြ၊ ဌာနဆိုင္ရာဝန္ထမ္းေတြ မပါေသးပါဘူး။ ယခုကိစၥမွာ ေအေအအေနနဲ႔ ႏိုင္ငံတကာကို သြားၿပီး ျမန္မာအေရးအတြက္ ICJ မွာ သြားေရာက္ ရင္ဆိုင္ေနတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံကို ေထာက္ခံတဲ့ ဆႏၵျပပြဲလုပ္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ဒီလိုေသဆုံးေၾကာင္းထုတ္ျပန္ခဲ့တဲ့အတြက္ သက္ဆိုင္ရာအဖြဲအစည္းေတြအျပင္ အစိုးရအဖြဲ႕အစည္းေတြ ၊ ေအ ေအနဲ႔ ဆက္ႏြယ္မႈရွိေနတဲ့ အဖြဲအစည္းေတြအတြက္ သတိထားေနထိုင္စရာျဖစ္လာပါတယ္။ ခ်င္းအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ကို ဖမ္းဆီးၿပီးမၾကာမီမွာ ယခုလို NLD ၿမိဳ႕နယ္ဥကၠ႒ ေသဆုံးခဲ့ တဲ့ ဆက္စပ္မႈဟာ ယခင္ဖမ္းဆီးထားတဲ့သူေတြျဖစ္တဲ့ ေဆာက္လုပ္ေရးဝန္ထမ္းသုံးဦး၊ အက်ဥ္းဦးစီးဌာနဝန္ထမ္း ႏွစ္ဦး ႏွင့္ တပ္မေတာ္၊ ရဲတပ္ဖြဲ႕ဝင္မ်ား စုစုေပါင္း ၁၇ ဦးအျပင္ အျခားေဒသခံေတြအတြက္လည္း စိုးရိမ္စရာ ျဖစ္ လာခဲ့ပါတယ္။ ယခုလို ေသဆုံးခဲ့ရတဲ့သူအတြက္ သက္ဆိုင္ရာပါတီျဖစ္တဲ့ အာဏာရပါတီကေတာ့ ပါတီအေနျဖင့္ သက္ေသအေထာက္အထားမ်ားကို ေစာင့္ဆိုင္းလွ်က္ရွိၿပီး မွန္ကန္ပါက ပါတီသေဘာထားကို ထုတ္ျပန္သြားမယ္ လို႔ ေျပာခဲ့တာရွိပါတယ္။ဒါအျပင္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို ထိခိုက္ေစႏိုင္တယ္ဆိုၿပီး NLD ေျပာေရး ဆိုခြင့္ရပုဂၢိဳလ္က ေျပာခဲ့တာရွိပါတယ္။ ေအေအအေနနဲ႔ လက္နက္ကိုင္ေတာ္လွန္ေရးလုပ္ရာမွာ ေနာက္ပိုင္းမွာ ေဒခံေတြကို သတ္ျဖတ္မႈေတြ ဆက္တိုက္လုပ္လာသလို ရက္စက္တဲ့ သတ္ျဖတ္မႈေတြကိုေအာက္ေျခက လုပ္လာတာကိုတားဆီးျခင္းမရွိတာကို ေတြကလာရပါတယ္။ အထူးသျဖင့္ လူမႈကြန္ရက္မွာ တင္ခဲ့တဲ့ ေဒသခံတစ္ဦးကို တုတ္နဲ႔႐ိုက္ႏွက္သတ္ျဖတ္မႈမွာ သတ္ျဖတ္မႈေတြရွိတာကို ဝန္ခံခဲ့သလို အျခားဒီလိုျဖစ္ရပ္တစ္ခုမက ရွိတတ္တယ္လို႔ ေျပာခဲ့တာလည္း ရွိခဲ့ပါ တယ္။ မၾကာခဏျပန္ေပးဆြဲမႈေတြ၊သတ္ျဖတ္မႈေတြေၾကာင့္ တစ္ဖက္က လာေရာက္တိုက္ခိုက္ေနတဲ့ ARSAအဖြဲရဲ႕ ထိုးေဖာက္မႈရွိေနတဲ့ ေဒသတြင္းမွာ အစိုးရယႏၲရားပ်က္လုနီးပါး ျဖစ္ေနသလို မၾကာခင္က အဆိုပါေဒသတြင္း သာ မက ရခိုင္ျပည္နယ္အတြင္း လုပ္ကိုင္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြကို အခြန္ေဆာင္ရမယ္ဆိုၿပီး အခြန္မေဆာင္ ရင္ လုပ္ငန္းေတြ ဖ်က္ဆီးခံရဖို႔ ၿခိမ္းေျခာက္တာေတြေၾကာင့္ ေဒသနဲ႔ ျပည္နယ္အတြင္း စီးပြားေရးပါ ပ်က္ျပားၿပီး စစ္ေဘာင္က်ယ္ၿပီး စစ္မက္ဆင္ႏြဲေနတဲ့ ေဒသသဖြယ္ ျဖစ္လာဖို႔ ကိန္းမ်ားေနၿပီ ျဖစ္ပါတယ္။ ဒီလို စိုးရိမ္ဖြယ္အေနအထားေတြေၾကာင့္ ရခိုင္ျပႆနာက တိုင္းရင္းသားလက္နက္ကိုင္အေရးထက္ သူဦးသူသတ္၊ကိုယ္ဦးကိုယ္သတ္အေနအထားထိရွိလာပါတယ္။ေဒသတြင္း တည္ၿငိမ္မႈပ်က္ျပားလာတာနဲ႔အမွ် ေဒသခံေတြအတြက္ စားဝတ္ေနေရးသာမက ၾကာရွည္လာဖြယ္ရွိတဲ့ အစြန္းေရာက္မႈေတြ ရွိလာႏိုင္လို႔ တိုင္းျပည္ အတြက္ စိုးရိမ္ဖြယ္အေနအထားပါဘဲ။ ဒီလိုျပန္ေပးဆြဲမႈေတြက ရပ္မသြားဘဲ ဒီဇင္ဘာ ၂၄ ရက္မွာ ေတာင္ဘဇာ နယ္ေျမ႐ုံး၌ တာဝန္က်ေနသည့္ လက္ေထာက္ၫႊန္မႉး ဦးတင္မ်ိဳးေအာင္သည္ ခြင့္ျပန္လာ လ/ထ လဝကမႉး သြားေရာက္ႀကိဳဆိုစဥ္ ဖမ္းဆီးခဲ့တာေတြျဖစ္ခဲ့ပါတယ္။ ဒီလိုေတြ ဆက္တိုက္ျဖစ္လာတဲ့ အေနအထားက ေအေအ အေနနဲ႔ ရခိုင္ျပည္နယ္အတြင္း အစိုးရအုပ္ခ်ဳပ္ေရးယႏၲရားကို ဖ်က္ဆီးမည့္ သေဘာရွိၿပီး စင္ၿပိဳင္အစိုးရေထာင္ မည့္သေဘာရွိေနလို႔ အစိုးရဘက္ကလည္း ဆက္တိုက္လုံၿခဳံေရးေဆာင္႐ြက္မယ္အေနအထားရွိလာပါတယ္။ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၁ ရက္မွ ၂၅ ရက္အတြင္း ခ်င္းျပည္နယ္ ပလက္ဝ၊ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ မင္း ျပား၊ ပုဏၰားကြၽန္း၊ ေက်ာက္ ေတာ္၊ ေျမပုံၿမိဳ႕နယ္ေတြမွာ တိုက္ ပြဲ မ်ား ျဖစ္ပြားၿပီး ပလက္ဝေဒသ တိုက္ပြဲ ျဖစ္စဥ္ တြင္ တပ္မေတာ္ကေလေၾကာင္း တိုက္ခိုက္ရတာေတြျဖစ္ခဲ့ပါတယ္။ ေအေအဘက္ကေတာ့ သူဖမ္းထားတဲ့ ဓားစာ ခံေတြရဲ႕လုံၿခဳံေရးနဲ႔ အသက္ရွင္ေရးအတြက္ အာမခံခ်က္မေပးဘူးလို႔ တုံျပန္ေျပာခဲ့တာရွိပါတယ္။ ေအေအ အဖြဲ႕ကို ဦးေဆာင္သူ ထြန္းျမတ္ႏိုင္ရဲ႕ ညီမနဲ႔ ေယာက္ဖ၊ညီတို႔ကို ဖမ္းဆီးခဲ့ၿပီးေနာက္ပိုင္း ထိုင္းဘက္မွာ ထြန္းျမတ္ႏိုင္ရဲ႕ ဇနီးျဖစ္သူနဲ႔ သားသမီးေတြကို ဖမ္း ဆီးခံခဲ့ရၿပီးေနာက္မွာ ေအေအဘက္က အရပ္သားေတြ၊ အစိုးရဝန္ထမ္းေတြ၊ အုပ္ခ်ဳပ္ေရးဘက္က လူေတြ၊ ကုမၸဏီဝန္ထမ္းေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈ ပိုမ်ားလာတဲ့အတြက္ ေရွ႕ဆက္ ဘာေတြ ပိုျဖစ္လာမလဲ၊ တပ္ဘက္က ဘယ္လို ကိုင္တြယ္လာႏိုင္မလဲ၊ အရပ္သားေတြ ဘယ္လိုထိခိုက္မႈေတြျဖစ္ လာမလဲ၊ စစ္ေရွာင္ဒုကၡသည္ေတြ ဘယ္ေလာက္ထိတိုးပြားလာဦးမလဲဆိုတာ ေရွ႕ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ ဒီသတင္းေတြက ယခုရက္ထဲမွာ ျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ ဘူးသီးေတာင္ ၿမိဳ႕နယ္ေက်ာက္ရံ ေက်း႐ြာ မူလတန္းေက်ာင္းမွ ေက်ာင္းဆရာဦးႏိုင္ေအာင္ထြန္းကို အၾကမ္းဖက္မႈတိုက္ ဖ်က္ေရးဥပေဒျဖင့္ ဖမ္းဆီးထား တာမွာ တရားမစြဲဘဲ ျပန္လႊတ္ေပးခဲ့တဲ့ သတင္း၊မူဆယ္ၿမိဳ႕မွာ ဒီဇင္ဘာ ၂၃ ရက္ေန႔ ညပိုင္းက ကားတစ္စီးအား ေနာက္ထပ္ ကားႏွစ္စီး မွ ေသနတ္ျဖင့္ လိုက္လံ ပစ္ခတ္ခဲ့ျခင္းေၾကာင့္ လူတစ္ဦး ေသဆုံးကာ ႏွစ္ဦး ဒဏ္ရာရွိခဲ့ တဲ့သတင္း၊ေငြစကၠဴအတုႏွင့္ အစစ္လဲလွယ္ရန္အတြက္လာေရာက္ေသာ BGF တပ္ဖြဲ႕ဝင္ ေဟာင္းအခ်ိဳ႕ကို မႏၲေလး ခ႐ိုင္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရန္ကုန္-မႏၲေလးလမ္းမႀကီးႏွင့္ ကေနာင္မင္းသားႀကီးလမ္းဆုံမီးပြိဳင့္မွာ ဝိုင္းဝန္းပိတ္ဆို႔ဖမ္းဆီးခဲ့တဲ့ သတင္း၊ ေျမပုံ ၿမိဳ႕နယ္ ေယာေခ်ာင္းေက်း႐ြာမွာ လက္နက္ႀကီးက်ည္က်ေရာက္ ေပါက္ကြဲလို႔ ၍ကေလးငယ္ႏွစ္ဦးအပါအဝင္ေျခာက္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ အျပစ္မဲ့ျပည္သူမ်ားကို လက္နက္အားကိုးျဖင့္ အၾကမ္း ဖက္သည့္ လုပ္ရပ္မွန္သမွ်ျပင္း ထန္စြာ ရႈတ္ခ်ေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ထုတ္ျပန္ခဲ့တဲ့ သတင္းေတြထဲ သတိထားေစာင့္ၾကည့္ေနရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။ မေတာ္တဆမႈႏွင့္ စိတ္ႏွလုံးမၿငိမ္းခ်မ္းဖြယ္ ေသဆုံးမႈမ်ား မၾကာခင္က ျပည္တြင္းသတင္းေတြထဲ အမ်ားစုေစာင့္ၾကည့္ေနခဲ့ရတဲ့ သတင္းျဖစ္တဲ့ ေမာ္လၿမိဳင္က ဆရာဝန္သားအဖေပ်ာက္ဆုံးတဲ့ သတင္းဟာ ယခုရက္သတၱပတ္မွာ အေျဖေပၚခဲ့ပါတယ္။ ထင္ေၾကးအမ်ိဳးမ်ိဳး ထြက္ခဲ့သလို ကာယကံရွင္မိသားစုကိုယ္တိုင္ သတင္းစာရွင္းလင္းပြဲလုပ္ရတဲ့ အထိ ဂယက္ျပင္းထန္ခဲ့တဲ့ ယခု လူေပ်ာက္ဆုံးမႈထဲ မွာ ေသဆုံးသူထဲ လူမမည္ကေလးငယ္ပါဝင္ေနတဲ့ အျပင္ စုတ္စျမဳပ္စေပ်ာက္တဲ့ အထိျဖစ္ခဲ့ တဲ့ အတြက္ စိတ္ဝင္စားမႈအေကာင္းဆုံးျဖစ္ခဲ့ပါတယ္။ အဆိုပါ ၁၉ ရက္ၾကာေပ်ာက္ဆုံးေနတဲ့ ဆရာဝန္သားအဖႏွစ္ဦးရဲ႕ကားကို ဒီဇင္ဘာ ၂၄ ရက္က ေမာ္လ ၿမိဳင္ ၿမိဳ႕ အတၳရံျမစ္ထဲကေနရွာေဖြေတြ႕ရွိခဲ့ၿပီး ကားထဲမွာလည္း အေလာင္းေတြကိုေတြ႕ရွိခဲ့ ပါတယ္။ ဒီလိုရွာေဖြ ေတြ႕ရွိရာ မွာ ကားကို ေနာက္ဆုံးမွတ္တမ္းတင္ႏိုင္ခဲ့တဲ့ CCTV လမ္းေၾကာင္းအတိုင္း ရွာေဖြရာကေန အတၳရံျမစ္ ထဲမွာ ရွာေဖြေတြ႕ရွိခဲ့တာပါ။ဒီဇင္ဘာလ(၅)ရက္ ညပိုင္းက ေပ်ာက္သြားခဲ့တဲ့ ဒီဆရာဝန္သားအဖႏွစ္ဦးကို စားေသာက္ဆိုင္ CCTV မွတ္တမ္းေတြကေန လမ္းတစ္ေလွ်ာက္ လိုက္စစ္ခဲ့ရာမွာ ဒီလိုေတြ႕ရွိခဲ့တာျဖစ္တယ္ ဆိုပါတယ္။ ျမစ္ထဲကေနဆယ္ယူရရွိတဲ့ကားထဲမွာ ႏုန္းေတြထဲ ႐ုပ္အေလာင္းေတြပါေနတဲ့အတြက္ ေဆး႐ုံကို ပို႔ခဲ့ပါ တယ္။ CCTV မွတ္တမ္းေတြထဲမွာ အမူးလြန္ၿပီး ယိမ္းယိုင္ေနတဲ့ ဆရာဝန္ကိုေတြ႕ရသလို တစ္ဝိုင္းထဲေသာက္ ေနတဲ့ သူေတြကို ႏူတ္ဆက္ေနတာကိုလည္းေတြ႕ရပါတယ္။ ဒီလိုျဖစ္ရပ္ကျဖစ္ေတာင့္ျဖစ္ခဲလို႔ ဆိုေပမယ့္ ၿမိဳ႕ႀကီးေတြမွာ အမူးလြန္ေနတဲ့ ကားသမားေတြ ကား တိုက္မိၿပီး ေသေၾကထိခိုက္ပ်က္စီးတာက မၾကာခဏဆိုသလိုပါဘဲ။ဒါဟာ ေၾကကြဲဖြယ္ျဖစ္သလို တဒဂၤ ေပါ့ ေလ်ာ့မႈက မိသားစုေတြ ေသကြဲကြဲခဲ့ရတဲ့ ျဖစ္ရပ္အထိ ဆိုးဝါးခဲ့တာ ယခု၂၀၁၉ ခုႏွစ္ရဲ႕ စိတ္ထိခိုက္ဖြယ္ျဖစ္ ရပ္ပါဘဲ။ ဒီေမာ္လၿမိဳင္မွာဘဲ ေနာက္ထပ္စိတ္ထိခိုက္ဖြယ္သတင္းတစ္ခုက ကားတိုက္မႈသတင္းပါဘဲ။ ပဲခူး ႀကိဳ႕ပင္ေကာက္နဲ႔ ဇီးကုန္းကေန ငွားကာက်ိဳကၡမီသို႔ ဘုရားဖူး ထြက္လာတဲ့ ဟိုက္ဂ်က္ကားကို သဲတင္ကားကဝင္ႀကိတ္မိတဲ့ သတင္းပါဘဲ။ ဒီႏွစ္ထဲအေသအေပ်ာက္ အမ်ားဆုံးယာဥ္တိုက္မႈျဖစ္ခဲ့ပါတယ္။ သတင္းေတြအရ သဲတင္ကားကိုေက်ာ္တက္ရာမွာ မလြတ္ဘဲ ကားေအာက္ကို ေရာက္သြားခဲ့တာလို႔ ဆိုသလို ကားေပၚပါတဲ့ လူ ၁၄ ဦးအနက္ ၁၀ ဦးထိ ကားေအာက္ဖိႀကိတ္ခံရသလိုျဖစ္ခဲ့တဲ့ ယခုျဖစ္ရပ္က အလြန္ကို ဆိုးဝါးတဲ့ သတင္းျဖစ္ခဲ့ပါတယ္။ျဖစ္စဥ္ေဖာ္ျပခ်က္ေတြအရ ဒီဇင္ဘာ ၂၆ ရက္နံနက္က ခရီးသည္ ၁၄ ဦး လိုက္ ပါၿပီး ဘုရားဖူး ထြက္လာတဲ့ ဟိုက္ဂ်က္ယာဥ္ မုဒုံၿမိဳ႕နယ္ကြမ္တာ ေက်း႐ြာအေရာက္မွာ ေရွ႕က ေမာင္းႏွင္ ေနတဲ့ သဲတင္ယာဥ္ကိုေက်ာ္တက္ရာကေန မ်က္ႏွာခ်င္းဆိုင္ကေန ကားတစ္စီးလာတဲ့ အတြက္ လားရာတူ ဘက္ျပန္ ကပ္စဥ္မွာ ေက်ာ္တက္လာတဲ့ သဲကားေရွ႕ ျပန္ပိတ္မိသလိုျဖစ္တဲ့အတြက္ တက္ႀကိတ္မိသလိုျဖစ္ကုန္တာ လို႔မ်က္ျမင္ေတြက ဆိုပါတယ္။ ယခုေနာက္ပိုင္းကာလေတြမွာ က်ပ္သိန္းတစ္ရာဝန္းက်င္နဲ႔ ေအာက္မွာ ရွိတဲ့ ဟိုက္ဂ်က္ကားေတြကို လုပ္ငန္းသုံးအျဖစ္ ဝယ္ယူစီးနင္းလာၾကတာကိုေတြ႕ရသလို အေဝးေျပးလမ္းေတြမွာ လူနဲ႔ကုန္စည္ေတြကို တင္ ၿပီးေမာင္းႏွင့္ၾကတာကိုလည္း ေတြ႕ေနရပါတယ္။ ကားအင္ဂ်င္ပါဝါကနည္းသလိုေမာင္းႏွင္တဲ့ သူအမ်ားစုက လည္း ကားေမာင္းကြၽမ္းက်င္မူဆိုတာထက္ ယာဥ္အေၾကာင္းသိ႐ုံဘဲသိတဲ့ သူေတြ ေမာင္းၾကတာမ်ားတဲ့ အတြက္ ကိုယ္ကားက အင္ဂ်င္ပါဝါနည္းတာကိုေမ့ၿပီးေက်ာ္တက္ရာမွာ မၾကာခဏဆိုသလို ေနာက္က လာတဲ့ကားကို မလြတ္ဘဲ တိုက္မိတာေတြေၾကာင့္ေသေၾကမႈေတြက မၾကာမၾကာ ၾကားေနရပါတယ္။ဒါဟာ တန္ဖိုးႀကီးႀကီး ေပးဆပ္လိုက္ရတဲ့ ေၾကကြဲဖြယ္သင္ခန္းစာတစ္ခုပါဘဲ။ ဒီသတင္းေတြက ယခုရက္ထဲျဖစ္ခဲ့တဲ့သတင္းေတြထဲက ရတနာပုံတကၠသိုလ္ေက်ာင္းသား အသတ္ခံရမႈက ပါဝင္က်ဴးလြန္သူေတြထဲက တစ္ဦူးကို အလုပ္ႏွင့္ေထာင္ဒဏ္အႏွစ္၃၀ခ်မွတ္လိုက္သတင္း၊ ဟာသသ႐ုပ္ေဆာင္ ေအာင္ရဲေထြးေသဆုံးမႈမွာ သံသယတရားခံ သန္းထြဋ္ေအာင္အပါအဝင္ အစြပ္စြဲခံရသူ သုံးဦးတို႔ကို တေယာက္လွ်င္ ေငြက်ပ္သိန္း (၁၀၀)ျဖင့္ ရန္ကုန္ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက အာမခံေပးခဲ့တဲ့ သတင္း၊ ေတြထဲ မွာ ၾကားရသူတိုင္း စိတ္ထိခိုက္ျဖစ္ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။ ေရတပ္သေဘၤာျဖစ္သြားတဲ့ ၾကယ္ငါးပြင့္သေဘၤာ ျမန္မာ့တပ္မေတာ္ေရရဲ႕ ဒီဇင္ဘာ ၂၄ရက္မွာျပဳလုပ္ခဲ့တဲ့ တပ္ေတာ္ဝင္အခမ္းအနားက အမ်ားစု ေစာင့္ၾကည့္ ခဲ့ရတဲ့ အခမ္းအနားတစ္ခုျဖစ္သလို လူမႈကြန္ရက္မွာလည္း လူေျပာသူေျပာအမ်ားဆုံး လည္းျဖစ္ခဲ့ပါတယ္။ အထူးသျဖင့္ ကိုရီးယားႏိုင္ငံမွာ တည္ေဆာက္ခဲ့တဲ့ စစ္သေဘၤာ မုတၱမေၾကာင့္ ျပည္တြင္းက ေနသူ ေတြအတြက္ စိတ္ဝင္စားမႈပိုခဲ့ရသလို လက္ရွိ တပ္ဘက္မွာရွိေနတဲ့ စစ္သေဘၤာေတြထဲ အႀကီးမား ဆုံးျဖစ္ေနတဲ့ အတြက္လည္း ျပည္ပနဲ႔ အိမ္နီးခ်င္းေတြက သတိထားေစာင့္ၾကည့္မႈရွိခဲ့ပါတယ္။အမ်ားစုေမွ်ာ္ေနတဲ့ အိႏၵိယ ဘက္က ျပန္လႊဲမယ္ ကီလို ကလပ္အမ်ိဳးအစားေရငုပ္သေဘၤာယခုေရတပ္မေတာ္ႏွစ္ပတ္လည္မွာ တပ္ေတာ္ မဝင္ေသးေပမယ္ အမ်ားမေမွ်ာ္လင့္ထားတဲ့ စစ္သေဘၤာေတြ ယခုအခမ္းအနားမွ တပ္ေတာ္ဝင္ခဲ့ပါတယ္။ဒီထဲမွာ ယခင္ျမန္မာၾကာယ္ငါးပြင့္သေဘၤာလိုင္းမွာ ႏိုင္ငံတကာေျပးဆြဲခဲ့တဲ့ ျမစ္ႀကီးနားကုန္သေဘၤာလည္း စစ္ေရ ယာဥ္ အျဖစ္ တပ္ေတာ္ဝင္ခဲ့တာ အမ်ားအတြက္ အံအားသင့္ေစခဲ့ပါတယ္။ ဒီလိုျဖစ္တဲ့ အတြက္ တပ္ဘက္က ရွင္းလင္းခ်က္ေတြမွာေတာ့ ျမန္မာၾကယ္ငါးပြင့္သေဘၤာလိုင္း အေနနဲ႔ စီးပြားေရးအရ မေအာင္ ျမင္လို႔ တပ္မေတာ္က လုပ္ကိုင္တဲ့ ျမန္မာ့စီးပြား ေရးဦးပိုင္လီမိတက္က ၾကယ္ငါး ပြင့္ သေဘၤာလိုင္းကို ဝယ္ယူခဲ့တာလို႔ဆိုပါတယ္။ဒီဇင္ဘာ ၂၄ ရက္ တပ္ေတာ္ဝင္တဲ့စစ္ေရယာဥ္ရွစ္စီး အနက္ စစ္ေရ ယာဥ္(ျမစ္ႀကီးနား) တစ္စီးဘဲ ေရတပ္စခန္းက အ ႀကီးစားျပဳျပင္ျခင္းျဖစ္ၿပီး က်န္ စစ္ေရယာဥ္ေလးစီးကို တပ္မ ေတာ္ ေရတပ္သေဘၤာက်င္းမွာ တည္ေဆာက္ခဲ့ကာ အစၥေရးႏိုင္ငံကေန ပင္လယ္ကမ္း႐ိုး တန္းသြားအျမန္ တိုက္ ေရယာဥ္ႏွစ္စီး၊ ကိုရီးယားႏိုင္ငံမွာ တည္ေဆာက္တဲ့ စစ္ေရယာဥ္ (မုတၱမ) တို႔ ဝင္ခဲ့ပါတယ္။ တပ္ဘက္ ျပန္လည္မြမ္းမံၿပီး တပ္ေတာ္ဝင္ခဲ့တဲ့ ျမစ္ႀကီးနားသေဘၤာအေပၚ သေဘၤာအေဟာင္းအျဖစ္ ေဝဖန္မႈ ေတြရွိခဲ့ၿပီး အမ်ား အားျဖင့္ သေဘၤာရဲ႕ခံႏိုင္ရည္နဲ႔ သက္တမ္းအေပၚ စိုးရိမ္စိတ္နဲ႔ ေထာက္ျပခဲ့တာကို ေတြ႕ရပါတယ္။ တပ္ဘက္က ရွင္းျပရာမွာ ဒီလိုၾကယ္ငါးပြင့္ပိုင္ သေဘၤာေတြအျပင္ ေဆး႐ုံသေဘၤာ (သန္လ်င္) ဆိုတာလည္းၾကယ္ငါးပြင့္ပိုင္သေဘၤာထဲက တစ္စင္းဆိုတာကို ပါေျပာခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ အရင္က တည္ရွိခဲ့တဲ့ ျမန္မာတပ္မေတာ္ေရတပ္အင္အားနဲ႔ ယခုေရတပ္အင္အားက အေတာ္ေလးကြာျခားလာၿပီျဖစ္သလို ျပည္ပရန္နဲ႔ အိမ္နီးခ်င္းရန္ေတြဝိုင္းေနတဲ့အခ်ိန္မွာ ျမန္မာပင္လယ္ျပင္ ကိုစိုးမိုးမယ့္ ျမန္မာေရတပ္အတြက္ စစ္သေဘၤာအေရအတြက္တိုးလာတာ ႀကိဳဆိုရမွာျဖစ္သလို အရည္အခ်င္း ပိုင္းပါ ထက္ျမက္တဲ့ သေဘၤာေတြ၊ လက္နက္ကိရိယာေတြ ရွိလာတာကလည္း ယခုခ်ိန္မွာႀကိဳဆိုရမွာ ျဖစ္ပါ တယ္။ ဒီသတင္းေတြက ယခုရက္ပိုင္းမွာ ျဖစ္ခဲ့တဲ့ သတင္းေတြထဲက ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္ မွာ ျပည္သူလူထုနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေတြဆုံခဲ့တဲသတင္း၊ ေဒၚခင္ၾကည္ ကြယ္လြန္ျခင္း (၃၁) ႏွစ္ျပည့္ အျဖစ္ သမီးျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္က သံ ဃာေတာ္မ်ားအား ဆြမ္းသကၤန္း ကပ္လႉဒါန္းခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္းယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံး သပ္ခ်က္ကိုဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။ မာလင္း ဒီဇင္ဘာ - ၂၈