【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာကြီးအမှောင်ကျမယ့်နေ့နီးပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာကြီးအမှောင်ကျမယ့်နေ့နီးပြီလား

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာသတင်းတွေထဲမှာ ပုပ်ရဟန်းမင်းကြီးရဲ့ ခရစ္စမတ် နူတ်ခွန်းဆက်စကားကိုပြောခဲ့တဲ့ သတင်း၊ ကမ္ဘာတစ်လွှားစစ်မက်ရေးရာထူပြောလာမှုနဲ့အတူ စစ်လက်နက်အပြိုင်အဆိုင် တိုးချဲ့လာမှု၊ပိုဆိုးလာတဲ့ အိန္ဒိယနိုင်ငံသားဥပဒေကြောင်ဖြစ်လာတဲ့ ဆူပူမှု သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ လူစိတ်ဝင်စားမှုအများဆုံး သတင်းတွေ ဖြစ်ခဲ့ပါတယ်။     

စစ်ပွဲများနှင့် လက်နက်အပြိုင်အဆိုင် တပ်ဆင်မှု

ယခုရက်သတ္တပတ်ထဲ ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ  အရှေ့အလယ်ပိုင်းကနေ အာဖရိက ဘက်ကို ရွေ့သွားတဲ့ အစ္စလာမ်မစ်အစွန်းရောက်သတင်းတွေက သတိထားစရာဖြစ်ခဲ့ပါတယ် ။အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဘာကီးနားဖာဆိုနိုင်ငံမြောက်ပိုင်း အာဘင်ဒါမြို့မှာ အစ္စလာမ္မစ်အစွန်းရောက်တွေဖြစ်တဲ့ ဂျီဟတ်တွေက အရပ်သားပစ်မှတ်တွေနဲ့ စစ်ရေးပစ်မှတ်တွေကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲဝင်တွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ လူပေါင်း၄၂ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာဒဏ်ရာရခဲ့တဲ့ ယခုဖြစ်ရပ်မှာ တိုက်ခိုက်သူစစ်သွေးကြွ ၈၀ ကျော်လည်းသေဆုံးခဲ့ရပါတယ်။

ခရစ္စမတ်ကာလကိုရွေးပြီးတိုက်ခိုက်ခဲ့တဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ ယခုလုပ်ရပ်အပေါ် ကုလသမဂ္ဂအပါအဝင် ဘူကီနာဖာဆိုသမ္မတနဲ့ပုပ်ရဟန်းမင်းကြီးတို့ကပါ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ဒါဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်လာခဲ့တဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ အခြေစိုက်နေရာပြောင်းရွေ့လာမှုကို ထင်ထင်ရှားရှားပြလိုက်တာပါဘဲ။ သတိပြုစရာကောင်းလှတဲ့ ယခုတိုက်ခိုက်မှုမှာ ဂျီဟတ်တိုက်ခိုက်ရေးသမား နှစ်ရာကျော်က အာဘာဒင်ဆိုတဲ့ မြို့က စစ်အခြေစိုက်စခန်းကို ဆိုင်ကယ်တွေနဲ့ လာတိုက်ခဲ့ပြီး  အစိုးရဘက်က စစ်ကူတွေ လေကြောင်းကနေ စစ်ကူမလာနိုင်အောင် ကယ်ဆယ်ရေးစခန်းကိုပါ အခြားအဖွဲ့တစ်ဖွဲ့က ဝင်တိုက်ခဲ့တဲ့ အတွက် သေဆုံးမှုက ကြောက်ခမန်းလိလိဖြစ်ခဲ့ပါတယ်။ဒါဟာ အာဖရိကမှာ သိပ်သည်းစွာ ရှိနေတဲ့ အစွန်းရောက်အဖွဲ့တွေ ပေါင်းစည်းမိတော့မယ်အချိန်မှာ ဘာတွေဖြစ်လာမလဲဆိုတာကိုပြလိုက်တဲ့ ဖြစ်ရပ်ပါဘဲ။ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကို တောင် အလွတ်မပေးတဲ့ အစွန်းရောက်တွေရဲ့ အန္တရာယ်က ကမ္ဘာသူကမ္ဘာသားတွေအတွက် အန္တရာယ်မသေးပါဘူး။

ဒါကြောင့်လဲ အစွန်းရောက်တွေ ကြီးစိုးခဲ့တဲ့ ဆီးရီးယားမှာ အစိုးရတပ်တွေ နဲ့ မဟာမိတပ်တွေက အိုင်အက်စ်တွေ ဂျီဟတ်တွေကို အဆက်မပြတ်တိုက်ခိုက်နေတာ အခုထိပါဘဲ။ ဒီဇင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ ဆီးရီယားနိုင်ငံ အစ်ဒလစ်ပြည်နယ်တောင်ပိုင်းက မြို့ရွာ ဒါဇင်များစွာကို ဂျီဟတ်အုပ်စု်များ လက်မှ ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ဒီလိုသိမ်းပိုက်ဖို့ ရုရှစစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်အပြီး ဆီးရီးယားတပ်များက ထိုးစစ်ဆင်ခဲ့ရတာပါ။

ဆီးရီးယားအစိုးရတပ်တွေက ဒီလိုရုရှားနောက်ခံနဲ့ ထိုးစစ်ဆင်နွဲနေတာနဲ့ အတိုက်အ ခံအုပ်စုတွေ လက်ထဲ ကမြို့တွေကို သိမ်းဖို့ ကြိုးစားရာမှာ အကြမ်းဖက်အစွန်းရောက်တွေကလည်းတိုက်ခိုက်နေတဲ့ အတွက် ဆီးရီးယားပြည်သူတွေ လွတ်မြောက်ရာကိုပြေးကြရာမှာ ယခုရက်ပိုင်းထဲ သုံးသောင်းကျော်ရှိနေပြီး သေဆုံးတဲ့ အရပ်သားအရေအတွက်ကလည်း ၄၀ ကျော်ရှိနေပါပြီ။ သီတင်းနှစ်ပတ်အတွင်းထွက်ပြေးကြတဲ့ အရေ အတွက်က နှစ်သိန်းသုံးသောင်းကျော်ရှိနေပြီလို့ သတင်းတွေကဖော်ပြပါတယ်။ဒီလိုတိုက်ပွဲတွေ အုပ်စုသုံးစုကြား ပြင်းထန်လာတဲ့ အတွက် ဒုက္ခသည်စခန်းကလူတွေ အီရတ်နဲ့တူရကီစတဲ့ နိုင်ငံတွေကို အစုလိုက်အပြုံလိုက်ထွက်သွားတဲ့ အတွက်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်အရေအတွက်က မရှိသလောက်ဖြစ်လာပါတယ်။

ဩဂုတ်လအတွင်းက အပစ်ရပ်သဘောတူထားပြီး တူရကီ၊ ပြင်သစ်နှင့် ကုလသမဂ္ဂတို့မှ တိုက်ပွဲများ အရှိန်လျှော့ရန် တိုက်တွန်းထားသည့်ကြားမှ ရုရှားနောက်ခံပြုသည့် ဆီးရီးယားအစိုးရတပ်များသည် ဒီဇင်ဘာလလယ်မှ စတင်ကာ အီဒလစ်ပြည်နယ်က ဂျီဟတ်များကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခြင်း ဖြစ်ပါတယ်။
    အရှေ့အလယ်ပိုင်းဖြစ်တဲ့ ဆီးရီးယားမှာ ဒီလိုဖြစ်နေလို့ တခြားနိုင်ငံတွေက ငြိမ်းချမ်းနေသလားဆို မငြိမ်းချမ်းပါဘူး။ နိုင်ငံတိုင်းနိုင်ငံတိုင်း ပြဿာနာတွေ ရင်ဆိုင်နေပါတယ်။ အထူးသဖြင့် အမေရိကန်ကို ဒေသတွင်းမှာ အာခံနေတဲ့ အီရန်အတွက်ကတော့ ယခုရက်သတ္တပတ်တွေက စောင့်ကြည့်ချင်စရာကောင်းအောင် အဖြစ်အပျက်တွေက ပြောင်းလဲမြန်ဆန်လာပါတယ်။ အီရန်နဲ့ ဆက်ဆံရေးကောင်းတာလို့ သတ်မှတ်ထားတဲ့ ဂျပန်က အမေရိကန်ဦးဆောင်တဲ့  ညွန့်ပေါင်းအုပ်စုနဲ့ မပူပေါင်းပေမယ့် သူကိုယ်ပိုင်အစီအစဉ်နဲ့ အရှေ့အလယ်ပိုင်းဒေသရှိ ရေကြောင်းသွားလာမှု လမ်းကြောင်းများကို ကာကွယ်ပေးရန်အတွက် စစ်သင်္ဘောတစ်စင်း၊ ကင်းလှည့် လေယာဉ်နှစ်စင်းကို စေလွှတ်မယ်ဆိုပြီး ယခုရက်ထဲမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ပင်လယ်ကွေကို ကြီးစိုးဖို့ ကြိုးစားနေတဲ့ အီရန်အတွက် ခက်ခဲလာမလား၊လွယ်ကူလာမလားဆိုတာ မှန်းဆလို့မရသေးပါဘူး။

အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာတွေ၊ ဟားမတ်စ်တွေရှိရာ ဂါဇာဘက်မှာလည်း အစ္စရေးက သူနိုင်ငံဘက်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်နေစဉ် ဂါဇာကနေ  ဒုံးကျည်တွေ ပစ်လွှတ်တဲ့ အတွက် လေကြောင်းကနေ ထိုးစစ်ဆင်နွဲခဲ့ပါတယ် ။လက်ရှိအစ္စရေးဝန်ကြီးချုပ်မဲဆွယ်နေတဲ့ နေရာကို ဦးတည်တဲ့ ပစ်လွှတ်တဲ့ အတွက် ဝန်ကြီးချုပ်နေတန်ယာဟု နဲ့ လီကွတ်ပါတီကို  ထောက်ခံသူတွေ ဘေး ကင်းရာကို ခိုလှုံရတဲ့ အထိပါဘဲ။အစ္စရေးဘက်မှာ လူအသေအပျောက်မရှိပေမယ့် ဒါဟာ အစ္စရေးအတွက် သိက္ခာပိုင်းထိခိုက်စေတဲ့ တိုက်ခိုက်ခံရမှုပါ။ ဒီအတွက် ဂါဇာကို ချက်ချင်းတုံပြန်ခဲ့တဲ့ အစ္စရေးရဲ့လေကြောင်း ထိုးစစ်က ပြင်းထန်ခဲ့ပါတယ်။

ကမ္ဘာစစ်ကြီးတွေမှာတောင် ခရစ္စမတ်ကာလမှာ စစ်ပွဲတွေ ခဏတာပြေငြိမ်းကြတာလုပ်ကြပေမယ့် ယနေ့ခေတ်မှာတော့ ဘာသာရေးအစွန်းရောက်တွေ၊လူမျိုးရေးအစွန်းရောက်တွေကြောင့် ဒီကာလတွေေ  တာင်မရှောင်ကြတော့ပါဘူး။ဒါဟာ လူတွေမှာ ကျင့်ဝတ်နည်းလာသလို အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေ ကျင့်ဝတ်မဲ့တာလည်း ပါပါတယ်။ အမေရိကန်သမ္မတထရမ့်တောင် ထင်ရာရမ်းပေမယ့် ခရစ္စမတ်ကာလမှာ သူ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက ခရစ္စမတ်လက်ဆောင်အဖြစ် ခြိမ်းခြောက်ထားသည့် ဒုံးကျည်စမ်းသပ်မှု ကို လုပ်ဆောင်လိမ့်မည် မဟုတ်ဘူးလို့ မျှော်လင့်ထားကြောင်း ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်မှာ ပြောခဲ့ပါတယ်။

ကမ္ဘာတစ်လွှားစစ်မက်ရေးရာတွေက နှစ်အလိုက်ပြန်ကြည့်ရင် တစ်ခုတည်းသောဦးတည်ရာ ကိုရွှေ့နေ တာတွေ့ရမှာဖြစ်ပါတယ်။ အာရှမှာ တရုတ်က စီးပွားရေး၊စစ်ရေးမှာ ခေါင်းထောင်လာတဲ့အချိန်နဲ့ တစ်ပြိုင်တည်း  ဒေသတွင်းမှာ အစွန်းရောက်မှုတွေ၊ဘာသာရေးပြင်းထန်လာခဲ့ပါတယ်။ အစ္စလာမ်ကမ္ဘာမှာလည်း တူရကီက အာဒိုဂန်၊ ရုရှားကျောထောက်နောက်ခံ အီရန်တို့ ခေါင်းထောင်လာသလို ဘာသာရေးကို အကြောင်းပြုပြီး ပါကစ္စတန်နဲ့ အိန္ဒိယကြား ပြဿနာတွေ တင်းမာနေတဲ့ အတွက် သတိထားစရာ အခြေအနေရောက်နေပါတယ်။

ဒီကာလမှာဘဲ ရုရှားက သူနိုင်ငံရဲ့ ပထမဆုံး အသံထက် လျင်နှုန်းများစွာမြန် Avangard ဒုံးကျည်ကို ပုံမှန်အသုံးပြုုနိုင်ဖို့ ယခုရက်ထဲမှာဘဲ တပ်တော်သွင်းခဲ့ပါတယ်။ တစ်နာရီလျှင် မိုင်ပေါင်း ၂၀၅၀၀ အထိ  ရောက်ရှိ တဲ့ ဒီ ဒုံးကျည်က ရှိသမျှ ဒုံးကျည်ကာကွယ်ရေး စနစ်အားလုံးကို ချိုးဖောက်နိုင်တယ်လို့ သမ္မတ ပူတင်ကပြောခဲ့ပါတယ်။ ရုရှားက ဒီလို လက်နက်အသစ်တွေ တင်သွင်းသလို ဒီရက်ထဲမှာဘဲ အီရန်၊ တရုတ်နဲ့ပေါင်းပြီး အိန္ဒိယသမုဒ္ဒရာနှင့် အိုမန်ပင်လယ်ကွေမှာ လေးရက်တာ ပူးတွဲရေတပ်စစ်လေ့ကျင့်မှုကို ဒီဇင်ဘာ ၂၈ ရက်က စတင်ခဲ့ပါတယ်။

စစ်ရေးအုပ်စုက  နှစ်စုထဲ မဟုတ်ဘဲ OIC လို အစ္စလာမ်အုပ်စု၊ မြောက်ကိုရီးယားနဲ့အီရန်လို့ အမေရိကန်ကိုဖက်တုပြိုင်တဲ့အုပ်စုနဲ့ တရုတ်-ရုရှားလို မဟာမိတ်လုပ်ထားတဲ့ အုပ်စုနဲ့ အမေရိကန်နဲ့ ခွာပြဲနေတဲ့ ဥရောပအုပ်စုစသဖြင့် ရှိတဲ့ အတွက် ယခုလို အမေရိကန်ကိုဦးတည်ရန်ထားတဲ့ အုပ်စုတွေ ညီညွတ်တဲ့တစ်နေ့ ဘာတွေဖြစ်လာမလဲဆိုတာ စိတ်မောဖွယ်အနေအထားပါဘဲ။

ခရစ္စမတ်နဲ့ ကမ္ဘာမြေအတွက် သတင်းစကားလား

သဘာဝဘေးအန္တရာယ်တွေ ဒင်းကြမ်းဖြစ်နေသလို လူတွေဘက်ကလည်း သဘာဝပတ်ဝန်းကျင်အခြေအနေနဲ့ ဂေဟစနစ်ကို ဂရုမစိုက်တာတွေ ရှိနေတဲ့ အတွက် ကမ္ဘာမြေအခြေအနေက စိုးရိမ်စရာအခြေအနေပါ။

ဒီဇင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ ခရစ္စမတ်နေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ခရစ္စမတ် သတင်းစကားပြောခဲ့ရာမှာ ကမ္ဘာကြီးပေါ်  ကျရောက်နေသော အမှောင်ထုအကြောင်း ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။ဒီထဲမှာ လက်တင်အမေရိကနိုင်ငံအချို့၌ လူမှုရေးနှင့် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုများ၊ ဆီးရီးယားနှင့် လက်ဘနွန်က ရင်ဆိုင်နေရသော ပဋိပက္ခများတွေ ပါဝင်ပါတယ်။ဗာတီကန်ရှိ စိန့်ပီတာဘုရားရှိခိုးကျောင်းဆောင် ဝရံတာမှနေ၍ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့နိုင်ငံ များစွာမှာ စစ်ပွဲများနှင့် ပဋိပက္ခများ၏ ဒဏ်ရာဒဏ်ချက်များကို ကလေးငယ်များ ခံစားကြုံတွေ့နေရကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် တရားမမျှတမှုများနှင့် များစွာသော ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ စစ်ပွဲတွေကို ရည်ညွှန်းသလို သဘာဝဘေးတွေကိုလည်း မမေ့မလျော့ပါဘူး။ပုပ်ရဟန်းမင်းကြီးပြောသလိုဘဲ ကမ္ဘာတစ်ဝန်းပဋိပက္ခတွေက ဒုနဲ့ဒေးပါ။ ခရစ္စမတ်ကာလမှာဘဲ ပြင်သစ်နိုင်ငံမှာ ရထားယာဉ်မောင်းများ သပိတ်မှောက်မှုကြောင့် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ  ချစ်ခင်သူများထံ သွားရောက်ရန် လက်မှတ်ဖြတ်ထားကြသော ထောင်သောင်းများစွာ ပြည်သူများရဲ့ ခရစ္စမတ်ခရီးစဉ်တွေ ပျက်စီးခဲ့ပါတယ်။ ပင်စင်မူဝါဒ ပြုပြင်ပြောင်းလဲမှုကြောင့် ရထားမောင်းသူများနှင့် အစိုးရအကြား သီတင်းသုံးပတ်နီးပါး သဘောထား ကွဲလွဲမှုက ဖြေရှင်းမရသေးပါဘူး။

ဒီလို နိုင်ငံရေးပဋိပက္ခတွေ ခရစ္စမတ်ကာလမှာဖြစ်နေသလို သဘာဝဘေးကလည်း ဒီကာလမှာ ဖြစ်ခဲ့ပါသေးတယ်။ ခရစ္စမတ်အကြိုနေ့ဖြစ်သော ဒီဇင်ဘာ ၂၄ ရက်မှာ ဖိလစ်ပိုင်နိုင်ငံကို တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ လေတိုက်နှုန်းရှိသော တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့  လေဆိပ်များ၊ ဆိပ်ကမ်း များနှင့် ကားဂိတ်များတွင် ခရီးစဉ်များ ဖျက်သိမ်းရကာ ခရစ္စမတ်အကြို ခရီးသွား သူ ထောင်သောင်းများ စွာ သောင်တင်ခဲ့ပါတယ်။ခရစ္စမတ်နေ့မှာတော့ ဖိလစ်ပိုင်အလယ်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ရာမှာ သစ်ပင်များ၊ အိမ်ခြေများ ပြိုလဲပြီး မုန်တိုင်းနှင့်အတူ ရေကြီးမှုနှင့် ပျက်စီးဆုံးရှုံးမှုများကြောင့် လူ ၂၈ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ခရစ္စမတ်ကာလမှာ ကက်သလစ်ဘာသာဝင်အများစုနိုင်ငံဖြစ်တဲ့  ဖိလစ်ပိုင် နိုင်ငံရဲ့ တစ်နှစ်တာ အစည်ကားဆုံးအချိန်တွေထဲပါဝင်တဲ့ အတွက် ယခုကဲ့သို့ မုန်တိုင်းဘေး ကြုံရခြင်းကြောင့် သန်းပေါင်းများစွာသော ပြည်သူများ၏ ခရစ္စမတ်ရာသီ အားလပ်ရက်ဟာ စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရပါတယ်။
စိတ်ပျက်စရာတွေထဲက ကြည်နူးစရာက ဒီနှစ်မှာ ခရစ္စမတ်လက်ဆောင် လိုက်လံဝေငှနေတဲ့ ဆန်တာကလော့စ်  ရောက်နေတဲ့ အရပ်ကို ကြေညာတဲ့ အထဲမှာ အကာသထဲက အာကာသယာဉ်မှူးတွေပါ ပါဝင်လာတာပါဘဲ။ဒီအစဉ်အလာက ၁၉၅၅ ခုနှစ်က မိန်းကလေးငယ်တစ်ဦး သတင်းစာပါ ကြေညာမှ ဖုန်းနံပါတ်ကို ဆန်တာကလော့စ်ဆီ ဆက်၍ရသည် ယုံမှတ်ပြီး ဖုန်းဆက်ခေါ်ရာမှ စတင်ပေါ်ပေါက်လာသည့် အစဉ်အလာဖြစ်ပြီး လက်ရှိတွင် ကလေးငယ်များထံမှ ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်ပို့ မေးမြန်းမှုများကို စေတနာ့ဝန်ထမ်း ၁၅၀၀ က ကနေဒါနှင့် အမေရိကန် ကာကွယ်ရေးအေဂျင်စီက နဲ့ စစ်တပ်ကို ကူညီကာ ဖြေကြားပေးလျက် ရှိနေကာ သမ္မတနှင့် သမ္မတကတော်တို့မှလည်း ကလေးငယ်များနှင့် ဖုန်းအနည်းငယ် ပြောဆိုသည် အစဉ်အလာပါ ရှိခဲ့တာပါ။ ယခုနှစ်မှာတော့ အာကာသယာဉ်မှူးတေါပါ ပါဝင်လာတဲ့ အတွက် ကလေးငယ်တွေကို အလေးထားတဲ့ လူအဝန်းဝိုင်းအတွက် ဂုဏ်ယူစရာပါဘဲ။

ဘာသာရေးမီး ပိုတောက်လာနိုင်မလား

မကြာမီက အိန္ဒိယနိုင်ငံကနေ သူနိုင်ငံကိုခိုးဝင်အခြေချတဲ့ သူတွေကို ပြန်စိစစ်တဲ့အနေနဲ့ နိုင်ငံသားဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့ပါတယ်။ဒီဥပဒေထဲမှာ အိမ်နီးချင်းနိုင်ငံတွေကလာရောက်အခြေချတဲ့ သူတွေထဲက လူနည်းစုဖြစ်တဲ့ မွတ်ဆလင်မဟုတ်တဲ့ သူတွေကိုသာ နိုင်ငံသားခံယူခွင့်ပြုခဲ့တဲ့ အတွက် ဒီဥပဒေက အိန္ဒိယမှာ အိမ်နီးချင်းဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်နဲ့ အာဖဂန်ကနေ လာရောက်နေထိုင်တဲ့ သန်းနဲ့ချီတဲ့ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်လူမျိုးတွေအတွက် ပြဿနာဖြစ်လာပါတယ်။ ဥပဒေအရ စိစစ်ပြီးတဲ့အခါ နိုင်ငံသားခံယူခွင့်မရတဲ့ သူတွေကို စခန်းတွေမှာ ထားဖို့ရှိတဲ့ အတွက် ဒီဥပဒေကို အိန္ဒိယရှိ အစ္စလာမ်ဘာသာဝင်တွေက ဆန္ဒပြခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံတဝန်း သီတင်းပတ်နှစ်ပတ်အတွင်း အကြမ်းဖက်ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကာ လူ ၂၇ ဦးသေ ဆုံးခဲ့တဲ့ ဒီဥပဒေကို ဆန့်ကျင်ကန့်ကွက်ပွဲက ရက်ကြာလာတဲ့ အခါ ထင်ထားတဲ့အတိုင်း တန်ပြန်ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။ဟိန္ဒူနဲ့ မွတ်ဆလင်အကြား ကြီးမားတဲ့ ပြဿနာရှိခဲ့တဲ့ အိန္ဒိယနိုင်ငံမှာ ဒီဥပဒေက လူအဖွဲ့အစည်းနှစ်ခုအကြား မီးစကိုမွှေးပေးလိုက်သလို ဖြစ်မှာကို အားလုံးက စိုးရိမ်တကြီးဖြစ်နေကြာတာပါ။ မွမ်ဘိုင်းမြိုမှာ ဒီဇင်ဘာ ၂၇ ရက်က  နိုင်ငံသားဖြစ်ခွင့်ဥပဒေ သစ်ကို ထောက်ခံသူနှင့် ဆန့်ကျင်ကြသူ ထောင်နှင့်ချီသောလူအုပ်ကြီးနှစ်စု အပြိုင်ဆန္ဒဖော်ထုတ်ခဲ့ကြလို့ ရဲတွေဗျာများခဲ့ရပါတယ်။

ဒီပြဿနာတွေအတွက် ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်သူ ဝန်ကြီးချုပ်မိုဒီကိုသာ အားလုံးက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ယခင်ဝန်ကြီးချုပ်တွေနဲ့မတူတဲ့ မိုဒီလက်ထက်မှာ မူလအစ္စလာမ်အမည်မှည့်ထားသောနေရာများကို အမည်ပြောင်းခြင်း၊ မွတ်စလင်ခေါင်းဆောင်များ၏ ကဏ္ဍကို သေးသိမ်စေရန် သမိုင်းပြဋ္ဌာန်းစာအုပ်များကို ပြန်လည်ရေးသားခြင်းနှင့် မွတ်စလင်ကြီးစိုးသည့် ကက်ရှ်မီးယားဒေသ၏ လုပ်ပိုင်ခွင့်များကို ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့သလို အစ္စလာမ်ဘာသာအဓိကကိုးကွယ်သည့်အိမ်နီးချင်း ပါကစ္စတန်နှင့်လည်း နူလက်နက်သုံးလုနီးပါး စစ်ဖြစ်လုနီးပါးအထိ နယ်စပ်တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။အထူူးသဖြင့် လေကြောင်းမှာ ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သလို ပါကစ္စတန်ဘက်လည်း မိုဒီပါတဲ့ လေယာဉ်ကို သူနိုင်ငံအပေါ် ဖြတ်ပြီး ပျံသန်းတာကို ခွင့်မပြုခဲ့တဲ့ အထိ တင်းမာခဲ့ပါတယ်။

ယခုပြဿနာက မပြီးသေးသလို ဗလီတွေမှာ စုရုံးမှုတွေရှိနေဆဲပါ။ ဟိန္ဒူဘာသာဝင်တွေအများစုရှိတဲ့ အိန္ဒိယနိုင်ငံမှာ မိုဒီလုပ်ရပ်ကို ထောက်ခံပြီး အပြင်ထွက်လာကြပြီဖြစ်တဲ့အတွက် ရှေ့ဆက်ဘာ တွေ ဖြစ်လာမလဲဆိုတာ ရင်လေးစရာပါ။

ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ သတင်းတွေဖြစ်တဲ့ လီကွတ်ပါတီခေါင်းဆောင် ရွေးကောက်ပွဲမှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု အနိုင်ရတဲ့ သတင်း၊ တရုတ်၊  တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံ တို့ မြောက်ကိုရီးယားအရေးအပါအဝင် ဒေသတွင်းလုံခြုံရေးနှင့် ကုန်သွယ်ရေးပြဿနာတွေ ကို  တရုတ်နိုင်ငံ စီချွမ်းပြည်နယ်     ချန်ဒူးမြိုမှာ ဆွေးနွေးနေတဲ့ သတင်း၊   တရုတ်ကုန်ပစ္စည်းများကို မွတ်စလင်နိုင်ငံများက သပိတ်မှောက်ရန် ဆော်ဩနေတဲ့ သတင်း၊နာဆာက ၂၀၂၀ ခုနှစ်မှာ အင်္ဂါဂြိုဟ်ဆင်းယာဉ် Mars 2020 ကို လွှတ်တင်သွားမယ့်သတင်း၊မီးကွင်းပုံ ‘ring of fire’ နေကြတ်ခြင်း ဒီဇင်ဘာ ၂၆ ရက်က အိန္ဒိယ၊ စင်ကာပူ ၊ ဆော်ဒီအာရေးဗျ၊ အိုမန် နိုင်ငံများကနေ မြင်တွေခဲ့ရတဲ့ သတင်း၊တရားမဝင် ဆင်စွယ်များနှင့် သင်းခွေချပ် အကြေးခွံ ၂ တန်ကျော်ကို ဗီယက်နမ် အာဏာပိုင်များက ဖမ်းဆီးရမိခဲ့တဲ့ သတင်း၊ လူ ၁၀၀ ဦး လိုက်ပါသွားသည့် ခရီးသည်တင်လေယာဉ်တစ်စင်းကာဇက်စတန်မှာပျက်ကျလို့ အနည်းဆုံး လူ ကိုးဦး သေဆုံးခဲ့တဲ့ သတင်းတွေထဲ သတိထားစောင့်ကြည့်စရာဖြစ်ခဲ့ပါတယ်။

မင်းထက်
ဒီဇင်ဘာ - ၃၀

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ႏိုင္ငံတကာသတင္းေတြထဲမွာ ပုပ္ရဟန္းမင္းႀကီးရဲ႕ ခရစၥမတ္ ႏူတ္ခြန္းဆက္စကားကိုေျပာခဲ့တဲ့ သတင္း၊ ကမာၻတစ္လႊားစစ္မက္ေရးရာထူေျပာလာမႈနဲ႔အတူ စစ္လက္နက္အၿပိဳင္အဆိုင္ တိုးခ်ဲ႕လာမႈ၊ပိုဆိုးလာတဲ့ အိႏၵိယႏိုင္ငံသားဥပေဒေၾကာင္ျဖစ္လာတဲ့ ဆူပူမႈ သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ လူစိတ္ဝင္စားမႈအမ်ားဆုံး သတင္းေတြ ျဖစ္ခဲ့ပါတယ္။     

စစ္ပြဲမ်ားႏွင့္ လက္နက္အၿပိဳင္အဆိုင္ တပ္ဆင္မႈ

ယခုရက္သတၱပတ္ထဲ ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ  အေရွ႕အလယ္ပိုင္းကေန အာဖရိက ဘက္ကို ေ႐ြ႕သြားတဲ့ အစၥလာမ္မစ္အစြန္းေရာက္သတင္းေတြက သတိထားစရာျဖစ္ခဲ့ပါတယ္ ။အေနာက္အာဖရိက ႏိုင္ငံတစ္ခုျဖစ္တဲ့ ဘာကီးနားဖာဆိုႏိုင္ငံေျမာက္ပိုင္း အာဘင္ဒါၿမိဳ႕မွာ အစၥလာမၼစ္အစြန္းေရာက္ေတြျဖစ္တဲ့ ဂ်ီဟတ္ေတြက အရပ္သားပစ္မွတ္ေတြနဲ႔ စစ္ေရးပစ္မွတ္ေတြကို တစ္ၿပိဳင္နက္တည္းတိုက္ခိုက္ခဲ့တဲ့အတြက္ လုံၿခဳံေရးတပ္ဖြဲဝင္ေတြနဲ႔ အရပ္သားေတြ ေသဆုံးခဲ့ပါတယ္။ လူေပါင္း၄၂ ဦးေသဆုံးၿပီး ဒါဇင္ေပါင္းမ်ားစြာဒဏ္ရာရခဲ့တဲ့ ယခုျဖစ္ရပ္မွာ တိုက္ခိုက္သူစစ္ေသြးႂကြ ၈၀ ေက်ာ္လည္းေသဆုံးခဲ့ရပါတယ္။

ခရစၥမတ္ကာလကိုေ႐ြးၿပီးတိုက္ခိုက္ခဲ့တဲ့ အစၥလာမၼစ္စစ္ေသြးႂကြေတြရဲ႕ ယခုလုပ္ရပ္အေပၚ ကုလသမဂၢအပါအဝင္ ဘူကီနာဖာဆိုသမၼတနဲ႔ပုပ္ရဟန္းမင္းႀကီးတို႔ကပါ ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ဒါဟာ ၂၀၁၅ ခုႏွစ္ကတည္းက ျဖစ္လာခဲ့တဲ့ အစၥလာမၼစ္စစ္ေသြးႂကြေတြရဲ႕ အေျခစိုက္ေနရာေျပာင္းေ႐ြ႕လာမႈကို ထင္ထင္ရွားရွားျပလိုက္တာပါဘဲ။ သတိျပဳစရာေကာင္းလွတဲ့ ယခုတိုက္ခိုက္မႈမွာ ဂ်ီဟတ္တိုက္ခိုက္ေရးသမား ႏွစ္ရာေက်ာ္က အာဘာဒင္ဆိုတဲ့ ၿမိဳ႕က စစ္အေျခစိုက္စခန္းကို ဆိုင္ကယ္ေတြနဲ႔ လာတိုက္ခဲ့ၿပီး  အစိုးရဘက္က စစ္ကူေတြ ေလေၾကာင္းကေန စစ္ကူမလာႏိုင္ေအာင္ ကယ္ဆယ္ေရးစခန္းကိုပါ အျခားအဖြဲ႕တစ္ဖြဲ႕က ဝင္တိုက္ခဲ့တဲ့ အတြက္ ေသဆုံးမႈက ေၾကာက္ခမန္းလိလိျဖစ္ခဲ့ပါတယ္။ဒါဟာ အာဖရိကမွာ သိပ္သည္းစြာ ရွိေနတဲ့ အစြန္းေရာက္အဖြဲ႕ေတြ ေပါင္းစည္းမိေတာ့မယ္အခ်ိန္မွာ ဘာေတြျဖစ္လာမလဲဆိုတာကိုျပလိုက္တဲ့ ျဖစ္ရပ္ပါဘဲ။ ကေလးငယ္ေတြနဲ႔ အမ်ိဳးသမီးေတြကို ေတာင္ အလြတ္မေပးတဲ့ အစြန္းေရာက္ေတြရဲ႕ အႏၲရာယ္က ကမာၻသူကမာၻသားေတြအတြက္ အႏၲရာယ္မေသးပါဘူး။

ဒါေၾကာင့္လဲ အစြန္းေရာက္ေတြ ႀကီးစိုးခဲ့တဲ့ ဆီးရီးယားမွာ အစိုးရတပ္ေတြ နဲ႔ မဟာမိတပ္ေတြက အိုင္အက္စ္ေတြ ဂ်ီဟတ္ေတြကို အဆက္မျပတ္တိုက္ခိုက္ေနတာ အခုထိပါဘဲ။ ဒီဇင္ဘာ ၂၀ ရက္ေနာက္ပိုင္းမွာ ဆီးရီယားႏိုင္ငံ အစ္ဒလစ္ျပည္နယ္ေတာင္ပိုင္းက ၿမိဳ႕႐ြာ ဒါဇင္မ်ားစြာကို ဂ်ီဟတ္အုပ္စု္မ်ား လက္မွ ျပန္လည္သိမ္းပိုက္ခဲ့ပါတယ္။ဒီလိုသိမ္းပိုက္ဖို႔ ႐ုရွစစ္ေလယာဥ္မ်ားက ဗုံးႀကဲတိုက္ခိုက္အၿပီး ဆီးရီးယားတပ္မ်ားက ထိုးစစ္ဆင္ခဲ့ရတာပါ။

ဆီးရီးယားအစိုးရတပ္ေတြက ဒီလို႐ုရွားေနာက္ခံနဲ႔ ထိုးစစ္ဆင္ႏြဲေနတာနဲ႔ အတိုက္အ ခံအုပ္စုေတြ လက္ထဲ ကၿမိဳ႕ေတြကို သိမ္းဖို႔ ႀကိဳးစားရာမွာ အၾကမ္းဖက္အစြန္းေရာက္ေတြကလည္းတိုက္ခိုက္ေနတဲ့ အတြက္ ဆီးရီးယားျပည္သူေတြ လြတ္ေျမာက္ရာကိုေျပးၾကရာမွာ ယခုရက္ပိုင္းထဲ သုံးေသာင္းေက်ာ္ရွိေနၿပီး ေသဆုံးတဲ့ အရပ္သားအေရအတြက္ကလည္း ၄၀ ေက်ာ္ရွိေနပါၿပီ။ သီတင္းႏွစ္ပတ္အတြင္းထြက္ေျပးၾကတဲ့ အေရ အတြက္က ႏွစ္သိန္းသုံးေသာင္းေက်ာ္ရွိေနၿပီလို႔ သတင္းေတြကေဖာ္ျပပါတယ္။ဒီလိုတိုက္ပြဲေတြ အုပ္စုသုံးစုၾကား ျပင္းထန္လာတဲ့ အတြက္ ဒုကၡသည္စခန္းကလူေတြ အီရတ္နဲ႔တူရကီစတဲ့ ႏိုင္ငံေတြကို အစုလိုက္အၿပဳံလိုက္ထြက္သြားတဲ့ အတြက္စခန္းေတြမွာ ေနထိုင္တဲ့ ဒုကၡသည္အေရအတြက္က မရွိသေလာက္ျဖစ္လာပါတယ္။

ဩဂုတ္လအတြင္းက အပစ္ရပ္သေဘာတူထားၿပီး တူရကီ၊ ျပင္သစ္ႏွင့္ ကုလသမဂၢတို႔မွ တိုက္ပြဲမ်ား အရွိန္ေလွ်ာ့ရန္ တိုက္တြန္းထားသည့္ၾကားမွ ႐ုရွားေနာက္ခံျပဳသည့္ ဆီးရီးယားအစိုးရတပ္မ်ားသည္ ဒီဇင္ဘာလလယ္မွ စတင္ကာ အီဒလစ္ျပည္နယ္က ဂ်ီဟတ္မ်ားကို ျပင္းျပင္းထန္ထန္ ထိုးစစ္ဆင္လာျခင္း ျဖစ္ပါတယ္။
    အေရွ႕အလယ္ပိုင္းျဖစ္တဲ့ ဆီးရီးယားမွာ ဒီလိုျဖစ္ေနလို႔ တျခားႏိုင္ငံေတြက ၿငိမ္းခ်မ္းေနသလားဆို မၿငိမ္းခ်မ္းပါဘူး။ ႏိုင္ငံတိုင္းႏိုင္ငံတိုင္း ျပႆာနာေတြ ရင္ဆိုင္ေနပါတယ္။ အထူးသျဖင့္ အေမရိကန္ကို ေဒသတြင္းမွာ အာခံေနတဲ့ အီရန္အတြက္ကေတာ့ ယခုရက္သတၱပတ္ေတြက ေစာင့္ၾကည့္ခ်င္စရာေကာင္းေအာင္ အျဖစ္အပ်က္ေတြက ေျပာင္းလဲျမန္ဆန္လာပါတယ္။ အီရန္နဲ႔ ဆက္ဆံေရးေကာင္းတာလို႔ သတ္မွတ္ထားတဲ့ ဂ်ပန္က အေမရိကန္ဦးေဆာင္တဲ့  ၫြန႔္ေပါင္းအုပ္စုနဲ႔ မပူေပါင္းေပမယ့္ သူကိုယ္ပိုင္အစီအစဥ္နဲ႔ အေရွ႕အလယ္ပိုင္းေဒသရွိ ေရေၾကာင္းသြားလာမႈ လမ္းေၾကာင္းမ်ားကို ကာကြယ္ေပးရန္အတြက္ စစ္သေဘၤာတစ္စင္း၊ ကင္းလွည့္ ေလယာဥ္ႏွစ္စင္းကို ေစလႊတ္မယ္ဆိုၿပီး ယခုရက္ထဲမွာ ထုတ္ျပန္ခဲ့ပါတယ္။ ဒါဟာ ေဟာ္မုဇ္ေရလက္ၾကားနဲ႔ ပင္လယ္ေကြကို ႀကီးစိုးဖို႔ ႀကိဳးစားေနတဲ့ အီရန္အတြက္ ခက္ခဲလာမလား၊လြယ္ကူလာမလားဆိုတာ မွန္းဆလို႔မရေသးပါဘူး။

အီရန္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဟဇ္ဘိုလာေတြ၊ ဟားမတ္စ္ေတြရွိရာ ဂါဇာဘက္မွာလည္း အစၥေရးက သူႏိုင္ငံဘက္မွာ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္ေနစဥ္ ဂါဇာကေန  ဒုံးက်ည္ေတြ ပစ္လႊတ္တဲ့ အတြက္ ေလေၾကာင္းကေန ထိုးစစ္ဆင္ႏြဲခဲ့ပါတယ္ ။လက္ရွိအစၥေရးဝန္ႀကီးခ်ဳပ္မဲဆြယ္ေနတဲ့ ေနရာကို ဦးတည္တဲ့ ပစ္လႊတ္တဲ့ အတြက္ ဝန္ႀကီးခ်ဳပ္ေနတန္ယာဟု နဲ႔ လီကြတ္ပါတီကို  ေထာက္ခံသူေတြ ေဘး ကင္းရာကို ခိုလႈံရတဲ့ အထိပါဘဲ။အစၥေရးဘက္မွာ လူအေသအေပ်ာက္မရွိေပမယ့္ ဒါဟာ အစၥေရးအတြက္ သိကၡာပိုင္းထိခိုက္ေစတဲ့ တိုက္ခိုက္ခံရမႈပါ။ ဒီအတြက္ ဂါဇာကို ခ်က္ခ်င္းတုံျပန္ခဲ့တဲ့ အစၥေရးရဲ႕ေလေၾကာင္း ထိုးစစ္က ျပင္းထန္ခဲ့ပါတယ္။

ကမာၻစစ္ႀကီးေတြမွာေတာင္ ခရစၥမတ္ကာလမွာ စစ္ပြဲေတြ ခဏတာေျပၿငိမ္းၾကတာလုပ္ၾကေပမယ့္ ယေန႔ေခတ္မွာေတာ့ ဘာသာေရးအစြန္းေရာက္ေတြ၊လူမ်ိဳးေရးအစြန္းေရာက္ေတြေၾကာင့္ ဒီကာလေတြေ  တာင္မေရွာင္ၾကေတာ့ပါဘူး။ဒါဟာ လူေတြမွာ က်င့္ဝတ္နည္းလာသလို အဖြဲ႕အစည္းေတြရဲ႕ ေခါင္းေဆာင္ေတြ က်င့္ဝတ္မဲ့တာလည္း ပါပါတယ္။ အေမရိကန္သမၼတထရမ့္ေတာင္ ထင္ရာရမ္းေပမယ့္ ခရစၥမတ္ကာလမွာ သူ႔အေနနဲ႔ ေျမာက္ကိုရီးယားႏိုင္ငံက ခရစၥမတ္လက္ေဆာင္အျဖစ္ ၿခိမ္းေျခာက္ထားသည့္ ဒုံးက်ည္စမ္းသပ္မႈ ကို လုပ္ေဆာင္လိမ့္မည္ မဟုတ္ဘူးလို႔ ေမွ်ာ္လင့္ထားေၾကာင္း ခရစၥမတ္အႀကိဳ ဒီဇင္ဘာ ၂၄ ရက္မွာ ေျပာခဲ့ပါတယ္။

ကမာၻတစ္လႊားစစ္မက္ေရးရာေတြက ႏွစ္အလိုက္ျပန္ၾကည့္ရင္ တစ္ခုတည္းေသာဦးတည္ရာ ကိုေ႐ႊ႕ေန တာေတြ႕ရမွာျဖစ္ပါတယ္။ အာရွမွာ တ႐ုတ္က စီးပြားေရး၊စစ္ေရးမွာ ေခါင္းေထာင္လာတဲ့အခ်ိန္နဲ႔ တစ္ၿပိဳင္တည္း  ေဒသတြင္းမွာ အစြန္းေရာက္မႈေတြ၊ဘာသာေရးျပင္းထန္လာခဲ့ပါတယ္။ အစၥလာမ္ကမာၻမွာလည္း တူရကီက အာဒိုဂန္၊ ႐ုရွားေက်ာေထာက္ေနာက္ခံ အီရန္တို႔ ေခါင္းေထာင္လာသလို ဘာသာေရးကို အေၾကာင္းျပဳၿပီး ပါကစၥတန္နဲ႔ အိႏၵိယၾကား ျပႆနာေတြ တင္းမာေနတဲ့ အတြက္ သတိထားစရာ အေျခအေနေရာက္ေနပါတယ္။

ဒီကာလမွာဘဲ ႐ုရွားက သူႏိုင္ငံရဲ႕ ပထမဆုံး အသံထက္ လ်င္ႏႈန္းမ်ားစြာျမန္ Avangard ဒုံးက်ည္ကို ပုံမွန္အသုံးျပဳုႏိုင္ဖို႔ ယခုရက္ထဲမွာဘဲ တပ္ေတာ္သြင္းခဲ့ပါတယ္။ တစ္နာရီလွ်င္ မိုင္ေပါင္း ၂၀၅၀၀ အထိ  ေရာက္ရွိ တဲ့ ဒီ ဒုံးက်ည္က ရွိသမွ် ဒုံးက်ည္ကာကြယ္ေရး စနစ္အားလုံးကို ခ်ိဳးေဖာက္ႏိုင္တယ္လို႔ သမၼတ ပူတင္ကေျပာခဲ့ပါတယ္။ ႐ုရွားက ဒီလို လက္နက္အသစ္ေတြ တင္သြင္းသလို ဒီရက္ထဲမွာဘဲ အီရန္၊ တ႐ုတ္နဲ႔ေပါင္းၿပီး အိႏၵိယသမုဒၵရာႏွင့္ အိုမန္ပင္လယ္ေကြမွာ ေလးရက္တာ ပူးတြဲေရတပ္စစ္ေလ့က်င့္မႈကို ဒီဇင္ဘာ ၂၈ ရက္က စတင္ခဲ့ပါတယ္။

စစ္ေရးအုပ္စုက  ႏွစ္စုထဲ မဟုတ္ဘဲ OIC လို အစၥလာမ္အုပ္စု၊ ေျမာက္ကိုရီးယားနဲ႔အီရန္လို႔ အေမရိကန္ကိုဖက္တုၿပိဳင္တဲ့အုပ္စုနဲ႔ တ႐ုတ္-႐ုရွားလို မဟာမိတ္လုပ္ထားတဲ့ အုပ္စုနဲ႔ အေမရိကန္နဲ႔ ခြာၿပဲေနတဲ့ ဥေရာပအုပ္စုစသျဖင့္ ရွိတဲ့ အတြက္ ယခုလို အေမရိကန္ကိုဦးတည္ရန္ထားတဲ့ အုပ္စုေတြ ညီၫြတ္တဲ့တစ္ေန႔ ဘာေတြျဖစ္လာမလဲဆိုတာ စိတ္ေမာဖြယ္အေနအထားပါဘဲ။

ခရစၥမတ္နဲ႔ ကမာၻေျမအတြက္ သတင္းစကားလား

သဘာဝေဘးအႏၲရာယ္ေတြ ဒင္းၾကမ္းျဖစ္ေနသလို လူေတြဘက္ကလည္း သဘာဝပတ္ဝန္းက်င္အေျခအေနနဲ႔ ေဂဟစနစ္ကို ဂ႐ုမစိုက္တာေတြ ရွိေနတဲ့ အတြက္ ကမာၻေျမအေျခအေနက စိုးရိမ္စရာအေျခအေနပါ။

ဒီဇင္ဘာ ၂၅ ရက္မွာ က်ေရာက္တဲ့ ခရစၥမတ္ေန႔အတြက္ ပုပ္ရဟန္းမင္းႀကီး ဖရန႔္စစ္က ခရစၥမတ္ သတင္းစကားေျပာခဲ့ရာမွာ ကမာၻႀကီးေပၚ  က်ေရာက္ေနေသာ အေမွာင္ထုအေၾကာင္း ထည့္သြင္းမိန႔္ၾကားခဲ့ပါတယ္။ဒီထဲမွာ လက္တင္အေမရိကႏိုင္ငံအခ်ိဳ႕၌ လူမႈေရးႏွင့္ ႏိုင္ငံေရး ကေသာင္းကနင္းျဖစ္မႈမ်ား၊ ဆီးရီးယားႏွင့္ လက္ဘႏြန္က ရင္ဆိုင္ေနရေသာ ပဋိပကၡမ်ားေတြ ပါဝင္ပါတယ္။ဗာတီကန္ရွိ စိန႔္ပီတာဘုရားရွိခိုးေက်ာင္းေဆာင္ ဝရံတာမွေန၍ အေရွ႕အလယ္ပိုင္းႏွင့္ ကမာၻ႔ႏိုင္ငံ မ်ားစြာမွာ စစ္ပြဲမ်ားႏွင့္ ပဋိပကၡမ်ား၏ ဒဏ္ရာဒဏ္ခ်က္မ်ားကို ကေလးငယ္မ်ား ခံစားႀကဳံေတြ႕ေနရေၾကာင္း ပုပ္ရဟန္းမင္းႀကီးက ဆိုခဲ့ၿပီး ကမာၻတစ္ဝန္းတြင္ တရားမမွ်တမႈမ်ားႏွင့္ မ်ားစြာေသာ ပဋိပကၡမ်ား ျဖစ္ပြားလ်က္ ရွိေနတယ္လို႔ ေျပာခဲ့ပါတယ္။ စစ္ပြဲေတြကို ရည္ၫႊန္းသလို သဘာဝေဘးေတြကိုလည္း မေမ့မေလ်ာ့ပါဘူး။ပုပ္ရဟန္းမင္းႀကီးေျပာသလိုဘဲ ကမာၻတစ္ဝန္းပဋိပကၡေတြက ဒုနဲ႔ေဒးပါ။ ခရစၥမတ္ကာလမွာဘဲ ျပင္သစ္ႏိုင္ငံမွာ ရထားယာဥ္ေမာင္းမ်ား သပိတ္ေမွာက္မႈေၾကာင့္ ဒီဇင္ဘာ ၂၅ ရက္ ခရစၥမတ္ေန႔မွာ  ခ်စ္ခင္သူမ်ားထံ သြားေရာက္ရန္ လက္မွတ္ျဖတ္ထားၾကေသာ ေထာင္ေသာင္းမ်ားစြာ ျပည္သူမ်ားရဲ႕ ခရစၥမတ္ခရီးစဥ္ေတြ ပ်က္စီးခဲ့ပါတယ္။ ပင္စင္မူဝါဒ ျပဳျပင္ေျပာင္းလဲမႈေၾကာင့္ ရထားေမာင္းသူမ်ားႏွင့္ အစိုးရအၾကား သီတင္းသုံးပတ္နီးပါး သေဘာထား ကြဲလြဲမႈက ေျဖရွင္းမရေသးပါဘူး။

ဒီလို ႏိုင္ငံေရးပဋိပကၡေတြ ခရစၥမတ္ကာလမွာျဖစ္ေနသလို သဘာဝေဘးကလည္း ဒီကာလမွာ ျဖစ္ခဲ့ပါေသးတယ္။ ခရစၥမတ္အႀကိဳေန႔ျဖစ္ေသာ ဒီဇင္ဘာ ၂၄ ရက္မွာ ဖိလစ္ပိုင္ႏိုင္ငံကို တစ္နာရီလွ်င္ ကီလိုမီတာ ၁၅၀ ေလတိုက္ႏႈန္းရွိေသာ တိုင္ဖုန္းမုန္တိုင္း ဝင္ေရာက္တိုက္ခတ္ခဲ့လို႔  ေလဆိပ္မ်ား၊ ဆိပ္ကမ္း မ်ားႏွင့္ ကားဂိတ္မ်ားတြင္ ခရီးစဥ္မ်ား ဖ်က္သိမ္းရကာ ခရစၥမတ္အႀကိဳ ခရီးသြား သူ ေထာင္ေသာင္းမ်ား စြာ ေသာင္တင္ခဲ့ပါတယ္။ခရစၥမတ္ေန႔မွာေတာ့ ဖိလစ္ပိုင္အလယ္ပိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့ရာမွာ သစ္ပင္မ်ား၊ အိမ္ေျခမ်ား ၿပိဳလဲၿပီး မုန္တိုင္းႏွင့္အတူ ေရႀကီးမႈႏွင့္ ပ်က္စီးဆုံးရႈံးမႈမ်ားေၾကာင့္ လူ ၂၈ ဦး ေသဆုံးခဲ့တယ္လို႔ဆိုပါတယ္။ ခရစၥမတ္ကာလမွာ ကက္သလစ္ဘာသာဝင္အမ်ားစုႏိုင္ငံျဖစ္တဲ့  ဖိလစ္ပိုင္ ႏိုင္ငံရဲ႕ တစ္ႏွစ္တာ အစည္ကားဆုံးအခ်ိန္ေတြထဲပါဝင္တဲ့ အတြက္ ယခုကဲ့သို႔ မုန္တိုင္းေဘး ႀကဳံရျခင္းေၾကာင့္ သန္းေပါင္းမ်ားစြာေသာ ျပည္သူမ်ား၏ ခရစၥမတ္ရာသီ အားလပ္ရက္ဟာ စိတ္ပ်က္ဖြယ္ျဖစ္ခဲ့ရပါတယ္။
စိတ္ပ်က္စရာေတြထဲက ၾကည္ႏူးစရာက ဒီႏွစ္မွာ ခရစၥမတ္လက္ေဆာင္ လိုက္လံေဝငွေနတဲ့ ဆန္တာကေလာ့စ္  ေရာက္ေနတဲ့ အရပ္ကို ေၾကညာတဲ့ အထဲမွာ အကာသထဲက အာကာသယာဥ္မႉးေတြပါ ပါဝင္လာတာပါဘဲ။ဒီအစဥ္အလာက ၁၉၅၅ ခုႏွစ္က မိန္းကေလးငယ္တစ္ဦး သတင္းစာပါ ေၾကညာမွ ဖုန္းနံပါတ္ကို ဆန္တာကေလာ့စ္ဆီ ဆက္၍ရသည္ ယုံမွတ္ၿပီး ဖုန္းဆက္ေခၚရာမွ စတင္ေပၚေပါက္လာသည့္ အစဥ္အလာျဖစ္ၿပီး လက္ရွိတြင္ ကေလးငယ္မ်ားထံမွ ဖုန္းေခၚဆိုမႈမ်ား၊ အီးေမးလ္ပို႔ ေမးျမန္းမႈမ်ားကို ေစတနာ့ဝန္ထမ္း ၁၅၀၀ က ကေနဒါႏွင့္ အေမရိကန္ ကာကြယ္ေရးေအဂ်င္စီက နဲ႔ စစ္တပ္ကို ကူညီကာ ေျဖၾကားေပးလ်က္ ရွိေနကာ သမၼတႏွင့္ သမၼတကေတာ္တို႔မွလည္း ကေလးငယ္မ်ားႏွင့္ ဖုန္းအနည္းငယ္ ေျပာဆိုသည္ အစဥ္အလာပါ ရွိခဲ့တာပါ။ ယခုႏွစ္မွာေတာ့ အာကာသယာဥ္မႉးေတါပါ ပါဝင္လာတဲ့ အတြက္ ကေလးငယ္ေတြကို အေလးထားတဲ့ လူအဝန္းဝိုင္းအတြက္ ဂုဏ္ယူစရာပါဘဲ။

ဘာသာေရးမီး ပိုေတာက္လာႏိုင္မလား

မၾကာမီက အိႏၵိယႏိုင္ငံကေန သူႏိုင္ငံကိုခိုးဝင္အေျခခ်တဲ့ သူေတြကို ျပန္စိစစ္တဲ့အေနနဲ႔ ႏိုင္ငံသားဥပေဒတစ္ခုကို ျပ႒ာန္းခဲ့ပါတယ္။ဒီဥပေဒထဲမွာ အိမ္နီးခ်င္းႏိုင္ငံေတြကလာေရာက္အေျခခ်တဲ့ သူေတြထဲက လူနည္းစုျဖစ္တဲ့ မြတ္ဆလင္မဟုတ္တဲ့ သူေတြကိုသာ ႏိုင္ငံသားခံယူခြင့္ျပဳခဲ့တဲ့ အတြက္ ဒီဥပေဒက အိႏၵိယမွာ အိမ္နီးခ်င္းဘဂၤလားေဒရွ႕္၊ ပါကစၥတန္နဲ႔ အာဖဂန္ကေန လာေရာက္ေနထိုင္တဲ့ သန္းနဲ႔ခ်ီတဲ့ အစၥလာမ္ဘာသာဝင္ မြတ္ဆလင္လူမ်ိဳးေတြအတြက္ ျပႆနာျဖစ္လာပါတယ္။ ဥပေဒအရ စိစစ္ၿပီးတဲ့အခါ ႏိုင္ငံသားခံယူခြင့္မရတဲ့ သူေတြကို စခန္းေတြမွာ ထားဖို႔ရွိတဲ့ အတြက္ ဒီဥပေဒကို အိႏၵိယရွိ အစၥလာမ္ဘာသာဝင္ေတြက ဆႏၵျပခဲ့ၾကပါတယ္။

အိႏၵိယႏိုင္ငံတဝန္း သီတင္းပတ္ႏွစ္ပတ္အတြင္း အၾကမ္းဖက္ဆႏၵျပမႈမ်ားျဖစ္ေပၚခဲ့ကာ လူ ၂၇ ဦးေသ ဆုံးခဲ့တဲ့ ဒီဥပေဒကို ဆန႔္က်င္ကန႔္ကြက္ပြဲက ရက္ၾကာလာတဲ့ အခါ ထင္ထားတဲ့အတိုင္း တန္ျပန္ဆႏၵျပမႈေတြ ျဖစ္လာခဲ့ပါတယ္။ဟိႏၵဴနဲ႔ မြတ္ဆလင္အၾကား ႀကီးမားတဲ့ ျပႆနာရွိခဲ့တဲ့ အိႏၵိယႏိုင္ငံမွာ ဒီဥပေဒက လူအဖြဲ႕အစည္းႏွစ္ခုအၾကား မီးစကိုေမႊးေပးလိုက္သလို ျဖစ္မွာကို အားလုံးက စိုးရိမ္တႀကီးျဖစ္ေနၾကာတာပါ။ မြမ္ဘိုင္းၿမိဳမွာ ဒီဇင္ဘာ ၂၇ ရက္က  ႏိုင္ငံသားျဖစ္ခြင့္ဥပေဒ သစ္ကို ေထာက္ခံသူႏွင့္ ဆန႔္က်င္ၾကသူ ေထာင္ႏွင့္ခ်ီေသာလူအုပ္ႀကီးႏွစ္စု အၿပိဳင္ဆႏၵေဖာ္ထုတ္ခဲ့ၾကလို႔ ရဲေတြဗ်ာမ်ားခဲ့ရပါတယ္။

ဒီျပႆနာေတြအတြက္ ဟိႏၵဴအမ်ိဳးသားေရးဝါဒီျဖစ္သူ ဝန္ႀကီးခ်ဳပ္မိုဒီကိုသာ အားလုံးက ျပစ္တင္ရႈတ္ခ်ခဲ့ပါတယ္။ ယခင္ဝန္ႀကီးခ်ဳပ္ေတြနဲ႔မတူတဲ့ မိုဒီလက္ထက္မွာ မူလအစၥလာမ္အမည္မွည့္ထားေသာေနရာမ်ားကို အမည္ေျပာင္းျခင္း၊ မြတ္စလင္ေခါင္းေဆာင္မ်ား၏ က႑ကို ေသးသိမ္ေစရန္ သမိုင္းျပ႒ာန္းစာအုပ္မ်ားကို ျပန္လည္ေရးသားျခင္းႏွင့္ မြတ္စလင္ႀကီးစိုးသည့္ ကက္ရွ္မီးယားေဒသ၏ လုပ္ပိုင္ခြင့္မ်ားကို ဖယ္ရွားျခင္းမ်ား ျပဳလုပ္ခဲ့သလို အစၥလာမ္ဘာသာအဓိကကိုးကြယ္သည့္အိမ္နီးခ်င္း ပါကစၥတန္ႏွင့္လည္း ႏူလက္နက္သုံးလုနီးပါး စစ္ျဖစ္လုနီးပါးအထိ နယ္စပ္တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။အထူူးသျဖင့္ ေလေၾကာင္းမွာ ပါကစၥတန္ကို တိုက္ခိုက္ခဲ့သလို ပါကစၥတန္ဘက္လည္း မိုဒီပါတဲ့ ေလယာဥ္ကို သူႏိုင္ငံအေပၚ ျဖတ္ၿပီး ပ်ံသန္းတာကို ခြင့္မျပဳခဲ့တဲ့ အထိ တင္းမာခဲ့ပါတယ္။

ယခုျပႆနာက မၿပီးေသးသလို ဗလီေတြမွာ စု႐ုံးမႈေတြရွိေနဆဲပါ။ ဟိႏၵဴဘာသာဝင္ေတြအမ်ားစုရွိတဲ့ အိႏၵိယႏိုင္ငံမွာ မိုဒီလုပ္ရပ္ကို ေထာက္ခံၿပီး အျပင္ထြက္လာၾကၿပီျဖစ္တဲ့အတြက္ ေရွ႕ဆက္ဘာ ေတြ ျဖစ္လာမလဲဆိုတာ ရင္ေလးစရာပါ။

ဒီသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ သတင္းေတြျဖစ္တဲ့ လီကြတ္ပါတီေခါင္းေဆာင္ ေ႐ြးေကာက္ပြဲမွာ အစၥေရးဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ေနတန္ယာဟု အႏိုင္ရတဲ့ သတင္း၊ တ႐ုတ္၊  ေတာင္ကိုရီးယားႏွင့္ ဂ်ပန္ႏိုင္ငံ တို႔ ေျမာက္ကိုရီးယားအေရးအပါအဝင္ ေဒသတြင္းလုံၿခဳံေရးႏွင့္ ကုန္သြယ္ေရးျပႆနာေတြ ကို  တ႐ုတ္ႏိုင္ငံ စီခြၽမ္းျပည္နယ္     ခ်န္ဒူးၿမိဳမွာ ေဆြးေႏြးေနတဲ့ သတင္း၊   တ႐ုတ္ကုန္ပစၥည္းမ်ားကို မြတ္စလင္ႏိုင္ငံမ်ားက သပိတ္ေမွာက္ရန္ ေဆာ္ဩေနတဲ့ သတင္း၊နာဆာက ၂၀၂၀ ခုႏွစ္မွာ အဂၤါၿဂိဳဟ္ဆင္းယာဥ္ Mars 2020 ကို လႊတ္တင္သြားမယ့္သတင္း၊မီးကြင္းပုံ ‘ring of fire’ ေနၾကတ္ျခင္း ဒီဇင္ဘာ ၂၆ ရက္က အိႏၵိယ၊ စင္ကာပူ ၊ ေဆာ္ဒီအာေရးဗ်၊ အိုမန္ ႏိုင္ငံမ်ားကေန ျမင္ေတြခဲ့ရတဲ့ သတင္း၊တရားမဝင္ ဆင္စြယ္မ်ားႏွင့္ သင္းေခြခ်ပ္ အေၾကးခြံ ၂ တန္ေက်ာ္ကို ဗီယက္နမ္ အာဏာပိုင္မ်ားက ဖမ္းဆီးရမိခဲ့တဲ့ သတင္း၊ လူ ၁၀၀ ဦး လိုက္ပါသြားသည့္ ခရီးသည္တင္ေလယာဥ္တစ္စင္းကာဇက္စတန္မွာပ်က္က်လို႔ အနည္းဆုံး လူ ကိုးဦး ေသဆုံးခဲ့တဲ့ သတင္းေတြထဲ သတိထားေစာင့္ၾကည့္စရာျဖစ္ခဲ့ပါတယ္။

မင္းထက္
ဒီဇင္ဘာ - ၃၀