【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာကိုခြေဆန့်တော့မယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကမ္ဘာကိုခြေဆန့်တော့မယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ထိပ်တန်းသတင်းဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းက ဒုတိယနေရာကိုရောက်ခဲ့ပြီး ဆီးရီးယားစစ်သတင်းတွေက ထိပ်တန်းရောက်ခဲ့ပါတယ်။အထူးသဖြင့် တူရကီဘက်က ဆီးရီးယားထဲ ကျူးကျော်ဝင်ရောက်နေသလို ဆီးရီးယားတပ်တွေတိုက်ထုတ်လို့ အသေအပျောက်ရှိလာတဲ့အခါ ဆီးရီးယားကို စစ်ကြေငြာဖို့ တူရကီသမ္မတက ပြောလာတဲ့အထိ ဖြစ်လာလို့ ဖြစ်ပါတယ်။တခြားစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းက အီရန် ပါဝင်တဲ့ အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ အလှုပ်အခတ်သတင်းတွေပါဘဲ။

ဒီလိုသတင်းတွေက ယခုရက်ထဲဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတွေဖြစ်တဲ့ ဂျာမနီနိုင်ငံ ဟာနူမြို့ရှိ ဘားနှစ်ခုမှာ ပစ်ခတ်မှုဖြစ်လို့ လူကိုးဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်း၊ ဩစတြေးလျနိုင်ငံ လေကြောင်းလိုင်း အလုပ်သမားများ လုပ်ခလစာနှင့် လုပ်ငန်းခွင်လုံခြုံရေး တိုးမြှင့်ပေးဖို့ တောင်းဆိုဆန္ဒပြနေကြတဲ့သတင်း၊ ကိုလံဘီယာနိုင်ငံမှာ ဗင်ကားတစ်စီး မောင်းနှင်နေရင်း ပေါက်ကွဲမှုဖြစ်ခဲ့လို့ အနည်းဆုံး လူခုနစ်ယောက်သေပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ အိန္ဒိယနိုင်ငံ တောင်ပိုင်းမှာ ထရပ်ကားတစ်စီးနဲ့ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိုက်မိလို့ လူ ၁၉ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်း၊ ဗြိတိန်မှာ လူနာအမျိုးသမီးတစ်ဦးက ဦးနှောက်အကျိတ်ခွဲတာကို တယောထိုးနေရင်း ရင်ဆိုင်ခဲ့တဲ့သတင်း၊ သန့်စင်ခန်းပြဿနာရှိတဲ့ အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားအဟောင်းတွေကို အမျိုးသမီးသုံး ရွေ့လျှားသန့်စင်ခန်းအဖြစ် ပြောင်းလဲပြီး ဝန်ဆောင်မှုတွေပေးနေတဲ့သတင်း၊ ဩစတြေးလျနိုင်ငံမှာ ခရီးသည်တင်ရထားတစ်စင်း လမ်းချော်လို့ လူနှစ်ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလူချစ်စတန်ပြည်နယ် ကွက်တာမြို့မှာ အသေခံဗုံးခွဲတိုက်ခိုက်လို လူ ၈ ဦးထက်မနည်း သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့ သတင်းတွေကလည်း သတင်းဖတ်သူတွေကို သတိထားမိစေခဲ့ပါတယ်။

ဆီးရီးယားစစ် ကျယ်ပြန့်မှု

ဆီးရီးယားပြဿနာက ပြီးခဲ့တဲ့ရက်သတ္တပတ်ကတည်းက တူရကီအတွက် ဆုံးဖြတ်ရခက်တဲ့ပြဿနာ ဖြစ်နေတာပါ။အထူးသဖြင့် တူရကီမှာရှိတဲ့ ကာ့ဒ်လူမျိုးတွေနဲ့ မျိုးနွယ်တူဖြစ်တဲ့ ဆီးရီးယားနဲ့ တူရကီနယ်စပ်မှာရှိတဲ့ ကာ့ဒ်လက်နက်ကိုင်တွေကို ထိန်းချုပ်ဖို့အတွက် ဆီးရီးယားကနေ အမေရိကန်တပ်တွေ ဆိုင်းမဆင့်ဗုံမဆင့် ရုတ်သိမ်းလို့ အခွင့်သာတုန်း ဆီးရီးယားကို ကျူးကျော်ဝင်ရောက်ခဲ့တာကနေ နာမည်ကြီး အီဒလစ်မှာ တိုက်ခိုက်ခံနေရတာပါ။

အီဒလစ်ဆိုတာ ဆီးရီးယားနိုင်ငံအတွင်းရှိ သူပုန်များ၏ နောက်ဆုံးခြေကုပ်ဒေသဖြစ်ပြီး သူပုန်များအပေါ် ပမာဏကြီးမားသော ထိုးစစ်ဆင်နွှဲနေသည့် ဆီးရီးယားအစိုးရတပ်ဖွဲ့နဲ့ အီဒလစ်ကို ကျွံနေတဲ့ တူရကီတပ်ဖွဲ့များကြား ထိတွေ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံးတွင် ထိခိုက်သေဆုံးမှုများဖြစ်ပေါခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုများမြင့်တက်ခဲ့တာပါ။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဆီးရီးယားပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်တဲ့ တူရကီထိုးစစ်ဆင်မှုတစ်ခုမှာ ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင် ၆၃ ဦး သေဆုံးခဲ့ပါတယ်။ဒီလိုဖြစ်ခဲ့တဲ့အတွက် အမေရိကန်သမ္မတနဲ့ တူရကီသမ္မတတို့ ဖုန်းနဲ့ဆွေးနွေးခဲ့ပါတယ်။

ဒီဒေသမှာ တိုက်ပွဲတွေပြင်းထန်လွန်းတဲ့ ကုလသမဂ္ဂမှတ်တမ်းအရ ဒီဇင်ဘာ ၁ ရက်မှ ဖေဖေါ်ဝါရီ ၁၈ ရက်အထိ လူကိုးသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ် ဆီးရီးယားသမ္မတကတော့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အီဒလစ်နှင့် အလက်ပိုမြို့တို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲများဆက်လက်ဆင်နွှဲသွားမယ်ဆိုတာ နိုင်ငံကို ဖေဖေါ်ဝါရီ ၁၈ ရက်က ရုပ်သံကနေပြောခဲ့ပါတယ်။နောက်တစ်ရက်ဖြစ်တဲ့ ဖေဖေါ်ဝါရီ ၁၉ ရက်မှာ တူရကီသမ္မတ အာဒိုဂန် က တူရကီပါလီမန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားရင်း ဖေဖော်ဝါရီလကုန်အထိ ဆီးရီးယားတပ်တွေ အီဒလစ်ပြည်နယ်ထဲက မဆုတ်ခွာသေးရင် ထိုးစစ်ဆင်တိုက်ခိုက်မည်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။အဲဒီရက်ပိုင်းမှာဘဲ ဆီးရီးယားတပ်တွေလက်ချက်နဲ့ တူရကီတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့ပါတယ်။

ဒီလို ရုရှား ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားနဲ့ တူရကီကြား စစ်ဖြစ်လုနီးပါးဖြစ်လာတဲ့အတွက် မော်စကိုမှာ တူရကီကိုယ်စားလှယ်တွေနဲ့ ရုရှားကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရခဲ့ပါဘူး။ဆိုးရွားနေတဲ့ ပြည်တွင်းစစ်ကနေ တူရကီနဲ့သာဆက်ဖြစ်ရင် ဆီးရီးယားပြည်သူတွေဘ၀က ပိုပြီးဆိုးလာဖို့သာရှိပါတယ်။ဒီအတွက် တခြားနိုင်ငံတွေက ဒီနှစ်နိုင်ငံ အထူးသဖြင့် ရုရှားနဲ့ တူရကီကြား ဝင်ညှိနိူင်းခဲ့ကြပါတယ်။အထူးသဖြင့် အဆိုပါဒေသတွင်းဖြစ်နေတဲ့ ပဋိက္ခတွေကို လျှော့ချဖို့အတွက် အလေးပေးဆွေးနွေးခဲ့ကြတာပါ။

အထူးသဖြင့် တူရကီအနေနဲ့ ရုရှားနဲ့ထိပ်တိုက်တွေ့မှာကို စိုးရိမ်နေတဲ့အတွက် တူရကီသမ္မတ အာဒိုဂန် က ပြင်သစ်သမ္မတနှင့် ဂျာမန်ဝန်ကြီးချုပ်တို့ကို ဖုန်းဆက်ပြီး ရုရှားက လေကြောင်းတိုက်ခိုက်မှုများဖြင့် အကူအညီပေးနေတဲ့ အီဒလစ်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် အရေးယူဆောင်ရွက်မှုပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ဒီနောက်မှာ ဂျာမန်ဝန်ကြီးချုပ် မာကယ်လ်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့က ရုရှားသမ္မတနဲ့ ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးခဲ့ကြပြီး ဆီးရီးယားပဋိပက္ခ အဆုံးသတ်ဖို့ တူရကီ အပါအဝင် လေးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့ တိုက်တွန်းခဲ့ပါတယ်။ဒီလိုဆွေးနွေးနေစဉ်မှာ အီဒလစ်ဒေသတွင်းမှာ တူရကီတပ်တွေရယ်၊ တူရကီက ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်တပ်တွေရယ်၊ ဆီးရီးယားတပ်တွေရယ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တဲ့အတွက် ဆီးရီးယားတပ်သား ၁၁ ဦး၊ သူပုန်တပ်ဖက်က ၁၄ ဦးနဲ့ တူရကီစစ်သားနှစ်ဦး ကျဆုံးခဲ့ပါတယ်။

ဒီအခြေအနေမှာ တူရကီသမ္မတက ရုရှားသမ္မတကို ဆီးရီးယားအစိုးရတပ်တွေကို မကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။ရုရှားအနေနဲ့  အီဒလစ်မှာ နောက်ဆုံးဖြစ်ခဲ့တဲ့တိုက်ပွဲမှာ တူရကီတွေ ကျောထောက်နောက်ခံပေးထားတဲ့ သူပုန်တွေက အီဒလစ်ဒေသတွင်းက မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် ရုရှားတပ်တွေက လေကြောင်းကနေ ကူတိုက်ပေးခဲ့တဲ့အတွက် အကျအဆုံးများစွာနဲ့ ပြန်ဆုတ်ခဲ့ရပါတယ်။ဒီအတွက် အာဒိုဂန်နဲ့ ဖုန်းဆက်သွယ်ပြောရာမှာ ဒီဒေသမှာ အစွန်းရောက်အန္တရာယ် ခြိမ်းခြောက်လာမှာကို စိုးရိမ်တယ်လို့ ပြောခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၂၂ ရက် မှာတော့ ပြင်သစ်သမ္မတနဲ့ ဂျာမနီသမ္မတ တိုက်တွန်းနေတဲ့  လေးပွင့်ဆိုင်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။

မတ် ၅ ရက် အစ္စတန်ဘူလ်မှာ တွေ့ကြမှာဖြစ်ပြီး ဆီးရီးယားဘက်က ရုရှားပါပြီး တူရကီနဲ့ ပြင်သစ်၊ ဂျာမနီက ညှိနိူင်းသူအဖြစ် တွေ့ဆုံမယ်ဆိုပါတယ်။တွေ့ဆုံတဲ့အခါ တူရကီရဲ့ တစ်ဘက်သတ်ဆန်တဲ့ တောင်းဆိုမှုတွေကို ရုရှားဘက်က လက်ခံဖို့မရှိပါဘူး။ဒါ့အပြင် ဖေဖေါ်ဝါရီလမကုန်မီ ဆီးရီးယားပိုင်နက်ထဲကနေ ဆီးရီးယားတပ်တွေ ထွက်သွားပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမို့ တူရကီအနေနဲ့ ကြုံးဝါးထားတဲ့အတိုင်း တစ်ကယ်ဘဲ ဆီးရီးယားတပ်တွေကိုတိုက်မလား၊ တစ်ကယ်လို့တိုက်လာခဲ့ရင် ဆီးရီးယားဘက်ကနေ ဝင်တိုက်နေတဲ့ ရုရှားတပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး  ရုရှား-တူရကီအကြား ပြင်းထန်တဲ့စစ်ပွဲတွေ ဖြစ်လာမလား၊ တူရကီနဲ့ ရုရှားကို ဆီးရီးယားမှာ တည်ပေးလိုက်တဲ့ အမေရိကန်က ဒီပွဲမှာဘာတွေထပ်လုပ်ဦးမလဲဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

ကျိုင်းကောင်နှင့် ကပ်ဘေးတွေ

ပြီးခဲ့တဲ့ရက်သတ္တပတ်က အာဖရိက ဆိုမာလီ၊ ယူဂန္ဓာ၊ ကင်ညာနဲ့ အီသီယိုးပီးယားမှာ ကျိုးကောင်တွေကျရောက်လို့ စားနပ်ရိက္ခာဘေးအတွက် စိုးရိမ်ရတဲ့သတင်းတွေ ထွက်လာခဲ့ပါတယ်။ယခုရက်ပိုင်းမှာတော့ ဒါဟာမဖြစ်မနေကိုင်တွယ်ရမယ့် ပြဿနာကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။

ကျိုင်းကောင်လို့ခေါ်တဲ့ ပိုးမွှားတွေက အာဖရိကကို ဒုက္ခပေးခဲ့ဘူးပါတယ်။အရင်ကကြားဘူးတဲ့ အာဖရိကအငတ်ဘေးဆိုတာ မိုးခေါင်တဲ့အပြင် ဒီလိုကျိုင်းကောင်တွေကြောင့်လည်းဖြစ်ခဲ့တာပါ။အခု အဲဒီနေရာမှာဘဲ တစ်ဖန်ပြန်လည်လာပြန်ပါပြီ။အီသီယိုးပီးယားကတော့ ကမ္ဘာကျော် အငတ်ဘေးကြောင့် တိုင်းပြည်ကညီညွတ်ခဲ့ကာ တက်ညီလက်ညီရုန်းခဲ့လို့ ယခုအခါမှာ အခြေအနေကောင်းနေပါတယ်။ဒီဘေးကိုဖြေရှင်းဖို့အတွက် သင်ခန်းစာတွေ အီသီယိုးပီးယားမှာ ရှိနိုင်ပါတယ်။ဒါပေမယ့် ယူဂန္ဓာ၊ ဆိုမာလီနဲ့ ကင်ညာကတော့ ပြည်တွင်းစစ်တွေနဲ့ အစ္စလာမ်အစွန်းရောက်တွေ သောင်းကျန်းနေတာတွေရှိပါတယ်။ဒီအတွက် ကျိုင်းကောင်ပြဿနာက သူတို့အတွက် သိပ်အလေးပေးမယ့် ကိုင်တွယ်ရမယ့်ပြဿနာလို့  ယူဆဟန်မတူပါဘူး။

ဒါတွေကြောင့်လည်း အာဖရိကအငတ်ဘေးက ဖြစ်လာနိုင်ဖွယ်ရှိလို့ ကုလက ကမ္ဘာ့နိုင်ငံတွေကို ဒီလိုကျိုင်းကောင်ဘေးမှာ ပါဝင်ကူညီပေးဖို့ တိုက်တွန်းနေရပါတယ်။လက်ရှိမှာ သန်းနဲ့ချီတဲ့ ကျိုင်းကောင်တွေ ကျရောက်နေတာကြောင့် ယူဂန္ဓာ၊ ကင်ညာ၊ ဆိုမာလီနဲ့ အီသီယိုပီးယား နိုင်ငံတွေမှာ စားနပ်ရိက္ခာထုတ်လုပ်မှုကို ပျက်စီးမှုတွေဖြစ်နေရပါတယ်။ကုလ ပြောကြားချက်တွေအရ ယခုလိုကျိုင်းကောင်တွေကျရောက်မှုဟာ နှစ်အစိတ်အတွင်းမှာ အဆိုးဝါးဆုံးအခြေအနေပါ။

ယူဂန္ဓာနိုင်ငံမှာ စစ်သားတွေက ဆေးဖြန်းပြီးနှိမ်နင်းမှုတွေ လုပ်ဆောင်နေပေမယ့် မလုံလောက်တဲ့အတွက် ကျိုင်းကောင်ဘေး ရင်ဆိုင်နေရတဲ့ အာဖရိကနိုင်ငံတွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ ကူညီပေးကြဖို့ တိုက်တွန်းနေရတာပါ။

ဒါဟာ ကမ္ဘာမှာဖြစ်နေတဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။အာဖရိကမှာ ကျိုင်းကောင်ဘေးနဲ့ ရင်ဆိုင်နေရစဉ်မှာ ဥရောပက ဗြိတိန်နိုင်ငံမှာတော့ တစ်ပတ်အတွင်း မုန်တိုင်းနှစ်လုံး ဝင်ရောက်တိုက်ခတ်ခဲ့လို့ သေဆုံးမှုတွေတောင် ဖြစ်ပေါ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပြီး အဆောက်အဦးတွေ ပျက်စီးခဲ့ရသလို မိုးရေချိန်စံချိန်သစ်တွေတင်တဲ့အထိ မိုးကြီးခဲ့လို့ ဝေးလ်တောင်ပိုင်းနှင့် အင်္ဂလန် အနောက်ပိုင်းတို့တွင် ရေကြီးမှုသတိပေးချက်တွေ ထုတ်ခဲ့ရတယ်ဆိုပါတယ်။ မုန်တိုင်းဒဏ်ကိုပြင်သစ်နိုင်ငံမှာ လည်း နေရာအတော်များများခံခဲ့ရပါတယ်။

ဒီလိုသဘာ၀ဘေးကို ခံလိုက်ရတဲ့အတွက် ကမ္ဘာကြီးကိုပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့ အရေးမစိုက်ခဲ့တဲ့ ဗြိတိန်တောင် တခြားနိုင်ငံတွေကို ပြန်တိုက်တွန်းနေရတဲ့အထိ ဖြစ်လာပါတယ်။ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲရေး ညီလာခံဆိုင်ရာ ဗြိတိန်ကိုယ်စားလှယ်က ဂျပန်နိုင်ငံကိုနိုင်ငံရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၆ ရာခိုင်နှုန်း လျှော့ချဖို့ တိုက်တွန်းခဲ့တာပါ။ကမ္ဘာ့ရာသီဥတုဘေးက ကမ္ဘာကြီးကို တစ်ဦးတည်းသီးသန့်နေလို့ မလွတ်ဘူးဆိုတာကို ပြနေတဲ့အတွက် ငွေကြေးချမ်းသာတဲ့ ကမ္ဘာ့သူဌေးတွေတောင် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးထဲ အင်တိုက်အားတိုက်ပါလာကြပါတယ်။ဒီတစ်ပတ်မှာဘဲ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာတွေထဲပါဝင်တဲ့ အမေဇုန်ကုမ္ပဏီ စီအီးအိုနဲ့  ကမ္ဘာ့အချမ်းသာဆုံး အမျိုးသား ဂျက်ဘီဇော့စ် က ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၀ ဘီလျံ ရန်ပုံငွေမတည်မယ်လို့ ပြောခဲ့ပါတယ်။

ရာသီဥတုဘေးက မဖြစ်မနေကိုင်တွယ်ရမယ့် ဦးစားပေးပြဿနာကြီးအဖြစ် နိုင်ငံတိုင်းကမြင်လာကြပါတယ်။မကြာမီက တောမီးနိုင်ငံနဲ့ချီပြီး တောမီးလောင်ခဲ့တဲ့ ဩစတြေးလျအတွက် ဒီလိုပြဿနာက နောက်တစ်ကြိမ်ဆိုရင် မလွယ်တော့ပါဘူး။ဩစတြေးလျနိုင်ငံ၏ အဆိုးရွားဆုံးသော တောမီးကြောင့် လူပေါင်း ၃၃ ဦး သေဆုံးခဲ့ရပြီး နေအိမ်ပေါင်း ၃၀၀၀ မှာ ပျက်စီးသွားခဲ့ကာ သစ်တောတွေပျက်စီးမှုက စာရင်းမကောက်နိုင်တဲ့အထိပါဘဲ။ဒါကြောင့်လည်း တောမီးလောင်မှုနဲ့ပတ်သက်ပြီး ပြီးပြီးရောမဟုတ်ဘဲ တောမီးလောင်သည့်ကိစ္စအတွက် အမျိုးသားစုံစမ်းရေးကော်မရှင် ပြုလုပ်သွားမယ်ဆိုပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ခဲ့ပါတယ်။

ဖေဖေါ်ဝါရီ ၂၃ ရက် နံနက်ပိုင်းက တူရကီနှင့် အီရန်ကြားမှာ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခဲ့ပါတယ်။ပြင်းအားအသင့်အတင့်ဆိုပေမယ့် လူနေထူထပ်တဲ့ ဒေသတွေဖြစ်လို့ လူအသေအပျောက်ရှိခဲ့ပါတယ်။လက်ရှိအချိန်ထိ သေဆုံးသူအရေအတွက်က တူရကီဘက်မှာ ၉ ဦးထိရှိနေသလို အဆောက်အအုံအပြိုအပျက်တွေအောက် ပိမိနေတာလည်းရှိနေပါတယ်။ကပ်ဘေးနဲ့ သဘာ၀ဘေးတွေကြောင့် နေ့စဉ်လူနေမှုဘ၀ကို ဆိုးဆိုးရွားရွားခြိမ်းခြောက်နေသလို ထိခိုက်သေဆုံးမှုတွေတိုးလာတဲ့အတွက် လူတွေရဲ့ပြုပြင်မှုနဲ့ သဘာ၀ပေါ် တန်ဖိုးပြန်ထားလာမှုက အချိန်မီပါ့မလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာကိုခြိမ်းခြောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၏ မြို့တော် ဝူဟန်မြို့ကနေစခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက ယခုလက်ရှိမှာ တရုတ်ပြည်မကြီးတစ်ခုတည်း သေဆုံးသူ နှစ်ထောင်ကျော်ခဲ့ပြီး ကူးစက်ခံရသူက ခုနှစ်သောင်းကျော် ရှစ်သောင်းနီးပါး ရှိလာခဲ့ပြီဖြစ်သလို ရောဂါသက်သာလို့ ပြန်ဆင်းသွားတဲ့ ဦးရေကလည်း ထောင်ဂဏန်းကျော်နေပါပြီ။ဒီအခြေအနေမှာ ရောဂါကူးစက်မှုနဲ့ အသားကျနေသလိုဖြစ်လာတဲ့အပြင်  ကြပ်ကြပ်မတ်မတ်ကိုင်တွယ်နေတဲ့ တရုတ်အာဏာပိုင်တွေအနေနဲ့ ရောဂါနဲ့နပမ်းလုံးနေရတဲ့ အနေအထားရှိနေဆဲပါ။

တရုတ်အပြင် နိုင်ငံပေါင်း ၂၈ နိုင်ငံအထိ ကျယ်ကျယ်ပြန့်ပြန့်ကူးစက်နေသလို အီရန်နဲ့ အီတလီ၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေမှာပါ သေဆုံးမှုတွေရှိလာခဲ့ပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာ့နိုင်ငံတွေကို လူမှုရေး၊ ကျန်းမာရေး ပြဿနာတွေကို ယူလာခဲ့ပါပြီ။ဒီလိုထဲမှာ တရုတ်ပြင်ပမှာ အဆိုးဝါးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့နိုင်ငံဖြစ်နေတာက တောင်ကိုရီးယားနိုင်ငံပါ။တောင်ကိုရီးယားမှာ ဖေဖေါ်ဝါရီ ၂၂ ရက်အထိ  တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုရိုနာကူးစက်ခံရသူပေါင်း ၁၅၆ ဦးအထိရှိနေပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။
တစ်ရက်တည်း ကူးစက်ခံရသူ ၅၂ဦးထိရှိခဲ့တာက ဒယ်ဂူးမြို့ တောင်ပိုင်းက ရှင်ချောင်ဂျီချက်ဘုရားကျောင်းကို ကူးစက်ခံထားရမှန်းမသိတဲ့ ဘုရားကျောင်းအသင်းဝင် အသက် ၆၁ နှစ်အရွယ် အဘွားအိုတစ်ဦး ရောဂါလက္ခဏာမပြခင် လေးကြိမ်အထိ ဘုရားကျောင်းတက်ခဲ့တဲ့အတွက် ကူးစက်ခံရသူတွေက များခဲ့ပါတယ်။လူဦးရေ ၂ ဒသမ ၅ သန်းကျော်ရှိတဲ့ ဒယ်ဂူးမြို့မှာ မြို့သူမြို့သားများကို အပြင်မထွက်ဘဲ အိမ်တွင်းမှာဘဲနေထိုင်ကြရန် မြို့တော်ဝန်က အကြံပြုထားပါတယ်။

တရုတ်ပြည်မထဲမှာလည်း ဖေဖော်ဝါရီ ၂၂ ရက်အထိ စာရင်းအရ သေဆုံးသူစုစုပေါင်း ၂၃၄၅ ဦး ရှိပြီး နိုင်ငံပြင်ပမှာ သေဆုံးသူ တစ်ဒါဇင်ကျော်နေပါပြီ။အီတလီမှာ ဖေဖေါ်ဝါရီ ၂၃ ရက်က ဒုတိယမြောက် ထပ်မံသေဆုံးခဲ့တဲ့အတွက် အီတလီမှာ ကျင်းပနေတဲ့ အပျော်တမ်းနဲ့ အဆင့်နိမ့်တန်း ဘောလုံးပွဲတွေအားလုံးကို ရပ်ဆိုင်းခဲ့သလို အမြင့်ဆုံးဖြစ်တဲ့ စီးရီးအေ ပွဲစဉ် ၄ ပွဲကိုပါ ရပ်ဆိုင်းခဲ့ပါတယ်။ဒါဟာ ကူးစက်ရောဂါကို စိုးရိမ်လို့ပါဘဲ။အီတလီမှာ ဒီလောက်ထိ သတိထားနေတာ အလွန်တော့မဟုတ်ပါဘူး။ယူကရိန်းနိုင်ငံမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံကနေ ထွက်ပြေးလာတဲ့သူတွေ တင်ဆောင်လာတဲ့ ဘတ်စ်ကားတွေကို ဆန္ဒပြသူ ဒါဇင်များစွာက တိုက်ခိုက်ကြတဲ့အထိဖြစ်လို့ ယူကရိန်းသမ္မတကိုယ်တိုင် လူသားချင်းစာနာထောက်ထားကြဖို့ တိုက်တွန်းရတဲ့အထိပါဘဲ။

ဂျပန်မှာဆိုလဲ ပင်လယ်ကူးဇိမ်ခံသင်္ဘောပေါ်မှာ ကိုရိုနာကူးစက်ခံထားရတဲ့သူတွေထဲက နှစ်ဦးသေဆုံးခဲ့ပါတယ်။ဖေဖေါ်ဝါရီ ၁၉ ရက်အထိ အတည်ပြုထားတဲ့ စာရင်းအရ သင်္ဘောပေါ်လိုက်ပါလာသူ ခရီးသည်များနှင့် သင်္ဘောအမှုထမ်းပေါင်း ၃၇၀၀ အနက် ၆၃၄ ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရတယ်ဆိုတာကို အတည်ပြုထားပါတယ်။ဗိုင်းရပ်စ်ထက် ပိုကြောက်စရာကောင်းတာက ဒီကူးစက်ရောဂါနဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေပါ။ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်းများစွာက ပြည်သူ့ကျန်းမာရေးပညာရှင်ပေါင်း ၂၇ ဦးက ထုတ်ပြန်တဲ့ ပူးပေါင်းကြေညာချက်မှာ ကိုရိုနာဗိုင်းရပ်စ် သတင်းမှားများပျံ့နှံ့မှုကြောင့် ကြောက်ရွံ့မှုများ မြင့်တက်လာလို့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အပြည်ပြည်ဆိုင်ရာမှ ပူးပေါင်းဆောင်ရွက်ရာတွင် အနှောင့်အယှက်များ ဖြစ်ပေါ်လာတယ်လို့ အပြစ်တင်ခဲ့ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုက အတက်အကျတွေရှိနေလို့ ကျန်းမာရေးပညာရှင်တွေအနေနဲ့ ထိန်းချုပ်ရတာ ခက်နေပါတယ်။သေဆုံးသူနဲ့ ကူးစက်ခံရသူ ကျဆင်းတယ်ဆိုပေမယ့် ခုခံကာကွယ်တိုက်ဖျက်နိုင်တဲ့ဆေးဝါး အခုထိမယ်မယ်ရရမထွက်သေးလို့ ထိန်းချုပ်ဖို့တောင် ခက်ခက်ခဲခဲကြိုးစားနေရတဲ့ အချိန်အခါပါ။အခုဆို တရုတ်နိုင်ငံပြင်ပကို ကိုရိုနာဗိုင်းရပ်စ်က ခြေဆန့်နေပါပြီ။ကမ္ဘာ့နိုင်ငံအချို့မှာ အသေအပျောက်တွေ တွေ့နေရပါပြီ။ရောဂါ ရှိ/မရှိ ပေါ့ဆလို့ ကူးစက်ခံရသူ ထိုးတက်ခဲ့တဲ့ တောင်ကိုရီးယားလိုအဖြစ်တွေ၊ ကမ္ဘာလှည့်ခရီးသည် ဇိမ်ခံသင်္ဘောမှာ ရောဂါကူးစက်ခံရသူတစ်ဦးပါလာလို့ တစ်စင်းလုံးကူးစက်ခံရတဲ့ ဂျပန်ကအဖြစ်မျိုးတွေက သတိထားစရာပါ။  

ကျန်းမာရေးမှာပေါ့ဆတဲ့ ကမ္ဘာကိုခြေဆန့်လာတော့မယ့် ကိုရိုနာဗိုင်းရပ်စ်ကို လူသားတွေ ဘယ်လောက်ထိခုခံတားမြစ်နိုင်မလဲဆိုတာ ရင်တမမစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်ဆိုတာ……….။

မင်းထက်
ဖေဖော်ဝါရီ - ၂၄

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြထဲမွာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ထိပ္တန္းသတင္းျဖစ္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္သတင္းက ဒုတိယေနရာကိုေရာက္ခဲ့ၿပီး ဆီးရီးယားစစ္သတင္းေတြက ထိပ္တန္းေရာက္ခဲ့ပါတယ္။အထူးသျဖင့္ တူရကီဘက္က ဆီးရီးယားထဲ က်ဴးေက်ာ္ဝင္ေရာက္ေနသလို ဆီးရီးယားတပ္ေတြတိုက္ထုတ္လို႔ အေသအေပ်ာက္ရွိလာတဲ့အခါ ဆီးရီးယားကို စစ္ေၾကျငာဖို႔ တူရကီသမၼတက ေျပာလာတဲ့အထိ ျဖစ္လာလို႔ ျဖစ္ပါတယ္။တျခားစိတ္ဝင္စားဖို႔ေကာင္းတဲ့သတင္းက အီရန္ ပါဝင္တဲ့ အေရွ႕အလယ္ပိုင္းအပါအဝင္ ကမာၻ႔ႏိုင္ငံေရးအေျပာင္းအလဲ အလႈပ္အခတ္သတင္းေတြပါဘဲ။

ဒီလိုသတင္းေတြက ယခုရက္ထဲျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြထဲက စိတ္ဝင္စားဖို႔ေကာင္းတဲ့ သတင္းေတြျဖစ္တဲ့ ဂ်ာမနီႏိုင္ငံ ဟာႏူၿမိဳ႕ရွိ ဘားႏွစ္ခုမွာ ပစ္ခတ္မႈျဖစ္လို႔ လူကိုးဦးထက္မနည္း ေသဆုံးခဲ့တဲ့သတင္း၊ ဩစေၾတးလ်ႏိုင္ငံ ေလေၾကာင္းလိုင္း အလုပ္သမားမ်ား လုပ္ခလစာႏွင့္ လုပ္ငန္းခြင္လုံၿခဳံေရး တိုးျမႇင့္ေပးဖို႔ ေတာင္းဆိုဆႏၵျပေနၾကတဲ့သတင္း၊ ကိုလံဘီယာႏိုင္ငံမွာ ဗင္ကားတစ္စီး ေမာင္းႏွင္ေနရင္း ေပါက္ကြဲမႈျဖစ္ခဲ့လို႔ အနည္းဆုံး လူခုနစ္ေယာက္ေသၿပီး ၁၃ ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ အိႏၵိယႏိုင္ငံ ေတာင္ပိုင္းမွာ ထရပ္ကားတစ္စီးနဲ႔ ခရီးသည္တင္ဘတ္စ္ကားတစ္စီး တိုက္မိလို႔ လူ ၁၉ ဦးထက္မနည္း ေသဆုံးခဲ့တဲ့သတင္း၊ ၿဗိတိန္မွာ လူနာအမ်ိဳးသမီးတစ္ဦးက ဦးေႏွာက္အက်ိတ္ခြဲတာကို တေယာထိုးေနရင္း ရင္ဆိုင္ခဲ့တဲ့သတင္း၊ သန႔္စင္ခန္းျပႆနာရွိတဲ့ အိႏၵိယႏိုင္ငံမွာ ဘတ္စ္ကားအေဟာင္းေတြကို အမ်ိဳးသမီးသုံး ေ႐ြ႕လွ်ားသန႔္စင္ခန္းအျဖစ္ ေျပာင္းလဲၿပီး ဝန္ေဆာင္မႈေတြေပးေနတဲ့သတင္း၊ ဩစေၾတးလ်ႏိုင္ငံမွာ ခရီးသည္တင္ရထားတစ္စင္း လမ္းေခ်ာ္လို႔ လူႏွစ္ဦးေသဆုံးကာ အမ်ားအျပားထိခိုက္ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ဘာလူခ်စ္စတန္ျပည္နယ္ ကြက္တာၿမိဳ႕မွာ အေသခံဗုံးခြဲတိုက္ခိုက္လို လူ ၈ ဦးထက္မနည္း ေသဆုံးၿပီး လူအမ်ားအျပား ထိခိုက္ဒဏ္ရာေတြရရွိခဲ့တဲ့ သတင္းေတြကလည္း သတင္းဖတ္သူေတြကို သတိထားမိေစခဲ့ပါတယ္။

ဆီးရီးယားစစ္ က်ယ္ျပန္႔မႈ

ဆီးရီးယားျပႆနာက ၿပီးခဲ့တဲ့ရက္သတၱပတ္ကတည္းက တူရကီအတြက္ ဆုံးျဖတ္ရခက္တဲ့ျပႆနာ ျဖစ္ေနတာပါ။အထူးသျဖင့္ တူရကီမွာရွိတဲ့ ကာ့ဒ္လူမ်ိဳးေတြနဲ႔ မ်ိဳးႏြယ္တူျဖစ္တဲ့ ဆီးရီးယားနဲ႔ တူရကီနယ္စပ္မွာရွိတဲ့ ကာ့ဒ္လက္နက္ကိုင္ေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ ဆီးရီးယားကေန အေမရိကန္တပ္ေတြ ဆိုင္းမဆင့္ဗုံမဆင့္ ႐ုတ္သိမ္းလို႔ အခြင့္သာတုန္း ဆီးရီးယားကို က်ဴးေက်ာ္ဝင္ေရာက္ခဲ့တာကေန နာမည္ႀကီး အီဒလစ္မွာ တိုက္ခိုက္ခံေနရတာပါ။

အီဒလစ္ဆိုတာ ဆီးရီးယားႏိုင္ငံအတြင္းရွိ သူပုန္မ်ား၏ ေနာက္ဆုံးေျခကုပ္ေဒသျဖစ္ၿပီး သူပုန္မ်ားအေပၚ ပမာဏႀကီးမားေသာ ထိုးစစ္ဆင္ႏႊဲေနသည့္ ဆီးရီးယားအစိုးရတပ္ဖြဲ႕နဲ႔ အီဒလစ္ကို ကြၽံေနတဲ့ တူရကီတပ္ဖြဲ႕မ်ားၾကား ထိေတြ႕တိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ရာ ႏွစ္ဖက္စလုံးတြင္ ထိခိုက္ေသဆုံးမႈမ်ားျဖစ္ေပါခဲ့ၿပီး ႏွစ္ႏိုင္ငံအၾကား တင္းမာမႈမ်ားျမင့္တက္ခဲ့တာပါ။အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကေတာ့ ဆီးရီးယားပဋိပကၡကို ႏိုင္ငံေရးနည္းလမ္းနဲ႔ေျဖရွင္းဖို႔ ေတာင္းဆိုခဲ့ပါတယ္။ေဖေဖာ္ဝါရီ ၁၄ ရက္က ျပဳလုပ္တဲ့ တူရကီထိုးစစ္ဆင္မႈတစ္ခုမွာ ဆီးရီးယား အစိုးရတပ္ဖြဲ႕ဝင္ ၆၃ ဦး ေသဆုံးခဲ့ပါတယ္။ဒီလိုျဖစ္ခဲ့တဲ့အတြက္ အေမရိကန္သမၼတနဲ႔ တူရကီသမၼတတို႔ ဖုန္းနဲ႔ေဆြးေႏြးခဲ့ပါတယ္။

ဒီေဒသမွာ တိုက္ပြဲေတြျပင္းထန္လြန္းတဲ့ ကုလသမဂၢမွတ္တမ္းအရ ဒီဇင္ဘာ ၁ ရက္မွ ေဖေဖၚဝါရီ ၁၈ ရက္အထိ လူကိုးသိန္းေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒါေပမယ္ ဆီးရီးယားသမၼတကေတာ့ ဆီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ အီဒလစ္ႏွင့္ အလက္ပိုၿမိဳ႕တို႔ လြတ္ေျမာက္ေရးအတြက္ တိုက္ပြဲမ်ားဆက္လက္ဆင္ႏႊဲသြားမယ္ဆိုတာ ႏိုင္ငံကို ေဖေဖၚဝါရီ ၁၈ ရက္က ႐ုပ္သံကေနေျပာခဲ့ပါတယ္။ေနာက္တစ္ရက္ျဖစ္တဲ့ ေဖေဖၚဝါရီ ၁၉ ရက္မွာ တူရကီသမၼတ အာဒိုဂန္ က တူရကီပါလီမန္လႊတ္ေတာ္မွာ မိန႔္ခြန္းေျပာၾကားရင္း ေဖေဖာ္ဝါရီလကုန္အထိ ဆီးရီးယားတပ္ေတြ အီဒလစ္ျပည္နယ္ထဲက မဆုတ္ခြာေသးရင္ ထိုးစစ္ဆင္တိုက္ခိုက္မည္ဆိုၿပီး ၿခိမ္းေျခာက္ခဲ့ပါတယ္။အဲဒီရက္ပိုင္းမွာဘဲ ဆီးရီးယားတပ္ေတြလက္ခ်က္နဲ႔ တူရကီတပ္ဖြဲ႕ဝင္ ၁၃ ဦး က်ဆုံးခဲ့ပါတယ္။

ဒီလို ႐ုရွား ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဆီးရီးယားနဲ႔ တူရကီၾကား စစ္ျဖစ္လုနီးပါးျဖစ္လာတဲ့အတြက္ ေမာ္စကိုမွာ တူရကီကိုယ္စားလွယ္ေတြနဲ႔ ႐ုရွားကိုယ္စားလွယ္ေတြ ေဆြးေႏြးခဲ့ေပမယ့္ သေဘာတူညီခ်က္မရခဲ့ပါဘူး။ဆိုး႐ြားေနတဲ့ ျပည္တြင္းစစ္ကေန တူရကီနဲ႔သာဆက္ျဖစ္ရင္ ဆီးရီးယားျပည္သူေတြဘ၀က ပိုၿပီးဆိုးလာဖို႔သာရွိပါတယ္။ဒီအတြက္ တျခားႏိုင္ငံေတြက ဒီႏွစ္ႏိုင္ငံ အထူးသျဖင့္ ႐ုရွားနဲ႔ တူရကီၾကား ဝင္ညႇိႏိူင္းခဲ့ၾကပါတယ္။အထူးသျဖင့္ အဆိုပါေဒသတြင္းျဖစ္ေနတဲ့ ပဋိကၡေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အေလးေပးေဆြးေႏြးခဲ့ၾကတာပါ။

အထူးသျဖင့္ တူရကီအေနနဲ႔ ႐ုရွားနဲ႔ထိပ္တိုက္ေတြ႕မွာကို စိုးရိမ္ေနတဲ့အတြက္ တူရကီသမၼတ အာဒိုဂန္ က ျပင္သစ္သမၼတႏွင့္ ဂ်ာမန္ဝန္ႀကီးခ်ဳပ္တို႔ကို ဖုန္းဆက္ၿပီး ႐ုရွားက ေလေၾကာင္းတိုက္ခိုက္မႈမ်ားျဖင့္ အကူအညီေပးေနတဲ့ အီဒလစ္ျပည္နယ္အတြင္း ပဋိပကၡျဖစ္ပြားမႈ ကာကြယ္တားဆီးေရးအတြက္ အေရးယူေဆာင္႐ြက္မႈျပဳလုပ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ဒီေနာက္မွာ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ မာကယ္လ္နဲ႔ ျပင္သစ္သမၼတ မက္ခ႐ြန္တို႔က ႐ုရွားသမၼတနဲ႔ ဖုန္းနဲ႔ဆက္သြယ္ေဆြးေႏြးခဲ့ၾကၿပီး ဆီးရီးယားပဋိပကၡ အဆုံးသတ္ဖို႔ တူရကီ အပါအဝင္ ေလးပြင့္ဆိုင္ ထိပ္သီးေဆြးေႏြးပြဲတစ္ရပ္က်င္းပဖို႔ တိုက္တြန္းခဲ့ပါတယ္။ဒီလိုေဆြးေႏြးေနစဥ္မွာ အီဒလစ္ေဒသတြင္းမွာ တူရကီတပ္ေတြရယ္၊ တူရကီက ေက်ာေထာက္ေနာက္ခံေပးထားတဲ့ သူပုန္တပ္ေတြရယ္၊ ဆီးရီးယားတပ္ေတြရယ္ တိုက္ပြဲျပင္းထန္စြာျဖစ္ပြားခဲ့တဲ့အတြက္ ဆီးရီးယားတပ္သား ၁၁ ဦး၊ သူပုန္တပ္ဖက္က ၁၄ ဦးနဲ႔ တူရကီစစ္သားႏွစ္ဦး က်ဆုံးခဲ့ပါတယ္။

ဒီအေျခအေနမွာ တူရကီသမၼတက ႐ုရွားသမၼတကို ဆီးရီးယားအစိုးရတပ္ေတြကို မကူညီေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။႐ုရွားအေနနဲ႔  အီဒလစ္မွာ ေနာက္ဆုံးျဖစ္ခဲ့တဲ့တိုက္ပြဲမွာ တူရကီေတြ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ သူပုန္ေတြက အီဒလစ္ေဒသတြင္းက ၿမိဳ႕ကိုသိမ္းပိုက္ႏိုင္ခဲ့ေပမယ့္ ႐ုရွားတပ္ေတြက ေလေၾကာင္းကေန ကူတိုက္ေပးခဲ့တဲ့အတြက္ အက်အဆုံးမ်ားစြာနဲ႔ ျပန္ဆုတ္ခဲ့ရပါတယ္။ဒီအတြက္ အာဒိုဂန္နဲ႔ ဖုန္းဆက္သြယ္ေျပာရာမွာ ဒီေဒသမွာ အစြန္းေရာက္အႏၲရာယ္ ၿခိမ္းေျခာက္လာမွာကို စိုးရိမ္တယ္လို႔ ေျပာခဲ့ပါတယ္။
ေဖေဖၚဝါရီ ၂၂ ရက္ မွာေတာ့ ျပင္သစ္သမၼတနဲ႔ ဂ်ာမနီသမၼတ တိုက္တြန္းေနတဲ့  ေလးပြင့္ဆိုင္ေဆြးေႏြးၾကဖို႔ သေဘာတူခဲ့ၾကပါတယ္။

မတ္ ၅ ရက္ အစၥတန္ဘူလ္မွာ ေတြ႕ၾကမွာျဖစ္ၿပီး ဆီးရီးယားဘက္က ႐ုရွားပါၿပီး တူရကီနဲ႔ ျပင္သစ္၊ ဂ်ာမနီက ညႇိႏိူင္းသူအျဖစ္ ေတြ႕ဆုံမယ္ဆိုပါတယ္။ေတြ႕ဆုံတဲ့အခါ တူရကီရဲ႕ တစ္ဘက္သတ္ဆန္တဲ့ ေတာင္းဆိုမႈေတြကို ႐ုရွားဘက္က လက္ခံဖို႔မရွိပါဘူး။ဒါ့အျပင္ ေဖေဖၚဝါရီလမကုန္မီ ဆီးရီးယားပိုင္နက္ထဲကေန ဆီးရီးယားတပ္ေတြ ထြက္သြားေပးဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ကိစၥမို႔ တူရကီအေနနဲ႔ ႀကဳံးဝါးထားတဲ့အတိုင္း တစ္ကယ္ဘဲ ဆီးရီးယားတပ္ေတြကိုတိုက္မလား၊ တစ္ကယ္လို႔တိုက္လာခဲ့ရင္ ဆီးရီးယားဘက္ကေန ဝင္တိုက္ေနတဲ့ ႐ုရွားတပ္ေတြနဲ႔ ထိပ္တိုက္ေတြ႕ၿပီး  ႐ုရွား-တူရကီအၾကား ျပင္းထန္တဲ့စစ္ပြဲေတြ ျဖစ္လာမလား၊ တူရကီနဲ႔ ႐ုရွားကို ဆီးရီးယားမွာ တည္ေပးလိုက္တဲ့ အေမရိကန္က ဒီပြဲမွာဘာေတြထပ္လုပ္ဦးမလဲဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

က်ိဳင္းေကာင္ႏွင့္ ကပ္ေဘးေတြ

ၿပီးခဲ့တဲ့ရက္သတၱပတ္က အာဖရိက ဆိုမာလီ၊ ယူဂႏၶာ၊ ကင္ညာနဲ႔ အီသီယိုးပီးယားမွာ က်ိဳးေကာင္ေတြက်ေရာက္လို႔ စားနပ္ရိကၡာေဘးအတြက္ စိုးရိမ္ရတဲ့သတင္းေတြ ထြက္လာခဲ့ပါတယ္။ယခုရက္ပိုင္းမွာေတာ့ ဒါဟာမျဖစ္မေနကိုင္တြယ္ရမယ့္ ျပႆနာႀကီးတစ္ခု ျဖစ္လာခဲ့ပါတယ္။

က်ိဳင္းေကာင္လို႔ေခၚတဲ့ ပိုးမႊားေတြက အာဖရိကကို ဒုကၡေပးခဲ့ဘူးပါတယ္။အရင္ကၾကားဘူးတဲ့ အာဖရိကအငတ္ေဘးဆိုတာ မိုးေခါင္တဲ့အျပင္ ဒီလိုက်ိဳင္းေကာင္ေတြေၾကာင့္လည္းျဖစ္ခဲ့တာပါ။အခု အဲဒီေနရာမွာဘဲ တစ္ဖန္ျပန္လည္လာျပန္ပါၿပီ။အီသီယိုးပီးယားကေတာ့ ကမာၻေက်ာ္ အငတ္ေဘးေၾကာင့္ တိုင္းျပည္ကညီၫြတ္ခဲ့ကာ တက္ညီလက္ညီ႐ုန္းခဲ့လို႔ ယခုအခါမွာ အေျခအေနေကာင္းေနပါတယ္။ဒီေဘးကိုေျဖရွင္းဖို႔အတြက္ သင္ခန္းစာေတြ အီသီယိုးပီးယားမွာ ရွိႏိုင္ပါတယ္။ဒါေပမယ့္ ယူဂႏၶာ၊ ဆိုမာလီနဲ႔ ကင္ညာကေတာ့ ျပည္တြင္းစစ္ေတြနဲ႔ အစၥလာမ္အစြန္းေရာက္ေတြ ေသာင္းက်န္းေနတာေတြရွိပါတယ္။ဒီအတြက္ က်ိဳင္းေကာင္ျပႆနာက သူတို႔အတြက္ သိပ္အေလးေပးမယ့္ ကိုင္တြယ္ရမယ့္ျပႆနာလို႔  ယူဆဟန္မတူပါဘူး။

ဒါေတြေၾကာင့္လည္း အာဖရိကအငတ္ေဘးက ျဖစ္လာႏိုင္ဖြယ္ရွိလို႔ ကုလက ကမာၻ႔ႏိုင္ငံေတြကို ဒီလိုက်ိဳင္းေကာင္ေဘးမွာ ပါဝင္ကူညီေပးဖို႔ တိုက္တြန္းေနရပါတယ္။လက္ရွိမွာ သန္းနဲ႔ခ်ီတဲ့ က်ိဳင္းေကာင္ေတြ က်ေရာက္ေနတာေၾကာင့္ ယူဂႏၶာ၊ ကင္ညာ၊ ဆိုမာလီနဲ႔ အီသီယိုပီးယား ႏိုင္ငံေတြမွာ စားနပ္ရိကၡာထုတ္လုပ္မႈကို ပ်က္စီးမႈေတြျဖစ္ေနရပါတယ္။ကုလ ေျပာၾကားခ်က္ေတြအရ ယခုလိုက်ိဳင္းေကာင္ေတြက်ေရာက္မႈဟာ ႏွစ္အစိတ္အတြင္းမွာ အဆိုးဝါးဆုံးအေျခအေနပါ။

ယူဂႏၶာႏိုင္ငံမွာ စစ္သားေတြက ေဆးျဖန္းၿပီးႏွိမ္နင္းမႈေတြ လုပ္ေဆာင္ေနေပမယ့္ မလုံေလာက္တဲ့အတြက္ က်ိဳင္းေကာင္ေဘး ရင္ဆိုင္ေနရတဲ့ အာဖရိကႏိုင္ငံေတြကို ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ကိုင္တြယ္ေျဖရွင္းရာမွာ ကူညီေပးၾကဖို႔ တိုက္တြန္းေနရတာပါ။

ဒါဟာ ကမာၻမွာျဖစ္ေနတဲ့ ကမာၻႀကီးပူေႏြးလာမႈနဲ႔ တိုက္႐ိုက္ဆက္စပ္ေနပါတယ္။အာဖရိကမွာ က်ိဳင္းေကာင္ေဘးနဲ႔ ရင္ဆိုင္ေနရစဥ္မွာ ဥေရာပက ၿဗိတိန္ႏိုင္ငံမွာေတာ့ တစ္ပတ္အတြင္း မုန္တိုင္းႏွစ္လုံး ဝင္ေရာက္တိုက္ခတ္ခဲ့လို႔ ေသဆုံးမႈေတြေတာင္ ျဖစ္ေပၚခဲ့ပါတယ္။
မုန္တိုင္းေၾကာင့္ ေရႀကီးေရလွ်ံမႈေတြျဖစ္ၿပီး အေဆာက္အဦးေတြ ပ်က္စီးခဲ့ရသလို မိုးေရခ်ိန္စံခ်ိန္သစ္ေတြတင္တဲ့အထိ မိုးႀကီးခဲ့လို႔ ေဝးလ္ေတာင္ပိုင္းႏွင့္ အဂၤလန္ အေနာက္ပိုင္းတို႔တြင္ ေရႀကီးမႈသတိေပးခ်က္ေတြ ထုတ္ခဲ့ရတယ္ဆိုပါတယ္။ မုန္တိုင္းဒဏ္ကိုျပင္သစ္ႏိုင္ငံမွာ လည္း ေနရာအေတာ္မ်ားမ်ားခံခဲ့ရပါတယ္။

ဒီလိုသဘာ၀ေဘးကို ခံလိုက္ရတဲ့အတြက္ ကမာၻႀကီးကိုပူေႏြးေစတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႕ ေလွ်ာ့ခ်ဖို႔ အေရးမစိုက္ခဲ့တဲ့ ၿဗိတိန္ေတာင္ တျခားႏိုင္ငံေတြကို ျပန္တိုက္တြန္းေနရတဲ့အထိ ျဖစ္လာပါတယ္။ကုလသမဂၢ ရာသီဥတုေျပာင္းလဲေရး ညီလာခံဆိုင္ရာ ၿဗိတိန္ကိုယ္စားလွယ္က ဂ်ပန္ႏိုင္ငံကိုႏိုင္ငံရဲ႕ ဖန္လုံအိမ္ဓာတ္ေငြ႕ထုတ္လႊတ္မႈကို ၂၆ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ဖို႔ တိုက္တြန္းခဲ့တာပါ။ကမာၻ႔ရာသီဥတုေဘးက ကမာၻႀကီးကို တစ္ဦးတည္းသီးသန႔္ေနလို႔ မလြတ္ဘူးဆိုတာကို ျပေနတဲ့အတြက္ ေငြေၾကးခ်မ္းသာတဲ့ ကမာၻ႔သူေဌးေတြေတာင္ ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရးထဲ အင္တိုက္အားတိုက္ပါလာၾကပါတယ္။ဒီတစ္ပတ္မွာဘဲ ကမာၻ႔အခ်မ္းသာဆုံး ဘီလ်ံနာေတြထဲပါဝင္တဲ့ အေမဇုန္ကုမၸဏီ စီအီးအိုနဲ႔  ကမာၻ႔အခ်မ္းသာဆုံး အမ်ိဳးသား ဂ်က္ဘီေဇာ့စ္ က ရာသီဥတုေျပာင္းလဲမႈ တိုက္ဖ်က္ေရးအတြက္ ေဒၚလာ ၁၀ ဘီလ်ံ ရန္ပုံေငြမတည္မယ္လို႔ ေျပာခဲ့ပါတယ္။

ရာသီဥတုေဘးက မျဖစ္မေနကိုင္တြယ္ရမယ့္ ဦးစားေပးျပႆနာႀကီးအျဖစ္ ႏိုင္ငံတိုင္းကျမင္လာၾကပါတယ္။မၾကာမီက ေတာမီးႏိုင္ငံနဲ႔ခ်ီၿပီး ေတာမီးေလာင္ခဲ့တဲ့ ဩစေၾတးလ်အတြက္ ဒီလိုျပႆနာက ေနာက္တစ္ႀကိမ္ဆိုရင္ မလြယ္ေတာ့ပါဘူး။ဩစေၾတးလ်ႏိုင္ငံ၏ အဆိုး႐ြားဆုံးေသာ ေတာမီးေၾကာင့္ လူေပါင္း ၃၃ ဦး ေသဆုံးခဲ့ရၿပီး ေနအိမ္ေပါင္း ၃၀၀၀ မွာ ပ်က္စီးသြားခဲ့ကာ သစ္ေတာေတြပ်က္စီးမႈက စာရင္းမေကာက္ႏိုင္တဲ့အထိပါဘဲ။ဒါေၾကာင့္လည္း ေတာမီးေလာင္မႈနဲ႔ပတ္သက္ၿပီး ၿပီးၿပီးေရာမဟုတ္ဘဲ ေတာမီးေလာင္သည့္ကိစၥအတြက္ အမ်ိဳးသားစုံစမ္းေရးေကာ္မရွင္ ျပဳလုပ္သြားမယ္ဆိုၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕ခဲ့ပါတယ္။

ေဖေဖၚဝါရီ ၂၃ ရက္ နံနက္ပိုင္းက တူရကီႏွင့္ အီရန္ၾကားမွာ ျပင္းအား ရစ္ခ်္တာစေကး ၅ ဒသမ ၇ အဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခဲ့ပါတယ္။ျပင္းအားအသင့္အတင့္ဆိုေပမယ့္ လူေနထူထပ္တဲ့ ေဒသေတြျဖစ္လို႔ လူအေသအေပ်ာက္ရွိခဲ့ပါတယ္။လက္ရွိအခ်ိန္ထိ ေသဆုံးသူအေရအတြက္က တူရကီဘက္မွာ ၉ ဦးထိရွိေနသလို အေဆာက္အအုံအၿပိဳအပ်က္ေတြေအာက္ ပိမိေနတာလည္းရွိေနပါတယ္။ကပ္ေဘးနဲ႔ သဘာ၀ေဘးေတြေၾကာင့္ ေန႔စဥ္လူေနမႈဘ၀ကို ဆိုးဆိုး႐ြား႐ြားၿခိမ္းေျခာက္ေနသလို ထိခိုက္ေသဆုံးမႈေတြတိုးလာတဲ့အတြက္ လူေတြရဲ႕ျပဳျပင္မႈနဲ႔ သဘာ၀ေပၚ တန္ဖိုးျပန္ထားလာမႈက အခ်ိန္မီပါ့မလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ကမာၻကိုၿခိမ္းေျခာက္လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္

တ႐ုတ္ႏိုင္ငံ အလယ္ပိုင္း ဟူေပျပည္နယ္၏ ၿမိဳ႕ေတာ္ ဝူဟန္ၿမိဳ႕ကေနစခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက ယခုလက္ရွိမွာ တ႐ုတ္ျပည္မႀကီးတစ္ခုတည္း ေသဆုံးသူ ႏွစ္ေထာင္ေက်ာ္ခဲ့ၿပီး ကူးစက္ခံရသူက ခုႏွစ္ေသာင္းေက်ာ္ ရွစ္ေသာင္းနီးပါး ရွိလာခဲ့ၿပီျဖစ္သလို ေရာဂါသက္သာလို႔ ျပန္ဆင္းသြားတဲ့ ဦးေရကလည္း ေထာင္ဂဏန္းေက်ာ္ေနပါၿပီ။ဒီအေျခအေနမွာ ေရာဂါကူးစက္မႈနဲ႔ အသားက်ေနသလိုျဖစ္လာတဲ့အျပင္  ၾကပ္ၾကပ္မတ္မတ္ကိုင္တြယ္ေနတဲ့ တ႐ုတ္အာဏာပိုင္ေတြအေနနဲ႔ ေရာဂါနဲ႔နပမ္းလုံးေနရတဲ့ အေနအထားရွိေနဆဲပါ။

တ႐ုတ္အျပင္ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံအထိ က်ယ္က်ယ္ျပန႔္ျပန႔္ကူးစက္ေနသလို အီရန္နဲ႔ အီတလီ၊ ေတာင္ကိုရီးယား စတဲ့ႏိုင္ငံေတြမွာပါ ေသဆုံးမႈေတြရွိလာခဲ့ၿပီျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္က ကမာၻ႔ႏိုင္ငံေတြကို လူမႈေရး၊ က်န္းမာေရး ျပႆနာေတြကို ယူလာခဲ့ပါၿပီ။ဒီလိုထဲမွာ တ႐ုတ္ျပင္ပမွာ အဆိုးဝါးဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့ႏိုင္ငံျဖစ္ေနတာက ေတာင္ကိုရီးယားႏိုင္ငံပါ။ေတာင္ကိုရီးယားမွာ ေဖေဖၚဝါရီ ၂၂ ရက္အထိ  တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ကို႐ိုနာကူးစက္ခံရသူေပါင္း ၁၅၆ ဦးအထိရွိေနၿပီး တစ္ဦးေသဆုံးခဲ့ပါတယ္။
တစ္ရက္တည္း ကူးစက္ခံရသူ ၅၂ဦးထိရွိခဲ့တာက ဒယ္ဂူးၿမိဳ႕ ေတာင္ပိုင္းက ရွင္ေခ်ာင္ဂ်ီခ်က္ဘုရားေက်ာင္းကို ကူးစက္ခံထားရမွန္းမသိတဲ့ ဘုရားေက်ာင္းအသင္းဝင္ အသက္ ၆၁ ႏွစ္အ႐ြယ္ အဘြားအိုတစ္ဦး ေရာဂါလကၡဏာမျပခင္ ေလးႀကိမ္အထိ ဘုရားေက်ာင္းတက္ခဲ့တဲ့အတြက္ ကူးစက္ခံရသူေတြက မ်ားခဲ့ပါတယ္။လူဦးေရ ၂ ဒသမ ၅ သန္းေက်ာ္ရွိတဲ့ ဒယ္ဂူးၿမိဳ႕မွာ ၿမိဳ႕သူၿမိဳ႕သားမ်ားကို အျပင္မထြက္ဘဲ အိမ္တြင္းမွာဘဲေနထိုင္ၾကရန္ ၿမိဳ႕ေတာ္ဝန္က အႀကံျပဳထားပါတယ္။

တ႐ုတ္ျပည္မထဲမွာလည္း ေဖေဖာ္ဝါရီ ၂၂ ရက္အထိ စာရင္းအရ ေသဆုံးသူစုစုေပါင္း ၂၃၄၅ ဦး ရွိၿပီး ႏိုင္ငံျပင္ပမွာ ေသဆုံးသူ တစ္ဒါဇင္ေက်ာ္ေနပါၿပီ။အီတလီမွာ ေဖေဖၚဝါရီ ၂၃ ရက္က ဒုတိယေျမာက္ ထပ္မံေသဆုံးခဲ့တဲ့အတြက္ အီတလီမွာ က်င္းပေနတဲ့ အေပ်ာ္တမ္းနဲ႔ အဆင့္နိမ့္တန္း ေဘာလုံးပြဲေတြအားလုံးကို ရပ္ဆိုင္းခဲ့သလို အျမင့္ဆုံးျဖစ္တဲ့ စီးရီးေအ ပြဲစဥ္ ၄ ပြဲကိုပါ ရပ္ဆိုင္းခဲ့ပါတယ္။ဒါဟာ ကူးစက္ေရာဂါကို စိုးရိမ္လို႔ပါဘဲ။အီတလီမွာ ဒီေလာက္ထိ သတိထားေနတာ အလြန္ေတာ့မဟုတ္ပါဘူး။ယူကရိန္းႏိုင္ငံမွာဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားေနတဲ့ တ႐ုတ္ႏိုင္ငံကေန ထြက္ေျပးလာတဲ့သူေတြ တင္ေဆာင္လာတဲ့ ဘတ္စ္ကားေတြကို ဆႏၵျပသူ ဒါဇင္မ်ားစြာက တိုက္ခိုက္ၾကတဲ့အထိျဖစ္လို႔ ယူကရိန္းသမၼတကိုယ္တိုင္ လူသားခ်င္းစာနာေထာက္ထားၾကဖို႔ တိုက္တြန္းရတဲ့အထိပါဘဲ။

ဂ်ပန္မွာဆိုလဲ ပင္လယ္ကူးဇိမ္ခံသေဘၤာေပၚမွာ ကို႐ိုနာကူးစက္ခံထားရတဲ့သူေတြထဲက ႏွစ္ဦးေသဆုံးခဲ့ပါတယ္။ေဖေဖၚဝါရီ ၁၉ ရက္အထိ အတည္ျပဳထားတဲ့ စာရင္းအရ သေဘၤာေပၚလိုက္ပါလာသူ ခရီးသည္မ်ားႏွင့္ သေဘၤာအမႈထမ္းေပါင္း ၃၇၀၀ အနက္ ၆၃၄ ဦး ဗိုင္းရပ္စ္ကူးစက္ခံထားရတယ္ဆိုတာကို အတည္ျပဳထားပါတယ္။ဗိုင္းရပ္စ္ထက္ ပိုေၾကာက္စရာေကာင္းတာက ဒီကူးစက္ေရာဂါနဲ႔ပတ္သက္တဲ့ ေကာလာဟလသတင္းေတြပါ။ကမာၻတစ္လႊားရွိ ႏိုင္ငံေပါင္းမ်ားစြာက ျပည္သူ႔က်န္းမာေရးပညာရွင္ေပါင္း ၂၇ ဦးက ထုတ္ျပန္တဲ့ ပူးေပါင္းေၾကညာခ်က္မွာ ကို႐ိုနာဗိုင္းရပ္စ္ သတင္းမွားမ်ားပ်ံ႕ႏွံ႔မႈေၾကာင့္ ေၾကာက္႐ြံ႕မႈမ်ား ျမင့္တက္လာလို႔ ဗိုင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ အျပည္ျပည္ဆိုင္ရာမွ ပူးေပါင္းေဆာင္႐ြက္ရာတြင္ အေႏွာင့္အယွက္မ်ား ျဖစ္ေပၚလာတယ္လို႔ အျပစ္တင္ခဲ့ပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈက အတက္အက်ေတြရွိေနလို႔ က်န္းမာေရးပညာရွင္ေတြအေနနဲ႔ ထိန္းခ်ဳပ္ရတာ ခက္ေနပါတယ္။ေသဆုံးသူနဲ႔ ကူးစက္ခံရသူ က်ဆင္းတယ္ဆိုေပမယ့္ ခုခံကာကြယ္တိုက္ဖ်က္ႏိုင္တဲ့ေဆးဝါး အခုထိမယ္မယ္ရရမထြက္ေသးလို႔ ထိန္းခ်ဳပ္ဖို႔ေတာင္ ခက္ခက္ခဲခဲႀကိဳးစားေနရတဲ့ အခ်ိန္အခါပါ။အခုဆို တ႐ုတ္ႏိုင္ငံျပင္ပကို ကို႐ိုနာဗိုင္းရပ္စ္က ေျခဆန႔္ေနပါၿပီ။ကမာၻ႔ႏိုင္ငံအခ်ိဳ႕မွာ အေသအေပ်ာက္ေတြ ေတြ႕ေနရပါၿပီ။ေရာဂါ ရွိ/မရွိ ေပါ့ဆလို႔ ကူးစက္ခံရသူ ထိုးတက္ခဲ့တဲ့ ေတာင္ကိုရီးယားလိုအျဖစ္ေတြ၊ ကမာၻလွည့္ခရီးသည္ ဇိမ္ခံသေဘၤာမွာ ေရာဂါကူးစက္ခံရသူတစ္ဦးပါလာလို႔ တစ္စင္းလုံးကူးစက္ခံရတဲ့ ဂ်ပန္ကအျဖစ္မ်ိဳးေတြက သတိထားစရာပါ။  

က်န္းမာေရးမွာေပါ့ဆတဲ့ ကမာၻကိုေျခဆန္႔လာေတာ့မယ့္ ကို႐ိုနာဗိုင္းရပ္စ္ကို လူသားေတြ ဘယ္ေလာက္ထိခုခံတားျမစ္ႏိုင္မလဲဆိုတာ ရင္တမမေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္ဆိုတာ……….။

မင္းထက္
ေဖေဖာ္ဝါရီ - ၂၄