【 ဆောင်းပါး 】 အချိန်မီပြင်ဆင်ခွင့်

【 ဆောင်းပါး 】 အချိန်မီပြင်ဆင်ခွင့်

“မဲစာရင်းသွားကြည့်ပြီးပြီလား”

“မကြည့်ရသေးဘူး။ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲ။ အသည်းကြားက မဲတစ်ပြားရဲ့အရေးပါပုံကို မင်းမသိလို့လား”

“ဘဝတူအချင်းချင်းတွေ၊ လူတတ်ကြီးလာလုပ်မနေနဲ့။ခင်ဗျားနာမည် ပါ၊ မပါသာ သေသေချာချာသွားကြည့်။ကျုပ်ကတော့အေးဆေးပဲ။ဒါမျိုးတွေကရိုးနေပြီ”

“ငါနောက်နေတာမဟုတ်ဘူး။မင်းတို့၊ ငါတို့ တတ်နိုင်တာ ဒါပဲရှိတယ်လေ။ဒါလေးတစ်ခုတော့ လေးလေးစားစား လုပ်ရမှာပေါ့”

“ဟာ-အသားလွတ်ကြီး စာလာဖတ်နေပါလား။ကျွန်တော်က ဘာကိုမလေးမစားလုပ်နေလို့လဲ”

“မင်းက အေးဆေးပဲဆို။ဒါတွေရိုးနေပြီဆို”

“ဟုတ်တယ်လေ။ခင်ဗျားတို့၊ ကျွန်တော်တို့ အခုမှမဲပေးဖူးတာလား။ပထမဆုံး မဲစပေးတာ မှတ်မိသေးလား။အမတေပါတီက ပြည်သူ့ပါတီသို့=ဆိုပြီး တစ်ပါတီအာဏာရှင်စနစ်ကို အသက်သွင်းတဲ့ ဆန္ဒခံယူပွဲမှာလေ”

“ဟုတ်တယ်လေ။အဲဒီတုန်းက မင်းနဲ့ငါ သမဝါယမမှာ အလုပ်လုပ်တဲ့အချိန်ပေါ့”

“ကျွန်တော်တို့ အသည်းစကားကို ခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့လို့လား။သူတို့လုပ်ချင်တာကိုပဲ လုပ်ခဲ့တာလေ”

“အဲဒါက၊ တစ်ပါတီအာဏာရှင်ခေတ်လေကွာ။မင်းတို့ ငါတို့ ပြည်သူတွေ နှလုံးသားမပါတဲ့ပွဲမို့လို့ သူတို့တွေ သက်ဆိုးမရှည်ခဲ့ဘူးလေကွာ”

“စစ်အာဏာရှင်ခေတ်မှာ တစ်ခါ ရွေးကောက်ပွဲလုပ်ခဲ့တယ်လေ”

“ဟုတ်တယ်လေ။မင်းတို့ ငါတို့ ပြည်သူ့နှလုံးသားတွေနဲ့ နှစ်နှစ်ကာကာ မဲပေးခဲ့လို့၊ တစ်ခဲနက်အနိုင်ရခဲ့တယ် မဟုတ်လား”

“နိုင်တဲ့နှလုံးသားတွေလည်း သူတို့ဖိနပ်အောက်မှာ ကြေမွခဲ့ရတာပဲ မဟုတ်လား”

“အတိတ်ကဒဏ်ရာတွေကို ထိုးဆွမနေပါနဲ့တော့ကွာ။ပစ္စုပ္ပန်တည့်တည့်ကသာ အရေးအကြီးဆုံးနဲ့ လက်တွေ့အဆန်ဆုံးပါ။အခုက ဒီမိုကရေစီခေတ်ပါ။ဒီမိုကရေစီစနစ်ကိုတော့ ငါတို့၊ မင်းတို့ ယုံကြည်ရမယ်”

“ဘာကိုလဲ။မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီကိုလား”

“တော်ပါတော့ကွာ။ဒါ ကလေးကစားတာ မဟုတ်ပါဘူး”

“ကျွန်တော်ကလည်း ကလေးကစားတာ မဟုတ်မှန်းသိလို့ ပြောနေတာပေါ့”

“မင်းကလည်းပြောတော့မယ်”

“အဲဒါတွေရဲ့ တရားခံက ဖက်ဆစ်ဂျပန်တွေပဲ”

“လာပြန်ပြီတစ်မျိုး၊ တကယ်ကိုမရိုးစေရဘူး”

“တကယ်ကို ရိုးမသွားတာသေချာတယ်။ကိုရွှေဂျပန်တွေက နယ်ချဲ့အင်္ဂလိပ်တွေကို တိုက်ထုတ်ပြီးတာနဲ့ လွတ်လပ်ရေးပေးမယ်လို့ ကတိပေးခဲ့တယ်လေ”

“ဒါပေမယ့် မပေးခဲ့ဘူးလေကွာ”

“ပေးခဲ့တယ်လေဗျာ။ဒါပေမယ့် အစစ်တော့မဟုတ်ဘူး။အတု။ဘာတဲ့ - ရွှေရည်စိမ်လွတ်လပ်ရေးလေ”

“အေးကွ။မင်းပြောတာလည်း ဟုတ်နေတာပဲ။အင်း - တို့ပြည်သူတွေလည်း ‘အတု’ နဲ့ချည်း တိုးနေရတာပဲနော်။ရွှေရည်စိမ်လွတ်လပ်ရေးပြီးတော့ ရွှေရည်စိမ်ဆိုရှယ်လစ်။နေဦးကွ၊ ဒါဆို နောက်တစ်ခါက ရွှေရည်စိမ်အာဏာရှင်လား”

“အဲဒါကတော့ ရွှေရည်စိမ် မဟုတ်တော့ဘူး။အာဏာရှင်အစစ်။ရွှေအာဏာရှင်ပေါ့ဗျာ”

“အတုက နှစ်ခါ၊ အစစ်က တစ်ခါဆိုတော့”

“တော်ပါတော့ဗျာ။ တိုင်းပြည်ရှေ့ရေးကို နှစ်လုံးထီတွက်သလို တွက်ဦးမလို့လား။စနစ်က အရေးကြီးတယ်ဆိုပေမယ့် တကယ်အရေးအကြီးဆုံးက “လူ” ပါပဲဗျာ။ရွှေရည် စိမ်တာ၊ မစိမ်တာ “လူ့စိတ်” ပဲလေ။ကျွန်တော်တို့ ရွေးချယ်မယ့် ခေါင်းဆောင်က အပြစ်ကင်းတဲ့သူဖြစ်ရမယ်”

“အဲဒီလိုတော့ ပြောလို့မရဘူးလေကွာ။လောကမှာ လုံးဝအပြစ်ကင်းတဲ့သူတော့ ဘယ်ရှိမလဲ”

“ကျွန်တော့စကား မဆုံးသေးဘူးလေဗျာ။တကယ်လို့ အပြစ်မကင်းရင်တောင်၊ အကျိုးနဲ့ အပြစ်ကိုတော့ ခွဲခြားသိရမှာပေါ့။ဒါမှ သူ့ဘာသူ အမှားကိုမြင်ပြီး ပြင်နိုင်သလို၊ တရားတစ်ပုဒ်ကြောင့်ဖြစ်ဖြစ်၊ လူတစ်ယောက်ယောက်ကြောင့် ဖြစ်ဖြစ်၊ စာတစ်ပုဒ်ပုဒ်ကြောင့်ဖြစ်ဖြစ်၊ တိုက်ဆိုင်မှုတစ်ခုခုကြောင့်ဖြစ်ဖြစ် သူ့အမှားကိုပြင်နိုင်တယ်လေ”

ရုတ်တရက် ကျွန်တော့အိတ်ထဲမှ ဖုန်းမြည်လာသည့်အတွက် စကားကောင်းနေသော ထိုလူနှစ်ယောက်ကို အမူအရာနှင့်တောင်းပန်ပြီး ဖုန်းပြောလိုက်ရသည်။ဇနီးသည်ဖြစ်သူက အိမ်မှာ နယ်ကမိတ်ဆွေတစ်ယောက် ရောက်နေကြောင်းနှင့် တခြားအရေးကြီးကိစ္စမရှိလျှင် ပြန်လာရန်ပြောသဖြင့် ထမင်းဖိုးပိုက်ဆံရှင်းပြီး ထိုသူနှစ်ယောက်ကိုလည်း အမူအရာနှင့် နှုတ်ဆက်ပြီး ထပြန်လာခဲ့သည်။

ထမင်းဆိုင်က ဈေးနှုန်းချိုသာပြီး၊ ဟင်းချက်ကောင်း၍ စားသူများလှသည်။ကျွန်တော်ထမင်းစား၍ တစ်ဝက်လောက်မှာပဲ ကျွန်တော့အရွယ် တစ်ယောက်နှင့် ကျွန်တော့ထက် လေး၊ ငါးနှစ်ခန့်ငယ်မည့် တစ်ယောက်တို့ ကျွန်တော့စားပွဲမှာ ဝင်ထိုင်ကြသည်။သူတို့ပြောတာကို နားထောင်ချင်သေးသဖြင့် ထမင်းစားပြီးသော်လည်း ရေနွေးကြမ်းဆက်သောက်နေဖြစ်ခဲ့သည်။

ရွေးကောက်ပွဲက နီးကပ်လာပြီဆိုတော့ ခံစားချက်တွေ၊ စိတ်ကူးတွေ၊ ဖြစ်ချင်တာတွေ၊ မကျေနပ်မှုတွေ တစ်ယောက်တစ်မျိုးစီ ပြောကြတာပဲလေ။သူတို့ပြောသလို လူကအဓိကဆိုတာကတော့ တကယ်မှန်ပါသည်။
လူများစုကလည်း သိနေကြပါသည်။

ပညာဘယ်လောက်တတ်တတ်၊ ငွေဘယ်လောက်ချမ်းသာချမ်းသာ၊ လက်နက်ဘယ်လောက်ကောင်းကောင်း၊ အုပ်စုဘယ်လောက်တောင့်တောင့် လူလူချင်းမေတ္တာမထားတတ်လျှင်၊ မသနားတတ်လျှင်၊ မုဒိတာမပွားနိုင်လျှင်၊ အများအကျိုးအတွက် မိမိကိုယ်ကျိုးကို မစွန့်လွှတ်ရဲလျှင်၊ မိမိကိုယ်မိမိ မှား၍မှားမှန်းမသိလျှင်၊ မှားမှန်းသိသော်လည်း မပြုပြင်လျှင် ထိုသူသည် နိုင်ငံ့ခေါင်းဆောင်မလုပ်သင့်ပါ။ပြည်သူကလည်း ထိုသူမျိုးကို မရွေးချယ်သင့်ပါ။ထိုကဲ့သို့ တစ်ကိုယ်ကောင်းသမားမျိုးသာ ခေါင်းဆောင်ဖြစ်သွား၍ကတော့ ရတနာသိုက်ကိုစောင့်ကြပ်ခွင့်ရသော သူခိုး၊ ဓါးပြများကဲ့သို့ အပျော်ကြီးပျော်သွားကြပေလိမ့်မည်။သူတို့အုပ်ချုပ်ပြီး မကြာမီမှာပဲ တိုင်းပြည်လည်း ချွတ်ချုံကျသွားမှာ သေချာပါသည်။

စိတ်ကောင်း ရှိ၊ မရှိကို အဓိကထားစဉ်းစားမည်ဆိုလျှင် နိုင်ငံ့ခေါင်းဆောင် လေးမျိုးရှိပါမည်။

(၁) နိုင်ငံနှင့် လူမျိုး၏ အကျိုးအတွက် အဓိကထားကြိုးစားပြီး အာဏာရပြီးသောအခါ၌လည်း နိုင်ငံနှင့် လူမျိုးအတွက်ကိုသာ အဓိကထား၍ ဆထက်ထမ်းပိုးဆောင်ရွက်သော ခေါင်းဆောင်များ။

(၂) မိမိ၏ ကိုယ်ကျိုးအတွက် ရည်ရွယ်၍ ခေါင်းဆောင်ဖြစ်အောင် ကြိုးစားပြီး အာဏာရပြီးသော နောက်ပိုင်းတွင် စိတ်သဘောထားပြောင်းလာပြီး မိမိ၏အတ္တကို ရှေ့တန်းမတင်တော့ဘဲ၊ နိုင်ငံနှင့် လူမျိုးအတွက်ကို အဓိကထား၍ ဆထက်ထမ်းပိုး ဆောင်ရွက်သော ခေါင်းဆောင်များ။

(၃) နိုင်ငံနှင့် လူမျိုး၏ အကျိုးအတွက် အဓိကထားကြိုးစားပြီး အာဏာရပြီးသော နောက်ပိုင်းတွင် စိတ်သဘောထားပြောင်းလာပြီး နိုင်ငံနှင့် လူမျိုးအတွက် မစဉ်းစားတော့ဘဲ မိမိ၏ အတ္တအကျိုးသက်သက်ကိုသာ ဦးစားပေးဆောင်ရွက်ရင်း နိုင်ငံနှင့် လူမျိုး ဒုက္ခရောက်စေသော ခေါင်းဆောင်များ။

(၄) မိမိ၏ကိုယ်ကျိုးအတွက် ရည်ရွယ်၍ ခေါင်းဆောင်ဖြစ်အောင်ကြိုးစားပြီး အာဏာရပြီးသော နောက်ပိုင်းတွင်လည်း မူလရည်ရွယ်ချက်အတိုင်း မိမိ၏ကိုယ်ကျိုးအတ္တအတွက် ရလေလိုလေဖြစ်ပြီး နိုင်ငံနှင့် လူမျိုးကိုပင် ရောင်းစားသော ခေါင်းဆောင်များ။

ပထမအမျိုးအစား ခေါင်းဆောင်ကတော့ ဘာအပြစ်မှပြောစရာမရှိသော တကယ့်ခေါင်းဆောင်ကောင်း ဖြစ်လေသည်။ဒုတိယခေါင်းဆောင်မျိုးသည် အစ စေတနာမကောင်းသော်လည်း နောက်ပိုင်းတွင် ပြည်သူ့အပေါ် စေတနာထားလာသူဖြစ်၍ အလွန်တော်သည့်ခေါင်းဆောင်အဖြစ် ချီးကျူးရမည်ဖြစ်သည်။
တတိယအမျိုးအစား ခေါင်းဆောင်သည် အစပိုင်း စေတနာကောင်းသော်လည်း နောက်ပိုင်းတွင် အာဏာကိုအလွဲသုံးပြုလုပ်၍ ကိုယ်ကျိုးရှာ အမြတ်ထုတ်သူဖြစ်သောကြောင့် စတုတ္ထအမျိုးအစားကဲ့သို့ပင် နိုင်ငံခေါင်းဆောင်ကောင်း မဖြစ်သည့်အပြင် နိုင်ငံနှင့် ပြည်သူ၏ ရန်သူများသာဖြစ်သည်။

ထို့ကြောင့် နိုင်ငံ့ခေါင်းဆောင်များသည် မည်သည့်စိတ်ထားနှင့် ကြိုးစား၊ ကြိုးစား အာဏာရပြီး နောက်ပိုင်းတွင် အာဏာကိုအလွဲသုံးစားလုပ်၍ ကိုယ်ကျိုးမရှာဘဲ၊ အာဏာကို မှန်မှန်ကန်ကန်အသုံးချ၍ နိုင်ငံနှင့် ပြည်သူ့ အကျိုးအတွက် ဆောင်ရွက်သင့်ပေသည်။

မိမိသည် တစ်နိုင်ငံလုံးကို အုပ်ချုပ်နေရသူဖြစ်သဖြင့် မိမိ၏စိတ်အခြေအနေကို အမြဲသတိပြုဆင်ခြင်နေသင့်သည်။မိမိ၏အတွေး၊ မိမိ၏ဆုံးဖြတ်ချက်၊ မိမိ၏အာဏာသည် နိုင်ငံနှင့် ပြည်သူ၏ အနာဂတ်ဆိုတာကို ရင်ဘတ်နှင့် ဦးခေါင်းနှင့်ယှဉ်၍ အမြဲသတိထားနေရပေမည်။

ခေါင်းဆောင်တစ်ယောက်သည် မိမိထက်အဆင့်ကြီးသူ၊ အသက်ကြီးသူထံမှရော အဆင့်ငယ်သူ၊ အသက်ငယ်သူထံမှပါ ရရှိသော အကြံဉာဏ်များကို တန်ဖိုးထားပြီး လေးလေးစားစား စဉ်းစားပေးသင့်သည်။ပြည်သူ၏ ဘဝတွေကို မျက်ခြည်မပြတ် ကြည့်သင့်သလို၊ ပြည်သူ့အသံကိုလည်း အမြဲမပြတ်နားစွင့်နေသင့်၏။    

တကယ်တော့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်သည် ရွှေစံအိမ်မှာ အငြိမ့်သားဇိမ်ခံနေထိုင်၊ လက်အောက်ငယ်သားတို့၏ ဘုရားထူးသံကို နားအရသာခံ၊ မိသားစုတွေ ငွေကိုရေလိုသုံးပြီး လက်အောက်အရာရှိတွေ၊ ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ ပေးတာယူ၊ ပြောတာယုံနေ၍ မဖြစ်ပေ။မိမိက တစ်ချက်လွှတ် အမိန့်အာဏာနှင့် အုပ်ချုပ်သည့်အတွက် လက်အောက်ငယ်သားတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေက အကြံကောင်းဉာဏ်ကောင်းလည်း ရဲရဲမပေးဝံ့ကြခြေ။မိမိပြောသမျှကို ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား လုပ်နေကြလိမ့်မည်။

ပြည်သူတွေ အနေအစားချို့တဲ့ကာ ဒုက္ခမည်မျှပင်ရောက်နေစေကာမူ လက်အောက်ငယ်သားတို့က သတင်းအမှန်ကို ဖုံးကွယ်ထားသဖြင့် မိမိက သတင်းအမှန်၊ အခြေအနေအမှန်ကို မသိရပေ။ပြည်သူနှင့် ဝေးသည်ထက်ဝေးသွားပြီး ပြည်သူ့ဘဝဆိုးတွေကို လျစ်လျူရှုရာရောက်ပေလိမ့်မည်။

ပြည်သူတွေက နိုင်ငံ့ခေါင်းဆောင်များကို အမိန့်အာဏာကြောင့် မကြည်ညိုပါ။ပညာတွေတတ်တာကြောင့်လည်း ကျေးဇူးမတင်ပါ။လက်နက်တွေ၊ ကျည်ဆံတွေကြောင့်လည်း မလေးစားပါ။ချိုချိုသာသာ စကားဆိုရုံနှင့်လည်း ဝမ်းမသာနိုင်ကြပါ။သူတို့၏ စား၊ ဝတ်၊ နေရေး အဆင်ပြေပြီး ကျန်းမာရေး၊ ပညာရေးနှင့် ပတ်သက်သော အခြေခံလူ့အခွင့်အရေးများရရှိကာ အခွန်အကောက်အမျိုးမျိုးနှင့် ကျပ်တည်းအောင် ဖိနှိပ်မခံရလျှင် နိုင်ငံ့ခေါင်းဆောင်များကို (မျက်နှာကိုမမြင်ဖူးသည့်တိုင်) ကျေးဇူးတင်ကြလိမ့်မည်။လေးစားချင်ခင်ကြလိမ့်မည်။မေတ္တာပို့သကြလိမ့်မည်။

စား၊ ဝတ်၊ နေရေးက မပြေလည်၊ အခွန်အကောက်တွေကများ၊ ကျန်းမာရေး ပညာရေးနှင့် ပတ်သက်၍ ဘာအခွင့်အရေးမှမရ၊ လူဆိုးသူခိုးတွေက ပေါများနေလျှင်တော့ အုပ်ချုပ်သူ ခေါင်းဆောင်များအပေါ် အကြည်ညိုပျက်လိမ့်မည်။မကျေမနပ်ဖြစ်လိမ့်မည်။ကျိန်ဆဲကြလိမ့်မည်။

နိုင်ငံ့ခေါင်းဆောင်သည် အာဏာနှင့် လုပ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန်အသုံးပြုသင့်သည်။နိုင်ငံ့ကောင်းစားရေးကို ဦးတည်ကာ တရားမျှတသော ဥပဒေများချမှတ်ပြီး၊ ကိုယ်တိုင်ကလည်း ထိုဥပဒေကို လေးစားလိုက်နာသင့်သည်။ပြည်သူအပေါ် အဂတိမလိုက်စားဘဲ ကျောကသားလည်းသား၊ ရင်ကသားလည်းသားဟု သဘောထားသင့်သည်။

အသစ်ဝင်ရောက်ယှဉ်ပြိုင်၍ နိုင်ငံ့ခေါင်းဆောင်လုပ်မည့်သူများအနေနှင့် အထက်မှာဖေါ်ပြထားသော ပထမတန်းစားခေါင်းဆောင်မျိုးကဲ့သို့ နိုင်ငံနှင့် ပြည်သူတွေကို ဆင်းရဲတွင်းမှကယ်တင်ရန်၊ လူ့အခွင့်အရေးများ အပြည့်အဝရရှိစေရန် စေတနာထား၍ အကောင်းဆုံးအစီအစဉ်များ ဆွဲထားသင့်သည်။အကယ်၍ အရွေးခံရပြီး အာဏာရပြီးလျှင်လည်း စိတ်ထားမပြောင်းဘဲ၊ စည်းစိမ်အာဏာမှာ နစ်မျောယစ်မူးမနေဘဲ နဂိုလ်ရည်ရွယ်ထားသည့်အတိုင်း မဆုတ်မနစ်ဆောင်ရွက်သင့်သည်။

လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ခေါင်းဆောင်များအနေနှင့်လည်း ထပ်မံယှဉ်ပြိုင်၍ ရှေ့ဆက်ခေါင်းဆောင်လုပ်ဦးမည်ဆိုလျှင် ဒုတိယတန်းစားခေါင်းဆောင်မျိုးကဲ့သို့ စိတ်ဓာတ်မွေးယူပြီး နိုင်ငံနှင့်ပြည်သူအတွက် အတွေ့အကြုံနှင့် စေတနာပေါင်းလျက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သင့်သည်။

ပြည်သူများအနေနှင့်လည်း မိမိ၏ သဘောထားဆန္ဒသည် အလွန်တန်ဖိုးကြီးကြောင်း ယုံကြည်ရပါမည်။အထက်ဖေါ်ပြပါ ပထမတန်းစား သို့မဟုတ် ဒုတိယတန်းစား ခေါင်းဆောင်မျိုးကို ရွေးချယ်နိုင်ရန်အတွက် သေသေချာချာစိစစ်နိုင်မှ တော်ကာကျပါမည်။

နိုင်ငံ၏ ခေါင်းဆောင်ရော ပြည်သူပါ အဓိကလိုအပ်သည့် အရေးအကြီးဆုံးအချက်များက အကျင့်စာရိတ္တကို အတတ်နိုင်ဆုံးစောင့်ထိန်းရပါမည်။အကောင်းနှင့် အဆိုးကို ခွဲခြားနိုင်သည့်အသိဉာဏ်ကို မွေးမြူစောင့်ရှောက်ရပါမည်။အမိနိုင်ငံကို အမှန်တကယ်တန်ဖိုးထား မြတ်နိုးရပါမည်။

နိုင်ငံ့ခေါင်းဆောင် အပါအဝင် ပြည်သူတစ်ရပ်လုံး၏ အင်အားသည် ငွေကြေး၊ စည်းစိမ်၊ ဥစ္စာ မဟုတ်ပါ။ဆင်ခြင်သတိဖြင့် စောင့်ထိန်းရမည့် အကျင့်စာရိတ္တဖြစ်ပါသည်။ပြည်သူတစ်ရပ်လုံး၏ ဘုန်းတန်ခိုးသည် ဆင်ခြင်သတိဖြင့် မွေးမြူရမည့် အသိဉာဏ်ဖြစ်ပါသည်။ပြည်သူတစ်ရပ်လုံး၏ အောင်မြင်မှုသည် နိုင်ငံချစ်စိတ်ပင် ဖြစ်ပါသည်။

ခေါင်းဆောင်များ၏ သီးခြားလိုအပ်ချက်ကတော့ ပြည်သူအားလုံး (မိမိကို ဆန္ဒပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ) အပေါ် တူညီသောစေတနာ ထားရပါမည်။

ပြည်သူ၏သီး ခြားလိုအပ်ချက်ကတော့ မိမိအပေါ်၊ တစ်ပါတီတည်းအပေါ် ကောင်းမည့်ခေါင်းဆောင်မျိုးကို မရွေးဘဲ မိမိအပါအဝင် ပြည်သူတစ်ရပ်လုံးအပေါ် တကယ်စေတနာထားနိုင်မည်ဟု ယုံကြည်ရသော ခေါင်းဆောင်မျိုးကို မိမိဉာဏ်မှီသလောက် စိစစ်ရွေးချယ်ရပါမည်။အာဏာရခေါင်းဆောင်သည် မိမိဆန္ဒပေး ရွေးချယ်ခဲ့သူ မဟုတ်သည့်တိုင် နိုင်ငံနှင့် ပြည်သူ၏ ကောင်းကျိုးအတွက် ဆောင်ရွက်နေသည်မှန်ပါက ထိုခေါင်းဆောင်ကို လေးလေးစားစား ယုံကြည်ရပါမည်။

ဒီနေ့ အားလုံးမျှော်လင့်တာက မနက်ဖြန်အတွက်ပါ။

မနက်ဖြန်အတွက် အားလုံးလုပ်နိုင်တာက ဒီနေ့ပါ။

စကားတစ်ခွန်းထပ်ပြောခွင့်ပြုပါ။

The more preparing we do, the less errors we have.

ကြိုတင်ပြင်ဆင်လေလေ၊ အမှားနည်းလေလေပါ။

ရိုက်မောင်း
ဇန်န၀ါရီ - ၂

( Zawgyi )

“မဲစာရင္းသြားၾကည့္ၿပီးၿပီလား”

“မၾကည့္ရေသးဘူး။ဘာျဖစ္လို႔လဲ”

“ဘာျဖစ္ရမွာလဲ။ အသည္းၾကားက မဲတစ္ျပားရဲ႕အေရးပါပုံကို မင္းမသိလို႔လား”

“ဘဝတူအခ်င္းခ်င္းေတြ၊ လူတတ္ႀကီးလာလုပ္မေနနဲ႔။ခင္ဗ်ားနာမည္ ပါ၊ မပါသာ ေသေသခ်ာခ်ာသြားၾကည့္။က်ဳပ္ကေတာ့ေအးေဆးပဲ။ဒါမ်ိဳးေတြက႐ိုးေနၿပီ”

“ငါေနာက္ေနတာမဟုတ္ဘူး။မင္းတို႔၊ ငါတို႔ တတ္ႏိုင္တာ ဒါပဲရွိတယ္ေလ။ဒါေလးတစ္ခုေတာ့ ေလးေလးစားစား လုပ္ရမွာေပါ့”

“ဟာ-အသားလြတ္ႀကီး စာလာဖတ္ေနပါလား။ကြၽန္ေတာ္က ဘာကိုမေလးမစားလုပ္ေနလို႔လဲ”

“မင္းက ေအးေဆးပဲဆို။ဒါေတြ႐ိုးေနၿပီဆို”

“ဟုတ္တယ္ေလ။ခင္ဗ်ားတို႔၊ ကြၽန္ေတာ္တို႔ အခုမွမဲေပးဖူးတာလား။ပထမဆုံး မဲစေပးတာ မွတ္မိေသးလား။အမေတပါတီက ျပည္သူ႔ပါတီသို႔=ဆိုၿပီး တစ္ပါတီအာဏာရွင္စနစ္ကို အသက္သြင္းတဲ့ ဆႏၵခံယူပြဲမွာေလ”

“ဟုတ္တယ္ေလ။အဲဒီတုန္းက မင္းနဲ႔ငါ သမဝါယမမွာ အလုပ္လုပ္တဲ့အခ်ိန္ေပါ့”

“ကြၽန္ေတာ္တို႔ အသည္းစကားကို ေခါင္းေဆာင္ေတြက အသိအမွတ္ျပဳခဲ့လို႔လား။သူတို႔လုပ္ခ်င္တာကိုပဲ လုပ္ခဲ့တာေလ”

“အဲဒါက၊ တစ္ပါတီအာဏာရွင္ေခတ္ေလကြာ။မင္းတို႔ ငါတို႔ ျပည္သူေတြ ႏွလုံးသားမပါတဲ့ပြဲမို႔လို႔ သူတို႔ေတြ သက္ဆိုးမရွည္ခဲ့ဘူးေလကြာ”

“စစ္အာဏာရွင္ေခတ္မွာ တစ္ခါ ေ႐ြးေကာက္ပြဲလုပ္ခဲ့တယ္ေလ”

“ဟုတ္တယ္ေလ။မင္းတို႔ ငါတို႔ ျပည္သူ႔ႏွလုံးသားေတြနဲ႔ ႏွစ္ႏွစ္ကာကာ မဲေပးခဲ့လို႔၊ တစ္ခဲနက္အႏိုင္ရခဲ့တယ္ မဟုတ္လား”

“ႏိုင္တဲ့ႏွလုံးသားေတြလည္း သူတို႔ဖိနပ္ေအာက္မွာ ေၾကမြခဲ့ရတာပဲ မဟုတ္လား”

“အတိတ္ကဒဏ္ရာေတြကို ထိုးဆြမေနပါနဲ႔ေတာ့ကြာ။ပစၥဳပၸန္တည့္တည့္ကသာ အေရးအႀကီးဆုံးနဲ႔ လက္ေတြ႕အဆန္ဆုံးပါ။အခုက ဒီမိုကေရစီေခတ္ပါ။ဒီမိုကေရစီစနစ္ကိုေတာ့ ငါတို႔၊ မင္းတို႔ ယုံၾကည္ရမယ္”

“ဘာကိုလဲ။ျမန္မာ့နည္း ျမန္မာ့ဟန္ ဒီမိုကေရစီကိုလား”

“ေတာ္ပါေတာ့ကြာ။ဒါ ကေလးကစားတာ မဟုတ္ပါဘူး”

“ကြၽန္ေတာ္ကလည္း ကေလးကစားတာ မဟုတ္မွန္းသိလို႔ ေျပာေနတာေပါ့”

“မင္းကလည္းေျပာေတာ့မယ္”

“အဲဒါေတြရဲ႕ တရားခံက ဖက္ဆစ္ဂ်ပန္ေတြပဲ”

“လာျပန္ၿပီတစ္မ်ိဳး၊ တကယ္ကိုမ႐ိုးေစရဘူး”

“တကယ္ကို ႐ိုးမသြားတာေသခ်ာတယ္။ကိုေ႐ႊဂ်ပန္ေတြက နယ္ခ်ဲ႕အဂၤလိပ္ေတြကို တိုက္ထုတ္ၿပီးတာနဲ႔ လြတ္လပ္ေရးေပးမယ္လို႔ ကတိေပးခဲ့တယ္ေလ”

“ဒါေပမယ့္ မေပးခဲ့ဘူးေလကြာ”

“ေပးခဲ့တယ္ေလဗ်ာ။ဒါေပမယ့္ အစစ္ေတာ့မဟုတ္ဘူး။အတု။ဘာတဲ့ - ေ႐ႊရည္စိမ္လြတ္လပ္ေရးေလ”

“ေအးကြ။မင္းေျပာတာလည္း ဟုတ္ေနတာပဲ။အင္း - တို႔ျပည္သူေတြလည္း ‘အတု’ နဲ႔ခ်ည္း တိုးေနရတာပဲေနာ္။ေ႐ႊရည္စိမ္လြတ္လပ္ေရးၿပီးေတာ့ ေ႐ႊရည္စိမ္ဆိုရွယ္လစ္။ေနဦးကြ၊ ဒါဆို ေနာက္တစ္ခါက ေ႐ႊရည္စိမ္အာဏာရွင္လား”

“အဲဒါကေတာ့ ေ႐ႊရည္စိမ္ မဟုတ္ေတာ့ဘူး။အာဏာရွင္အစစ္။ေ႐ႊအာဏာရွင္ေပါ့ဗ်ာ”

“အတုက ႏွစ္ခါ၊ အစစ္က တစ္ခါဆိုေတာ့”

“ေတာ္ပါေတာ့ဗ်ာ။ တိုင္းျပည္ေရွ႕ေရးကို ႏွစ္လုံးထီတြက္သလို တြက္ဦးမလို႔လား။စနစ္က အေရးႀကီးတယ္ဆိုေပမယ့္ တကယ္အေရးအႀကီးဆုံးက “လူ” ပါပဲဗ်ာ။ေ႐ႊရည္ စိမ္တာ၊ မစိမ္တာ “လူ႔စိတ္” ပဲေလ။ကြၽန္ေတာ္တို႔ ေ႐ြးခ်ယ္မယ့္ ေခါင္းေဆာင္က အျပစ္ကင္းတဲ့သူျဖစ္ရမယ္”

“အဲဒီလိုေတာ့ ေျပာလို႔မရဘူးေလကြာ။ေလာကမွာ လုံးဝအျပစ္ကင္းတဲ့သူေတာ့ ဘယ္ရွိမလဲ”

“ကြၽန္ေတာ့စကား မဆုံးေသးဘူးေလဗ်ာ။တကယ္လို႔ အျပစ္မကင္းရင္ေတာင္၊ အက်ိဳးနဲ႔ အျပစ္ကိုေတာ့ ခြဲျခားသိရမွာေပါ့။ဒါမွ သူ႔ဘာသူ အမွားကိုျမင္ၿပီး ျပင္ႏိုင္သလို၊ တရားတစ္ပုဒ္ေၾကာင့္ျဖစ္ျဖစ္၊ လူတစ္ေယာက္ေယာက္ေၾကာင့္ ျဖစ္ျဖစ္၊ စာတစ္ပုဒ္ပုဒ္ေၾကာင့္ျဖစ္ျဖစ္၊ တိုက္ဆိုင္မႈတစ္ခုခုေၾကာင့္ျဖစ္ျဖစ္ သူ႔အမွားကိုျပင္ႏိုင္တယ္ေလ”

႐ုတ္တရက္ ကြၽန္ေတာ့အိတ္ထဲမွ ဖုန္းျမည္လာသည့္အတြက္ စကားေကာင္းေနေသာ ထိုလူႏွစ္ေယာက္ကို အမူအရာႏွင့္ေတာင္းပန္ၿပီး ဖုန္းေျပာလိုက္ရသည္။ဇနီးသည္ျဖစ္သူက အိမ္မွာ နယ္ကမိတ္ေဆြတစ္ေယာက္ ေရာက္ေနေၾကာင္းႏွင့္ တျခားအေရးႀကီးကိစၥမရွိလွ်င္ ျပန္လာရန္ေျပာသျဖင့္ ထမင္းဖိုးပိုက္ဆံရွင္းၿပီး ထိုသူႏွစ္ေယာက္ကိုလည္း အမူအရာႏွင့္ ႏႈတ္ဆက္ၿပီး ထျပန္လာခဲ့သည္။

ထမင္းဆိုင္က ေဈးႏႈန္းခ်ိဳသာၿပီး၊ ဟင္းခ်က္ေကာင္း၍ စားသူမ်ားလွသည္။ကြၽန္ေတာ္ထမင္းစား၍ တစ္ဝက္ေလာက္မွာပဲ ကြၽန္ေတာ့အ႐ြယ္ တစ္ေယာက္ႏွင့္ ကြၽန္ေတာ့ထက္ ေလး၊ ငါးႏွစ္ခန႔္ငယ္မည့္ တစ္ေယာက္တို႔ ကြၽန္ေတာ့စားပြဲမွာ ဝင္ထိုင္ၾကသည္။သူတို႔ေျပာတာကို နားေထာင္ခ်င္ေသးသျဖင့္ ထမင္းစားၿပီးေသာ္လည္း ေရေႏြးၾကမ္းဆက္ေသာက္ေနျဖစ္ခဲ့သည္။

ေ႐ြးေကာက္ပြဲက နီးကပ္လာၿပီဆိုေတာ့ ခံစားခ်က္ေတြ၊ စိတ္ကူးေတြ၊ ျဖစ္ခ်င္တာေတြ၊ မေက်နပ္မႈေတြ တစ္ေယာက္တစ္မ်ိဳးစီ ေျပာၾကတာပဲေလ။သူတို႔ေျပာသလို လူကအဓိကဆိုတာကေတာ့ တကယ္မွန္ပါသည္။
လူမ်ားစုကလည္း သိေနၾကပါသည္။

ပညာဘယ္ေလာက္တတ္တတ္၊ ေငြဘယ္ေလာက္ခ်မ္းသာခ်မ္းသာ၊ လက္နက္ဘယ္ေလာက္ေကာင္းေကာင္း၊ အုပ္စုဘယ္ေလာက္ေတာင့္ေတာင့္ လူလူခ်င္းေမတၱာမထားတတ္လွ်င္၊ မသနားတတ္လွ်င္၊ မုဒိတာမပြားႏိုင္လွ်င္၊ အမ်ားအက်ိဳးအတြက္ မိမိကိုယ္က်ိဳးကို မစြန႔္လႊတ္ရဲလွ်င္၊ မိမိကိုယ္မိမိ မွား၍မွားမွန္းမသိလွ်င္၊ မွားမွန္းသိေသာ္လည္း မျပဳျပင္လွ်င္ ထိုသူသည္ ႏိုင္ငံ့ေခါင္းေဆာင္မလုပ္သင့္ပါ။ျပည္သူကလည္း ထိုသူမ်ိဳးကို မေ႐ြးခ်ယ္သင့္ပါ။ထိုကဲ့သို႔ တစ္ကိုယ္ေကာင္းသမားမ်ိဳးသာ ေခါင္းေဆာင္ျဖစ္သြား၍ကေတာ့ ရတနာသိုက္ကိုေစာင့္ၾကပ္ခြင့္ရေသာ သူခိုး၊ ဓါးျပမ်ားကဲ့သို႔ အေပ်ာ္ႀကီးေပ်ာ္သြားၾကေပလိမ့္မည္။သူတို႔အုပ္ခ်ဳပ္ၿပီး မၾကာမီမွာပဲ တိုင္းျပည္လည္း ခြၽတ္ခ်ဳံက်သြားမွာ ေသခ်ာပါသည္။

စိတ္ေကာင္း ရွိ၊ မရွိကို အဓိကထားစဥ္းစားမည္ဆိုလွ်င္ ႏိုင္ငံ့ေခါင္းေဆာင္ ေလးမ်ိဳးရွိပါမည္။

(၁) ႏိုင္ငံႏွင့္ လူမ်ိဳး၏ အက်ိဳးအတြက္ အဓိကထားႀကိဳးစားၿပီး အာဏာရၿပီးေသာအခါ၌လည္း ႏိုင္ငံႏွင့္ လူမ်ိဳးအတြက္ကိုသာ အဓိကထား၍ ဆထက္ထမ္းပိုးေဆာင္႐ြက္ေသာ ေခါင္းေဆာင္မ်ား။

(၂) မိမိ၏ ကိုယ္က်ိဳးအတြက္ ရည္႐ြယ္၍ ေခါင္းေဆာင္ျဖစ္ေအာင္ ႀကိဳးစားၿပီး အာဏာရၿပီးေသာ ေနာက္ပိုင္းတြင္ စိတ္သေဘာထားေျပာင္းလာၿပီး မိမိ၏အတၱကို ေရွ႕တန္းမတင္ေတာ့ဘဲ၊ ႏိုင္ငံႏွင့္ လူမ်ိဳးအတြက္ကို အဓိကထား၍ ဆထက္ထမ္းပိုး ေဆာင္႐ြက္ေသာ ေခါင္းေဆာင္မ်ား။

(၃) ႏိုင္ငံႏွင့္ လူမ်ိဳး၏ အက်ိဳးအတြက္ အဓိကထားႀကိဳးစားၿပီး အာဏာရၿပီးေသာ ေနာက္ပိုင္းတြင္ စိတ္သေဘာထားေျပာင္းလာၿပီး ႏိုင္ငံႏွင့္ လူမ်ိဳးအတြက္ မစဥ္းစားေတာ့ဘဲ မိမိ၏ အတၱအက်ိဳးသက္သက္ကိုသာ ဦးစားေပးေဆာင္႐ြက္ရင္း ႏိုင္ငံႏွင့္ လူမ်ိဳး ဒုကၡေရာက္ေစေသာ ေခါင္းေဆာင္မ်ား။

(၄) မိမိ၏ကိုယ္က်ိဳးအတြက္ ရည္႐ြယ္၍ ေခါင္းေဆာင္ျဖစ္ေအာင္ႀကိဳးစားၿပီး အာဏာရၿပီးေသာ ေနာက္ပိုင္းတြင္လည္း မူလရည္႐ြယ္ခ်က္အတိုင္း မိမိ၏ကိုယ္က်ိဳးအတၱအတြက္ ရေလလိုေလျဖစ္ၿပီး ႏိုင္ငံႏွင့္ လူမ်ိဳးကိုပင္ ေရာင္းစားေသာ ေခါင္းေဆာင္မ်ား။

ပထမအမ်ိဳးအစား ေခါင္းေဆာင္ကေတာ့ ဘာအျပစ္မွေျပာစရာမရွိေသာ တကယ့္ေခါင္းေဆာင္ေကာင္း ျဖစ္ေလသည္။ဒုတိယေခါင္းေဆာင္မ်ိဳးသည္ အစ ေစတနာမေကာင္းေသာ္လည္း ေနာက္ပိုင္းတြင္ ျပည္သူ႔အေပၚ ေစတနာထားလာသူျဖစ္၍ အလြန္ေတာ္သည့္ေခါင္းေဆာင္အျဖစ္ ခ်ီးက်ဴးရမည္ျဖစ္သည္။
တတိယအမ်ိဳးအစား ေခါင္းေဆာင္သည္ အစပိုင္း ေစတနာေကာင္းေသာ္လည္း ေနာက္ပိုင္းတြင္ အာဏာကိုအလြဲသုံးျပဳလုပ္၍ ကိုယ္က်ိဳးရွာ အျမတ္ထုတ္သူျဖစ္ေသာေၾကာင့္ စတုတၳအမ်ိဳးအစားကဲ့သို႔ပင္ ႏိုင္ငံေခါင္းေဆာင္ေကာင္း မျဖစ္သည့္အျပင္ ႏိုင္ငံႏွင့္ ျပည္သူ၏ ရန္သူမ်ားသာျဖစ္သည္။

ထို႔ေၾကာင့္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားသည္ မည္သည့္စိတ္ထားႏွင့္ ႀကိဳးစား၊ ႀကိဳးစား အာဏာရၿပီး ေနာက္ပိုင္းတြင္ အာဏာကိုအလြဲသုံးစားလုပ္၍ ကိုယ္က်ိဳးမရွာဘဲ၊ အာဏာကို မွန္မွန္ကန္ကန္အသုံးခ်၍ ႏိုင္ငံႏွင့္ ျပည္သူ႔ အက်ိဳးအတြက္ ေဆာင္႐ြက္သင့္ေပသည္။

မိမိသည္ တစ္ႏိုင္ငံလုံးကို အုပ္ခ်ဳပ္ေနရသူျဖစ္သျဖင့္ မိမိ၏စိတ္အေျခအေနကို အၿမဲသတိျပဳဆင္ျခင္ေနသင့္သည္။မိမိ၏အေတြး၊ မိမိ၏ဆုံးျဖတ္ခ်က္၊ မိမိ၏အာဏာသည္ ႏိုင္ငံႏွင့္ ျပည္သူ၏ အနာဂတ္ဆိုတာကို ရင္ဘတ္ႏွင့္ ဦးေခါင္းႏွင့္ယွဥ္၍ အၿမဲသတိထားေနရေပမည္။

ေခါင္းေဆာင္တစ္ေယာက္သည္ မိမိထက္အဆင့္ႀကီးသူ၊ အသက္ႀကီးသူထံမွေရာ အဆင့္ငယ္သူ၊ အသက္ငယ္သူထံမွပါ ရရွိေသာ အႀကံဉာဏ္မ်ားကို တန္ဖိုးထားၿပီး ေလးေလးစားစား စဥ္းစားေပးသင့္သည္။ျပည္သူ၏ ဘဝေတြကို မ်က္ျခည္မျပတ္ ၾကည့္သင့္သလို၊ ျပည္သူ႔အသံကိုလည္း အၿမဲမျပတ္နားစြင့္ေနသင့္၏။    

တကယ္ေတာ့ ႏိုင္ငံ့ေခါင္းေဆာင္တစ္ေယာက္သည္ ေ႐ႊစံအိမ္မွာ အၿငိမ့္သားဇိမ္ခံေနထိုင္၊ လက္ေအာက္ငယ္သားတို႔၏ ဘုရားထူးသံကို နားအရသာခံ၊ မိသားစုေတြ ေငြကိုေရလိုသုံးၿပီး လက္ေအာက္အရာရွိေတြ၊ ကုန္သည္ေတြ၊ လုပ္ငန္းရွင္ေတြ ေပးတာယူ၊ ေျပာတာယုံေန၍ မျဖစ္ေပ။မိမိက တစ္ခ်က္လႊတ္ အမိန႔္အာဏာႏွင့္ အုပ္ခ်ဳပ္သည့္အတြက္ လက္ေအာက္ငယ္သားေတြ၊ လုပ္ေဖၚကိုင္ဖက္ေတြက အႀကံေကာင္းဉာဏ္ေကာင္းလည္း ရဲရဲမေပးဝံ့ၾကေျခ။မိမိေျပာသမွ်ကို ဟုတ္ပါ့ဘုရား၊ မွန္ပါ့ဘုရား လုပ္ေနၾကလိမ့္မည္။

ျပည္သူေတြ အေနအစားခ်ိဳ႕တဲ့ကာ ဒုကၡမည္မွ်ပင္ေရာက္ေနေစကာမူ လက္ေအာက္ငယ္သားတို႔က သတင္းအမွန္ကို ဖုံးကြယ္ထားသျဖင့္ မိမိက သတင္းအမွန္၊ အေျခအေနအမွန္ကို မသိရေပ။ျပည္သူႏွင့္ ေဝးသည္ထက္ေဝးသြားၿပီး ျပည္သူ႔ဘဝဆိုးေတြကို လ်စ္လ်ဴရႈရာေရာက္ေပလိမ့္မည္။

ျပည္သူေတြက ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို အမိန႔္အာဏာေၾကာင့္ မၾကည္ညိဳပါ။ပညာေတြတတ္တာေၾကာင့္လည္း ေက်းဇူးမတင္ပါ။လက္နက္ေတြ၊ က်ည္ဆံေတြေၾကာင့္လည္း မေလးစားပါ။ခ်ိဳခ်ိဳသာသာ စကားဆို႐ုံႏွင့္လည္း ဝမ္းမသာႏိုင္ၾကပါ။သူတို႔၏ စား၊ ဝတ္၊ ေနေရး အဆင္ေျပၿပီး က်န္းမာေရး၊ ပညာေရးႏွင့္ ပတ္သက္ေသာ အေျခခံလူ႔အခြင့္အေရးမ်ားရရွိကာ အခြန္အေကာက္အမ်ိဳးမ်ိဳးႏွင့္ က်ပ္တည္းေအာင္ ဖိႏွိပ္မခံရလွ်င္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို (မ်က္ႏွာကိုမျမင္ဖူးသည့္တိုင္) ေက်းဇူးတင္ၾကလိမ့္မည္။ေလးစားခ်င္ခင္ၾကလိမ့္မည္။ေမတၱာပို႔သၾကလိမ့္မည္။

စား၊ ဝတ္၊ ေနေရးက မေျပလည္၊ အခြန္အေကာက္ေတြကမ်ား၊ က်န္းမာေရး ပညာေရးႏွင့္ ပတ္သက္၍ ဘာအခြင့္အေရးမွမရ၊ လူဆိုးသူခိုးေတြက ေပါမ်ားေနလွ်င္ေတာ့ အုပ္ခ်ဳပ္သူ ေခါင္းေဆာင္မ်ားအေပၚ အၾကည္ညိဳပ်က္လိမ့္မည္။မေက်မနပ္ျဖစ္လိမ့္မည္။က်ိန္ဆဲၾကလိမ့္မည္။

ႏိုင္ငံ့ေခါင္းေဆာင္သည္ အာဏာႏွင့္ လုပ္ပိုင္ခြင့္ကို မွန္မွန္ကန္ကန္အသုံးျပဳသင့္သည္။ႏိုင္ငံ့ေကာင္းစားေရးကို ဦးတည္ကာ တရားမွ်တေသာ ဥပေဒမ်ားခ်မွတ္ၿပီး၊ ကိုယ္တိုင္ကလည္း ထိုဥပေဒကို ေလးစားလိုက္နာသင့္သည္။ျပည္သူအေပၚ အဂတိမလိုက္စားဘဲ ေက်ာကသားလည္းသား၊ ရင္ကသားလည္းသားဟု သေဘာထားသင့္သည္။

အသစ္ဝင္ေရာက္ယွဥ္ၿပိဳင္၍ ႏိုင္ငံ့ေခါင္းေဆာင္လုပ္မည့္သူမ်ားအေနႏွင့္ အထက္မွာေဖၚျပထားေသာ ပထမတန္းစားေခါင္းေဆာင္မ်ိဳးကဲ့သို႔ ႏိုင္ငံႏွင့္ ျပည္သူေတြကို ဆင္းရဲတြင္းမွကယ္တင္ရန္၊ လူ႔အခြင့္အေရးမ်ား အျပည့္အဝရရွိေစရန္ ေစတနာထား၍ အေကာင္းဆုံးအစီအစဥ္မ်ား ဆြဲထားသင့္သည္။အကယ္၍ အေ႐ြးခံရၿပီး အာဏာရၿပီးလွ်င္လည္း စိတ္ထားမေျပာင္းဘဲ၊ စည္းစိမ္အာဏာမွာ နစ္ေမ်ာယစ္မူးမေနဘဲ နဂိုလ္ရည္႐ြယ္ထားသည့္အတိုင္း မဆုတ္မနစ္ေဆာင္႐ြက္သင့္သည္။

လက္ရွိ တာဝန္ထမ္းေဆာင္ဆဲ ေခါင္းေဆာင္မ်ားအေနႏွင့္လည္း ထပ္မံယွဥ္ၿပိဳင္၍ ေရွ႕ဆက္ေခါင္းေဆာင္လုပ္ဦးမည္ဆိုလွ်င္ ဒုတိယတန္းစားေခါင္းေဆာင္မ်ိဳးကဲ့သို႔ စိတ္ဓာတ္ေမြးယူၿပီး ႏိုင္ငံႏွင့္ျပည္သူအတြက္ အေတြ႕အႀကဳံႏွင့္ ေစတနာေပါင္းလ်က္ စြမ္းစြမ္းတမံ ႀကိဳးစားေဆာင္႐ြက္သင့္သည္။

ျပည္သူမ်ားအေနႏွင့္လည္း မိမိ၏ သေဘာထားဆႏၵသည္ အလြန္တန္ဖိုးႀကီးေၾကာင္း ယုံၾကည္ရပါမည္။အထက္ေဖၚျပပါ ပထမတန္းစား သို႔မဟုတ္ ဒုတိယတန္းစား ေခါင္းေဆာင္မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္ရန္အတြက္ ေသေသခ်ာခ်ာစိစစ္ႏိုင္မွ ေတာ္ကာက်ပါမည္။

ႏိုင္ငံ၏ ေခါင္းေဆာင္ေရာ ျပည္သူပါ အဓိကလိုအပ္သည့္ အေရးအႀကီးဆုံးအခ်က္မ်ားက အက်င့္စာရိတၱကို အတတ္ႏိုင္ဆုံးေစာင့္ထိန္းရပါမည္။အေကာင္းႏွင့္ အဆိုးကို ခြဲျခားႏိုင္သည့္အသိဉာဏ္ကို ေမြးျမဴေစာင့္ေရွာက္ရပါမည္။အမိႏိုင္ငံကို အမွန္တကယ္တန္ဖိုးထား ျမတ္ႏိုးရပါမည္။

ႏိုင္ငံ့ေခါင္းေဆာင္ အပါအဝင္ ျပည္သူတစ္ရပ္လုံး၏ အင္အားသည္ ေငြေၾကး၊ စည္းစိမ္၊ ဥစၥာ မဟုတ္ပါ။ဆင္ျခင္သတိျဖင့္ ေစာင့္ထိန္းရမည့္ အက်င့္စာရိတၱျဖစ္ပါသည္။ျပည္သူတစ္ရပ္လုံး၏ ဘုန္းတန္ခိုးသည္ ဆင္ျခင္သတိျဖင့္ ေမြးျမဴရမည့္ အသိဉာဏ္ျဖစ္ပါသည္။ျပည္သူတစ္ရပ္လုံး၏ ေအာင္ျမင္မႈသည္ ႏိုင္ငံခ်စ္စိတ္ပင္ ျဖစ္ပါသည္။

ေခါင္းေဆာင္မ်ား၏ သီးျခားလိုအပ္ခ်က္ကေတာ့ ျပည္သူအားလုံး (မိမိကို ဆႏၵေပးသည္ျဖစ္ေစ၊ မေပးသည္ျဖစ္ေစ) အေပၚ တူညီေသာေစတနာ ထားရပါမည္။

ျပည္သူ၏သီး ျခားလိုအပ္ခ်က္ကေတာ့ မိမိအေပၚ၊ တစ္ပါတီတည္းအေပၚ ေကာင္းမည့္ေခါင္းေဆာင္မ်ိဳးကို မေ႐ြးဘဲ မိမိအပါအဝင္ ျပည္သူတစ္ရပ္လုံးအေပၚ တကယ္ေစတနာထားႏိုင္မည္ဟု ယုံၾကည္ရေသာ ေခါင္းေဆာင္မ်ိဳးကို မိမိဉာဏ္မွီသေလာက္ စိစစ္ေ႐ြးခ်ယ္ရပါမည္။အာဏာရေခါင္းေဆာင္သည္ မိမိဆႏၵေပး ေ႐ြးခ်ယ္ခဲ့သူ မဟုတ္သည့္တိုင္ ႏိုင္ငံႏွင့္ ျပည္သူ၏ ေကာင္းက်ိဳးအတြက္ ေဆာင္႐ြက္ေနသည္မွန္ပါက ထိုေခါင္းေဆာင္ကို ေလးေလးစားစား ယုံၾကည္ရပါမည္။

ဒီေန႔ အားလုံးေမွ်ာ္လင့္တာက မနက္ျဖန္အတြက္ပါ။

မနက္ျဖန္အတြက္ အားလုံးလုပ္ႏိုင္တာက ဒီေန႔ပါ။

စကားတစ္ခြန္းထပ္ေျပာခြင့္ျပဳပါ။

The more preparing we do, the less errors we have.

ႀကိဳတင္ျပင္ဆင္ေလေလ၊ အမွားနည္းေလေလပါ။

႐ိုက္ေမာင္း
ဇန္န၀ါရီ - ၂