【 ဆောင်းပါး 】 သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြောပြကြတဲ့ အမိမြကျွန်းညိုအကြောင်း

【 ဆောင်းပါး 】 သားစဉ်မြေးဆက် လက်ဆင့်ကမ်းပြောပြကြတဲ့ အမိမြကျွန်းညိုအကြောင်း

မိခင်မြကျွန်းညို အသက် ၁၀၀ ပြည့်တော့မည်။ မြကျွန်းညိုမိခင် စတင်မွေးဖွားခဲ့သည်မှ ရာပြည့်သက်တမ်းသို့ ချဉ်းကပ်လာချိန်ထိတိုင် အမိမြကျွန်းညို ဖြတ်သန်းခဲ့ရသည့် လွမ်းမောဖွယ်နေ့ရက်များ၊ နာကျည်းခံခက်ရသည့်နေ့ရက်များ၊ စစ်တလင်းပြင်ဖြစ်ခဲ့ရသည့်အချိန်များ၊ ဒဏ်ရာအနာတရဖြစ်ခဲ့ရသည့် ကာလများ၊ ရွှေရောင်နေ့ရက်များ၊ မှောင်မိုက်လှသည့် သန်းခေါင်ယံအချိန်များ၊ မိုးသက်မုန်တိုင်းထန်သောနေ့များ စသဖြင့် မိခင်ကြီးဖြတ်သန်းခဲ့ရသည့် လောကဓံခရီးကို သားသမီးမြေးမြစ်တို့က မမေ့နိုင်ကြပေ။အသက်တစ်ရာပြည့်တော့မည့် မိခင်မွေးနေ့ကို စာပန်းချီချယ်သ ပူဇော်ကန်တော့ကြ၊ တေးသီကျူးကန်တော့ကြ၊ ပန်းချီချယ်မှုန်းကန်တော့ကြ စသဖြင့် နယ်ပယ်စုံတွင် ကျင်လည်နေကုန်သော သားသမီးမြေးမြစ်များက သန်ရာသန်ရာပညာဝါသနာတို့ဖြင့် ကန်တော့ပန်းဆင်ကြပါသည်။

အမိ၏ သားသမီးမြေးမြစ် ၁၇ ယောက်က မိခင်ကြီးဖြတ်သန်းရသည့် လောကဓံခရီးကို “စိန်ပန်းကံ့ကော် ဆွတ်ပျံ့လွမ်းဖွယ်” အမည် စာစုဖြင့် နောင်လာနောက်သားမျိုးဆက်များအား လက်ဆင့်ကမ်းရင်း မိခင်ကြီးကို ကန်တော့ပန်းဆင်လိုက်ကြပါသည်။

၁၉၂၀ ပြည့်နှစ်တွင် အမိမြကျွန်းညို စတင်မွေးဖွားလာသည်နှင့် အတူပူးတွဲပါလာသည့် ဥပဒေသတချို့ကို ကျောင်းသားကျောင်းသူများက ကြိုးနီများဖြင့် အထပ်ထပ်ရစ်ပတ်ရကောင်းလားဟု မခံမရပ်နိုင်ဖြစ်ကြပါသည်။အဆိုပါကြိုးနီများကို ဖြတ်တောက်ကြပါသည်။ထိုသို့ဖြတ်တောက်ခြင်းကို အခမဲ့လုပ်ဆောင်ခွင့်ရခဲ့သည် မဟုတ်ပေ။အမိ၏ သားကောင်းရတနာ ဗိုလ်အောင်ကျော်၏ အသက်နှင့် တခြားကျောင်းသားကျောင်းသူများ၏ သွေးချွေးများကို ပေးဆပ်၍ ဖြတ်တောက်ခဲ့ရခြင်းဖြစ်ပါသည်။သို့ဖြင့် ထိုအချိန်တုန်းက အမိမြကျွန်းညို ပရဝဏ်တွင်းတွင် အောင်ကျော်ရင်ပြင်ဟူသော နေရာရှိခဲ့ပါသည်။ယနေ့မျိုးဆက်များ မသိမမှီခဲ့သည့် သည်ရင်ပြင်အကြောင်းကို မောင်အောင်မွန် က “အောင်ကျော်ရင်ပြင်ဟု ခေါ်သည်” စာပန်းချီဖြင့် မိခင်ကို ပူဇော်ကန်တော့ခဲ့ပါသည်။

အမိတက္ကသိုလ်၏ အသက်ဝိဉာဉ်သည် အသိဉာဏ်နှင့်ပညာ ဖြစ်ပါသည်။ထိုအရာ ၂ ရပ်အတွက် မရှိမဖြစ် လိုအပ်သည်မှာ ချုပ်နှောင်မှုကင်းသည့် လွတ်လပ်ခြင်းဖြစ်ပါသည်။သို့သော် အမိတက္ကသိုလ်နယ်မြေသည် ပညာမြေမဟုတ်ဘဲ စစ်ဘီလူးတို့ မျက်မုန်းကျိုး၍ ယမ်းငွေ့ဝေခဲ့ရသည့်နယ်မြေ၊ အေးမြသာယာသော ကံ့ကော်ရိပ်တွင် ဥဩသံချိုလွင်ရမည့်အစား၊ သေနတ်သံ၊ ဒိုင်းနမိုက်သံတို့ မြည်ဟီးခဲ့သည့် ဖုန်းဆိုးမြေ ဖြစ်ခဲ့ဖူးပါသည်။စစ်ဘီလူးများနှင့် သူတို့ကိုအာခံသည့် အမိ၏ သားသမီးများ မကြာခဏထိပ်တိုက်တွေ့ကြသည့် ပွဲတစ်ပွဲပြီးသွားတိုင်း၊ ကံ့ကော်နံ့သင်းခဲ့သည့် နယ်မြေသည် အပိတ်အဆို့၊ အတားအဆီးအကာအရံများကြားသို့ ကျဆင်းခဲ့ရသည်မှာ ဒဏ်ရာဗရပွရပြီး ခေါင်းကွဲ၊ ခြေကျိုးလက်ကျိုး၊ နံရိုးကျိုးသဖြင့် ခန္ဓာကိုယ်အနှံ့ ကျောက်ပတ္တီးကိုင်ခံထားရသည့် လူနာသဖွယ် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရပုံကို အမေ့သမီးတစ်ယောက်က “သံကြိုးသော့ခလောက်နှင့် ခြံစည်းရိုးများကြားမှ တက္ကသီလာ နှစ်တစ်ရာ” အမည်ဖြင့် သီဖွဲ့ပြသခဲ့ပါသည်။

မြကျွန်းညိုရင်ခွင်တွင် ပညာရည်နို့သောက်စို့ရန် ရောက်လာကြသည့် သားသမီးများတွင် စုရပ်လေးများရှိကြပါသည်။သားသမီးတို့၏ ခိုနားရာ၊ ဆွေးနွေးနှီးနှော တိုင်ပင်ရာနေရာ၊ အထူးသဖြင့် ကိုယ်စီပါခဲ့ကြသော အနုပညာမျိုးစေ့များကို မြေစမ်းခရမ်းပျိုးကြသူတို့၏ အစို့အညောင့်ပင်ပေါက်လေးများ ပျိုးခင်းရှင် စိုက်ပျိုးသူတို့ စုစည်းဆုံတွေ့ကြသော ဦးချစ် လက်ဖက်ရည်ဆိုင်သည် အမိတက္ကသိုလ်နှင့်အတူ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရပါသည်။ဦးချစ် လက်ဖက်ရည်ဆိုင်ဆိုသည်နှင့်အညီ ပိုင်ရှင် ဦးချစ်နှင့် ပါရမီဖြည့်ဖက် ဦးချစ်၏ မဟေသီတို့က ပေါက်ဖွားထားသည့် သားများလည်း အမိမြကျွန်းညို၏ သားသမီးများအား သံယောဇဉ်ကြီးသူများ ဖြစ်လာကြပါသည်။သို့ဖြင့် အမိမြကျွန်းညို၏ သားသမီးများ ပြည်သူနှင့်အတူ တိုက်ပွဲဝင်ခဲ့ရသည့် ၈၈ အရေးတော်ပုံကြီးကို ရက်ရှည်ဆင်နွှဲနေစဉ် ဦးချစ်က လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ပဲသွားရည်စာ၊ အဖန်ရည်နှင့် ဆေးပေါ့လိပ်မကျန် လိုလေသေးမရှိ၊ မေတ္တာဖြင့် ပံ့ပိုးကူညီခဲ့ပါသည်။အာဏာသေနတ်ပြောင်းဝအောက်သို့ မြန်မာနိုင်ငံ တစ်ကျော့ပြန်ရောက်ရှိရချိန်တွင် ဦးချစ်နှင့် မိသားစုတချို့ အင်းစိန်တောရသို့ စခန်းဝင်ရပုံကို၊ အမိမြကျွန်းညို၏ သားတစ်ယောက်ဖြစ်သော မောင်ပြည့်မင်း က “နှင်းဝေ့ညချမ်း လွမ်းဖွယ့်ဆည်းဆာာ” ဖြင့် အားဖြည့်ကန်တော့ထားပါသည်။

စာတွေ့ဖြင့် အမိမြကျွန်းညိုကို ကာလကြာရှည် ချစ်ခင်တွယ်တာခဲ့ရသူ တစ်ယောက်အနေဖြင့် ၁၉၇၅ ခုနှစ်၌ အမိတက္ကသိုလ်၏ ရင်ခွင်တွင် ခိုလှုံခွင့်ရသည်နှင့် ဦးသန့်အရေးအခင်းကို စတင်နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရရာ အမိတက္ကသိုလ်အပေါ် ပိုမိုတွယ်တာခဲ့ရတော့သည်။သို့ဖြင့် မိမိဖြတ်သန်းနေရသည့် ကာလကို ငါတို့ခေတ်ကြမှ တက္ကသိုလ်ကလဲ အရသာမရှိလိုက်တာ၊ ဆရာကြီး ပန်းချီဦးနန်းဝေတို့ခေတ်၊ စာရေးဆရာ ကိုအောင်ပြည့်တို့ခေတ်ကို အားကျပါဘိဟု ရှေ့လူများကို တမ်းတအားကျရင်း ကျောင်းသားဘဝ ကုန်ဆုံးခဲ့ရသည်။ဘဝတက္ကသိုလ်တွင် ကျင်လည်ရင်း တစ်နေ့တွင် ကျောင်းသားအရွယ် လူငယ်တစ်ဦးက လုပ်ငန်းတာဝန်အရ မောင်းနှင်ပေးနေသည့် ကားပေါ်ထိုင်လိုက်လာသည်။
ကားမောင်းပေးသူက မေးသည်။ဘယ်နေရာကို အရင်သွားမလဲ။တက္ကသိုလ်ထဲကို အင်လျားလမ်းနောက်ပေါက်က ဝင်မယ်။ကားမောင်းသူက အင်းလျားလမ်း နောက်ကျောမှတဆင့် အီကိုပေါက်ကို ဖြတ်ဝင်၍ရသည့်လမ်းကိုမသိ။သို့ဖြင့် သူက မည်သို့မည်ပုံမောင်းပါဟု လမ်းညွှန်ပြရသည်။ကားမောင်းသူက ညည်းလိုက်သည်။ “ဟာ အန်ကယ်ရာ ကျောင်းဆိုတာ ဘာမှန်းတောင်မသိလိုက်ဘူး။အန်ကယ်တို့ခေတ် တက္ကသိုလ်က တော်တော်မိုက်တာပဲ” တဲ့။သည်စာစုကို “မူးယစ်ဝေသော နွေဦးညများ” အမည်ဖြင့် စာပန်းချီချယ်သသူက ခင်အောင်အေး ဆိုတဲ့ အမေ့သား။

အမေ့သားသမီးတွေက ခေသူများမဟုတ်ကြပါ။ သမီးတစ်ယောက်က သူငယ်ငယ်ကစပြီး ကော်ဖီသာသောက်တတ် သောက်ဖူးခဲ့ရ၍ ကော်ဖီအရသာကို ခံစားဖူးသော်လည်း လက်ဖက်ရည်မသောက်ဖူးပေ။လက်ဖက်ရည်ဆို၍ ရေနွေးကြမ်းသာ သောက်ခဲ့ဖူးသူဖြစ်ပါသတဲ့။အမိမြကျွန်းညို၏ ရင်ခွင်သို့ ခိုဝင်ရချိန်မှစပြီး လက်ဖက်ရည်သောက်တတ်လာပုံ၊ လက်ဖက်ရည်ဆိုင် ထိုင်တတ်လာပုံ။ထိုမှစ၍ အမေ့သမီး၏ ဘဝတွင် လက်ဖက်ရည်ဆိုင်သည် အရေးပါသော အကြောင်းအရာများကို ဆွေးနွေးပြောဆိုသည့်နေရာ၊ ချစ်သူရစေသည်ထိ အကျိုးဆောင်ပေးခဲ့သည့် လက်ဖက်ရည်တစ်ခွက်။ထို့နောက် ဘဝတွင် ရုန်းရင်းကန်ရင်း ကော်ဖီသည်သာ အမျိုးအမည်အမျိုးမျိုးဖြင့် ဈေးနှုန်းများမြောက်တက်လာသော်လည်း အများလက်လှမ်းမှီပြီး ဈေးသက်သာရုံသာမက၊ လွတ်လပ်ချမ်းမြေ့စွာ စုဝေး၍ရသော လမ်းဘေးလက်ဖက်ရည်ဆိုင်လေးများ တစတစလုံးပါးပါးလျက် ဆူသံအော်သံ သီချင်းသံများ ဆူညံလှသည့် ခေတ်လက်ဖက်ရည်ဆိုင်များ ပေါ်ပေါက်လာချိန်တွင် အမေ့သမီးခမျာ ဘဝအဖော်လည်းမဲ့ ဘဝအမောဖြေစရာ လမ်းဘေးလက်ဖက်ရည်ဆိုင်လည်း မဲ့ခဲ့ပြီဖြစ်သည့် ခေတ်အရွေ့ကို လှလှပပချယ်သပြသူက အမေ့သမီး ခင်မြဇင်။ခေသူမဟုတ်တဲ့ ခင်မြဇင် ဖျော်စပ်တိုက်ကျွေးသည်က “ကော်ဖီနဲ့ လက်ဖက်ရည်”။

စန္တယားသံ တီးလုံးလွင်လွင်လေးများနှင့် တွဲဖက်သီဆိုထားသည့် သီချင်းသားများက နုနုရွရွ။စာသီဆိုသူ စန္တယားချစ်ဆွေ။သီဆိုသူ ကိုမင်းနောင် က သာယာနာပျော်ဖွယ်အသံဖြင့် သီဆိုပေးခဲ့သည့်သီချင်း။ကြားရသူတိုင်းက နှစ်ခြိုက်ခံစားခဲ့ကြရသည့်  “စိန်ပန်းပြာ နှစ်ဝေးသူရေ” ဆိုသော သီချင်းပေါ်ပေါက်လာရန် အမိမြကျွန်းညို၏ တချို့သောသားသမီးများ အသက်သွေးချွေးပေးခဲ့ရကြောင်း ရင်းနှီးခဲ့ရကြောင်းသိရှိသူ နည်းပါးခဲ့လေပြီ။တချိန်က အမိမြကျွန်းညိုတွင် တကသ (တက္ကသိုလ်သမဂ္ဂ ကျောင်းသားအဖွဲ့) အဖွဲ့ဝင်သားသမီးများရှိခဲ့သည်။၁၉၂၀ ပြည့်နှစ်တွင် ကျဆုံးခဲ့ရသည့် ဗိုလ်အောင်ကျော်အုတ်ဂူရှေ့ရှိ အဓိပတိလမ်းမဘေးတွင် ရာသီချိန်ရောက်တိုင်း လှပဝေဆာစွာ ပွင့်ချပ်လှစ်ဟ အစွမ်းကုန်ပွင့်ပြလေ့ရှိသည့် စိန်ပန်းပြာပင် တစ်ပင်ရှိခဲ့ဖူးသည်။အနှီ စိန်ပန်းပြာရိပ်သည် နယ်ချဲ့ကို တော်လှန်သူတို့ နားခိုရာနေရာ၊ တန်ဖိုးထားသော သင်္ကေတတစ်ခု။၁၉၆၂ ဆဲဗင်းဂျူလိုင် အရေးအခင်းဟူသော နာမည်ကျော်အရေးအခင်းကြီး ပေါ်ပေါက်ခဲ့ချိန်တွင် သမိုင်းအစဉ်အလာကြီးမားလှသော သမိုင်းဝင် ကျောင်းသားသမဂ္ဂအား စစ်ဘီလူးများက ဒိုင်းနမိုက်နှင့် ဖောက်ခွဲခဲ့ကြသည်။စိန်ပန်းပြာပင်လေးလည်း ဒိုင်းနမိုက်ဒဏ် အဖျားခတ်ခံခဲ့ရပေသည်။ထိုစဉ် သေသူသေ၊ ဒဏ်ရာအနာတရ ရသူရဖြင့် အမေ့သားသမီးများလည်း ဖရိုဖရဲဖြစ်ခဲ့ရပေသည်။အမိမြကျွန်းညိုသည် သားသမီးများ ကင်းမဲ့ရုံသာမက၊ သေနတ်ပြောင်းမိုးထားသည့် စစ်တလင်းအဖြစ် အသွင်ပြောင်းသွားသည်။သွေ့ခြောက်နေသည့် ကန္တာရအလား အသွင်ပြောင်းသွားသည်။အတန်ကြာ၍ ကျောင်းပြန်ဖွင့်သော်လည်း အမေ့သားသမီးများ အစုံအလင်ပြန်မလာကြတော့။တချို့ကား တမလွန်ဘဝမှာ။တချို့ကား ဖောင်တိန်အစား သေနတ်ကိုင်လျက် တောတွင်းတစ်နေရာမှာ။သူတို့ကို တမ်းတလွမ်းဆွတ်၍ တကသအအောက်အအုံနှင့် စိန်ပန်းပြာပင်ကို သတလွမ်းဆွတ်၍ စန္တယားချစ်ဆွေ က “စိန်ပန်းပြာနဲ့ ဝေးသူရေ” သီချင်းကို သီဖွဲ့လိုက်သည်။ကိုမင်းနောင် က ကြားရသူအပေါင်းနစ်မြောစေသည့် သီချင်းအဖြစ် သီကျူးခဲ့ပါသည်။ နောင်သော် ကိုတင်လှိုင်လည်း သီဆိုပေးခဲ့သည်။စစ်ဘီလူးတို့ ဖြိုခွင်းခဲ့သည့်  ဆဲဗင်းဇူလိုင်အရေးမှ စီးဖြာကျခဲ့သည့် အသက်၊ သွေးတို့ကို တေးအဖြစ်ပြောင်းခဲ့ကြောင်း “စိန်ပန်းပြာနဲ့ ဝေးသူသို့သာလွမ်း” စာစုဖြင့် အမိကိုပူဇော်သူက ထွန်းဇော်ဌေးပါ။

အမိမြကျွန်းညိုအကြောင်းကို ကလေးဘဝမှစ၍ ပါးစပ်ရာဇဝင်အဖြစ် နားထောင်ခဲ့ရစဉ်ကစ၍ အမိရင်ခွင်တွင် ခိုလှုံခွင့် တစ်နေ့ရမည်ဟု မျှော်ကိုးခဲ့သည့် သားတစ်ယောက်ကား ဘဝပေးကုသိုလ်ကြောင့် စာပေးစာယူကျောင်းသားဘဝကို ခံယူရရှာသည်။ငယ်စဉ်က အကြားဖြင့် ချစ်ခင်တွယ်တာခဲ့ရသည့် အမိမြကျွန်းညိုထံ အခွင့်ရတိုင်း ဧည့်သွားဧည့်လာ လာရောက်ဦးခိုက်ခဲ့သည်။သည်နောက် တတိယနှစ်၊ စတုတ္ထနှစ်ရောက်သော် တစ်ပတ်လျှင် ၂ ရက် လက်တွေ့လုပ်ရန် အမိရင်ခွင်သို့ တရားဝင်လာခွင့်ရခဲ့ပြီ။အဝေးမှငေးမျှော်ရသည့် သားတစ်ယောက်အနေဖြင့် ဖတ်ခဲ့၊ မှတ်ခဲ့သည့် စာကဗျာဝတ္ထုများမှတဆင့် အမိမြကျွန်းညို ဖြတ်သန်းခဲ့ရသည့် ကန္တာရခရီးကြမ်းကြီးနှင့် သည်ခရီးတွင် တာဝန်ကျေခဲ့သူများ၏ ပုံရိပ်ကိုသိခဲ့ပြီ။မြင်ခဲ့ပြီ။သို့သော် တစ်နေ့ကိုယ်တိုင်ကြုံမည်ဟု ယောင်၍ပင်မတွေးမိ။

ဘဝ၏ အချိုးအကွေ့တစ်ခုအဖြစ် စာပေးစာယူ သင်တန်းသားဘဝရောက်မှ စက်မှုလက်မှုသိပ္ပံ ဝင်ခွင့်ရရန် စာမေးဖြေသည်။၁၉၇၈ စက်တင်ဘာ ၅ ရက်နေ့၊ အင်းစိန်ဂျီတီအိုင်တွင် ပထမနေ့စာမေးပွဲဖြေအပြီး၊ စာမေးပွဲခန်းမှ ထွက်လာချိန်၌ လူတရုန်းရုန်းဖြစ်နေပြီ။နောက်ဘက်ရှိကျောင်းဆောင်များမှ ပေါက်ခွဲသံ၊ ပစ်ပေါက်သံ၊ ဆူညံသံများ ထွက်လာသည်။ငွေစက္ကူများဖျက်သိမ်းကြောင်း ကြေညာ၍ လက်ထဲ သုံးစရာနတ္ထိဖြစ်သွားသည့် အင်းစိန်ဂျီတီအိုင်ကျောင်းသားများ၏ ပေါက်ကွဲသံဖြစ်ကြောင်း နောက်မှသူသိသည်။ထိုဂယက်ဆက်လေပြီ။၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်လာတော့သည်။သူသည် မိန်းထဲတွင် (ရန်ကုန်တက္ကသိုလ်) ဟောပြောကြသည့် စင်ရှေ့တွင်ရှိနေသည်။
သပိတ်ဖြိုခွဲခံရသည်။သူလည်း နိုင်ငံရေးအသည်းကွဲရသည်။သည်နောက် အမိမြကျွန်းညိုထဲလာတိုင်း အပိုင်းပိုင်းဖြတ်ထားသည့် စည်းရိုးများကိုတွေ့တိုင်း ရင်ထဲဆို့နင့်ရသည်။သူက အမိမြကျွန်းညိုကို အဝေးမှငေးမျှော်ခဲ့သည့် သားတစ်ယောက်သာ။နိစ္စဓူဝ မိခင်ရင်ခွင်ထဲ နေထိုင်ပညာသင်ခဲ့သူတို့ အဘယ်မျှထိခိုက်ခံစားကြရမည်နည်းဆိုသည်ကို စာနာစိတ်ဖြင့် “အဝေးကြည့်တက္ကသိုလ်” အမည်နှင့် ရေးဖွဲ့ကန်တော့သူက မိုးဦးဆွေညိန်း။

ဖော်ပြရန်ကျန်သော အမေ့သားသမီးတို့၏ လက်ရာများသည် ဖော်ပြခဲ့သည့် လက်ရာများထက် တာဝန်ကျေသော၊ အမိမြကျွန်းညို ဖြတ်သန်းခဲ့ရသည့် သမိုင်းပုံရိပ်ကို တဖျတ်ဖျတ် ရုပ်လုံးကြွစေသော ပူဇော်ကန်တော့စာများသာ ဖြစ်ကြပါသည်။စာကုန်မဖော်ပြဘဲ စာမြည်းမျှဖြင့်ပင် အမိမြကျွန်းညိုကို ချစ်ခင်တန်ဖိုးထားသူများ မျက်ရည်ဝဲကြပါစေသတည်း။

ခင်နှင်းဦး
ဒီဇင်ဘာ - ၂၇

( Zawgyi )

မိခင္ျမကြၽန္းညိဳ အသက္ ၁၀၀ ျပည့္ေတာ့မည္။ ျမကြၽန္းညိဳမိခင္ စတင္ေမြးဖြားခဲ့သည္မွ ရာျပည့္သက္တမ္းသို႔ ခ်ဥ္းကပ္လာခ်ိန္ထိတိုင္ အမိျမကြၽန္းညိဳ ျဖတ္သန္းခဲ့ရသည့္ လြမ္းေမာဖြယ္ေန႔ရက္မ်ား၊ နာက်ည္းခံခက္ရသည့္ေန႔ရက္မ်ား၊ စစ္တလင္းျပင္ျဖစ္ခဲ့ရသည့္အခ်ိန္မ်ား၊ ဒဏ္ရာအနာတရျဖစ္ခဲ့ရသည့္ ကာလမ်ား၊ ေ႐ႊေရာင္ေန႔ရက္မ်ား၊ ေမွာင္မိုက္လွသည့္ သန္းေခါင္ယံအခ်ိန္မ်ား၊ မိုးသက္မုန္တိုင္းထန္ေသာေန႔မ်ား စသျဖင့္ မိခင္ႀကီးျဖတ္သန္းခဲ့ရသည့္ ေလာကဓံခရီးကို သားသမီးေျမးျမစ္တို႔က မေမ့ႏိုင္ၾကေပ။အသက္တစ္ရာျပည့္ေတာ့မည့္ မိခင္ေမြးေန႔ကို စာပန္းခ်ီခ်ယ္သ ပူေဇာ္ကန္ေတာ့ၾက၊ ေတးသီက်ဴးကန္ေတာ့ၾက၊ ပန္းခ်ီခ်ယ္မႈန္းကန္ေတာ့ၾက စသျဖင့္ နယ္ပယ္စုံတြင္ က်င္လည္ေနကုန္ေသာ သားသမီးေျမးျမစ္မ်ားက သန္ရာသန္ရာပညာဝါသနာတို႔ျဖင့္ ကန္ေတာ့ပန္းဆင္ၾကပါသည္။

အမိ၏ သားသမီးေျမးျမစ္ ၁၇ ေယာက္က မိခင္ႀကီးျဖတ္သန္းရသည့္ ေလာကဓံခရီးကို “စိန္ပန္းကံ့ေကာ္ ဆြတ္ပ်ံ႕လြမ္းဖြယ္” အမည္ စာစုျဖင့္ ေနာင္လာေနာက္သားမ်ိဳးဆက္မ်ားအား လက္ဆင့္ကမ္းရင္း မိခင္ႀကီးကို ကန္ေတာ့ပန္းဆင္လိုက္ၾကပါသည္။

၁၉၂၀ ျပည့္ႏွစ္တြင္ အမိျမကြၽန္းညိဳ စတင္ေမြးဖြားလာသည္ႏွင့္ အတူပူးတြဲပါလာသည့္ ဥပေဒသတခ်ိဳ႕ကို ေက်ာင္းသားေက်ာင္းသူမ်ားက ႀကိဳးနီမ်ားျဖင့္ အထပ္ထပ္ရစ္ပတ္ရေကာင္းလားဟု မခံမရပ္ႏိုင္ျဖစ္ၾကပါသည္။အဆိုပါႀကိဳးနီမ်ားကို ျဖတ္ေတာက္ၾကပါသည္။ထိုသို႔ျဖတ္ေတာက္ျခင္းကို အခမဲ့လုပ္ေဆာင္ခြင့္ရခဲ့သည္ မဟုတ္ေပ။အမိ၏ သားေကာင္းရတနာ ဗိုလ္ေအာင္ေက်ာ္၏ အသက္ႏွင့္ တျခားေက်ာင္းသားေက်ာင္းသူမ်ား၏ ေသြးေခြၽးမ်ားကို ေပးဆပ္၍ ျဖတ္ေတာက္ခဲ့ရျခင္းျဖစ္ပါသည္။သို႔ျဖင့္ ထိုအခ်ိန္တုန္းက အမိျမကြၽန္းညိဳ ပရဝဏ္တြင္းတြင္ ေအာင္ေက်ာ္ရင္ျပင္ဟူေသာ ေနရာရွိခဲ့ပါသည္။ယေန႔မ်ိဳးဆက္မ်ား မသိမမွီခဲ့သည့္ သည္ရင္ျပင္အေၾကာင္းကို ေမာင္ေအာင္မြန္ က “ေအာင္ေက်ာ္ရင္ျပင္ဟု ေခၚသည္” စာပန္းခ်ီျဖင့္ မိခင္ကို ပူေဇာ္ကန္ေတာ့ခဲ့ပါသည္။

အမိတကၠသိုလ္၏ အသက္ဝိဉာဥ္သည္ အသိဉာဏ္ႏွင့္ပညာ ျဖစ္ပါသည္။ထိုအရာ ၂ ရပ္အတြက္ မရွိမျဖစ္ လိုအပ္သည္မွာ ခ်ဳပ္ေႏွာင္မႈကင္းသည့္ လြတ္လပ္ျခင္းျဖစ္ပါသည္။သို႔ေသာ္ အမိတကၠသိုလ္နယ္ေျမသည္ ပညာေျမမဟုတ္ဘဲ စစ္ဘီလူးတို႔ မ်က္မုန္းက်ိဳး၍ ယမ္းေငြ႕ေဝခဲ့ရသည့္နယ္ေျမ၊ ေအးျမသာယာေသာ ကံ့ေကာ္ရိပ္တြင္ ဥဩသံခ်ိဳလြင္ရမည့္အစား၊ ေသနတ္သံ၊ ဒိုင္းနမိုက္သံတို႔ ျမည္ဟီးခဲ့သည့္ ဖုန္းဆိုးေျမ ျဖစ္ခဲ့ဖူးပါသည္။စစ္ဘီလူးမ်ားႏွင့္ သူတို႔ကိုအာခံသည့္ အမိ၏ သားသမီးမ်ား မၾကာခဏထိပ္တိုက္ေတြ႕ၾကသည့္ ပြဲတစ္ပြဲၿပီးသြားတိုင္း၊ ကံ့ေကာ္နံ႔သင္းခဲ့သည့္ နယ္ေျမသည္ အပိတ္အဆို႔၊ အတားအဆီးအကာအရံမ်ားၾကားသို႔ က်ဆင္းခဲ့ရသည္မွာ ဒဏ္ရာဗရပြရၿပီး ေခါင္းကြဲ၊ ေျခက်ိဳးလက္က်ိဳး၊ နံ႐ိုးက်ိဳးသျဖင့္ ခႏၶာကိုယ္အႏွံ႔ ေက်ာက္ပတၱီးကိုင္ခံထားရသည့္ လူနာသဖြယ္ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္ခဲ့ရပုံကို အေမ့သမီးတစ္ေယာက္က “သံႀကိဳးေသာ့ခေလာက္ႏွင့္ ၿခံစည္း႐ိုးမ်ားၾကားမွ တကၠသီလာ ႏွစ္တစ္ရာ” အမည္ျဖင့္ သီဖြဲ႕ျပသခဲ့ပါသည္။

ျမကြၽန္းညိဳရင္ခြင္တြင္ ပညာရည္ႏို႔ေသာက္စို႔ရန္ ေရာက္လာၾကသည့္ သားသမီးမ်ားတြင္ စုရပ္ေလးမ်ားရွိၾကပါသည္။သားသမီးတို႔၏ ခိုနားရာ၊ ေဆြးေႏြးႏွီးေႏွာ တိုင္ပင္ရာေနရာ၊ အထူးသျဖင့္ ကိုယ္စီပါခဲ့ၾကေသာ အႏုပညာမ်ိဳးေစ့မ်ားကို ေျမစမ္းခရမ္းပ်ိဳးၾကသူတို႔၏ အစို႔အေညာင့္ပင္ေပါက္ေလးမ်ား ပ်ိဳးခင္းရွင္ စိုက္ပ်ိဳးသူတို႔ စုစည္းဆုံေတြ႕ၾကေသာ ဦးခ်စ္ လက္ဖက္ရည္ဆိုင္သည္ အမိတကၠသိုလ္ႏွင့္အတူ ေခတ္အဆက္ဆက္ကို ျဖတ္သန္းခဲ့ရပါသည္။ဦးခ်စ္ လက္ဖက္ရည္ဆိုင္ဆိုသည္ႏွင့္အညီ ပိုင္ရွင္ ဦးခ်စ္ႏွင့္ ပါရမီျဖည့္ဖက္ ဦးခ်စ္၏ မေဟသီတို႔က ေပါက္ဖြားထားသည့္ သားမ်ားလည္း အမိျမကြၽန္းညိဳ၏ သားသမီးမ်ားအား သံေယာဇဥ္ႀကီးသူမ်ား ျဖစ္လာၾကပါသည္။သို႔ျဖင့္ အမိျမကြၽန္းညိဳ၏ သားသမီးမ်ား ျပည္သူႏွင့္အတူ တိုက္ပြဲဝင္ခဲ့ရသည့္ ၈၈ အေရးေတာ္ပုံႀကီးကို ရက္ရွည္ဆင္ႏႊဲေနစဥ္ ဦးခ်စ္က လက္ဖက္ရည္၊ ေကာ္ဖီ၊ မုန႔္ပဲသြားရည္စာ၊ အဖန္ရည္ႏွင့္ ေဆးေပါ့လိပ္မက်န္ လိုေလေသးမရွိ၊ ေမတၱာျဖင့္ ပံ့ပိုးကူညီခဲ့ပါသည္။အာဏာေသနတ္ေျပာင္းဝေအာက္သို႔ ျမန္မာႏိုင္ငံ တစ္ေက်ာ့ျပန္ေရာက္ရွိရခ်ိန္တြင္ ဦးခ်စ္ႏွင့္ မိသားစုတခ်ိဳ႕ အင္းစိန္ေတာရသို႔ စခန္းဝင္ရပုံကို၊ အမိျမကြၽန္းညိဳ၏ သားတစ္ေယာက္ျဖစ္ေသာ ေမာင္ျပည့္မင္း က “ႏွင္းေဝ့ညခ်မ္း လြမ္းဖြယ့္ဆည္းဆာာ” ျဖင့္ အားျဖည့္ကန္ေတာ့ထားပါသည္။

စာေတြ႕ျဖင့္ အမိျမကြၽန္းညိဳကို ကာလၾကာရွည္ ခ်စ္ခင္တြယ္တာခဲ့ရသူ တစ္ေယာက္အေနျဖင့္ ၁၉၇၅ ခုႏွစ္၌ အမိတကၠသိုလ္၏ ရင္ခြင္တြင္ ခိုလႈံခြင့္ရသည္ႏွင့္ ဦးသန႔္အေရးအခင္းကို စတင္နဖူးေတြ႕ဒူးေတြ႕ ေတြ႕လိုက္ရရာ အမိတကၠသိုလ္အေပၚ ပိုမိုတြယ္တာခဲ့ရေတာ့သည္။သို႔ျဖင့္ မိမိျဖတ္သန္းေနရသည့္ ကာလကို ငါတို႔ေခတ္ၾကမွ တကၠသိုလ္ကလဲ အရသာမရွိလိုက္တာ၊ ဆရာႀကီး ပန္းခ်ီဦးနန္းေဝတို႔ေခတ္၊ စာေရးဆရာ ကိုေအာင္ျပည့္တို႔ေခတ္ကို အားက်ပါဘိဟု ေရွ႕လူမ်ားကို တမ္းတအားက်ရင္း ေက်ာင္းသားဘဝ ကုန္ဆုံးခဲ့ရသည္။ဘဝတကၠသိုလ္တြင္ က်င္လည္ရင္း တစ္ေန႔တြင္ ေက်ာင္းသားအ႐ြယ္ လူငယ္တစ္ဦးက လုပ္ငန္းတာဝန္အရ ေမာင္းႏွင္ေပးေနသည့္ ကားေပၚထိုင္လိုက္လာသည္။
ကားေမာင္းေပးသူက ေမးသည္။ဘယ္ေနရာကို အရင္သြားမလဲ။တကၠသိုလ္ထဲကို အင္လ်ားလမ္းေနာက္ေပါက္က ဝင္မယ္။ကားေမာင္းသူက အင္းလ်ားလမ္း ေနာက္ေက်ာမွတဆင့္ အီကိုေပါက္ကို ျဖတ္ဝင္၍ရသည့္လမ္းကိုမသိ။သို႔ျဖင့္ သူက မည္သို႔မည္ပုံေမာင္းပါဟု လမ္းၫႊန္ျပရသည္။ကားေမာင္းသူက ညည္းလိုက္သည္။ “ဟာ အန္ကယ္ရာ ေက်ာင္းဆိုတာ ဘာမွန္းေတာင္မသိလိုက္ဘူး။အန္ကယ္တို႔ေခတ္ တကၠသိုလ္က ေတာ္ေတာ္မိုက္တာပဲ” တဲ့။သည္စာစုကို “မူးယစ္ေဝေသာ ေႏြဦးညမ်ား” အမည္ျဖင့္ စာပန္းခ်ီခ်ယ္သသူက ခင္ေအာင္ေအး ဆိုတဲ့ အေမ့သား။

အေမ့သားသမီးေတြက ေခသူမ်ားမဟုတ္ၾကပါ။ သမီးတစ္ေယာက္က သူငယ္ငယ္ကစၿပီး ေကာ္ဖီသာေသာက္တတ္ ေသာက္ဖူးခဲ့ရ၍ ေကာ္ဖီအရသာကို ခံစားဖူးေသာ္လည္း လက္ဖက္ရည္မေသာက္ဖူးေပ။လက္ဖက္ရည္ဆို၍ ေရေႏြးၾကမ္းသာ ေသာက္ခဲ့ဖူးသူျဖစ္ပါသတဲ့။အမိျမကြၽန္းညိဳ၏ ရင္ခြင္သို႔ ခိုဝင္ရခ်ိန္မွစၿပီး လက္ဖက္ရည္ေသာက္တတ္လာပုံ၊ လက္ဖက္ရည္ဆိုင္ ထိုင္တတ္လာပုံ။ထိုမွစ၍ အေမ့သမီး၏ ဘဝတြင္ လက္ဖက္ရည္ဆိုင္သည္ အေရးပါေသာ အေၾကာင္းအရာမ်ားကို ေဆြးေႏြးေျပာဆိုသည့္ေနရာ၊ ခ်စ္သူရေစသည္ထိ အက်ိဳးေဆာင္ေပးခဲ့သည့္ လက္ဖက္ရည္တစ္ခြက္။ထို႔ေနာက္ ဘဝတြင္ ႐ုန္းရင္းကန္ရင္း ေကာ္ဖီသည္သာ အမ်ိဳးအမည္အမ်ိဳးမ်ိဳးျဖင့္ ေဈးႏႈန္းမ်ားေျမာက္တက္လာေသာ္လည္း အမ်ားလက္လွမ္းမွီၿပီး ေဈးသက္သာ႐ုံသာမက၊ လြတ္လပ္ခ်မ္းေျမ့စြာ စုေဝး၍ရေသာ လမ္းေဘးလက္ဖက္ရည္ဆိုင္ေလးမ်ား တစတစလုံးပါးပါးလ်က္ ဆူသံေအာ္သံ သီခ်င္းသံမ်ား ဆူညံလွသည့္ ေခတ္လက္ဖက္ရည္ဆိုင္မ်ား ေပၚေပါက္လာခ်ိန္တြင္ အေမ့သမီးခမ်ာ ဘဝအေဖာ္လည္းမဲ့ ဘဝအေမာေျဖစရာ လမ္းေဘးလက္ဖက္ရည္ဆိုင္လည္း မဲ့ခဲ့ၿပီျဖစ္သည့္ ေခတ္အေ႐ြ႕ကို လွလွပပခ်ယ္သျပသူက အေမ့သမီး ခင္ျမဇင္။ေခသူမဟုတ္တဲ့ ခင္ျမဇင္ ေဖ်ာ္စပ္တိုက္ေကြၽးသည္က “ေကာ္ဖီနဲ႔ လက္ဖက္ရည္”။

စႏၲယားသံ တီးလုံးလြင္လြင္ေလးမ်ားႏွင့္ တြဲဖက္သီဆိုထားသည့္ သီခ်င္းသားမ်ားက ႏုႏု႐ြ႐ြ။စာသီဆိုသူ စႏၲယားခ်စ္ေဆြ။သီဆိုသူ ကိုမင္းေနာင္ က သာယာနာေပ်ာ္ဖြယ္အသံျဖင့္ သီဆိုေပးခဲ့သည့္သီခ်င္း။ၾကားရသူတိုင္းက ႏွစ္ၿခိဳက္ခံစားခဲ့ၾကရသည့္  “စိန္ပန္းျပာ ႏွစ္ေဝးသူေရ” ဆိုေသာ သီခ်င္းေပၚေပါက္လာရန္ အမိျမကြၽန္းညိဳ၏ တခ်ိဳ႕ေသာသားသမီးမ်ား အသက္ေသြးေခြၽးေပးခဲ့ရေၾကာင္း ရင္းႏွီးခဲ့ရေၾကာင္းသိရွိသူ နည္းပါးခဲ့ေလၿပီ။တခ်ိန္က အမိျမကြၽန္းညိဳတြင္ တကသ (တကၠသိုလ္သမဂၢ ေက်ာင္းသားအဖြဲ႕) အဖြဲ႕ဝင္သားသမီးမ်ားရွိခဲ့သည္။၁၉၂၀ ျပည့္ႏွစ္တြင္ က်ဆုံးခဲ့ရသည့္ ဗိုလ္ေအာင္ေက်ာ္အုတ္ဂူေရွ႕ရွိ အဓိပတိလမ္းမေဘးတြင္ ရာသီခ်ိန္ေရာက္တိုင္း လွပေဝဆာစြာ ပြင့္ခ်ပ္လွစ္ဟ အစြမ္းကုန္ပြင့္ျပေလ့ရွိသည့္ စိန္ပန္းျပာပင္ တစ္ပင္ရွိခဲ့ဖူးသည္။အႏွီ စိန္ပန္းျပာရိပ္သည္ နယ္ခ်ဲ႕ကို ေတာ္လွန္သူတို႔ နားခိုရာေနရာ၊ တန္ဖိုးထားေသာ သေကၤတတစ္ခု။၁၉၆၂ ဆဲဗင္းဂ်ဴလိုင္ အေရးအခင္းဟူေသာ နာမည္ေက်ာ္အေရးအခင္းႀကီး ေပၚေပါက္ခဲ့ခ်ိန္တြင္ သမိုင္းအစဥ္အလာႀကီးမားလွေသာ သမိုင္းဝင္ ေက်ာင္းသားသမဂၢအား စစ္ဘီလူးမ်ားက ဒိုင္းနမိုက္ႏွင့္ ေဖာက္ခြဲခဲ့ၾကသည္။စိန္ပန္းျပာပင္ေလးလည္း ဒိုင္းနမိုက္ဒဏ္ အဖ်ားခတ္ခံခဲ့ရေပသည္။ထိုစဥ္ ေသသူေသ၊ ဒဏ္ရာအနာတရ ရသူရျဖင့္ အေမ့သားသမီးမ်ားလည္း ဖ႐ိုဖရဲျဖစ္ခဲ့ရေပသည္။အမိျမကြၽန္းညိဳသည္ သားသမီးမ်ား ကင္းမဲ့႐ုံသာမက၊ ေသနတ္ေျပာင္းမိုးထားသည့္ စစ္တလင္းအျဖစ္ အသြင္ေျပာင္းသြားသည္။ေသြ႕ေျခာက္ေနသည့္ ကႏၲာရအလား အသြင္ေျပာင္းသြားသည္။အတန္ၾကာ၍ ေက်ာင္းျပန္ဖြင့္ေသာ္လည္း အေမ့သားသမီးမ်ား အစုံအလင္ျပန္မလာၾကေတာ့။တခ်ိဳ႕ကား တမလြန္ဘဝမွာ။တခ်ိဳ႕ကား ေဖာင္တိန္အစား ေသနတ္ကိုင္လ်က္ ေတာတြင္းတစ္ေနရာမွာ။သူတို႔ကို တမ္းတလြမ္းဆြတ္၍ တကသအေအာက္အအုံႏွင့္ စိန္ပန္းျပာပင္ကို သတလြမ္းဆြတ္၍ စႏၲယားခ်စ္ေဆြ က “စိန္ပန္းျပာနဲ႔ ေဝးသူေရ” သီခ်င္းကို သီဖြဲ႕လိုက္သည္။ကိုမင္းေနာင္ က ၾကားရသူအေပါင္းနစ္ေျမာေစသည့္ သီခ်င္းအျဖစ္ သီက်ဴးခဲ့ပါသည္။ ေနာင္ေသာ္ ကိုတင္လႈိင္လည္း သီဆိုေပးခဲ့သည္။စစ္ဘီလူးတို႔ ၿဖိဳခြင္းခဲ့သည့္  ဆဲဗင္းဇူလိုင္အေရးမွ စီးျဖာက်ခဲ့သည့္ အသက္၊ ေသြးတို႔ကို ေတးအျဖစ္ေျပာင္းခဲ့ေၾကာင္း “စိန္ပန္းျပာနဲ႔ ေဝးသူသို႔သာလြမ္း” စာစုျဖင့္ အမိကိုပူေဇာ္သူက ထြန္းေဇာ္ေဌးပါ။

အမိျမကြၽန္းညိဳအေၾကာင္းကို ကေလးဘဝမွစ၍ ပါးစပ္ရာဇဝင္အျဖစ္ နားေထာင္ခဲ့ရစဥ္ကစ၍ အမိရင္ခြင္တြင္ ခိုလႈံခြင့္ တစ္ေန႔ရမည္ဟု ေမွ်ာ္ကိုးခဲ့သည့္ သားတစ္ေယာက္ကား ဘဝေပးကုသိုလ္ေၾကာင့္ စာေပးစာယူေက်ာင္းသားဘဝကို ခံယူရရွာသည္။ငယ္စဥ္က အၾကားျဖင့္ ခ်စ္ခင္တြယ္တာခဲ့ရသည့္ အမိျမကြၽန္းညိဳထံ အခြင့္ရတိုင္း ဧည့္သြားဧည့္လာ လာေရာက္ဦးခိုက္ခဲ့သည္။သည္ေနာက္ တတိယႏွစ္၊ စတုတၳႏွစ္ေရာက္ေသာ္ တစ္ပတ္လွ်င္ ၂ ရက္ လက္ေတြ႕လုပ္ရန္ အမိရင္ခြင္သို႔ တရားဝင္လာခြင့္ရခဲ့ၿပီ။အေဝးမွေငးေမွ်ာ္ရသည့္ သားတစ္ေယာက္အေနျဖင့္ ဖတ္ခဲ့၊ မွတ္ခဲ့သည့္ စာကဗ်ာဝတၳဳမ်ားမွတဆင့္ အမိျမကြၽန္းညိဳ ျဖတ္သန္းခဲ့ရသည့္ ကႏၲာရခရီးၾကမ္းႀကီးႏွင့္ သည္ခရီးတြင္ တာဝန္ေက်ခဲ့သူမ်ား၏ ပုံရိပ္ကိုသိခဲ့ၿပီ။ျမင္ခဲ့ၿပီ။သို႔ေသာ္ တစ္ေန႔ကိုယ္တိုင္ႀကဳံမည္ဟု ေယာင္၍ပင္မေတြးမိ။

ဘဝ၏ အခ်ိဳးအေကြ႕တစ္ခုအျဖစ္ စာေပးစာယူ သင္တန္းသားဘဝေရာက္မွ စက္မႈလက္မႈသိပၸံ ဝင္ခြင့္ရရန္ စာေမးေျဖသည္။၁၉၇၈ စက္တင္ဘာ ၅ ရက္ေန႔၊ အင္းစိန္ဂ်ီတီအိုင္တြင္ ပထမေန႔စာေမးပြဲေျဖအၿပီး၊ စာေမးပြဲခန္းမွ ထြက္လာခ်ိန္၌ လူတ႐ုန္း႐ုန္းျဖစ္ေနၿပီ။ေနာက္ဘက္ရွိေက်ာင္းေဆာင္မ်ားမွ ေပါက္ခြဲသံ၊ ပစ္ေပါက္သံ၊ ဆူညံသံမ်ား ထြက္လာသည္။ေငြစကၠဴမ်ားဖ်က္သိမ္းေၾကာင္း ေၾကညာ၍ လက္ထဲ သုံးစရာနတၳိျဖစ္သြားသည့္ အင္းစိန္ဂ်ီတီအိုင္ေက်ာင္းသားမ်ား၏ ေပါက္ကြဲသံျဖစ္ေၾကာင္း ေနာက္မွသူသိသည္။ထိုဂယက္ဆက္ေလၿပီ။၈၈ အေရးေတာ္ပုံႀကီး ေပၚေပါက္လာေတာ့သည္။သူသည္ မိန္းထဲတြင္ (ရန္ကုန္တကၠသိုလ္) ေဟာေျပာၾကသည့္ စင္ေရွ႕တြင္ရွိေနသည္။
သပိတ္ၿဖိဳခြဲခံရသည္။သူလည္း ႏိုင္ငံေရးအသည္းကြဲရသည္။သည္ေနာက္ အမိျမကြၽန္းညိဳထဲလာတိုင္း အပိုင္းပိုင္းျဖတ္ထားသည့္ စည္း႐ိုးမ်ားကိုေတြ႕တိုင္း ရင္ထဲဆို႔နင့္ရသည္။သူက အမိျမကြၽန္းညိဳကို အေဝးမွေငးေမွ်ာ္ခဲ့သည့္ သားတစ္ေယာက္သာ။နိစၥဓူဝ မိခင္ရင္ခြင္ထဲ ေနထိုင္ပညာသင္ခဲ့သူတို႔ အဘယ္မွ်ထိခိုက္ခံစားၾကရမည္နည္းဆိုသည္ကို စာနာစိတ္ျဖင့္ “အေဝးၾကည့္တကၠသိုလ္” အမည္ႏွင့္ ေရးဖြဲ႕ကန္ေတာ့သူက မိုးဦးေဆြညိန္း။

ေဖာ္ျပရန္က်န္ေသာ အေမ့သားသမီးတို႔၏ လက္ရာမ်ားသည္ ေဖာ္ျပခဲ့သည့္ လက္ရာမ်ားထက္ တာဝန္ေက်ေသာ၊ အမိျမကြၽန္းညိဳ ျဖတ္သန္းခဲ့ရသည့္ သမိုင္းပုံရိပ္ကို တဖ်တ္ဖ်တ္ ႐ုပ္လုံးႂကြေစေသာ ပူေဇာ္ကန္ေတာ့စာမ်ားသာ ျဖစ္ၾကပါသည္။စာကုန္မေဖာ္ျပဘဲ စာျမည္းမွ်ျဖင့္ပင္ အမိျမကြၽန္းညိဳကို ခ်စ္ခင္တန္ဖိုးထားသူမ်ား မ်က္ရည္ဝဲၾကပါေစသတည္း။

ခင္ႏွင္းဦး
ဒီဇင္ဘာ - ၂၇