【 ဆောင်းပါး 】“ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သည်ဟိလ်”ပြန်ရာလမ်း”

【  ဆောင်းပါး 】“ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သည်ဟိလ်”ပြန်ရာလမ်း”

မြန်မာနိုင်ငံရခိုင်ပြည်နယ်ကနေရပ်စွန့်ခွာခဲ့ကြတဲ့ဘင်္ဂလီ(ရိုဟင်ဂျာ)တွေကိစ္စနဲ့ပတ်သက်ပြီးOICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား၊OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဂမ်ဘီယာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံးICJမှာတရားစွဲဆိုခဲ့တာကိုဖြေရှင်းချက်တင်သွင်းဖို့မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာနယ်သာလန်နိုင်ငံ၊သည်ဟိလ်ဂ်မြို့မှာရှိတဲ့အပြည်ပြည်ဆိုင်ရာတရားရုံးICJကိုသွားရောက်ခဲ့ပါတယ်။

ဂမ်ဘီယာနိုင်ငံတရားလိုကိုယ်စားလှယ်တွေနဲ့မြန်မာနိုင်ငံဘက်ကအစွပ်စွဲခံကိုယ်စားလှယ်တွေရဲ့လျှောက်လဲချက်တွေကိုနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံးICJတရားသူကြီးတွေကစတင်ကြားနားခဲ့ကြပါတယ်။ဒီဇင်ဘာလ၁၁ရက်နေ့မှာတော့မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကသွားရောက်ပြီးစတင်လျှောက်လဲချက်ပေးခဲ့ရပါတယ်။OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား၊OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဂမ်ဘီယာနိုင်ငံကိုယ်စားဂမ်ဘီယာနိုင်ငံတရားရေးဝန်ကြီးနဲ့ဂမ်ဘီယာနိုင်ငံကငှားရမ်းထားတဲ့ဥပဒေပညာ ရှင်တွေလာရောက်ပြီး၂၀၁၉ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ မှာ စွပ်စွဲချက်တင်ခဲ့ပါတယ်။ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲချက်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ မှာ မြန်မာနိုင်ငံကိုယ်စားဒေါ်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံကငှားရမ်းထားတဲ့ ဥပဒေ ပညာရှင် တွေက ဖြေရှင်းလျှောက်လွဲချက်တင်သွင်းခဲ့ပါတယ်။ဒီဇင်ဘာလ၁၂ရက်နေ့မှာတော့ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်အဖွဲ့နဲ့မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့တို့အပြီးသတ်လျှောက်လဲချက်တင်သွင်းခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်။
    ရခိုင်ပြည်နယ်ကနေရပ်စွန့်ခွာခဲ့ကြတဲ့ဘင်္ဂလီ(ရိုဟင်ဂျာ)တွေကိစ္စနဲ့ပတ်သက်ပြီးOICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား၊OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဂမ်ဘီယာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံးICJမှာတရားစွဲဆိုချက်ကိုမြန်မာနိုင်ငံ၊နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ဖြေရှင်းလျှောက်လဲချက်အကျဉ်းကိုဖော်ပြရမယ်ဆိုရင်---
    အပြည်ပြည်ဆိုင်ရာတရားရုံးICJအနေနဲ့ရခိုင်ပြည်နယ်ရဲ့မြေပြင်အခြေအနေတွေကိုစိတ်ခံစားမှုကင်းရှင်းစွာတိကျမှန်ကန်တဲ့အကဲဖြတ်ချက်ဟာအရေးကြီးကြောင်း၊ရခိုင်ပြည်နယ်အရေးကိစ္စဟာရှုပ်ထွေးနက်နဲပြီးအတိမ်အနက်ကိုလည်းနားလည်ဖို့ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ကြောင်း၊၂၀၁၆/၂၀၁၇ခုနှစ်မှာဖြစ်ပွားခဲ့ရတဲ့ARSAမွတ်ဆလင် အကြမ်းဖက်အဖွဲ့ဝင်အင်အားထောင်ပေါင်းများစွာ ကမြန်မာနိုင်ငံ ရဲကင်းတွေ ကို တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ မှုပြုလုပ်ခဲ့ကြကြောင်း၊ အဲဒီတိုက်ခိုက်ခဲ့ မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေသေဆုံးခဲ့ရပြီး အရပ်သားများစွာ ပျောက်ဆုံးသွားခဲ့ရကြောင်း၊ လက်နက်ခဲယမ်းမြော က်များစွာလုယူခံခဲ့ရကြောင်း၊ARSAမွတ်ဆလင်အကြမ်းဖက်တိုက်ခိုက်ခဲ့မှုတွေအရနှစ်ဖက်လူ့အဖွဲ့အစည်းအသိုင်းအဝန်းတွေကြားမှာပြင်းထန်တဲ့ပဋိပက္ခတွေဖြစ်ပွားခဲ့ရကြောင်း၊ARSaအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လည်းလူနည်းစုအသိုက်အဝန်းဖြစ်တဲ့ဗုဒ္ဓဘာသာဝင်တွေ၊ဟိန္ဒူဘာသာဝင်တွေအနေနဲ့လည်းသူတို့ရဲ့လုံခြုံရေးအတွက်စိုးရိမ်မှုတွေဖြစ်ခဲ့ရပြီးအများစုဟာနေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်းတွေကို ပထမဦးစွာပြောကြားသွားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးဆောင်ရွက်ချက်တွေ ဆက်ပြောကြားခဲ့ပါတယ်။ စစ်ဆင်ရေး တွေဆောင်ရွက်တဲ့နေရာမှာဆက်စပ်ထိခိုက်မှုတွေနည်းနိုင်သမျှနည်းစေရန်အတွက်လေတပ်အင်အားကိုတတ်နိုင်သမျှသုံးစွဲခဲ့ရခြင်းဟာမှတ်သားစရာကောင်းတဲ့အချက်ဖြစ်ကြောင်း၊ရာနဲ့ချီတဲ့ARSAအကြမ်းဖက်သမားတွေကမြန်မာစစ်တပ်စစ်ကြောင်းကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကိုတပ်မတော်သား
တွေကယ်ထုတ်ရန်အတွက်ရဟတ်ယာဉ်သုံးပြီးပစ်ခတ်ခဲ့ရတဲ့ဖြစ်ရပ်မှာအကြမ်းဖက်သမားတွေထဲမှာမပါဝင်သူတချို့လည်းထိခိုက်ဒဏ်ရာရမှုတွေဖြစ်နိုင်ဖွယ်ရှိကြောင်း၊တချို့ဖြစ်ရပ်တွေမှာARSAအကြမ်း ဖက်တိုက်ခိုက်သူတွေနဲ့အရပ်သားများ ကို သေချာခွဲခြားနိုင်မှု၊ ဒါမှမဟုတ်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေများကိုသတိမမူမိဘဲအင်အားမမျှမတသုံးစွဲခဲ့မှုတွေမရှိခဲ့ဘူးလို့တပ်အပ်မပြောနိုင်ကြောင်း၊တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်လူများစွန့်ခွာခဲ့ကြတဲ့ကျေးရွာတွေမှာလည်းကျန်ရှိနေတဲ့ပစ္စည်းပိုင်ဆိုင်မှုများကိုဖျက်ဆီးခြင်း၊လုယက်ခြင်းတွေကိုကျူးလွန်တဲ့အရပ်သားတွေကိုဟန့်တားတဲ့အပိုင်းမှာလည်းအားနည်းချက်တွေရှိကောင်းရှိနိုင်ကြောင်း၊အကြမ်းဖက်တိုက်ခိုက်မှုတွေကိုကိုင်
တွယ်ဖြေရှင်းခဲ့ရသူတွေရဲ့ရည်ရွယ်ချက်များ ကိုပြန်လည်သုံးသပ်တဲ့နေရာမှာမိမိတို့နိုင်ငံ ရဲ့အချုပ် အခြာအာဏာနဲ့တရားဥပဒေစိုးမိုးမှုကိုစိန်ခေါ်လာတဲ့အနေအထားနဲ့ရှုပ်ထွေးလှတဲ့အခြားသောအခြေအနေအရပ်ရပ်ကိုလည်းထည့်သွင်း စဉ်းစားဖို့လိုအပ်မှာဖြစ် ကြောင်း၊ ဒီလိုအခြေအနေ မျိုးတွေမှာ လူမျိုးပြုန်းတီးစေရန်ရည်ရွယ်ချက်ရှိတယ်ဆိုတဲ့ယူ ဆချက်တစ်ခုတည်းကိုသာကောက် ချက်ချမှတ် သွားလို့မရနိုင်ကြောင်းတွေနဲ့၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက အရပ်ဘက်နဲ့စစ်ဘက်အစိုးရနှစ်ခုရဲ့ လုပ်ပိုင်ခွင့်တွေကို လည်းခပ်ပါးပါး လေးချပြသွား ပါတယ်။

မြန်မာနိုင်ငံရဲ့အတိုင်းအတာနဲ့ဆိုရင်တပ်မတော်စစ်ဥပဒေချုပ်ရုံးရဲ့နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်တဲ့အနေအထားမှာရှိနေကြောင်း၊မြန်မာနိုင်ငံဟာပြည်တွင်းတရားစီရင်မှုကိုအထောက်အကူဖြစ်စေရမယ်ဆိုတဲ့မူအပေါ်မှာအခြေခံထားတဲ့အကြောင်းကိုပြောပြီးပြည်ပဝင်ရောက်စွက်ဖက်မှုကိုလက်မခံနိုင်ကြောင်း၊မြန်မာ့တပ်မတော်အနေနဲ့စစ်ရာဇဝတ်မှုတွေဖောက်ဖျက်ကျူးလွန်ခဲ့ရင်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီစစ်ဘက်ဆိုင်ရာတရားစီရင်ရေးစနစ်အောက်မှာပြစ်ဒဏ်ခံကြရကြောင်းနဲ့လက်ရှိဖြစ်ပေါ်နေတဲ့AAလက်နက်ကိုင်အဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားနေရကြောင်း၊ ဒါဟာ ရခိုင်ဒေသရဲ့ငြိမ်းချမ်းရေး၊ လုံခြုံရေးတို့ကို ထိခိုက်စေကြောင်း၊ မြန်မာနိုင်ငံရဲ့ပြည်သူများမျှော်လင့်တောင့်တနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအ တွက်အကြမ်းမဖက်ရေး၊ လူ့အခွင့်အရေး၊အမျိုးသား ပြန်လည်သင့်မြတ်ရေး ၊တရားဥပဒေစိုးမိုးရေးတို့ကိုတစိုက်မတ်မတ်ဆောင်ရွက်လိုက်နာဆောင်ရွက်နေကြောင်း နဲ့ပြည်သူတွေရဲ့လုံခြုံရေးနဲ့အခွင့်အရေးတွေကိုအာမခံပေးနိုင်မယ့်အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ သဟဇာတဖြစ်စေရေး ရဲ့ရှေ့ဆောင်တစ်ခု အဖြစ်တရားမျှတမှုအပေါ်မျှော် ကိုးအားထားလျက်ရှိပါကြောင်းတို့ကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်လဲချက်အပေါ်သုံးသပ်မှု။  

    ဂမ်ဘီယာနိုင်ငံတရားလိုကိုယ်စားလှယ်တွေရဲ့စွပ်စွဲလျှောက်လဲချက်ကိုမြန်မာနိုင်ငံပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ပြန်လည်ချေပချက်ဆိုတာထက်မြန်မာနိုင်ငံရဲ့ကြုံတွေ့နေရတဲ့နိုင်ငံရေး၊ အုပ်ချုပ်ရေးအပိုင်းတွေရဲ့အခက်အခဲကို ကမ္ဘာက သိအောင် တရားဝင်ပြောပြ လိုက်တာ ပါ။ (ဂမ်ဘီယာနိုင်ငံရဲ့စွပ်စွဲ ချက်တွေကိုတော့မြန်မာနိုင်ငံက ငှားရမ်းထားတဲ့ ဥပဒေပညာရှင်တွေ ကဖြေရှင်း သွားကြပါတယ်)။ မြန်မာပြည်မှာဖွဲ့ စည်းပုံအခြေခံဥပဒေ ရဲ့ထူးခြားချက်ကိုတွေ့နိုင်မှာဖြစ် သလို၊ပြည်တွင်းငြိမ်းချမ်းရေး အခက်အခဲတွေကိုလည်းသိနိုင်ပါလိမ့်မယ်။အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရာမှာအခက်အခဲအတားအဆီးတွေကြုံတွေ့နေရတဲ့မြန်မာနိုင်ငံအရေးကိုနိုင်ငံရေးအရတင်ပြသွားတာကိုလည်းတွေ့နိုင်ပါတယ်။နောက်အရေးအကြီးဆုံးအချက်က စစ်ဘက်နဲ့ ဆက် ဆံရေးပိုပြီးအဆင်ပြေနိုင်အောင်မြန်မာ့တပ်မတော်ဘက်ကကာကွယ်ပေးသွားတာပါပဲ။ ဂမ်ဘီယာနိုင်ငံကစွပ်စွဲချက်တွေကိုအပြည်ပြည်ဆိုင်ရာတရားရုံးICJတရားသူကြီးတွေဘယ်လိုဆုံးဖြတ်မလဲ ဆိုတာမသိနိုင်ပေမယ့်၊ကျွန်တော်တို့ ပြည်သူတွေလိုလားနေတဲ့ အရပ်ဘက်အစိုးရနဲ့ စစ်ဘက် အစိုးရနှစ်ရပ် အဆင် ပြေပြေဆက်ဆံရေးရခဲ့ ရင်မြန်မာနိုင်ငံ အရေးအကြောင်း အရာတွေ ပိုမိုတိုး တက် လာနိုင်ပါလိမ့်မယ်။

တချို့တောင်းဆိုနေသလို စစ်ဘက်အစိုးရနဲ့တပ်မတော်က အရပ်ဘက် အစိုးရဲ့ အုပ်ချုပ်မှုကိုရောက် ရမယ်လို့မတောင်းဆို လိုပါဘူး။ အရပ်ဘက်အစိုးရနဲ့ စစ်ဘက်အစိုးရခေါင်းဆောင်တွေ ညှိနှိုင်းဆွေးနွေး တိုင်ပင်ပြီးအတူပူးပေါင်းဆောင်ရွက် နိုင်ရင် တိုင်းပြည် ဟာပိုမိုတိုးတက်လာနိုင်မှာပါ။ သည်ဟိလ်ဂ်မြို့မှာရှိတဲ့အပြည်ပြည်ဆိုင်ရာတရားရုံးICJကိုမြန်မာနိုင်ငံကိုယ်စားမြန်မာအရပ်ဘက်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက်ပြီးလျှောက်လဲချက်တင်တဲ့အပေါ်မှာမြန်မာ ပြည်သူတွေ ထောက်ခံပွဲ တွေလုပ်ခဲ့သလို၊ ဟိလ်ဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJမှ ဒေါ်အောင်ဆန်းစုကြည်အပြန် လမ်းကို လည်းထောက်ခံကြိုဆိုပွဲတွေ လုပ်ခဲ့ကြပါတယ်။ တခြားနိုင်ငံတွေ ရဲ့အမြင်ဘယ်လိုရှိနေ နိုင်တာထက်၊ ကျွန်တော်တို့မြန်မာတိုင်းရင်းသားပြည်သူတွေ အနေနဲ့ပြည်တွင်း အခြေအနေတွေကိုဘဲပိုပြီးစိတ်ဝင်စားကြပါတယ်။

အခုဖြစ်ခဲ့တဲ့မြန်မာပြည်ကိုအပြည်ပြည်ဆိုင်ရာတရားရုံးICJမှာသွားရောက်ဖြေရှင်းနိုင်မှုဟာမြန်မာပြည်သူတွေရဲ့နိုင်ငံရေးရေချိန်နိမ့်ကျနေမှုကိုပြန်နိုးဆွပေးလိုက်သလိုဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရပ်သားအစိုးရ၊လွှတ်တော်နဲ့အင်အယ်ဒီပါတီကလူကြီးတွေကိုပြည်သူတွေမကြိုက်နှစ်သက်နေပေမယ့်၊ပြည်သူတွေ(အများစု)ကတော့အခုအချိန်ထိဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံနေကြတုန်းဆိုတာသိနိုင်ပါတယ်။

မြတ်လှိုင်း

(  Zawgyi  )

 ျမန္မာႏိုင္ငံရခိုင္ျပည္နယ္ကေနရပ္စြန႔္ခြာခဲ့ၾကတဲ့ဘဂၤလီ(႐ိုဟင္ဂ်ာ)ေတြကိစၥနဲ႔ပတ္သက္ၿပီးOICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား၊OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ဂမ္ဘီယာႏိုင္ငံကအျပည္ျပည္ဆိုင္ရာတရား႐ုံးICJမွာတရားစြဲဆိုခဲ့တာကိုေျဖရွင္းခ်က္တင္သြင္းဖို႔ျမန္မာႏိုင္ငံ၊ ႏိုင္ငံျခားေရးျပည္ေထာင္စုဝန္ႀကီးေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕ဟာနယ္သာလန္ႏိုင္ငံ၊သည္ဟိလ္ဂ္ၿမိဳ႕မွာရွိတဲ့အျပည္ျပည္ဆိုင္ရာတရား႐ုံးICJကိုသြားေရာက္ခဲ့ပါတယ္။

ဂမ္ဘီယာႏိုင္ငံတရားလိုကိုယ္စားလွယ္ေတြနဲ႔ျမန္မာႏိုင္ငံဘက္ကအစြပ္စြဲခံကိုယ္စားလွယ္ေတြရဲ႕ေလွ်ာက္လဲခ်က္ေတြကိုႏိုင္ငံကအျပည္ျပည္ဆိုင္ရာတရား႐ုံးICJတရားသူႀကီးေတြကစတင္ၾကားနားခဲ့ၾကပါတယ္။ဒီဇင္ဘာလ၁၁ရက္ေန႔မွာေတာ့ျမန္မာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ကသြားေရာက္ၿပီးစတင္ေလွ်ာက္လဲခ်က္ေပးခဲ့ရပါတယ္။OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား၊OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ဂမ္ဘီယာႏိုင္ငံကိုယ္စားဂမ္ဘီယာႏိုင္ငံတရားေရးဝန္ႀကီးနဲ႔ဂမ္ဘီယာႏိုင္ငံကငွားရမ္းထားတဲ့ဥပေဒပညာ ရွင္ေတြလာေရာက္ၿပီး၂၀၁၉ခုႏွစ္ ဒီဇင္ဘာ ၁၀ ရက္ေန႔ မွာ စြပ္စြဲခ်က္တင္ခဲ့ပါတယ္။ဂမ္ဘီယာႏိုင္ငံရဲ႕စြပ္စြဲခ်က္ကို ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၁ရက္ေန႔ မွာ ျမန္မာႏိုင္ငံကိုယ္စားေဒၚေအာင္ဆန္းစုၾကည္နဲ႔ျမန္မာႏိုင္ငံကငွားရမ္းထားတဲ့ ဥပေဒ ပညာရွင္ ေတြက ေျဖရွင္းေလွ်ာက္လြဲခ်က္တင္သြင္းခဲ့ပါတယ္။ဒီဇင္ဘာလ၁၂ရက္ေန႔မွာေတာ့ဂမ္ဘီယာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕နဲ႔ျမန္မာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕တို႔အၿပီးသတ္ေလွ်ာက္လဲခ်က္တင္သြင္းခဲ့ၾကပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေလွ်ာက္လဲခ်က္။
    ရခိုင္ျပည္နယ္ကေနရပ္စြန႔္ခြာခဲ့ၾကတဲ့ဘဂၤလီ(႐ိုဟင္ဂ်ာ)ေတြကိစၥနဲ႔ပတ္သက္ၿပီးOICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား၊OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ဂမ္ဘီယာႏိုင္ငံကအျပည္ျပည္ဆိုင္ရာတရား႐ုံးICJမွာတရားစြဲဆိုခ်က္ကိုျမန္မာႏိုင္ငံ၊ႏိုင္ငံျခားေရးျပည္ေထာင္စုဝန္ႀကီးေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေျဖရွင္းေလွ်ာက္လဲခ်က္အက်ဥ္းကိုေဖာ္ျပရမယ္ဆိုရင္---
    အျပည္ျပည္ဆိုင္ရာတရား႐ုံးICJအေနနဲ႔ရခိုင္ျပည္နယ္ရဲ႕ေျမျပင္အေျခအေနေတြကိုစိတ္ခံစားမႈကင္းရွင္းစြာတိက်မွန္ကန္တဲ့အကဲျဖတ္ခ်က္ဟာအေရးႀကီးေၾကာင္း၊ရခိုင္ျပည္နယ္အေရးကိစၥဟာရႈပ္ေထြးနက္နဲၿပီးအတိမ္အနက္ကိုလည္းနားလည္ဖို႔ခက္ခဲတဲ့ကိစၥတစ္ခုျဖစ္ေၾကာင္း၊၂၀၁၆/၂၀၁၇ခုႏွစ္မွာျဖစ္ပြားခဲ့ရတဲ့ARSAမြတ္ဆလင္ အၾကမ္းဖက္အဖြဲ႕ဝင္အင္အားေထာင္ေပါင္းမ်ားစြာ ကျမန္မာႏိုင္ငံ ရဲကင္းေတြ ကို တၿပိဳင္နက္ စတင္တိုက္ခိုက္ခဲ့ မႈျပဳလုပ္ခဲ့ၾကေၾကာင္း၊ အဲဒီတိုက္ခိုက္ခဲ့ မႈေတြေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ေတြေသဆုံးခဲ့ရၿပီး အရပ္သားမ်ားစြာ ေပ်ာက္ဆုံးသြားခဲ့ရေၾကာင္း၊ လက္နက္ခဲယမ္းေျမာ က္မ်ားစြာလုယူခံခဲ့ရေၾကာင္း၊ARSAမြတ္ဆလင္အၾကမ္းဖက္တိုက္ခိုက္ခဲ့မႈေတြအရႏွစ္ဖက္လူ႔အဖြဲ႕အစည္းအသိုင္းအဝန္းေတြၾကားမွာျပင္းထန္တဲ့ပဋိပကၡေတြျဖစ္ပြားခဲ့ရေၾကာင္း၊ARSaအၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္လည္းလူနည္းစုအသိုက္အဝန္းျဖစ္တဲ့ဗုဒၶဘာသာဝင္ေတြ၊ဟိႏၵဴဘာသာဝင္ေတြအေနနဲ႔လည္းသူတို႔ရဲ႕လုံၿခဳံေရးအတြက္စိုးရိမ္မႈေတြျဖစ္ခဲ့ရၿပီးအမ်ားစုဟာေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရေၾကာင္းေတြကို ပထမဦးစြာေျပာၾကားသြားခဲ့ပါတယ္။

ျမန္မာစစ္တပ္ရဲ႕နယ္ေျမရွင္းလင္းေရးေဆာင္႐ြက္ခ်က္ေတြ ဆက္ေျပာၾကားခဲ့ပါတယ္။ စစ္ဆင္ေရး ေတြေဆာင္႐ြက္တဲ့ေနရာမွာဆက္စပ္ထိခိုက္မႈေတြနည္းႏိုင္သမွ်နည္းေစရန္အတြက္ေလတပ္အင္အားကိုတတ္ႏိုင္သမွ်သုံးစြဲခဲ့ရျခင္းဟာမွတ္သားစရာေကာင္းတဲ့အခ်က္ျဖစ္ေၾကာင္း၊ရာနဲ႔ခ်ီတဲ့ARSAအၾကမ္းဖက္သမားေတြကျမန္မာစစ္တပ္စစ္ေၾကာင္းကိုဝိုင္းဝန္းပိတ္ဆို႔တိုက္ခိုက္ခဲ့တာကိုတပ္မေတာ္သား
ေတြကယ္ထုတ္ရန္အတြက္ရဟတ္ယာဥ္သုံးၿပီးပစ္ခတ္ခဲ့ရတဲ့ျဖစ္ရပ္မွာအၾကမ္းဖက္သမားေတြထဲမွာမပါဝင္သူတခ်ိဳ႕လည္းထိခိုက္ဒဏ္ရာရမႈေတြျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း၊တခ်ိဳ႕ျဖစ္ရပ္ေတြမွာARSAအၾကမ္း ဖက္တိုက္ခိုက္သူေတြနဲ႔အရပ္သားမ်ား ကို ေသခ်ာခြဲျခားႏိုင္မႈ၊ ဒါမွမဟုတ္ႏိုင္ငံတကာလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာဥပေဒမ်ားကိုသတိမမူမိဘဲအင္အားမမွ်မတသုံးစြဲခဲ့မႈေတြမရွိခဲ့ဘူးလို႔တပ္အပ္မေျပာႏိုင္ေၾကာင္း၊တိုက္ခိုက္မႈေတြျဖစ္ပြားၿပီးေနာက္လူမ်ားစြန႔္ခြာခဲ့ၾကတဲ့ေက်း႐ြာေတြမွာလည္းက်န္ရွိေနတဲ့ပစၥည္းပိုင္ဆိုင္မႈမ်ားကိုဖ်က္ဆီးျခင္း၊လုယက္ျခင္းေတြကိုက်ဴးလြန္တဲ့အရပ္သားေတြကိုဟန႔္တားတဲ့အပိုင္းမွာလည္းအားနည္းခ်က္ေတြရွိေကာင္းရွိႏိုင္ေၾကာင္း၊အၾကမ္းဖက္တိုက္ခိုက္မႈေတြကိုကိုင္
တြယ္ေျဖရွင္းခဲ့ရသူေတြရဲ႕ရည္႐ြယ္ခ်က္မ်ား ကိုျပန္လည္သုံးသပ္တဲ့ေနရာမွာမိမိတို႔ႏိုင္ငံ ရဲ႕အခ်ဳပ္ အျခာအာဏာနဲ႔တရားဥပေဒစိုးမိုးမႈကိုစိန္ေခၚလာတဲ့အေနအထားနဲ႔ရႈပ္ေထြးလွတဲ့အျခားေသာအေျခအေနအရပ္ရပ္ကိုလည္းထည့္သြင္း စဥ္းစားဖို႔လိုအပ္မွာျဖစ္ ေၾကာင္း၊ ဒီလိုအေျခအေန မ်ိဳးေတြမွာ လူမ်ိဳးျပဳန္းတီးေစရန္ရည္႐ြယ္ခ်က္ရွိတယ္ဆိုတဲ့ယူ ဆခ်က္တစ္ခုတည္းကိုသာေကာက္ ခ်က္ခ်မွတ္ သြားလို႔မရႏိုင္ေၾကာင္းေတြနဲ႔၂၀၀၈ဖြဲ႕စည္းပုံ အေျခခံဥပေဒက အရပ္ဘက္နဲ႔စစ္ဘက္အစိုးရႏွစ္ခုရဲ႕ လုပ္ပိုင္ခြင့္ေတြကို လည္းခပ္ပါးပါး ေလးခ်ျပသြား ပါတယ္။

ျမန္မာႏိုင္ငံရဲ႕အတိုင္းအတာနဲ႔ဆိုရင္တပ္မေတာ္စစ္ဥပေဒခ်ဳပ္႐ုံးရဲ႕ႏိုင္ႏိုင္နင္းနင္းေဆာင္႐ြက္ႏိုင္တဲ့အေနအထားမွာရွိေနေၾကာင္း၊ျမန္မာႏိုင္ငံဟာျပည္တြင္းတရားစီရင္မႈကိုအေထာက္အကူျဖစ္ေစရမယ္ဆိုတဲ့မူအေပၚမွာအေျခခံထားတဲ့အေၾကာင္းကိုေျပာၿပီးျပည္ပဝင္ေရာက္စြက္ဖက္မႈကိုလက္မခံႏိုင္ေၾကာင္း၊ျမန္မာ့တပ္မေတာ္အေနနဲ႔စစ္ရာဇဝတ္မႈေတြေဖာက္ဖ်က္က်ဴးလြန္ခဲ့ရင္ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔အညီစစ္ဘက္ဆိုင္ရာတရားစီရင္ေရးစနစ္ေအာက္မွာျပစ္ဒဏ္ခံၾကရေၾကာင္းနဲ႔လက္ရွိျဖစ္ေပၚေနတဲ့AAလက္နက္ကိုင္အဖြဲ႕နဲ႔တိုက္ပြဲျဖစ္ပြားေနရေၾကာင္း၊ ဒါဟာ ရခိုင္ေဒသရဲ႕ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရးတို႔ကို ထိခိုက္ေစေၾကာင္း၊ ျမန္မာႏိုင္ငံရဲ႕ျပည္သူမ်ားေမွ်ာ္လင့္ေတာင့္တေနၾကတဲ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ႏိုင္ေရးအ တြက္အၾကမ္းမဖက္ေရး၊ လူ႔အခြင့္အေရး၊အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး ၊တရားဥပေဒစိုးမိုးေရးတို႔ကိုတစိုက္မတ္မတ္ေဆာင္႐ြက္လိုက္နာေဆာင္႐ြက္ေနေၾကာင္း နဲ႔ျပည္သူေတြရဲ႕လုံၿခဳံေရးနဲ႔အခြင့္အေရးေတြကိုအာမခံေပးႏိုင္မယ့္အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ သဟဇာတျဖစ္ေစေရး ရဲ႕ေရွ႕ေဆာင္တစ္ခု အျဖစ္တရားမွ်တမႈအေပၚေမွ်ာ္ ကိုးအားထားလ်က္ရွိပါေၾကာင္းတို႔ကို ေျပာၾကားခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေလွ်ာက္လဲခ်က္အေပၚသုံးသပ္မႈ။    

    ဂမ္ဘီယာႏိုင္ငံတရားလိုကိုယ္စားလွယ္ေတြရဲ႕စြပ္စြဲေလွ်ာက္လဲခ်က္ကိုျမန္မာႏိုင္ငံျပည္ေထာင္စုႏိုင္ငံျခားေရးဝန္ႀကီးေဒၚေအာင္ဆန္းစုၾကည္ရဲ႕ျပန္လည္ေခ်ပခ်က္ဆိုတာထက္ျမန္မာႏိုင္ငံရဲ႕ႀကဳံေတြ႕ေနရတဲ့ႏိုင္ငံေရး၊ အုပ္ခ်ဳပ္ေရးအပိုင္းေတြရဲ႕အခက္အခဲကို ကမာၻက သိေအာင္ တရားဝင္ေျပာျပ လိုက္တာ ပါ။ (ဂမ္ဘီယာႏိုင္ငံရဲ႕စြပ္စြဲ ခ်က္ေတြကိုေတာ့ျမန္မာႏိုင္ငံက ငွားရမ္းထားတဲ့ ဥပေဒပညာရွင္ေတြ ကေျဖရွင္း သြားၾကပါတယ္)။ ျမန္မာျပည္မွာဖြဲ႕ စည္းပုံအေျခခံဥပေဒ ရဲ႕ထူးျခားခ်က္ကိုေတြ႕ႏိုင္မွာျဖစ္ သလို၊ျပည္တြင္းၿငိမ္းခ်မ္းေရး အခက္အခဲေတြကိုလည္းသိႏိုင္ပါလိမ့္မယ္။အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးေဆာင္႐ြက္ရာမွာအခက္အခဲအတားအဆီးေတြႀကဳံေတြ႕ေနရတဲ့ျမန္မာႏိုင္ငံအေရးကိုႏိုင္ငံေရးအရတင္ျပသြားတာကိုလည္းေတြ႕ႏိုင္ပါတယ္။ေနာက္အေရးအႀကီးဆုံးအခ်က္က စစ္ဘက္နဲ႔ ဆက္ ဆံေရးပိုၿပီးအဆင္ေျပႏိုင္ေအာင္ျမန္မာ့တပ္မေတာ္ဘက္ကကာကြယ္ေပးသြားတာပါပဲ။ ဂမ္ဘီယာႏိုင္ငံကစြပ္စြဲခ်က္ေတြကိုအျပည္ျပည္ဆိုင္ရာတရား႐ုံးICJတရားသူႀကီးေတြဘယ္လိုဆုံးျဖတ္မလဲ ဆိုတာမသိႏိုင္ေပမယ့္၊ကြၽန္ေတာ္တို႔ ျပည္သူေတြလိုလားေနတဲ့ အရပ္ဘက္အစိုးရနဲ႔ စစ္ဘက္ အစိုးရႏွစ္ရပ္ အဆင္ ေျပေျပဆက္ဆံေရးရခဲ့ ရင္ျမန္မာႏိုင္ငံ အေရးအေၾကာင္း အရာေတြ ပိုမိုတိုး တက္ လာႏိုင္ပါလိမ့္မယ္။

တခ်ိဳ႕ေတာင္းဆိုေနသလို စစ္ဘက္အစိုးရနဲ႔တပ္မေတာ္က အရပ္ဘက္ အစိုးရဲ႕ အုပ္ခ်ဳပ္မႈကိုေရာက္ ရမယ္လို႔မေတာင္းဆို လိုပါဘူး။ အရပ္ဘက္အစိုးရနဲ႔ စစ္ဘက္အစိုးရေခါင္းေဆာင္ေတြ ညႇိႏႈိင္းေဆြးေႏြး တိုင္ပင္ၿပီးအတူပူးေပါင္းေဆာင္႐ြက္ ႏိုင္ရင္ တိုင္းျပည္ ဟာပိုမိုတိုးတက္လာႏိုင္မွာပါ။ သည္ဟိလ္ဂ္ၿမိဳ႕မွာရွိတဲ့အျပည္ျပည္ဆိုင္ရာတရား႐ုံးICJကိုျမန္မာႏိုင္ငံကိုယ္စားျမန္မာအရပ္ဘက္ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္သြားေရာက္ၿပီးေလွ်ာက္လဲခ်က္တင္တဲ့အေပၚမွာျမန္မာ ျပည္သူေတြ ေထာက္ခံပြဲ ေတြလုပ္ခဲ့သလို၊ ဟိလ္ဂ္ၿမိဳ႕မွာရွိတဲ့ အျပည္ျပည္ဆိုင္ရာ တရား႐ုံး ICJမွ ေဒၚေအာင္ဆန္းစုၾကည္အျပန္ လမ္းကို လည္းေထာက္ခံႀကိဳဆိုပြဲေတြ လုပ္ခဲ့ၾကပါတယ္။ တျခားႏိုင္ငံေတြ ရဲ႕အျမင္ဘယ္လိုရွိေန ႏိုင္တာထက္၊ ကြၽန္ေတာ္တို႔ျမန္မာတိုင္းရင္းသားျပည္သူေတြ အေနနဲ႔ျပည္တြင္း အေျခအေနေတြကိုဘဲပိုၿပီးစိတ္ဝင္စားၾကပါတယ္။

အခုျဖစ္ခဲ့တဲ့ျမန္မာျပည္ကိုအျပည္ျပည္ဆိုင္ရာတရား႐ုံးICJမွာသြားေရာက္ေျဖရွင္းႏိုင္မႈဟာျမန္မာျပည္သူေတြရဲ႕ႏိုင္ငံေရးေရခ်ိန္နိမ့္က်ေနမႈကိုျပန္ႏိုးဆြေပးလိုက္သလိုျဖစ္ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့အရပ္သားအစိုးရ၊လႊတ္ေတာ္နဲ႔အင္အယ္ဒီပါတီကလူႀကီးေတြကိုျပည္သူေတြမႀကိဳက္ႏွစ္သက္ေနေပမယ့္၊ျပည္သူေတြ(အမ်ားစု)ကေတာ့အခုအခ်ိန္ထိေဒၚေအာင္ဆန္းစုၾကည္ကိုေထာက္ခံေနၾကတုန္းဆိုတာသိႏိုင္ပါတယ္။

ျမတ္လႈိင္း