【 နိုင်ငံတကာဆောင်းပါး 】 "အမေရိကန်လက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ ပေါ်ပေါက်နိုင်"
ဂျိုးဘိုင်ဒင်သည် အမေရိကန်နိုင်ငံကို ဆိုရှယ်လစ်နိုင်ငံအဖြစ် ပြောင်းလဲလိုနေသည်ဟု ကြာသပတေးနေ့က ရီပါတ်ဗလစ်ကန် အမျိုးသားညီလာခံပိတ်ပွဲ မိန့်ခွန်းတွင် သမ္မတ ဒေါ်နယ်ထရမ့် က စွပ်စွဲလိုက်သည်။
ဘိုင်ဒင်သည် ဆိုရှယ်လစ်ဝါဒအတွက် ထရိုဂျင်မြင်းဖြစ်သည်ဟု သတိပေးပြီးနောက် ထရမ့် က ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်နှင့် သူ၏ ဒုတိယသမ္မလောင်း ကမ်မလာ ဟဲရစ် က အမေရိကန်ဘဝလမ်းကြောင်းကိုဖျက်ဆီးမည့် ဆိုရှယ်လစ်အစီအစဉ်ကို တွန်းအားပေးလိမ့်မည်ဟု ပြောသည်။
သူ၏ထုံးစံ ခြောက်လှန့်သည့်ပုံစံဖြင့် ထရမ့် က “ခင်ဗျားတို့တွေ ဂျိုးဘိုင်ဒင် ကို အာဏာအပ်ရင် လက်ဝဲစွန်းတွေအတွက် ရဲဌာနတွေကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းလိမ့်မယ် …. ဘယ်သူမှမလုံခြုံတော့ဘူး” ဟု ပြောသည်။ဒီမိုကရက်တို့သည် မင်းမဲ့ဝါဒီများ၊ လှုံ့ဆော်ရေးသမားများ၊ အဓိကရုဏ်းသမားများ၊ လုယက်သူများနှင့် အလံမီးရှို့သူများဖြစ်သည့် သဘောလည်း သူပြောသည်။
ထိုအချက်သည် ရီပါတ်ဗလစ်ကန်တို့ သဘောတူထားသော ဇာတ်ညွှန်းဖြစ်သည်။ဇူလိုင်လလယ်က ဒုတိယသမ္မတ မိုက်ပန့်စ် က ဘိုင်ဒင်သည် အစွန်းရောက်အစီအစဉ်အတွက် ထရိုဂျင်ဖြစ်ကြောင်းပြောပြီး ၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် အခွင့်အလမ်းများကတစ်ဖက် ဆိုရှယ်လစ်ဝါဒနှင့် ကျဆုံးမှုကတစ်ဖက်အကြား ရွေးချယ်မှုဖြစ်ကြောင်း ပုံဖေါ်သည်။
ကွန်မြူနစ်ဝါဒသည် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ယူနီယံတို့ ထိပ်တိုက်တွေ့ခဲ့သည့် စစ်အေးတိုက်ပွဲမှ သယ်ဆောင်လာသော တင်းကျပ်သည့်စနစ်ဖြစ်သည်ဟူသည့် အမြင်သည် အမေရိကန်အများစုတွင် ရှိနေဆဲဖြစ်သည်ဟု ထရမ့် ထင်သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့တွင် Frank Newport က ထုတ်ပြန်သည့် ‘ယနေ့အမေရိကန်များအတွက် ဆိုရှယ်လစ်ဝါဒဆိုသည်မှာ’ အမည်ရှိ Gallup စစ်တမ်းအရ ၂၃ ရာခိုင်နှုန်းသော အမေရိကန်များက ဆိုရှယ်လစ်ဝါဒကို တန်းတူညီမျှမှု ပုံစံတစ်မျိုးအဖြစ် နားလည်ကြသည်။အထူးခြားဆုံးမှာ ၁၇ ရာခိုင်နှုန်းကသာ ဆိုရှယ်လစ်ဝါဒသည် စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေးအပေါ် အစိုးရကထိန်းချုပ်ခြင်းဟု မြင်ကြခြင်းဖြစ်သည်။ထိုပမာဏသည် ၁၉၄၉ ခုနှစ်က ထိုသို့မြင်သောသူအရေအတွက်၏ ထက်ဝက်သို့ ကျဆင်းသွားခြင်းဖြစ်သည်။
ဒီမိုကရေစီသည် နှစ်ပေါင်းများစွာအတွင်း ဖြစ်ပေါ်တိုးတက်နေသကဲ့သို့ပင် ဆိုရှယ်လစ်ဝါဒသည်လည်း ပိုမိုကောင်းမွန်လာသည်။တိုးတက်သော ဆိုရှယ်လစ်ဝါဒအကြောင်း ဆွေးနွေးသောအခါ တရုတ်နိုင်ငံကို စိတ်ထဲတွင်မြင်လာသည်။ထို့ကြောင့်ပင် ထရမ့်ကလည်း အမေရိကန်များ တိုးတက်သော ဆိုရှယ်လစ်ဝါဒ၏ လက်တွေ့ကျမှုမှ လမ်းကြောင်းလွှဲရန် တရုတ်နိုင်ငံကို အဆိုးမြင်ဖြင့် ကာလကြာမြင့်စွာ ပုံဖေါ်နေခြင်းဖြစ်သည်။
ဆိုရှယ်လစ်စနစ်ကို ဂန္တဝင်ဖွင့်ဆိုချက်မှာ ‘၎င်းသည် ကုန်ထုတ်နည်းလမ်း၊ ဖြန့်ချီမှုနှင့် ဖလှယ်မှုတို့ကို လူမှုအသိုင်းအဝန်းတစ်ခုလုံးအနေဖြင့် ပိုင်ဆိုင် သို့မဟုတ် ထိန်းကျောင်းသင့်သည်ဆိုသည့် အချက်ကိုထောက်ခံသည့် လူမှုအဖွဲ့အစည်း၏ နိုင်ငံရေးနှင့် စီးပွားရေးသဘောတရားတစ်ခု’ ဟူ၍ဖြစ်သည်။
သို့သော် ထိုအချက်မှာ ကျန်ခဲ့ပြီဖြစ်သောခေတ်၏ အယူအဆဖြစ်သည်။နိုင်ငံရေးဘောဂဗေဒကို လွှမ်းမိုးရာတွင် တရုတ်နည်း တရုတ်ဟန် ဆိုရှယ်လစ်ဝါဒသည် လစ်ဘရယ် ဒီမိုကရေစီနှင့် အရင်းရှင်စနစ်၏ အကြီးမားဆုံး သဘောတရားရေးရာ ပြိုင်ဖက်ဖြစ်လာသည်။
အခြေခံအားဖြင့် ထိုစနစ်သည် တိုင်းပြည်ကြွယ်ဝချမ်းသာလာသောအခါ မည်သူမျှ နောက်ကျမကျန်စေသော ရင်းနှီးမြှုပ်နှံမှုနှင့် ညီမျှမှုကိုအားပေးသော ဈေးကွက်စီးပွားရေးနှင့် ပေါင်းစပ်ထားသည့် စနစ်တစ်ခုဖြစ်သည်။ထိုသို့လုပ်ဆောင်သောကြောင့် တရုတ်နိုင်ငံသည် နှစ်ပေါင်း ၄၀ မျှ ကာလအတွင်း ကမ္ဘာ့ဒုတိယအကြီးမားဆုံး စီးပွားရေးဖြစ်လာရုံသာမက နိုင်ငံသားအားလုံးနီးပါးကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည်။
ထို့ကြောင့် ထရမ့် က ဆိုရှယ်လစ်ဝါဒကို ရာဇဝတ်မှုကဲ့သို့သော မနှစ်မြို့ဖွယ်ရာ စရိုက်လက္ခဏာများနှင့် ဆက်စပ်ပြောဆိုခြင်းမှာ လုံး၀လွဲမှားသည်။ထိုမျှထင်ရှားလှသောအောင်မြင်မှုကို လှောင်ပြောင်နေမည့်အစား လက်ရှိ လူမှုနှင့်စီးပွားရေး မညီမျှမှုချောက်ကမ်းပါးကြီးကြောင့် အမေရိကန်ပြည်ထောင်စုပြိုကွဲခြင်းကို တားဆီးရန်အတွက် ထရမ့်အနေဖြင့် အမေရိကန်လူမှုဈေးကွက် သဘောတရားတစ်ခုကို အဆိုပြုသင့်သည်။အမေရိကန်ပြည်ထောင်စုသည် ၎င်း၏လူမှုဖူလှုံရေးစနစ်မှတဆင့် ဆိုရှယ်လစ်လက္ခဏာများကို ကျင့်သုံးနေပြီးဖြစ်သောကြောင့် ထိုသို့လုပ်ရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။
တနင်္ဂနွေနေ့က ထုတ်လွှင့်သည့် CNN’s GPS ၏ Zareed Zakaria နှင့် အစီအစဉ်ဖြစ်သော ‘သူတို့က ကျနော်တို့ကို ဘယ်လိုမြင်လဲ - ထရမ့်၏ အမေရိက၏ ကမ္ဘာ့အမြင်’ အစီအစဉ်တွင် ယခင် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဂျွန်မေဂျာ က တရုတ်၏ ဆိုရှယ်လစ်နိုင်ငံရေး သဘောတရားကို အနောက်ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုဟု သူမမြင်သော်လည်း တရုတ်နိုင်ငံသည် အနောက်တိုင်းလစ်ဘရယ်ဝါဒ အကြီးအကျယ်ကင်းမဲ့သည့် နက်ရှိုင်းသော ကိုယ်ကျင့်တရားဝါဒကို ပေးသည်ဟုပြောသည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင်ဖြစ်ပေါ်နေသည့် လျှင်မြန်သောအပြောင်းအလဲများ အထူးသဖြင့် အမြဲတမ်းပြောင်းလဲနေသော နည်းပညာကဏ္ဍကို သိမ်မွေ့အောင်ပြုလုပ်ရန် ကျင့်ဝတ်တစ်ခုဖန်တီးရန် ပျက်ကွက်ကြောင်း မေဂျာ ပြောသည်။အနောက်တိုင်းလူ့အဖွဲ့အစည်းများကို တလုံးတစည်းတည်းဖြစ်အောင် ပြုလုပ်ပေးသည့် ခရစ်ယာန်ဘာသာရေးတန်ဖိုးများ တိုက်စားခံရခြင်းကိုလည်း သူရည်ညွှန်းပြီး အနောက်တိုင်းလူ့အဖွဲ့အစည်းများသည် ထိန်းကျောင်းမည့်ပဲ့ ကင်းမဲ့နေသည်ဟု သူပြောသည်။
ဖွံ့ဖြိုးပြီးကမ္ဘာမှ အစိုးရအများအပြားတို့သည် ၎င်းတို့၏ စီးပွားရေးအုပ်ချုပ်မှုနှင့် တရားဥပဒေစနစ်များတွင် ဆိုရှယ်လစ်သဘောသဘာဝများ ရှိနေကြသည်။ဥပမာကောင်းတစ်ခုမှာ ဥရောပ၏ အကြီးမားဆုံးစီးပွားရေးဖြစ်သော ဂျာမဏီဖြစ်ပြီး ဂျာမဏီတွင် လွတ်လပ်သောဈေးကွက် အရင်းရှင်စီးပွားရေးစနစ်နှင့် ဈေးကွက်နှင့် အုပ်ချုပ်ရေးအဆင့် နှစ်ခုလုံးတွင် ညီမျှမှုကိုရည်ရွယ်သည့် လူမှုမူဝါဒများ ရောနှောပေါင်းစပ်ထားသည်။
ထို့အပြင် ဂျာမဏီမှ ဆိုရှယ်ဒီမိုကရက်ပါတီ (SDP) သည် နိုင်ငံတွင် အဓိကကျသော ခေတ်ပြိုင်နိုင်ငံရေးမှ ပါဝင်သူဖြစ်နေသည်။ဂျာမန် အများပြည်သူရုပ်သံလွှင့်လုပ်ငန်း Deutsche Welle ၏ အဆိုအရ ၂၀၁၇ ခုနှစ်က SDP တွင် အဖွဲ့ဝင် ၄၃၈၀၀၀ ရှိပြီး ထိုနှစ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၇၀၉ နေရာတွင် ၁၅၃ နေရာ သို့မဟုတ် ၂၀.၅ ရာခိုင်နှုန်းရသည်။ SDP သည် ဝန်ကြီးချုပ် အန်ဂျလာမာကယ် ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရ၏ တစိတ်တပိုင်းလည်းဖြစ်သည်။ ၂၀၁၉ ခုနှစ်က ဥရောပ ပါလီမန်တွင် SDP သည် မဲများ၏ ၁၅.၈ ရာခိုင်နှုန်း ရခဲ့သည်။
အခြေခံအားဖြင့်ဆိုရပါက လစ်ဘရယ်ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးအခြေခံ အရင်းရှင်စနစ်ကိုကျင့်သုံးသော နိုင်ငံအများအပြားတွင်လည်း ဆိုရှယ်လစ်ရေချိန် အမျိုးမျိုးရှိသော နိုင်ငံရေးပါတီများရှိကြသည်။ဆိုးရွားလှသော ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနှင့်အတူ ဆိုရှယ်လစ်ပါတီများသည် အနာဂါတ်တွင် ကြီးမားသော လူဦးရေအများအပြား၏ အခွင့်အရေးဆုံးရှုံးမှုများကို ရှောင်ရှားရန်နှင့် ပြည်သူအားလုံးကို ဆင်းရဲမှုမျဉ်းအထက်တွင်ရှိစေရန် နည်းလမ်းအဖြစ် တဖြည်းဖြည်းပြန်လည်ရေပန်းစားလာမည်ဟု မျှော်လင့်ရသည်။အမေရိကန်အနေဖြင့် တရုတ်ပုံစံကို ကူးချရန်မလိုပေ။အမေရိကန်အနေဖြင့် ၎င်း၏လူမှုစီးပွားနှင့် နိုင်ငံရေးသဘောတရားနှင့်ကိုက်ညီသည့် စနစ်တစ်ခုကို ဖန်တီးနိုင်ပေသည်။
(အယ်ဒီတာ မှတ်ချက် - Stephen Ndegwa သည် နိုင်ရိုဘီအခြေစိုက် ဆက်သွယ်ရေးအတိုင်ပင်ခံနှင့် နိုင်ငံတကာရေးရာ ဆောင်းပါးရှင်ဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ကို ထင်ဟပ်သည်ဟု မဆိုနိုင်ပါ။)
(If you want to contribute and have specific expertise, please contact us at [email protected].)
Linko
စက်တင်ဘာ - ၁
( Zawgyi )
ဂ်ိဳးဘိုင္ဒင္သည္ အေမရိကန္ႏိုင္ငံကို ဆိုရွယ္လစ္ႏိုင္ငံအျဖစ္ ေျပာင္းလဲလိုေနသည္ဟု ၾကာသပေတးေန႔က ရီပါတ္ဗလစ္ကန္ အမ်ိဳးသားညီလာခံပိတ္ပြဲ မိန႔္ခြန္းတြင္ သမၼတ ေဒၚနယ္ထရမ့္ က စြပ္စြဲလိုက္သည္။
ဘိုင္ဒင္သည္ ဆိုရွယ္လစ္ဝါဒအတြက္ ထ႐ိုဂ်င္ျမင္းျဖစ္သည္ဟု သတိေပးၿပီးေနာက္ ထရမ့္ က ဒီမိုကရက္သမၼတေလာင္း ဘိုင္ဒင္ႏွင့္ သူ၏ ဒုတိယသမၼေလာင္း ကမ္မလာ ဟဲရစ္ က အေမရိကန္ဘဝလမ္းေၾကာင္းကိုဖ်က္ဆီးမည့္ ဆိုရွယ္လစ္အစီအစဥ္ကို တြန္းအားေပးလိမ့္မည္ဟု ေျပာသည္။
သူ၏ထုံးစံ ေျခာက္လွန႔္သည့္ပုံစံျဖင့္ ထရမ့္ က “ခင္ဗ်ားတို႔ေတြ ဂ်ိဳးဘိုင္ဒင္ ကို အာဏာအပ္ရင္ လက္ဝဲစြန္းေတြအတြက္ ရဲဌာနေတြကို ေငြေၾကးေထာက္ပံ့မႈ ရပ္ဆိုင္းလိမ့္မယ္ …. ဘယ္သူမွမလုံၿခဳံေတာ့ဘူး” ဟု ေျပာသည္။ဒီမိုကရက္တို႔သည္ မင္းမဲ့ဝါဒီမ်ား၊ လႈံ႕ေဆာ္ေရးသမားမ်ား၊ အဓိက႐ုဏ္းသမားမ်ား၊ လုယက္သူမ်ားႏွင့္ အလံမီးရႈိ႕သူမ်ားျဖစ္သည့္ သေဘာလည္း သူေျပာသည္။
ထိုအခ်က္သည္ ရီပါတ္ဗလစ္ကန္တို႔ သေဘာတူထားေသာ ဇာတ္ၫႊန္းျဖစ္သည္။ဇူလိုင္လလယ္က ဒုတိယသမၼတ မိုက္ပန႔္စ္ က ဘိုင္ဒင္သည္ အစြန္းေရာက္အစီအစဥ္အတြက္ ထ႐ိုဂ်င္ျဖစ္ေၾကာင္းေျပာၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲသည္ လြတ္လပ္မႈႏွင့္ အခြင့္အလမ္းမ်ားကတစ္ဖက္ ဆိုရွယ္လစ္ဝါဒႏွင့္ က်ဆုံးမႈကတစ္ဖက္အၾကား ေ႐ြးခ်ယ္မႈျဖစ္ေၾကာင္း ပုံေဖၚသည္။
ကြန္ျမဴနစ္ဝါဒသည္ အေမရိကန္ျပည္ေထာင္စုႏွင့္ ဆိုဗီယက္ယူနီယံတို႔ ထိပ္တိုက္ေတြ႕ခဲ့သည့္ စစ္ေအးတိုက္ပြဲမွ သယ္ေဆာင္လာေသာ တင္းက်ပ္သည့္စနစ္ျဖစ္သည္ဟူသည့္ အျမင္သည္ အေမရိကန္အမ်ားစုတြင္ ရွိေနဆဲျဖစ္သည္ဟု ထရမ့္ ထင္သည္။
၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၄ ရက္ေန႔တြင္ Frank Newport က ထုတ္ျပန္သည့္ ‘ယေန႔အေမရိကန္မ်ားအတြက္ ဆိုရွယ္လစ္ဝါဒဆိုသည္မွာ’ အမည္ရွိ Gallup စစ္တမ္းအရ ၂၃ ရာခိုင္ႏႈန္းေသာ အေမရိကန္မ်ားက ဆိုရွယ္လစ္ဝါဒကို တန္းတူညီမွ်မႈ ပုံစံတစ္မ်ိဳးအျဖစ္ နားလည္ၾကသည္။အထူးျခားဆုံးမွာ ၁၇ ရာခိုင္ႏႈန္းကသာ ဆိုရွယ္လစ္ဝါဒသည္ စီးပြားေရးလုပ္ငန္းမ်ားႏွင့္ စီးပြားေရးအေပၚ အစိုးရကထိန္းခ်ဳပ္ျခင္းဟု ျမင္ၾကျခင္းျဖစ္သည္။ထိုပမာဏသည္ ၁၉၄၉ ခုႏွစ္က ထိုသို႔ျမင္ေသာသူအေရအတြက္၏ ထက္ဝက္သို႔ က်ဆင္းသြားျခင္းျဖစ္သည္။
ဒီမိုကေရစီသည္ ႏွစ္ေပါင္းမ်ားစြာအတြင္း ျဖစ္ေပၚတိုးတက္ေနသကဲ့သို႔ပင္ ဆိုရွယ္လစ္ဝါဒသည္လည္း ပိုမိုေကာင္းမြန္လာသည္။တိုးတက္ေသာ ဆိုရွယ္လစ္ဝါဒအေၾကာင္း ေဆြးေႏြးေသာအခါ တ႐ုတ္ႏိုင္ငံကို စိတ္ထဲတြင္ျမင္လာသည္။ထို႔ေၾကာင့္ပင္ ထရမ့္ကလည္း အေမရိကန္မ်ား တိုးတက္ေသာ ဆိုရွယ္လစ္ဝါဒ၏ လက္ေတြ႕က်မႈမွ လမ္းေၾကာင္းလႊဲရန္ တ႐ုတ္ႏိုင္ငံကို အဆိုးျမင္ျဖင့္ ကာလၾကာျမင့္စြာ ပုံေဖၚေနျခင္းျဖစ္သည္။
ဆိုရွယ္လစ္စနစ္ကို ဂႏၲဝင္ဖြင့္ဆိုခ်က္မွာ ‘၎သည္ ကုန္ထုတ္နည္းလမ္း၊ ျဖန႔္ခ်ီမႈႏွင့္ ဖလွယ္မႈတို႔ကို လူမႈအသိုင္းအဝန္းတစ္ခုလုံးအေနျဖင့္ ပိုင္ဆိုင္ သို႔မဟုတ္ ထိန္းေက်ာင္းသင့္သည္ဆိုသည့္ အခ်က္ကိုေထာက္ခံသည့္ လူမႈအဖြဲ႕အစည္း၏ ႏိုင္ငံေရးႏွင့္ စီးပြားေရးသေဘာတရားတစ္ခု’ ဟူ၍ျဖစ္သည္။
သို႔ေသာ္ ထိုအခ်က္မွာ က်န္ခဲ့ၿပီျဖစ္ေသာေခတ္၏ အယူအဆျဖစ္သည္။ႏိုင္ငံေရးေဘာဂေဗဒကို လႊမ္းမိုးရာတြင္ တ႐ုတ္နည္း တ႐ုတ္ဟန္ ဆိုရွယ္လစ္ဝါဒသည္ လစ္ဘရယ္ ဒီမိုကေရစီႏွင့္ အရင္းရွင္စနစ္၏ အႀကီးမားဆုံး သေဘာတရားေရးရာ ၿပိဳင္ဖက္ျဖစ္လာသည္။
အေျခခံအားျဖင့္ ထိုစနစ္သည္ တိုင္းျပည္ႂကြယ္ဝခ်မ္းသာလာေသာအခါ မည္သူမွ် ေနာက္က်မက်န္ေစေသာ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ညီမွ်မႈကိုအားေပးေသာ ေဈးကြက္စီးပြားေရးႏွင့္ ေပါင္းစပ္ထားသည့္ စနစ္တစ္ခုျဖစ္သည္။ထိုသို႔လုပ္ေဆာင္ေသာေၾကာင့္ တ႐ုတ္ႏိုင္ငံသည္ ႏွစ္ေပါင္း ၄၀ မွ် ကာလအတြင္း ကမာၻ႔ဒုတိယအႀကီးမားဆုံး စီးပြားေရးျဖစ္လာ႐ုံသာမက ႏိုင္ငံသားအားလုံးနီးပါးကို ဆင္းရဲတြင္းမွ ဆြဲထုတ္ႏိုင္ခဲ့သည္။
ထို႔ေၾကာင့္ ထရမ့္ က ဆိုရွယ္လစ္ဝါဒကို ရာဇဝတ္မႈကဲ့သို႔ေသာ မႏွစ္ၿမိဳ႕ဖြယ္ရာ စ႐ိုက္လကၡဏာမ်ားႏွင့္ ဆက္စပ္ေျပာဆိုျခင္းမွာ လုံး၀လြဲမွားသည္။ထိုမွ်ထင္ရွားလွေသာေအာင္ျမင္မႈကို ေလွာင္ေျပာင္ေနမည့္အစား လက္ရွိ လူမႈႏွင့္စီးပြားေရး မညီမွ်မႈေခ်ာက္ကမ္းပါးႀကီးေၾကာင့္ အေမရိကန္ျပည္ေထာင္စုၿပိဳကြဲျခင္းကို တားဆီးရန္အတြက္ ထရမ့္အေနျဖင့္ အေမရိကန္လူမႈေဈးကြက္ သေဘာတရားတစ္ခုကို အဆိုျပဳသင့္သည္။အေမရိကန္ျပည္ေထာင္စုသည္ ၎၏လူမႈဖူလႈံေရးစနစ္မွတဆင့္ ဆိုရွယ္လစ္လကၡဏာမ်ားကို က်င့္သုံးေနၿပီးျဖစ္ေသာေၾကာင့္ ထိုသို႔လုပ္ရန္ ခက္ခဲလိမ့္မည္မဟုတ္ေပ။
တနဂၤေႏြေန႔က ထုတ္လႊင့္သည့္ CNN’s GPS ၏ Zareed Zakaria ႏွင့္ အစီအစဥ္ျဖစ္ေသာ ‘သူတို႔က က်ေနာ္တို႔ကို ဘယ္လိုျမင္လဲ - ထရမ့္၏ အေမရိက၏ ကမာၻ႔အျမင္’ အစီအစဥ္တြင္ ယခင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဟာင္း ဂြၽန္ေမဂ်ာ က တ႐ုတ္၏ ဆိုရွယ္လစ္ႏိုင္ငံေရး သေဘာတရားကို အေနာက္ဒီမိုကေရစီအေပၚ ၿခိမ္းေျခာက္မႈဟု သူမျမင္ေသာ္လည္း တ႐ုတ္ႏိုင္ငံသည္ အေနာက္တိုင္းလစ္ဘရယ္ဝါဒ အႀကီးအက်ယ္ကင္းမဲ့သည့္ နက္ရႈိင္းေသာ ကိုယ္က်င့္တရားဝါဒကို ေပးသည္ဟုေျပာသည္။
အေမရိကန္ျပည္ေထာင္စုသည္ ကမာၻတြင္ျဖစ္ေပၚေနသည့္ လွ်င္ျမန္ေသာအေျပာင္းအလဲမ်ား အထူးသျဖင့္ အၿမဲတမ္းေျပာင္းလဲေနေသာ နည္းပညာက႑ကို သိမ္ေမြ႕ေအာင္ျပဳလုပ္ရန္ က်င့္ဝတ္တစ္ခုဖန္တီးရန္ ပ်က္ကြက္ေၾကာင္း ေမဂ်ာ ေျပာသည္။အေနာက္တိုင္းလူ႔အဖြဲ႕အစည္းမ်ားကို တလုံးတစည္းတည္းျဖစ္ေအာင္ ျပဳလုပ္ေပးသည့္ ခရစ္ယာန္ဘာသာေရးတန္ဖိုးမ်ား တိုက္စားခံရျခင္းကိုလည္း သူရည္ၫႊန္းၿပီး အေနာက္တိုင္းလူ႔အဖြဲ႕အစည္းမ်ားသည္ ထိန္းေက်ာင္းမည့္ပဲ့ ကင္းမဲ့ေနသည္ဟု သူေျပာသည္။
ဖြံ႕ၿဖိဳးၿပီးကမာၻမွ အစိုးရအမ်ားအျပားတို႔သည္ ၎တို႔၏ စီးပြားေရးအုပ္ခ်ဳပ္မႈႏွင့္ တရားဥပေဒစနစ္မ်ားတြင္ ဆိုရွယ္လစ္သေဘာသဘာဝမ်ား ရွိေနၾကသည္။ဥပမာေကာင္းတစ္ခုမွာ ဥေရာပ၏ အႀကီးမားဆုံးစီးပြားေရးျဖစ္ေသာ ဂ်ာမဏီျဖစ္ၿပီး ဂ်ာမဏီတြင္ လြတ္လပ္ေသာေဈးကြက္ အရင္းရွင္စီးပြားေရးစနစ္ႏွင့္ ေဈးကြက္ႏွင့္ အုပ္ခ်ဳပ္ေရးအဆင့္ ႏွစ္ခုလုံးတြင္ ညီမွ်မႈကိုရည္႐ြယ္သည့္ လူမႈမူဝါဒမ်ား ေရာေႏွာေပါင္းစပ္ထားသည္။
ထို႔အျပင္ ဂ်ာမဏီမွ ဆိုရွယ္ဒီမိုကရက္ပါတီ (SDP) သည္ ႏိုင္ငံတြင္ အဓိကက်ေသာ ေခတ္ၿပိဳင္ႏိုင္ငံေရးမွ ပါဝင္သူျဖစ္ေနသည္။ဂ်ာမန္ အမ်ားျပည္သူ႐ုပ္သံလႊင့္လုပ္ငန္း Deutsche Welle ၏ အဆိုအရ ၂၀၁၇ ခုႏွစ္က SDP တြင္ အဖြဲ႕ဝင္ ၄၃၈၀၀၀ ရွိၿပီး ထိုႏွစ္ေ႐ြးေကာက္ပြဲတြင္ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၀၉ ေနရာတြင္ ၁၅၃ ေနရာ သို႔မဟုတ္ ၂၀.၅ ရာခိုင္ႏႈန္းရသည္။ SDP သည္ ဝန္ႀကီးခ်ဳပ္ အန္ဂ်လာမာကယ္ ဦးေဆာင္သည့္ ၫြန႔္ေပါင္းအစိုးရ၏ တစိတ္တပိုင္းလည္းျဖစ္သည္။ ၂၀၁၉ ခုႏွစ္က ဥေရာပ ပါလီမန္တြင္ SDP သည္ မဲမ်ား၏ ၁၅.၈ ရာခိုင္ႏႈန္း ရခဲ့သည္။
အေျခခံအားျဖင့္ဆိုရပါက လစ္ဘရယ္ဒီမိုကေရစီႏွင့္ ေဈးကြက္စီးပြားေရးအေျခခံ အရင္းရွင္စနစ္ကိုက်င့္သုံးေသာ ႏိုင္ငံအမ်ားအျပားတြင္လည္း ဆိုရွယ္လစ္ေရခ်ိန္ အမ်ိဳးမ်ိဳးရွိေသာ ႏိုင္ငံေရးပါတီမ်ားရွိၾကသည္။ဆိုး႐ြားလွေသာ ကမာၻ႔စီးပြားေရးအက်ပ္အတည္းႏွင့္အတူ ဆိုရွယ္လစ္ပါတီမ်ားသည္ အနာဂါတ္တြင္ ႀကီးမားေသာ လူဦးေရအမ်ားအျပား၏ အခြင့္အေရးဆုံးရႈံးမႈမ်ားကို ေရွာင္ရွားရန္ႏွင့္ ျပည္သူအားလုံးကို ဆင္းရဲမႈမ်ဥ္းအထက္တြင္ရွိေစရန္ နည္းလမ္းအျဖစ္ တျဖည္းျဖည္းျပန္လည္ေရပန္းစားလာမည္ဟု ေမွ်ာ္လင့္ရသည္။အေမရိကန္အေနျဖင့္ တ႐ုတ္ပုံစံကို ကူးခ်ရန္မလိုေပ။အေမရိကန္အေနျဖင့္ ၎၏လူမႈစီးပြားႏွင့္ ႏိုင္ငံေရးသေဘာတရားႏွင့္ကိုက္ညီသည့္ စနစ္တစ္ခုကို ဖန္တီးႏိုင္ေပသည္။
(အယ္ဒီတာ မွတ္ခ်က္ - Stephen Ndegwa သည္ ႏိုင္႐ိုဘီအေျခစိုက္ ဆက္သြယ္ေရးအတိုင္ပင္ခံႏွင့္ ႏိုင္ငံတကာေရးရာ ေဆာင္းပါးရွင္ျဖစ္သည္။ယခုေဆာင္းပါးသည္ စာေရးသူ၏အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ကို ထင္ဟပ္သည္ဟု မဆိုႏိုင္ပါ။)
(If you want to contribute and have specific expertise, please contact us at [email protected].)
Linko
စက္တင္ဘာ - ၁