Remdesivir ဆေးဝါး ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်စွာကုသနိုင်ကြောင်း Gilead Sciences ကုမ္ပဏီ ပြောကြား
ကုမ္ပဏီမှ ထုတ်လုပ်စမ်းသပ်နေသည့် ဆေးဝါးသစ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို ထိရောက်စွာ တိုက် ဖျက်နိုင်တယ်လို့ အမေရိကန်အစိုးရ ၏ လေ့လာချက်များအားကိုးကားပြီး အမေရိကန်ဇီဝနည်း ပညာကုမ္ပဏီ Gilead Sciences မှပြောကြားခဲ့ပါတယ်။
စမ်းသပ်နေသည့် ဆေးဝါးသစ်ဖြစ်သည့် Remdesivir ဆေးမှာ အမေရိကန်အမျိုးသားကျန်းမာရေးဌာနမှ ပထမဆုံးစမ်းသပ်လေ့လာသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကုသတိုက်ဖျက်သည့် ဆေးဝါးလည်းဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းရှိ ပုံမှန်စောင့်ရှောက်ထားသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀၀ ကို အဆိုပါဆေးဝါးနှင့် စမ်းသပ်ကုသရာတွင် ထိရောက်မှုကို ပြန်လည်ထူထောင်လာသည့်အချိန်ကွာဟမှုကို တိုင်းတာကာ လေ့လာခဲ့တာ ဖြစ်ပါတယ်။
Remdesivir ဆေးဝါးမှာ SARS နှင့် MERS ကဲ့သို့သော အလားတူဗိုင်းရပ်စ်များကြောင့်ဖြစ်သော အခြားရောဂါများကိုကာကွယ်ရန် ဖော်စပ်တီထွင်ခဲ့တာဖြစ်ပါတယ်။
ကျန်းမာရေးဆိုင်ရာ ပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်လာသည့် ကျန်းမာရေးအကျပ် အတည်းကိုဖြေရှင်းပေးနိုင်မည့် နည်းလမ်းအဖြစ် ယခုဆေးဝါးအသစ်ကို မျှော်လင့်ထားပြီး အနီးကပ် စောင့်ကြည့် နေကြတာဖြစ်ပါတယ်။
ယခုလေ့လာမှုက Remdesivir ဆေးဝါးကို အရေးပေါ် အတည်ပြုနိုင်ရန် အမေရိကန် FDA အတွက် လမ်းခင်းပေးနိုင်စရာ ဖြစ်လာနိုင်ပါတယ်။
လက်ရှိအချိန်အထိ မည်သည်နိုင်ငံကမှ ဗိုင်းရပ်စ်ကုသနိုင် ကြောင်း ဆေးဝါးအဖြစ် အတည်ပြုထားသည်ဆေးဝါးမရှိသေးပါဘူး။
ယခုထုတ်ပြန်ကြေညာချက်ကြောင့် Gilead Sciences၏ အစုရှယ်ယာမှာ ၅ ဒသမ ၇ ရခိုင်နူန်းတိုးတက်ခဲ့ပြီး စတော့မားကတ်နှင့်ဆိုင်သည့် S&P 500 အညွှန်းကိန်းတွင် Gilead Sciencesrမှာ ၂ ဒသမ ၄ ရာခိုင်နူန်းတက်လာခဲ့ပါတယ်။
Linko
Ref : israelnationalnews.com
နယူးယောက်၊ ဧပြီ - ၃၀
( Zawgyi )
ကုမၸဏီမွ ထုတ္လုပ္စမ္းသပ္ေနသည့္ ေဆးဝါးသစ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါပိုးကို ထိေရာက္စြာ တိုက္ ဖ်က္ႏိုင္တယ္လို႔ အေမရိကန္အစိုးရ ၏ ေလ့လာခ်က္မ်ားအားကိုးကားၿပီး အေမရိကန္ဇီဝနည္း ပညာကုမၸဏီ Gilead Sciences မွေျပာၾကားခဲ့ပါတယ္။
စမ္းသပ္ေနသည့္ ေဆးဝါးသစ္ျဖစ္သည့္ Remdesivir ေဆးမွာ အေမရိကန္အမ်ိဳးသားက်န္းမာေရးဌာနမွ ပထမဆုံးစမ္းသပ္ေလ့လာသည့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါကုသတိုက္ဖ်က္သည့္ ေဆးဝါးလည္းျဖစ္ပါတယ္။
ကမာၻတစ္ဝန္းရွိ ပုံမွန္ေစာင့္ေရွာက္ထားသည့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၈၀၀ ကို အဆိုပါေဆးဝါးႏွင့္ စမ္းသပ္ကုသရာတြင္ ထိေရာက္မႈကို ျပန္လည္ထူေထာင္လာသည့္အခ်ိန္ကြာဟမႈကို တိုင္းတာကာ ေလ့လာခဲ့တာ ျဖစ္ပါတယ္။
Remdesivir ေဆးဝါးမွာ SARS ႏွင့္ MERS ကဲ့သို႔ေသာ အလားတူဗိုင္းရပ္စ္မ်ားေၾကာင့္ျဖစ္ေသာ အျခားေရာဂါမ်ားကိုကာကြယ္ရန္ ေဖာ္စပ္တီထြင္ခဲ့တာျဖစ္ပါတယ္။
က်န္းမာေရးဆိုင္ရာ ပညာရွင္မ်ားက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဖစ္လာသည့္ က်န္းမာေရးအက်ပ္ အတည္းကိုေျဖရွင္းေပးႏိုင္မည့္ နည္းလမ္းအျဖစ္ ယခုေဆးဝါးအသစ္ကို ေမွ်ာ္လင့္ထားၿပီး အနီးကပ္ ေစာင့္ၾကည့္ ေနၾကတာျဖစ္ပါတယ္။
ယခုေလ့လာမႈက Remdesivir ေဆးဝါးကို အေရးေပၚ အတည္ျပဳႏိုင္ရန္ အေမရိကန္ FDA အတြက္ လမ္းခင္းေပးႏိုင္စရာ ျဖစ္လာႏိုင္ပါတယ္။
လက္ရွိအခ်ိန္အထိ မည္သည္ႏိုင္ငံကမွ ဗိုင္းရပ္စ္ကုသႏိုင္ ေၾကာင္း ေဆးဝါးအျဖစ္ အတည္ျပဳထားသည္ေဆးဝါးမရွိေသးပါဘူး။
ယခုထုတ္ျပန္ေၾကညာခ်က္ေၾကာင့္ Gilead Sciences၏ အစုရွယ္ယာမွာ ၅ ဒသမ ၇ ရခိုင္ႏူန္းတိုးတက္ခဲ့ၿပီး စေတာ့မားကတ္ႏွင့္ဆိုင္သည့္ S&P 500 အၫႊန္းကိန္းတြင္ Gilead Sciencesrမွာ ၂ ဒသမ ၄ ရာခိုင္ႏူန္းတက္လာခဲ့ပါတယ္။
Linko
Ref : israelnationalnews.com
နယူးေယာက္၊ ဧၿပီ - ၃၀