တောင်ဒဂုံမြို့နယ်ရှိ ကိုဗစ် ၁၉ အတည်ပြုလူနာ နေထိုင်ရာလမ်းအား Lock Down ချ
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ ဒီကနေ့ နံနက်ပိုင်းအချိန် ထုတ်ပြန်ခဲ့ သည့် ဓာတ်ခွဲနမူနာအရ တောင်ဒဂုံမြို့နယ်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာတစ်ဦးရှိလာခဲ့သည့် အတွက် ၎င်း နေထိုင်ရာလမ်းအား Lock Down ချထားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
"တောင်ဒဂုံမြို့နယ်အမှတ်(၁၈)ရပ်ကွက်ဇင်ယော်လမ်းကိုLOCK DOWN ချလိုက်ပါပြီ။ ပိုးသတ် ဆေးဖြန်း ခြင်းများလည်း ဆောင်ရွက်ပြီး စီးပါပြီ။CP-Contact Person တွေကိုလည်းမြို့နယ် COVID-19 ကော်မတီက စုံစမ်းနေပါပြီ။ယခုလက်ရှိ C.P က ၂၃ ယောက်ရှိပါတယ်။ ဆက်ပြီး လည်းစုံစမ်းနေပါတယ်။ အိမ်သားတွေကိုလည်း Quarantine ထားရှိပါတယ်။ ပို့ဆောင်ရေး အတွက်ကိုလည်း တိုင်းကျန်းမာရေး ဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နေပါပြီ။
LOCK DOWN ချထားတဲ့လမ်းရှိ လမ်းသူ၊သားများရဲ့ စားဝတ်နေရေး အခက်အခဲရှိရင် လည်း ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"လို့ တောင်ဒဂုံမြို့နယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။
တောင်ဒဂုံမြို့နယ်ဟာ ဆိုရင် လူဦးရေထူထပ်ပြီး စက်ရုံ၊အလုပ်ရုံတွေလည်း တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
ပြေသိမ်း
ဓာတ်ပုံ - UNyiNyoi (fb)
ရန်ကုန်၊ဧပြီ ၁၆
( Zawgyi )
အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)မွ ဒီကေန႔ နံနက္ပိုင္းအခ်ိန္ ထုတ္ျပန္ခဲ့ သည့္ ဓာတ္ခြဲနမူနာအရ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ကိုဗစ္ ၁၉ အတည္ျပဳလူနာတစ္ဦးရွိလာခဲ့သည့္ အတြက္ ၎ ေနထိုင္ရာလမ္းအား Lock Down ခ်ထားလိုက္ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။
"ေတာင္ဒဂုံၿမိဳ႕နယ္အမွတ္(၁၈)ရပ္ကြက္ဇင္ေယာ္လမ္းကိုLOCK DOWN ခ်လိုက္ပါၿပီ။ ပိုးသတ္ ေဆးျဖန္း ျခင္းမ်ားလည္း ေဆာင္႐ြက္ၿပီး စီးပါၿပီ။CP-Contact Person ေတြကိုလည္းၿမိဳ႕နယ္ COVID-19 ေကာ္မတီက စုံစမ္းေနပါၿပီ။ယခုလက္ရွိ C.P က ၂၃ ေယာက္ရွိပါတယ္။ ဆက္ၿပီး လည္းစုံစမ္းေနပါတယ္။ အိမ္သားေတြကိုလည္း Quarantine ထားရွိပါတယ္။ ပို႔ေဆာင္ေရး အတြက္ကိုလည္း တိုင္းက်န္းမာေရး ဦးစီးဌာနႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနပါၿပီ။
LOCK DOWN ခ်ထားတဲ့လမ္းရွိ လမ္းသူ၊သားမ်ားရဲ႕ စားဝတ္ေနေရး အခက္အခဲရွိရင္ လည္း ခ်ိတ္ဆက္ၿပီး ကူညီေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္"လို႔ ေတာင္ဒဂုံၿမိဳ႕နယ္၏ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ က ေျပာပါတယ္။
ေတာင္ဒဂုံၿမိဳ႕နယ္ဟာ ဆိုရင္ လူဦးေရထူထပ္ၿပီး စက္႐ုံ၊အလုပ္႐ုံေတြလည္း တည္ရွိတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္ပါတယ္။
ေျပသိမ္း
ဓာတ္ပုံ - UNyiNyoi (fb)
ရန္ကုန္၊ဧၿပီ ၁၆