ဗြိတိန်သို့ အဝါရောင်အဆင့်ရှိ မုန်တိုင်း ဝင်ရောက်ဖွယ်ရှိ

ဗြိတိန်သို့ အဝါရောင်အဆင့်ရှိ မုန်တိုင်း ဝင်ရောက်ဖွယ်ရှိ

ဗြိတိန်နိုင်ငံအတွင်းသို့ ယခုသီတင်းပတ်အကုန်တွင် မုန်တိုင်းတစ်ခု ဝင်ရောက်ဖွယ်ရှိပြီး မိုးလေဝသဌာနက အဝါရောင်အဆင့် သတိပေး ချက် ထုတ်ပြန်ထားပါတယ်။

ဆီအာရာ မုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ အထိ ရောက်ရှိနိုင်ကြောင်း ဓာတ်အား ပြတ်တောက်မှုများ၊ သယ်ယူပို့ဆောင်ရေး များ ရပ်ဆိုင်းခြင်းနှင့် အဆောက်အဦထိခိုက်မှုများ ဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ကမ်းရိုးတန်း လမ်းကြောင်း များ၊ ပင်လယ်ကမ်းခြေများနှင့် ယင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ကြီးမားသည့် လှိုင်းများနှင့် ရင်ဆိုင်ရနိုင်သလို လမ်းများနှင့် တံတားများလည်း ပိတ်သွားနိုင်ကြောင်း မိုးလေဝသဌာန၏ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ဖြစ်နိုင်သလို မိုဘိုင်းဖုန်းဆက်သွယ်ရေးများနှင့် အဆောက်အဦ အမိုးများလည်း ပျက်စီးမှု ရှိလာနိုင် ပါတယ်။“လေဖိအားနည်း ရပ်ဝန်းသည် ယခုသီတင်းပတ်ကုန်တွင် ဗြိတိန်နိုင်ငံသို့  သက်ရောက်နိုင်ပြီး ဆီအာရာမုန်တိုင်းဟု မိုးလေဝသ ဌာနက အမည်ပေးထားကာ တစ်နာရီလေတိုက်နှုန်း မိုင် ၈၀ အထိ ရောက်နိုင်ပါတယ်” ဟု ကြေညာချက်တွင် ပါရှိပါတယ်။

စက်တင်ဘာလမှ စတင်ခဲ့သည့် ယခုရာသီတွင် ဆီအာရာသည် တတိယမြောက် မုန်တိုင်းအမည်ဖြစ်ပါတယ်။ဖေဖော်ဝါရီ ၈ နှင့် ၉ တွင် မိုးသက်လေပြင်းများနှင့်အတူ ဝင်ရောက်နိုင်သည့် မုန်တိုင်းသည် နောက်သီတင်းပတ်အတွင်းအထိ ဆက်ဖြစ်နိုင်ပြီး ခရီးသွားလာမှု များလည်း ထိခိုက်နိုင်ပါတယ်။

Linko
Ref: Daily Star
လန်ဒန်၊ ဖေဖော်ဝါရီ ၆

(  Zawgyi  )

 ၿဗိတိန္ႏိုင္ငံအတြင္းသို႔ ယခုသီတင္းပတ္အကုန္တြင္ မုန္တိုင္းတစ္ခု ဝင္ေရာက္ဖြယ္ရွိၿပီး မိုးေလဝသဌာနက အဝါေရာင္အဆင့္ သတိေပး ခ်က္ ထုတ္ျပန္ထားပါတယ္။

ဆီအာရာ မုန္တိုင္းသည္ ေလတိုက္ႏႈန္း တစ္နာရီ မိုင္ ၈၀ အထိ ေရာက္ရွိႏိုင္ေၾကာင္း ဓာတ္အား ျပတ္ေတာက္မႈမ်ား၊ သယ္ယူပို႔ေဆာင္ေရး မ်ား ရပ္ဆိုင္းျခင္းႏွင့္ အေဆာက္အဦထိခိုက္မႈမ်ား ျဖစ္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ကမ္း႐ိုးတန္း လမ္းေၾကာင္း မ်ား၊ ပင္လယ္ကမ္းေျခမ်ားႏွင့္ ယင္းေဒသမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ ႀကီးမားသည့္ လႈိင္းမ်ားႏွင့္ ရင္ဆိုင္ရႏိုင္သလို လမ္းမ်ားႏွင့္ တံတားမ်ားလည္း ပိတ္သြားႏိုင္ေၾကာင္း မိုးေလဝသဌာန၏ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈ ျဖစ္ႏိုင္သလို မိုဘိုင္းဖုန္းဆက္သြယ္ေရးမ်ားႏွင့္ အေဆာက္အဦ အမိုးမ်ားလည္း ပ်က္စီးမႈ ရွိလာႏိုင္ ပါတယ္။“ေလဖိအားနည္း ရပ္ဝန္းသည္ ယခုသီတင္းပတ္ကုန္တြင္ ၿဗိတိန္ႏိုင္ငံသို႔  သက္ေရာက္ႏိုင္ၿပီး ဆီအာရာမုန္တိုင္းဟု မိုးေလဝသ ဌာနက အမည္ေပးထားကာ တစ္နာရီေလတိုက္ႏႈန္း မိုင္ ၈၀ အထိ ေရာက္ႏိုင္ပါတယ္” ဟု ေၾကညာခ်က္တြင္ ပါရွိပါတယ္။

စက္တင္ဘာလမွ စတင္ခဲ့သည့္ ယခုရာသီတြင္ ဆီအာရာသည္ တတိယေျမာက္ မုန္တိုင္းအမည္ျဖစ္ပါတယ္။ေဖေဖာ္ဝါရီ ၈ ႏွင့္ ၉ တြင္ မိုးသက္ေလျပင္းမ်ားႏွင့္အတူ ဝင္ေရာက္ႏိုင္သည့္ မုန္တိုင္းသည္ ေနာက္သီတင္းပတ္အတြင္းအထိ ဆက္ျဖစ္ႏိုင္ၿပီး ခရီးသြားလာမႈ မ်ားလည္း ထိခိုက္ႏိုင္ပါတယ္။

Linko
Ref: Daily Star
လန္ဒန္၊ ေဖေဖာ္ဝါရီ ၆