ကော်ရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးသူ ၈၀ အထိ ရှိလာ

ကော်ရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးသူ ၈၀ အထိ ရှိလာ

ကော်ရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုသည် ဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးသူအရေအတွက်မှာလည်း ၈၀ ဦးအထိ ရှိလာကာ ကူးစက်ခံရသူပေါင်း ၂၇၀၀ အထိ ရှိလာပြီဟု တရုတ်အစိုးရက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ဗိုင်းရပ်စ်ပိုး သစ်နှင့် ပတ်သတ်၍လည်းကောင်း၊ ဖြစ်ပွားရခြင်းကိုလည်းကောင်း  များစွာ မသိရှိရသေးကြောင်း တာဝန်ရှိသူများက ပြောပါတယ်။

အမျိုးသား ကျန်းမာရေးကော်မရှင်ဝန်ကြီး မာကျောဝေက ကူးစက်ခံရချိန်နှင့်ရောဂါလက္ခဏာ ပြချိန်ကာလသည် ၁ ရက်မှ ၁၄ ရက်ထိ ကြာမြင့်တတ်ပြီး အဆိုပါကာလအတွင်း ရောဂါပျံ့နှံ့ခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။ယခုဖြစ်ပွားသည့် ကော်ရိုနာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်တွင် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့ပြီး လူ ၈၀၀ နီးပါး သေဆုံးခဲ့သည့် ဆားရောဂါကဲ့သို့ မဟုတ်ပေ။“ဆေးစစ်တွေ့ရှိချက်တွေအရ အခုဗိုင်းရပ်စ်ရဲ့ ပျံ့နှံ့မှုနှုန်းဟာ အတိုင်းအတာတစ်ခုအထိ ပိုမိုပြင်းထန်ပါတယ်” ဟု မာက သတင်းထောက် များကို ပြောကြားပါတယ်။

ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ခရီးသွားလာမှုများကို ထိန်းချုပ်ခြင်းနှင့် လူစုလူဝေးအခမ်းအနားများ ကျင်းပမှု ဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်လျှက်ရှိပါတယ်။အမေရိကန်ကလည်း ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ရှိ ၎င်းတို့၏ သံတမန်များကို ပြန်လည်ခေါ်ယူနေပြီး တရုတ်နိုင်ငံသို့ သွားလာမှုကိုလည်း လျှော့ချရန် တိုက်တွန်းထားပါတယ်။

Linko
Ref: Sky News
ဝူဟန်၊ ဇန်နဝါရီ ၂၇ 

 

(  Zawgyi  )

 ေကာ္႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈသည္ ဆက္လက္ျဖစ္ေပၚေနၿပီး ေသဆုံးသူအေရအတြက္မွာလည္း ၈၀ ဦးအထိ ရွိလာကာ ကူးစက္ခံရသူေပါင္း ၂၇၀၀ အထိ ရွိလာၿပီဟု တ႐ုတ္အစိုးရက သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္။ဗိုင္းရပ္စ္ပိုး သစ္ႏွင့္ ပတ္သတ္၍လည္းေကာင္း၊ ျဖစ္ပြားရျခင္းကိုလည္းေကာင္း  မ်ားစြာ မသိရွိရေသးေၾကာင္း တာဝန္ရွိသူမ်ားက ေျပာပါတယ္။

အမ်ိဳးသား က်န္းမာေရးေကာ္မရွင္ဝန္ႀကီး မာေက်ာေဝက ကူးစက္ခံရခ်ိန္ႏွင့္ေရာဂါလကၡဏာ ျပခ်ိန္ကာလသည္ ၁ ရက္မွ ၁၄ ရက္ထိ ၾကာျမင့္တတ္ၿပီး အဆိုပါကာလအတြင္း ေရာဂါပ်ံ႕ႏွံ႔ျခင္း ျဖစ္ေၾကာင္း ေျပာၾကားပါတယ္။ယခုျဖစ္ပြားသည့္ ေကာ္႐ိုနာဗိုင္းရပ္စ္သည္ ကမာၻေပၚတြင္ ၂၀၀၂ ႏွင့္ ၂၀၀၃ ခုႏွစ္ဝန္းက်င္က ျဖစ္ပြားခဲ့ၿပီး လူ ၈၀၀ နီးပါး ေသဆုံးခဲ့သည့္ ဆားေရာဂါကဲ့သို႔ မဟုတ္ေပ။“ေဆးစစ္ေတြ႕ရွိခ်က္ေတြအရ အခုဗိုင္းရပ္စ္ရဲ႕ ပ်ံ႕ႏွံ႔မႈႏႈန္းဟာ အတိုင္းအတာတစ္ခုအထိ ပိုမိုျပင္းထန္ပါတယ္” ဟု မာက သတင္းေထာက္ မ်ားကို ေျပာၾကားပါတယ္။

ေရာဂါပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ရန္ ခရီးသြားလာမႈမ်ားကို ထိန္းခ်ဳပ္ျခင္းႏွင့္ လူစုလူေဝးအခမ္းအနားမ်ား က်င္းပမႈ ဖ်က္သိမ္းျခင္းတို႔ကို လုပ္ေဆာင္လွ်က္ရွိပါတယ္။အေမရိကန္ကလည္း ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ရွိ ၎တို႔၏ သံတမန္မ်ားကို ျပန္လည္ေခၚယူေနၿပီး တ႐ုတ္ႏိုင္ငံသို႔ သြားလာမႈကိုလည္း ေလွ်ာ့ခ်ရန္ တိုက္တြန္းထားပါတယ္။

Linko
Ref: Sky News
ဝူဟန္၊ ဇန္နဝါရီ ၂၇