တရုတ်နှင့် စစ်ရေးတင်းမာမှုအတွက် အမေရိကန်တပ်များကို အင်ဒို-ပစိဖိတ်ဒေသသို့ ပြောင်းရွေ့ချထားလိုဟု ပင်တဂွန်စစ်ဌာချုပ်အကြီးအကဲ ပြောကြား

တရုတ်နှင့် စစ်ရေးတင်းမာမှုအတွက် အမေရိကန်တပ်များကို အင်ဒို-ပစိဖိတ်ဒေသသို့ ပြောင်းရွေ့ချထားလိုဟု ပင်တဂွန်စစ်ဌာချုပ်အကြီးအကဲ ပြောကြား

တရုတ်နှင့် စစ်ရေးဆိုင်ရာ ယှဉ်ပြိုင်မှု မြင့်တက်နေခြင်းကို ရင်ဆိုင်နိုင်ရန် အာဖဂန်နစ္စတန်ကဲ့သို့ အခြားဒေသများရှိ မိမိတို့တပ်ဖွဲ့များကို အာရှ-ပစိဖိတ်ဒေသသို့ ရွှေ့ပြောင်းချထားလိုကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၇ ရက်က ကျင်းပခဲ့သည့် Reagan National Defense ဖိုရမ်တွင် အာဖဂန်ရှိတပ်ဖွဲ့များ လျှော့ချရေးအတွက် မေးမြန်းခြင်းရာ၌ ကာကွယ်ရေးဝန်ကြီး မာ်ခ်အက်စ်ပါက “အင်ဒို-ပစိဖိတ်ဒေသကို တပ်ဖွဲ့ဝင် တွေ ရွှေ့ပြောင်းချထားလိုပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

“ဒီဒေသက ကျွန်တော့်ရဲ့ ဦးစားပေး စစ်နယ်မြေပါပဲ။ အာဖဂန်ဒေသတစ်ခုတည်းကို ကြည့်နေတာမဟုတ်ပါဘူး။ အဲဒီနေရာက တပ်ဖွဲ့တွေ ကို အိမ်ပြန်ခွင့်ပေးထာတဲ့ ဖြစ်ဖြစ်၊ တရုတ်နဲ့ စစ်အင်အား ယှဉ်ပြိုင်ဖို့ပဲ ဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ စိတ်အေးရအောင်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်” ဟု အက်စ်ပါက ပြောကြားပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲ မဟာဗျူဟာမှ တရုတ်နှင့် ရုရှားတို့ဘက်သို့ အဓိက ဦးတည်ချက်အဖြစ် ပြောင်းရွှေ့လိုက်ပါတယ်။ ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အား အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံက အမေရိကန်၏ စစ်ရေးဆိုင်ရာ လွှမ်းမိုးမှုများကို အံတုနိုင်ရန် စစ်ဘက်ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှုများကို အဓိကထား လုပ်ဆောင်လာပါတယ်။“မဟာဗျူဟာ ပြိုင်ဖက်တွေအပေါ်မှာ မိမိတို့ရဲ့ စစ်ရေးဆိုင်ရာ အားသာချက်နဲ့ ပတ်သက်လို့ စိန်ခေါ်မှုတွေ ကြုံတွေ့လာရပါတယ်” ဟု ကယ်လီဖိုးနီးယားပြည်နယ် Simi Valley တွင် ပြုလုပ်ခဲ့သည့် ဖိုရမ်၌ အက်စ်ပါက ပြောကြားခဲ့ပါတယ်။

“ကွန်မြူနစ်နိုင်ငံရေးပုံစံ ပြောင်းလဲလာပြီဖြစ်သည့် တရုတ်နှင့် ရုရှားတို့က စစ်ဖက်ဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်လာပါတယ်။ အခြားနိုင်ငံတွေနဲ့ ပတ်သက်တဲ့ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ လည်း ဗီတိုအာဏာကို သုံးလာကြပါတယ်” ဟု ၎င်းက ပြောကြားပါတယ်။

အမေရိကန်အနေဖြင့် အာရှဒေသကို အဓိက အာရုံစိုက်ရန် ကြိုးပမ်းနေသော်လည်း အရှေ့အလယ်ပိုင်း ဒေသသို့ တပ်ဖွဲ့ဝင် ထောင်ပေါင်း များစွာကို ထပ်မံစေလွှတ်ကာ ရေနံတင်သင်္ဘောလမ်းကြောင်းနှင့်  ဆော်ဒီအာရေဗျနိုင်ငံ အား အီရန်၏ အန္တရာယ်မှ ကာကွယ်နိုင်ရန် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ပို့ထားပါတယ်။

Linko
Ref: BNN Bloomberg

ဝါရှင်တန်၊ဒီဇင်ဘာ ၈ 

(  Zawgyi  )

 တ႐ုတ္ႏွင့္ စစ္ေရးဆိုင္ရာ ယွဥ္ၿပိဳင္မႈ ျမင့္တက္ေနျခင္းကို ရင္ဆိုင္ႏိုင္ရန္ အာဖဂန္နစၥတန္ကဲ့သို႔ အျခားေဒသမ်ားရွိ မိမိတို႔တပ္ဖြဲ႕မ်ားကို အာရွ-ပစိဖိတ္ေဒသသို႔ ေ႐ႊ႕ေျပာင္းခ်ထားလိုေၾကာင္း အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္အႀကီးအကဲက ေျပာၾကားလိုက္ပါတယ္။ ဒီဇင္ဘာ ၇ ရက္က က်င္းပခဲ့သည့္ Reagan National Defense ဖိုရမ္တြင္ အာဖဂန္ရွိတပ္ဖြဲ႕မ်ား ေလွ်ာ့ခ်ေရးအတြက္ ေမးျမန္းျခင္းရာ၌ ကာကြယ္ေရးဝန္ႀကီး မာ္ခ္အက္စ္ပါက “အင္ဒို-ပစိဖိတ္ေဒသကို တပ္ဖြဲ႕ဝင္ ေတြ ေ႐ႊ႕ေျပာင္းခ်ထားလိုပါတယ္” ဟု ေျပာၾကားခဲ့ပါတယ္။

“ဒီေဒသက ကြၽန္ေတာ့္ရဲ႕ ဦးစားေပး စစ္နယ္ေျမပါပဲ။ အာဖဂန္ေဒသတစ္ခုတည္းကို ၾကည့္ေနတာမဟုတ္ပါဘူး။ အဲဒီေနရာက တပ္ဖြဲ႕ေတြ ကို အိမ္ျပန္ခြင့္ေပးထာတဲ့ ျဖစ္ျဖစ္၊ တ႐ုတ္နဲ႔ စစ္အင္အား ယွဥ္ၿပိဳင္ဖို႔ပဲ ျဖစ္ျဖစ္ လုပ္ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ မဟာမိတ္ေတြ စိတ္ေအးရေအာင္နဲ႔ စစ္ေရးေလ့က်င့္မႈေတြ လုပ္ႏိုင္မွာ ျဖစ္ပါတယ္” ဟု အက္စ္ပါက ေျပာၾကားပါတယ္။

အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနအေနျဖင့္ အၾကမ္းဖက္ႏွိမ္ႏွင္းေရး စစ္ပြဲ မဟာဗ်ဴဟာမွ တ႐ုတ္ႏွင့္ ႐ုရွားတို႔ဘက္သို႔ အဓိက ဦးတည္ခ်က္အျဖစ္ ေျပာင္းေ႐ႊ႕လိုက္ပါတယ္။ ကမာၻ႔ ဒုတိယစီးပြားေရး အင္အား အႀကီးဆုံးျဖစ္သည့္ တ႐ုတ္ႏိုင္ငံက အေမရိကန္၏ စစ္ေရးဆိုင္ရာ လႊမ္းမိုးမႈမ်ားကို အံတုႏိုင္ရန္ စစ္ဘက္က႑ တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို အဓိကထား လုပ္ေဆာင္လာပါတယ္။“မဟာဗ်ဴဟာ ၿပိဳင္ဖက္ေတြအေပၚမွာ မိမိတို႔ရဲ႕ စစ္ေရးဆိုင္ရာ အားသာခ်က္နဲ႔ ပတ္သက္လို႔ စိန္ေခၚမႈေတြ ႀကဳံေတြ႕လာရပါတယ္” ဟု ကယ္လီဖိုးနီးယားျပည္နယ္ Simi Valley တြင္ ျပဳလုပ္ခဲ့သည့္ ဖိုရမ္၌ အက္စ္ပါက ေျပာၾကားခဲ့ပါတယ္။

“ကြန္ျမဴနစ္ႏိုင္ငံေရးပုံစံ ေျပာင္းလဲလာၿပီျဖစ္သည့္ တ႐ုတ္ႏွင့္ ႐ုရွားတို႔က စစ္ဖက္ဆိုင္ရာ အဆင့္ျမႇင့္တင္မႈေတြ လုပ္ေဆာင္လာပါတယ္။ အျခားႏိုင္ငံေတြနဲ႔ ပတ္သက္တဲ့ စီးပြားေရး၊ လုံၿခဳံေရးဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြမွာ လည္း ဗီတိုအာဏာကို သုံးလာၾကပါတယ္” ဟု ၎က ေျပာၾကားပါတယ္။

အေမရိကန္အေနျဖင့္ အာရွေဒသကို အဓိက အာ႐ုံစိုက္ရန္ ႀကိဳးပမ္းေနေသာ္လည္း အေရွ႕အလယ္ပိုင္း ေဒသသို႔ တပ္ဖြဲ႕ဝင္ ေထာင္ေပါင္း မ်ားစြာကို ထပ္မံေစလႊတ္ကာ ေရနံတင္သေဘၤာလမ္းေၾကာင္းႏွင့္  ေဆာ္ဒီအာေရဗ်ႏိုင္ငံ အား အီရန္၏ အႏၲရာယ္မွ ကာကြယ္ႏိုင္ရန္ တပ္ဖြဲ႕ဝင္ ေထာင္ေပါင္းမ်ားစြာကို ပို႔ထားပါတယ္။

Linko
Ref: BNN Bloomberg

ဝါရွင္တန္၊ဒီဇင္ဘာ ၈