စက်တင်ဘာ ဒုတိယအပတ်အထိ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု ကန်ဒေါ်လာ ၁၇ ဘီလျံကျော် ရှိလာ

စက်တင်ဘာ ဒုတိယအပတ်အထိ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှု  ကန်ဒေါ်လာ ၁၇ ဘီလျံကျော် ရှိလာ

၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ  ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၃  ရက်အထိ ဆယ်တစ်လကျော် ကာလအတွင်း ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုတန်ဖိုးမှာ ကန်ဒေါ်လာ ၁၇ဘီလျံကျော်ထိ ရှိခဲ့ကြောင်း ကုန် သွယ်ရေးဦးစီးဌာနက စက်တင်ဘာလအတွင်းထုတ်ပြန်သည့် ကာလတူပုံမှန်/နယ်စပ် ပြည်ပသွင်း ကုန်အုပ်စု အလိုက် နှိုင်းယှဉ်တင်ပြခြင်း (ပြည်ပသွင်းကုန်အုပ်စုအလိုက် ကာလတူ နှိုင်းယှဉ်တင်ပြခြင်း စာရင်း များ) အရသိရပါတယ်။

ဆယ်တစ်လကျော်ကာလအတွင်း ပြည်ပမှ  ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအမေရိကန် ဒေါ်လာ ၅၄၅၅ ဒသ မ ၃၄၆ သန်း၊ လုပ် ငန်းသုံးကုန်ကြမ်းပစ္စည်းအမေရိကန် ဒေါ်လာ၆၃၆၅ ဒသမ ၁၁၃သန်း၊ လူသုံးကုန်ပစ္စည်း အမေရိကန် ဒေါ် လာ ၃၁၅၂ ဒသမ ၆၄၃ သန်းဖိုးနှင့် CMP မှ အမေရိကန်ဒေါ်လာ ၂၂၄၅ ဒသမ ၁၇၄  သန်း ၊စုစုပေါင်း ဆယ်တစ်လကျော် ကာလအတွင်း ကန်ဒေါ်လာ ၁၇၂၁၈ ဒသမ ၂၇၆ သန်းဖိုးတင်သွင်းခဲ့တယ်ဆိုပါ တယ်။

ယခုတင်သွင်းသည့်ပမာဏမှာယခင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကာလတူတင်သွင်းခဲ့သည့် ပမာဏ အ မေရိကန်ဒေါ်လာ ၁၈၅၅၂ ဒသမ ၇၄၀သန်းထက် အမေရိကန်ဒေါ်လာ ၁၃၃၄ ဒသမ ၄၆၄ သန်းကျော် လျော့ နည်း တင်သွင်းထားပြီးအထူးသဖြင့်ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတင်သွင်းမှုတွင် ယခင်ကာလတူထက် အမေရိကန် ဒေါ် လာ ၈၉၆ ဒသမ ၉၃၅ သန်းလျော့နည်းတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ယခုဘဏ္ဍာနှစ် ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသည့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအမေရိကန် ဒေါ်လာ ၅၄၅၅ ဒသ မ ၃၄၆ သန်းတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၆၈၄ ဒသမ၀၂၅ သန်း၊ပုဂ္ဂလိကပိုင် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၇၇၁ ဒသမ ၃၂၁ သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအမေရိကန် ဒေါ်လာ၆၃၆၅ ဒသမ ၁၁၃သန်းတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၁၅၃  ဒသမ၉၈၇ သန်း၊ပုဂ္ဂလိကပိုင် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၆၂၁၁ ဒသမ ၁၂၆သန်း၊  လူသုံးကုန်ပစ္စည်း အမေရိကန် ဒေါ် လာ ၃၁၅၂ ဒသမ ၆၄၃ သန်းဖိုးတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ၄၈ ဒသမ၉၉၂သန်း၊ပုဂ္ဂလိကပိုင် ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၃၁၀၃ ဒသမ ၆၅၁ သန်းနှင့် CMP မှ အမေရိကန်ဒေါ်လာ ၂၂၄၅ ဒသမ ၁၇၄  သန်းတွင် ပုဂ္ဂလိကပိုင်ကဏ္ဍ တစ်ခုတည်းမှာ တင် သွင်းခဲ့တယ်လို့ သိရပါတယ်။

ယခုထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ပြီ်းခဲ့သည့် ဇွန်၂၁ ရက်မှ ဇူလိုင် ၁၉ရက်အထိကုန် ပစ္စည်းတင် သွင်းမှုမှာကန်ဒေါ်လာ၁၂၆၉ ဒသမ ၈၈၂ သန်း၊ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂ ရက်အထိ ၁၃ ရက်ကာလအတွင်း ကုန်ပစ္စည်းတင်သွင်းမှု ကန်ဒေါ်လာ ၇၆၂ ဒသမ ၂၅၂ သန်းနှင့် သြဂုတ် ၃ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ ကန်ဒေါ်လာ ၁၉၄၁ ဒသမ ၉၆၄ သန်းရှိခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ စက်တင်ဘာ - ၂၁

( Zawgyi )

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွ  ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၁၃  ရက္အထိ ဆယ္တစ္လေက်ာ္ ကာလအတြင္း ျပည္ပမွ ကုန္ပစၥည္းတင္သြင္းမႈတန္ဖိုးမွာ ကန္ေဒၚလာ ၁၇ဘီလ်ံေက်ာ္ထိ ရွိခဲ့ေၾကာင္း ကုန္ သြယ္ေရးဦးစီးဌာနက စက္တင္ဘာလအတြင္းထုတ္ျပန္သည့္ ကာလတူပုံမွန္/နယ္စပ္ ျပည္ပသြင္း ကုန္အုပ္စု အလိုက္ ႏႈိင္းယွဥ္တင္ျပျခင္း (ျပည္ပသြင္းကုန္အုပ္စုအလိုက္ ကာလတူ ႏႈိင္းယွဥ္တင္ျပျခင္း စာရင္း မ်ား) အရသိရပါတယ္။

ဆယ္တစ္လေက်ာ္ကာလအတြင္း ျပည္ပမွ  ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းအေမရိကန္ ေဒၚလာ ၅၄၅၅ ဒသ မ ၃၄၆ သန္း၊ လုပ္ ငန္းသုံးကုန္ၾကမ္းပစၥည္းအေမရိကန္ ေဒၚလာ၆၃၆၅ ဒသမ ၁၁၃သန္း၊ လူသုံးကုန္ပစၥည္း အေမရိကန္ ေဒၚ လာ ၃၁၅၂ ဒသမ ၆၄၃ သန္းဖိုးႏွင့္ CMP မွ အေမရိကန္ေဒၚလာ ၂၂၄၅ ဒသမ ၁၇၄  သန္း ၊စုစုေပါင္း ဆယ္တစ္လေက်ာ္ ကာလအတြင္း ကန္ေဒၚလာ ၁၇၂၁၈ ဒသမ ၂၇၆ သန္းဖိုးတင္သြင္းခဲ့တယ္ဆိုပါ တယ္။

ယခုတင္သြင္းသည့္ပမာဏမွာယခင္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ကာလတူတင္သြင္းခဲ့သည့္ ပမာဏ အ ေမရိကန္ေဒၚလာ ၁၈၅၅၂ ဒသမ ၇၄၀သန္းထက္ အေမရိကန္ေဒၚလာ ၁၃၃၄ ဒသမ ၄၆၄ သန္းေက်ာ္ ေလ်ာ့ နည္း တင္သြင္းထားၿပီးအထူးသျဖင့္ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းတင္သြင္းမႈတြင္ ယခင္ကာလတူထက္ အေမရိကန္ ေဒၚ လာ ၈၉၆ ဒသမ ၉၃၅ သန္းေလ်ာ့နည္းတင္သြင္းခဲ့တယ္လို႔ သိရပါတယ္။

ယခုဘ႑ာႏွစ္ ျပည္ပမွ ကုန္ပစၥည္းတင္သြင္းသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းအေမရိကန္ ေဒၚလာ ၅၄၅၅ ဒသ မ ၃၄၆ သန္းတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ၆၈၄ ဒသမ၀၂၅ သန္း၊ပုဂၢလိကပိုင္ က႑မွ အေမရိကန္ေဒၚလာ ၄၇၇၁ ဒသမ ၃၂၁ သန္း၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္းအေမရိကန္ ေဒၚလာ၆၃၆၅ ဒသမ ၁၁၃သန္းတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ၁၅၃  ဒသမ၉၈၇ သန္း၊ပုဂၢလိကပိုင္ က႑မွ အေမရိကန္ေဒၚလာ ၆၂၁၁ ဒသမ ၁၂၆သန္း၊  လူသုံးကုန္ပစၥည္း အေမရိကန္ ေဒၚ လာ ၃၁၅၂ ဒသမ ၆၄၃ သန္းဖိုးတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ၄၈ ဒသမ၉၉၂သန္း၊ပုဂၢလိကပိုင္ က႑မွ အေမရိကန္ေဒၚလာ ၃၁၀၃ ဒသမ ၆၅၁ သန္းႏွင့္ CMP မွ အေမရိကန္ေဒၚလာ ၂၂၄၅ ဒသမ ၁၇၄  သန္းတြင္ ပုဂၢလိကပိုင္က႑ တစ္ခုတည္းမွာ တင္ သြင္းခဲ့တယ္လို႔ သိရပါတယ္။

ယခုထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ ၿပီ္းခဲ့သည့္ ဇြန္၂၁ ရက္မွ ဇူလိုင္ ၁၉ရက္အထိကုန္ ပစၥည္းတင္ သြင္းမႈမွာကန္ေဒၚလာ၁၂၆၉ ဒသမ ၈၈၂ သန္း၊ ဇူလိုင္ ၂၀ ရက္မွ ၾသဂုတ္ ၂ ရက္အထိ ၁၃ ရက္ကာလအတြင္း ကုန္ပစၥည္းတင္သြင္းမႈ ကန္ေဒၚလာ ၇၆၂ ဒသမ ၂၅၂ သန္းႏွင့္ ၾသဂုတ္ ၃ ရက္မွ စက္တင္ဘာ ၁၃ ရက္အထိ ကန္ေဒၚလာ ၁၉၄၁ ဒသမ ၉၆၄ သန္းရွိခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ စက္တင္ဘာ - ၂၁