ဒီရက်ပိုင်းလုပ်ငန်းခွင်မှာ စိတ်ရှုပ် စရာတွေ ၊ဆုံးဖြတ်ချက် မှားတာတွေ ဖြစ်တတ်လို့ ဆင်ခြင်သင့်ပါ တယ်။ အလုပ်ကို အားသွန် ခွန်စိုက်လုပ်နေရတတ်ပါတယ်။ ယခုရက်ပိုင်းအတွင်း ကြီးကဲသူများ က အထင် လွဲတတ်လို့ သတိထားပါ။လုပ်ငန်းခွင်မှာ စိတ်ပင်ပန်း စရာတွေရှိတတ်ပါတယ်။အလုပ်အပြောင်းအလဲရှိပါတယ်။တာဝန်ပိုကြီးတဲ့နေရာ ပြောင်းရမှာပါ။မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီ ရတတ်ပါတယ်။ ကျန်းမာရေး ညံတတ်လို့ ကံကောင်းရန် ဆေးဝါးဒါန ပြုလုပ်ပါလေ။ ယခုရက်ပိုင်းအတွင်း သောကြာ နဲ့ စနေ သားသမီးတွေနဲ့ တိုင်ပင်တာက သင့် အတွက် လူမှုရေး ၊စီးပွား ရေး ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ ခရီးထွက်တာ တွေ၊ ဘုရားဖူး သွား ရတာတွေ ပေါ်တတ်ပါ တယ်။ လူမျိုးကွဲတွေနဲ့ စပ်တူ လုပ်ရ တဲ့ အလုပ်တွေ အကျိုးပေးပါ တယ်။မိသားစုအတွင်း၊ လုပ်ငန်း ခွင်အတွင်းသာယာနေပါလိမ့်မယ်။အနုပညာ၊ကား၊အလှကုန်၊ကွန်ပျူတာ စတဲ့အ လုပ် တွေ အကျိုးပေးပါ လိမ့်မယ်။ငွေကံကောင်းလွန်းနေ လို့ ထီထိုးသင့်ပါတယ်။ ပညာရေးက ကောင်းနေပါတယ်။ အိမ်ထောင်ရှင်များ ပျော်ရွှင်ရသလောက် ချစ်သူများက ကိုယ်ကျန် ခဲ့ကိန်းမြင်နေပါတယ်။ ကျန်းမာရေးမှာ လေကြောင့် ဖြစ်တတ် တဲ့ ရောဂါကို သတိပြုသင့်ပါတယ်။ ဘုရားကို ဆီးယို ကပ်လှူပူဇော်ပေး တာ သင့်အတွက် အကောင်းဆုံး ယတြာပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ ဘုရားအား နာနတ်သီးဖြင့်ဆွမ်းကပ်ကာ ဒိဝါတပတိဂါထာကို အာရုံမတက်မီ နေဘက်မျက်နှာမူကာ ၉ ခေါက်ရွက်ဖတ်ပူဇော်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား နံနက်ဖက်တွင် အစာကျွေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ ဘုရားတွင် ပန်းပေါင်းစုံ ကပ်လှူကာ အဓိဋ္ဌာန်လုပ်ပေးပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ အလှပြင် ပစ္စည်း အစုတ်များ၊စနေနံပစ္စည်းအဟောင်းများ လွှင့်ပစ်ပေးပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ ဘုရားစေတီများတွင် ဂြိုလ်နံ ဘုရားများကို ရေသပ္ပါယ်ပါ ။ပန်းအိုးမှ ပန်း ခြောက်များ သန့်ရှင်းပေးပါလေ။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။ရွှေသင်္ကန်းကပ်လှူပေးပါ။
ထီကံကောင်းလိုသူများ။ ။ စနေနံအမည်ပါ ထီဆိုင်တွင် ၆/၇ ဂဏန်းများပါသည့် ထီထိုးလိုက်ပါ။
( Zawgyi )
ဒီရက္ပိုင္းလုပ္ငန္းခြင္မွာ စိတ္ရႈပ္ စရာေတြ ၊ဆုံးျဖတ္ခ်က္ မွားတာေတြ ျဖစ္တတ္လို႔ ဆင္ျခင္သင့္ပါ တယ္။ အလုပ္ကို အားသြန္ ခြန္စိုက္လုပ္ေနရတတ္ပါတယ္။ ယခုရက္ပိုင္းအတြင္း ႀကီးကဲသူမ်ား က အထင္ လြဲတတ္လို႔ သတိထားပါ။လုပ္ငန္းခြင္မွာ စိတ္ပင္ပန္း စရာေတြရွိတတ္ပါတယ္။အလုပ္အေျပာင္းအလဲရွိပါတယ္။တာဝန္ပိုႀကီးတဲ့ေနရာ ေျပာင္းရမွာပါ။မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီ ရတတ္ပါတယ္။ က်န္းမာေရး ညံတတ္လို႔ ကံေကာင္းရန္ ေဆးဝါးဒါန ျပဳလုပ္ပါေလ။ ယခုရက္ပိုင္းအတြင္း ေသာၾကာ နဲ႔ စေန သားသမီးေတြနဲ႔ တိုင္ပင္တာက သင့္ အတြက္ လူမႈေရး ၊စီးပြား ေရး ပညာေရး ကိစၥေတြမွာ ေအာင္ျမင္ႏိုင္ပါတယ္။ ခရီးထြက္တာ ေတြ၊ ဘုရားဖူး သြား ရတာေတြ ေပၚတတ္ပါ တယ္။ လူမ်ိဳးကြဲေတြနဲ႔ စပ္တူ လုပ္ရ တဲ့ အလုပ္ေတြ အက်ိဳးေပးပါ တယ္။မိသားစုအတြင္း၊ လုပ္ငန္း ခြင္အတြင္းသာယာေနပါလိမ့္မယ္။အႏုပညာ၊ကား၊အလွကုန္၊ကြန္ပ်ဴတာ စတဲ့အ လုပ္ ေတြ အက်ိဳးေပးပါ လိမ့္မယ္။ေငြကံေကာင္းလြန္းေန လို႔ ထီထိုးသင့္ပါတယ္။ ပညာေရးက ေကာင္းေနပါတယ္။ အိမ္ေထာင္ရွင္မ်ား ေပ်ာ္႐ႊင္ရသေလာက္ ခ်စ္သူမ်ားက ကိုယ္က်န္ ခဲ့ကိန္းျမင္ေနပါတယ္။ က်န္းမာေရးမွာ ေလေၾကာင့္ ျဖစ္တတ္ တဲ့ ေရာဂါကို သတိျပဳသင့္ပါတယ္။ ဘုရားကို ဆီးယို ကပ္လႉပူေဇာ္ေပး တာ သင့္အတြက္ အေကာင္းဆုံး ယၾတာပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ ဘုရားအား နာနတ္သီးျဖင့္ဆြမ္းကပ္ကာ ဒိဝါတပတိဂါထာကို အာ႐ုံမတက္မီ ေနဘက္မ်က္ႏွာမူကာ ၉ ေခါက္႐ြက္ဖတ္ပူေဇာ္ေပးပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ မိမိသြားလိုသည့္ အရပ္မွ ေခြးမ်ားအား နံနက္ဖက္တြင္ အစာေကြၽးပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ ဘုရားတြင္ ပန္းေပါင္းစုံ ကပ္လႉကာ အဓိ႒ာန္လုပ္ေပးပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ အလွျပင္ ပစၥည္း အစုတ္မ်ား၊စေနနံပစၥည္းအေဟာင္းမ်ား လႊင့္ပစ္ေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ ဘုရားေစတီမ်ားတြင္ ၿဂိဳလ္နံ ဘုရားမ်ားကို ေရသပၸါယ္ပါ ။ပန္းအိုးမွ ပန္း ေျခာက္မ်ား သန႔္ရွင္းေပးပါေလ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ တံခြန္ကုကၠားလႉပါ။ေ႐ႊသကၤန္းကပ္လႉေပးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ စေနနံအမည္ပါ ထီဆိုင္တြင္ ၆/၇ ဂဏန္းမ်ားပါသည့္ ထီထိုးလိုက္ပါ။