ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ တိုင်ပင်မယ်ဆိုရင် ကြာသပတေး သားသမီးများသာ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။ဒီကာလက ဘာပဲလုပ်လုပ် သတိထားပြီး လုပ်ရမယ့် အချိန်ကာလပါ။သင့်ကို နားလည်သွားပြီလို့ ထင်ထားတဲ့ မိတ်ဆွေတွေတောင် သင့်ကို ပြန်ဒုက္ခပေးတတ်တဲ့ အချိန်ကာလပါ။ကိုယ်မလုပ်တဲ့ သူများရဲ့ ပြဿနာတွေကို ရှင်းနေရတတ်တဲ့ အချိန်အခါပါ။ငွေကံကတော့ သင့်ပါတယ်။ဒီရက်ပိုင်း ဘာသာရေးကတော့ ယခင်ကထက် ပိုလုပ်သင့်တဲ့ အချိန်ကာလပါ။ယခုကာလအတွင်း ရပ်ဝေးကအကူအညီ ရတတ်ပါတယ်။ခရီးသွားရတာ များတတ်တဲ့ ကာလပါ။အိမ်ခြံမြေလုပ်ငန်းတွေ၊ ရတနာလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ အလုပ်အကိုင်တွေကောင်းတဲ့ အချိန်အခါပါ။စပ်တူအလုပ်တွေ၊ လူမျိုးခြားနဲ့လုပ်တဲ့ အလုပ်တွေ ကောင်းပါတယ်။ကျန်းမာရေးကတော့ ဒီရက်ပိုင်းမှာ မျက်စိနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ အစားအသောက်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။ပညာရေးကံကတော့ ကောင်းပါတယ်။ဝန်ထမ်းတွေ ရာထူးတိုးဖြေခွင့်ရကိန်း ရှိနေပါတယ်။အိမ်ထောင်ရှင်များ သတင်းကောင်းတွေနဲ့ ပြည့်နေတတ်သလို ငယ်ရွယ်သူများကတော့ ခဏတာဝေးနေပါလိမ့်မယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား မာလကာသီး၊ ပန်းသီးဖြင့် သစ်သီးဆွမ်း မပြတ် ပူဇော်ပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ ဆွမ်းခံကြွလာသည့် သီလရှင်များကို နိုင်သလောက် ထီး၊ ဖိနပ် စသည်တို့ ကပ်လှူပေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားစေတီရှိ ကြာသပတေးထောင့်တွင် အရဟံဂါထာကို အဓိဋ္ဌာန်ဖြင့် သက်စေ့ပုတီးစိပ်ပေးပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ ရွှေနှင့် ရွှေရောင်ပစ္စည်းကို ယခုတစ်ပတ် မဝတ်ပါနှင့်။တခြားသူက သင့်ကိုလာပေးပါကလည်း မယူပါနှင့်။
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုရား၊ ကျောင်း၊ စေတီများတွင် မေတ္တာသုတ် ရွတ်ဆိုကာ သန့်ရှင်းရေးပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို မွေးနေ့တွင် အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။ ။ လမ်းသွားရင်းတွေ့သည့် ထီဆိုင်တွင် ၃/၅ ဂဏန်းများများပါသည့် ထီနံပါတ်ကို ရှာထိုးပါ။
( Zawgyi )
ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ တိုင္ပင္မယ္ဆိုရင္ ၾကာသပေတး သားသမီးမ်ားသာ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။ဒီကာလက ဘာပဲလုပ္လုပ္ သတိထားၿပီး လုပ္ရမယ့္ အခ်ိန္ကာလပါ။သင့္ကို နားလည္သြားၿပီလို႔ ထင္ထားတဲ့ မိတ္ေဆြေတြေတာင္ သင့္ကို ျပန္ဒုကၡေပးတတ္တဲ့ အခ်ိန္ကာလပါ။ကိုယ္မလုပ္တဲ့ သူမ်ားရဲ႕ ျပႆနာေတြကို ရွင္းေနရတတ္တဲ့ အခ်ိန္အခါပါ။ေငြကံကေတာ့ သင့္ပါတယ္။ဒီရက္ပိုင္း ဘာသာေရးကေတာ့ ယခင္ကထက္ ပိုလုပ္သင့္တဲ့ အခ်ိန္ကာလပါ။ယခုကာလအတြင္း ရပ္ေဝးကအကူအညီ ရတတ္ပါတယ္။ခရီးသြားရတာ မ်ားတတ္တဲ့ ကာလပါ။အိမ္ၿခံေျမလုပ္ငန္းေတြ၊ ရတနာလုပ္ငန္းေတြ၊ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူေတြ အလုပ္အကိုင္ေတြေကာင္းတဲ့ အခ်ိန္အခါပါ။စပ္တူအလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔လုပ္တဲ့ အလုပ္ေတြ ေကာင္းပါတယ္။က်န္းမာေရးကေတာ့ ဒီရက္ပိုင္းမွာ မ်က္စိနဲ႔ ပတ္သက္တဲ့ ေရာဂါေတြ၊ အစားအေသာက္ေၾကာင့္ျဖစ္တဲ့ ေရာဂါေတြ ျဖစ္တတ္ပါတယ္။ပညာေရးကံကေတာ့ ေကာင္းပါတယ္။ဝန္ထမ္းေတြ ရာထူးတိုးေျဖခြင့္ရကိန္း ရွိေနပါတယ္။အိမ္ေထာင္ရွင္မ်ား သတင္းေကာင္းေတြနဲ႔ ျပည့္ေနတတ္သလို ငယ္႐ြယ္သူမ်ားကေတာ့ ခဏတာေဝးေနပါလိမ့္မယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား မာလကာသီး၊ ပန္းသီးျဖင့္ သစ္သီးဆြမ္း မျပတ္ ပူေဇာ္ေပးပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ ဆြမ္းခံႂကြလာသည့္ သီလရွင္မ်ားကို ႏိုင္သေလာက္ ထီး၊ ဖိနပ္ စသည္တို႔ ကပ္လႉေပးပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားေစတီရွိ ၾကာသပေတးေထာင့္တြင္ အရဟံဂါထာကို အဓိ႒ာန္ျဖင့္ သက္ေစ့ပုတီးစိပ္ေပးပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ ေ႐ႊႏွင့္ ေ႐ႊေရာင္ပစၥည္းကို ယခုတစ္ပတ္ မဝတ္ပါႏွင့္။တျခားသူက သင့္ကိုလာေပးပါကလည္း မယူပါႏွင့္။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုရား၊ ေက်ာင္း၊ ေစတီမ်ားတြင္ ေမတၱာသုတ္ ႐ြတ္ဆိုကာ သန႔္ရွင္းေရးျပဳလုပ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို ေမြးေန႔တြင္ အစာေကြၽးပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ လမ္းသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၃/၅ ဂဏန္းမ်ားမ်ားပါသည့္ ထီနံပါတ္ကို ရွာထိုးပါ။