ယခုတစ်ပတ် လူမှုရေး ၊စီးပွားရေးပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူးသားသမီး များနှင့် တိုင်ပင်ဆောင်ရွက်ပါ။ အလုပ်အကိုင်တွေ ဒီရက်ပိုင်းတိုးချဲ့သင့်ပါတယ်။ ငွေကံကောင်းနေ တတ်ပါတယ်။ ယခုရက်ပိုင်းအတွင်းအဘက်ဘက်ကကံတွေပွင့်လန်းနေ တတ်ပါ တယ်။ အရာရာကိုယ်အောင်မြင်မှု ကိုမလိုလား သူတွေ ရဲ့အတိုက်အခိုက်ရှိပါတယ်။မိသားစုအတွင်းအလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။ သစ်လုပ်ငန်းတွေ၊ ပွဲစားလုပ်ငန်းတွေ၊ သီးနှံတောင်သူတွေ၊သီးနှံကုန်သည်တွေအလုပ်အကိုင်ကောင်း တတ်ပြီး စပ်တူရှယ်ယာအလုပ်များ အကျိုးမပေးသေးပါဘူး။ ခေတ္တဆိုင်းငံ ထားပါဦး။ ပြည်တွင်းပြည်ပခရီးတွေ သွားရတတ်ပါ တယ်။ ဒီရက်ပိုင်း အာရုံကြော၊အားနည်းတဲ့ ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ ပညာရေးကတော့ လုပ်ငန်းခွင် စာမေးပွဲ ရာထူး စာမေးပွဲဖြေဆိုထားသူများရည်မှန်းချက် ပြည်စုံပါမယ်။အိမ်ထောင်ရှင် များစိတ်ကသိကအောင်ဖြစ်စရာတွေ့ တတ်ပါတယ်။ငယ်ရွယ်သူများ ပျော်ရွှင်စရာတစ်လှည့် စိတ်အနှောင့်အယှက်ဖြစ်ရတာ တစ်လှည့် အချိန်အခါပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။နံနက်နေမတက်မီ ဘုရားရှင်အားသောက်တော်ရေချမ်း ကပ်လှူကာ ဒိဝါတပတိ ဂါထာအား ကိုးခေါက်တိတိယုံယုံကြည်ကြည် ရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ နံနက်စောစောတန်းဆွမ်းကြွလာသည့် သံဃာတော်များကို သောက်တော်ရေ လှူဒါန်းပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ရွှေတိဂုံဘုရားအောင်မြေတွင် လျှောက်ထားသည့် အလုပ်ကို အဓိဋ္ဌာန်ပြု၍ အောင်သပြေ ၉ ညွှန် ကပ်လှူဆုတောင်းပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။အိမ်တွင် ကြည့်မှန်အဟောင်း၊အကွဲများရှိပါကလွှင့်ပစ်ပါ။ချစ်သူနှင့်တွေ့ရန်သွားသည့်အခါတိုင်းရေမွှေးဆွတ်သွားပါ။
လူမှုရေး အတိုက်အခံများသူများ။ ။စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဆို၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။ ။ နံနက်ဘက်ထကာ အိမ်ရှေ့လမ်းကိုသန့်ရှင်းပြီး ခို၊စာကလေးများအတွက် အစာကျွေးပါ။
ထီကံကောင်းလိုသူများ။ ။ သောကြာနံအက္ခရာ ဖြင့်စသော ထီလက်မှတ်တွင် ၄/၆ ဂဏန်းများများပါသည့် ထီလက်မှတ် ကိုရွေးချယ်ထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး ၊စီးပြားေရးပညာေရးေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ဗုဒၶဟူးသားသမီး မ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ အလုပ္အကိုင္ေတြ ဒီရက္ပိုင္းတိုးခ်ဲ႕သင့္ပါတယ္။ ေငြကံေကာင္းေန တတ္ပါတယ္။ ယခုရက္ပိုင္းအတြင္းအဘက္ဘက္ကကံေတြပြင့္လန္းေန တတ္ပါ တယ္။ အရာရာကိုယ္ေအာင္ျမင္မႈ ကိုမလိုလား သူေတြ ရဲ႕အတိုက္အခိုက္ရွိပါတယ္။မိသားစုအတြင္းအလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။ သစ္လုပ္ငန္းေတြ၊ ပြဲစားလုပ္ငန္းေတြ၊ သီးႏွံေတာင္သူေတြ၊သီးႏွံကုန္သည္ေတြအလုပ္အကိုင္ေကာင္း တတ္ၿပီး စပ္တူရွယ္ယာအလုပ္မ်ား အက်ိဳးမေပးေသးပါဘူး။ ေခတၱဆိုင္းငံ ထားပါဦး။ ျပည္တြင္းျပည္ပခရီးေတြ သြားရတတ္ပါ တယ္။ ဒီရက္ပိုင္း အာ႐ုံေၾကာ၊အားနည္းတဲ့ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ ပညာေရးကေတာ့ လုပ္ငန္းခြင္ စာေမးပြဲ ရာထူး စာေမးပြဲေျဖဆိုထားသူမ်ားရည္မွန္းခ်က္ ျပည္စုံပါမယ္။အိမ္ေထာင္ရွင္ မ်ားစိတ္ကသိကေအာင္ျဖစ္စရာေတြ႕ တတ္ပါတယ္။ငယ္႐ြယ္သူမ်ား ေပ်ာ္႐ႊင္စရာတစ္လွည့္ စိတ္အေႏွာင့္အယွက္ျဖစ္ရတာ တစ္လွည့္ အခ်ိန္အခါပါ။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။နံနက္ေနမတက္မီ ဘုရားရွင္အားေသာက္ေတာ္ေရခ်မ္း ကပ္လႉကာ ဒိဝါတပတိ ဂါထာအား ကိုးေခါက္တိတိယုံယုံၾကည္ၾကည္ ႐ြတ္ဆိုပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။ နံနက္ေစာေစာတန္းဆြမ္းႂကြလာသည့္ သံဃာေတာ္မ်ားကို ေသာက္ေတာ္ေရ လႉဒါန္းပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ေ႐ႊတိဂုံဘုရားေအာင္ေျမတြင္ ေလွ်ာက္ထားသည့္ အလုပ္ကို အဓိ႒ာန္ျပဳ၍ ေအာင္သေျပ ၉ ၫႊန္ ကပ္လႉဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။အိမ္တြင္ ၾကည့္မွန္အေဟာင္း၊အကြဲမ်ားရွိပါကလႊင့္ပစ္ပါ။ခ်စ္သူႏွင့္ေတြ႕ရန္သြားသည့္အခါတိုင္းေရေမႊးဆြတ္သြားပါ။
လူမႈေရး အတိုက္အခံမ်ားသူမ်ား။ ။ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဆို၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ နံနက္ဘက္ထကာ အိမ္ေရွ႕လမ္းကိုသန႔္ရွင္းၿပီး ခို၊စာကေလးမ်ားအတြက္ အစာေကြၽးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ ေသာၾကာနံအကၡရာ ျဖင့္စေသာ ထီလက္မွတ္တြင္ ၄/၆ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ ကိုေ႐ြးခ်ယ္ထိုးပါ။