ယခုရက်ပိုင်းအတွင်းဗုဒ္ဓဟူးသားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး ၊စီးပွားရေး၊ပညာရေး ကိစ္စတွေမှာအောင်မြင်နိုင် ပါတယ်။ဒီရက်ပိုင်းစိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေနဲ့အလွဲလွဲအချော်ချော်ဖြစ်နေတတ်ပါတယ်။ဘာမဆိုစိတ်ရှည်သင့်တဲ့ ကာလဖြစ်နေပြီးခရီးစဉ်တွေ နိုင်ငံခြားခရီးတွေ ပေါ်တတ်ပါတယ်။ငွေကြေးကြပ်တည်းတတ်ပြီး ငွေဝင်ကံနည်းပါတယ်။ ဒီရက်ပိုင်းအတွင်း
လုပ်ငန်းချဲ့တာ၊ စပ်တူရှယ်ယာလုပ်ငန်းတွေ စာချုပ်ချုပ်တာတွေ ကောင်းပါတယ်။ လူရင်းတွေ ရင်းနှီးရသူတွေကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ဆန်ကုန်သည်တွေ၊စာအုပ်စာပေလုပ်ငန်းသမားတွေ၊ ဆေးပစ္စည်း
ရောင်းသူတွေ၊စက်ပစ္စည်း ရောင်းသူတွေ အလုပ်ကောင်းတတ်ပါတယ်။ ပညာရေးကတော့ သင်တက်ချင်တဲ့ သင်တန်းတွေ ကျောင်းတွေ တက်ဖို့ အခွင့်အရေးပေါ်တတ်ပါတယ်။ဒါပေမယ့် သင့်စိတ်က များနေတတ်လို့ သေသေချာချာ ဆုံးဖြတ်ပြီးမှ တတ်သင့်ပါတယ်။ အိမ်ထောင်ရှင်များအတွက်ကတော့ ခဏတာ အဆင်မပြေဖြစ်တတ်တဲ့ အချိန်ကာလပါ။ သမီးရည်းစားများကတော့ ဆုံးဖြတ်ရခက်တဲ့ အချိန်ကာလတစ်ခုကိုရောက်နေပါတယ်။ ကျန်းမာရေးကတော့ နေချင်သလိုနေတတ်တဲ့ သင့်အတွက် အစာအိမ်၊ဆီးဒုက္ခပေးတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား ယခုတစ်ပတ်လုံး ရွှေထမင်းကပ်လှူကာ ရှင်သီဝလီဂါထာကို တစ်ရက် နေမထွက်မီ ၉ ခေါက်ရွတ်ဆိုပေးပါ။
ပြည်ပထွက်ခွာလိုသူများ။ ။အိမ်ရှေ့ရောက်လာသည့် သီလရှင်ဆရာလေးအတွက် ဖိနပ် သို့မဟုတ် ထီးတစ်ခုခုဒါနပြုပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားစေတီများ၏ အင်္ဂါနံထောင့်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ယခုရက်ပိုင်းအတွင်း အနက်ရောင်ဝတ်ဆင်ခြင်းကိုရှောင်ပါ။
လူမှုရေးအတိုက်အခံများသူများ။ ။ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းခြင်းကသင့်အတွက် အကောင်း ဆုံးဖြစ်ပါတယ်။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားတွင် ရွှေသင်္ကန်းကပ်လှူခြင်း၊လမ်းထဲအလှူဒါနပြုခြင်းများတွင် နိုင် သလောက် လှူဒါန်းပေးပါ။
ထီကံကောင်းလိုသူများ။ ။ဗုဒ္ဓဟူးနံပါထီဆိုင်တွင် ၄ /၃ စတဲ့ ဂဏန်းများများပါအောင် ထီထိုးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္းဗုဒၶဟူးသားသမီးေတြနဲ႔ တိုင္ပင္တာက သင့္အတြက္ လူမႈေရး ၊စီးပြားေရး၊ပညာေရး ကိစၥေတြမွာေအာင္ျမင္ႏိုင္ ပါတယ္။ဒီရက္ပိုင္းစိတ္မတင္မက်ကိစၥေတြ ဆုံးျဖတ္ရခက္တဲ့ ကိစၥေတြနဲ႔အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ေနတတ္ပါတယ္။ဘာမဆိုစိတ္ရွည္သင့္တဲ့ ကာလျဖစ္ေနၿပီးခရီးစဥ္ေတြ ႏိုင္ငံျခားခရီးေတြ ေပၚတတ္ပါတယ္။ေငြေၾကးၾကပ္တည္းတတ္ၿပီး ေငြဝင္ကံနည္းပါတယ္။ ဒီရက္ပိုင္းအတြင္း
လုပ္ငန္းခ်ဲ႕တာ၊ စပ္တူရွယ္ယာလုပ္ငန္းေတြ စာခ်ဳပ္ခ်ဳပ္တာေတြ ေကာင္းပါတယ္။ လူရင္းေတြ ရင္းႏွီးရသူေတြေၾကာင့္ စိတ္ရႈပ္ရတတ္ပါတယ္။ဆန္ကုန္သည္ေတြ၊စာအုပ္စာေပလုပ္ငန္းသမားေတြ၊ ေဆးပစၥည္းေရာင္းသူေတြ၊
စက္ပစၥည္း ေရာင္းသူေတြ အလုပ္ေကာင္းတတ္ပါတယ္။ ပညာေရးကေတာ့ သင္တက္ခ်င္တဲ့ သင္တန္းေတြ ေက်ာင္းေတြ တက္ဖို႔ အခြင့္အေရးေပၚတတ္ပါတယ္။ဒါေပမယ့္ သင့္စိတ္က မ်ားေနတတ္လို႔ ေသေသခ်ာခ်ာ ဆုံးျဖတ္ၿပီးမွ တတ္သင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ားအတြက္ကေတာ့ ခဏတာ အဆင္မေျပျဖစ္တတ္တဲ့ အခ်ိန္ကာလပါ။ သမီးရည္းစားမ်ားကေတာ့ ဆုံးျဖတ္ရခက္တဲ့ အခ်ိန္ကာလတစ္ခုကိုေရာက္ေနပါတယ္။ က်န္းမာေရးကေတာ့ ေနခ်င္သလိုေနတတ္တဲ့ သင့္အတြက္ အစာအိမ္၊ဆီးဒုကၡေပးတတ္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။ ။ဘုရားအား ယခုတစ္ပတ္လုံး ေ႐ႊထမင္းကပ္လႉကာ ရွင္သီဝလီဂါထာကို တစ္ရက္ ေနမထြက္မီ ၉ ေခါက္႐ြတ္ဆိုေပးပါ။
ျပည္ပထြက္ခြာလိုသူမ်ား။ ။အိမ္ေရွ႕ေရာက္လာသည့္ သီလရွင္ဆရာေလးအတြက္ ဖိနပ္ သို႔မဟုတ္ ထီးတစ္ခုခုဒါနျပဳေပးပါ။
အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။ ။ဘုရားေစတီမ်ား၏ အဂၤါနံေထာင့္တြင္ အဓိ႒ာန္ပုတီးစိပ္ပါ။
အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။ ။ယခုရက္ပိုင္းအတြင္း အနက္ေရာင္ဝတ္ဆင္ျခင္းကိုေရွာင္ပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား။ ။ဘုရားေစတီရင္ျပင္မ်ားတြင္ အမႈိက္မ်ားရွင္းလင္းျခင္းကသင့္အတြက္ အေကာင္း ဆုံးျဖစ္ပါတယ္။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္လႉျခင္း၊လမ္းထဲအလႉဒါနျပဳျခင္းမ်ားတြင္ ႏိုင္ သေလာက္ လႉဒါန္းေပးပါ။
ထီကံေကာင္းလိုသူမ်ား။ ။ဗုဒၶဟူးနံပါထီဆိုင္တြင္ ၄ /၃ စတဲ့ ဂဏန္းမ်ားမ်ားပါေအာင္ ထီထိုးပါ။