ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ပညာရေးအောင်မြင်လိုသော ကိစ္စများအတွက် အင်္ဂါသား သမီး များနှင့် တိုင်ပင်ဆောင်ရွက် ပါ။ ယခုရက်ပိုင်း အတွင်း အဘက်ဘက်မှာ စိတ်မတင်မကျဖြစ် စရာကိစ္စတွေ ကြုံတတ်ပါတယ်။
ဒါပေမယ့် စပ်တူလုပ်တဲ့ကိစ္စတွေ ၊စက်မှုနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေမှာအခွင့်အလမ်းကောင်းတွေပြည့်နေတတ်ပါတယ်။ မိသားစုကိစ္စတွေ ဘာသာရေး အလုပ်တွေ ကြောင့် စိတ်ရှုပ်စရာတော့ ရှိနေပါတယ်။ ဒီရက်ပိုင်း စကားအပြောမတတ်လို့ လူမှုရေးအတိုက်အခိုက် တွေပေါ်တတ်ပြီး သူများကိစ္စမှာ ကြားညှပ်တတ်ပါတယ်။ ဒါပေမယ့် အဆိုးထဲက အကောင်းက ကိုယ့် လက် အောက်ငယ်သားတွေကြောင့် ဂုဏ်တက် ရမယ့် အချိန် ကာလပါ။စီစဉ်ထားတဲ့ ပြည်တွင်းပြည်ပ ခရီးစဉ်တွေ မသေချာမရေမရာ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းပေမယ့် အပူအစပ်အ စာတွေ ကြောင့် ဒုက္ခများတတ်ပါတယ်။ ပညာရေးကတော့ ကြိုးစားလေ ပိုအောင်မြင် လေဖြစ်နေတဲ့ ကာလပါ။ အိမ်ထောင်ရှင်များ ကံကောင်းမှုတွေ ဒီရက်ပိုင်း ဝင်လာတတ်သလို ချစ်သူ တွေကတော့ ပြဿနာတွနဲ့ လုံးထွေးနေရတဲ့ ရက်သတ္တပတ်ပါ။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။ ။ဘုရားအား ယခုတစ်ပတ်လုံး ကြာပန်းခိုင် ကပ်လှူ ကာ ပုတီးစိပ်၍ လိုရာဆုတောင်းပါ။
ပြည်ပထွက်ခွာလိုသူများ။ ။ ပဋ္ဌာန်း၊ဂုဏ်တော်ကွန်ချာကို သတိရတိုင်း ရွတ်ဆိုပေးပါ။
အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။ ။ဘုရားစေတီများရှိ အင်္ဂါထောင့်တွင် ပဋ္ဌာန်းရွတ်ဆိုပူဇော်ပါ။
အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။ ။ နှစ်ဦးပေါင်းနေနံသင်ပန်းအားပန်းအိုးတစ်လုံးထဲ ထည့်ကာ ဘုရားရှင်အား ယခုတစ်တပ်လုံး ပူဇော်ပါ။
လူမှုရေးအတိုက်အခံများသူများ။ ။အိမ်နှင့်အနီးဆုံးစေတီတွင် နံနက်စောစော အမှိုက်များရှင်း လင်းပေးခြင်းက အကောင်းဆုံးဖြစ်သည်။
ကျန်းမာရေးမကောင်းသူများ ။ ။ ဈေးတွင် ငါးအရှင်တွေ့ပါက ဈေးမဆစ်ဘဲဝယ်ကာ လွှတ်ပါလေ။
ထီကံကောင်းလိုသူများ။ ။ယခုတစ်ပတ် သင့်အတွက် ၃ ဂဏန်းများများပါသော ထီကို ထိုးသင့်ပါတယ်။
( Zawgyi )