【 အားကစား 】 ပေကျင်းအိုလံပစ်အားကစားပွဲမှာ ကိုဗစ်-၁၉ ကူးစက်မှု ၁၁ ခုတွေ့

【 အားကစား 】 ပေကျင်းအိုလံပစ်အားကစားပွဲမှာ ကိုဗစ်-၁၉ ကူးစက်မှု ၁၁ ခုတွေ့

ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ကျင်းပရေးကော်မတီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အားကစားပြိုင်ပွဲနှင့်ပတ်သက်သည့် အမှုထမ်းများအကြား ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၁ ဦးကို တွေ့ရှိခဲ့ကြောင်း ယနေ့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ပေကျင်း ၂၀၂၂ တရားဝင်ဝက်ဘ်ဆိုက်တွင် သတိပေးချက်တစ်ခုအရ လေဆိပ်သို့ အသစ်ရောက်ရှိလာသူများကြားထဲမှာ ရောဂါဖြစ်ပွားမှုနှစ်ခုကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ကူးစက်မှုအသစ် ၁၁ ခုအနက် ၉ ဦးကို ခွဲခြားထားပြီးဖြစ်ပြီး ထိုအထဲမှ ၅ ဦးဟာ ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲနဲ့ပတ်သက်သည့် အားကစားသမားများ သို့မဟုတ် အမှုထမ်းများဖြစ်ပြီး ၎င်းတို့အားလုံးကို အများပြည်သူနှင့် ထိတွေ့မှုမရှိစေရန် ခွဲခြားထားပြီးဖြစ်သည်ဟု အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

"တရုတ်နိုင်ငံထဲကို လူတွေဝင်ရောက်မှု ပိုများလာတာနဲ့အမျှ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပိုများလာခဲ့တယ်" ဟု ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ကျင်းပရေးကော်မတီရဲ့ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးရုံး၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Huang Chun က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုမြင့်တက်လာခြင်းဟာ အကောက်ခွန်မှ ပိုမိုထိရောက်ပြီး တိကျတဲ့ ကိုဗစ်-၁၉ ထောက်လှမ်းခြင်း နည်းပညာများကြောင့်လည်းဖြစ်ကြောင်း Huang မှ ပြောကြားခဲ့ပါသေးတယ်။

Linko
Ref - reuters, cna
ဖေဖော်ဝါရီ - ၁၁