【 အားကစား 】 ပရီးမီးယားလိဂ်ကလပ်တွေ ငွေသုံးကြမ်းနေတဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်

【 အားကစား 】 ပရီးမီးယားလိဂ်ကလပ်တွေ ငွေသုံးကြမ်းနေတဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်

ဥရောပရဲ့ အင်အားကြီး ကလပ်အသင်းတွေ တော်တော်များများဟာ ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုကြောင့် ကစားသမားသစ်ခေါ်ယူရေးတွေအတွက် ဘဏ္ဍာရေးအခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကတော့ ငွေကိုရေလိုသုံးနေတာကို မြင်တွေ့ရပါတယ်။

နွေရာသီအပြောင်း‌အရွှေ့ဈေးကွက် မပိတ်သိမ်းမီ လာမယ့်ရက်သတ္တပတ်တွေမှာ အင်္ဂလန် ပရီးမီယားလိဂ် ကလပ်အသင်းတွေအတွင်း ပေါင် သန်း ၁၀၀ နဲ့ အထက် တန်ကြေးရှိ ကစားသမားအပြောင်းအရွှေ့တွေ ဖြစ်ပေါ်ဖို့လည်း ရှိနေပါသေးတယ်။

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံဖြစ်တဲ့ ချဲလ်ဆီးအသင်းကတော့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အင်တာအသင်း တိုက်စစ်မှူး လူကာကူ ကို ကမ်းလှမ်းနေခဲ့ဝာာဖြစ်ပါတယ်။လက်ရှိသတင်းထွက်ပေါ်မှုအရ ချဲလ်ဆီးရဲ့ ပေါင် သန်း ၁၂၀ နဲ့ မားကို့စ်အလွန်ဆို ပူးပေါင်းကမ်းလှမ်းမှုကို အင်တာအသင်းဘက်က သဘောတူခဲ့ပြီလို့ သိရပါတယ်။ချဲလ်ဆီးအသင်းအနေနဲ့ ဆီဗီလား နောက်ခံလူ ဂျူးလက်စ် ကွန်ဒီ ကို ဆက်လက်ခေါ်ယူဖို့ ရှိနေပါသေးတယ်။

ပရီးမီယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကတော့ ၎င်းရဲ့အဓိကပစ်မှတ်တစ်ခုဖြစ်တဲ့ ဗီလာအသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ရှ် ကို ခေါ်ယူနိုင်တော့မှာဖြစ်ပြီး၊ ‌ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ သဘောတူထားတာဖြစ်ပါတယ်။မန်စီးတီးအနေနဲ့ ဂရေးလစ်ရှ် ကို ရရှိပြီးနောက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း ကို ဆက်လက်ကြိုးပမ်းမလားဆိုဝာာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အဓိကပစ်မှတ်တွေကို ခေါ်ယူနိုင်ခဲ့လို့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ အရာရာအဆင်ပြေနေခဲ့ပါတယ်။ဆန်ချိုနဲ့ ဗာရာနီတို့ကို ခေါ်ယူပြီးနောက် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ အက်သလက်တီကို ကွင်းလယ်လူ ဆောလ် နီဂွက်ဇ်နဲ့ ဘိုင်ယန် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာတို့ကို စိတ်ဝင်စားလျက်ရှိနေပါတယ်။

လီဗာပူးလ်ကတော့ အတော်လေး ငြိမ်သက်နေတယ်လို့ ဆိုရမှာပါ။လိုက်ပ်ဇစ် နောက်ခံလူ ကူနာတေး ကို ခေါ်ယူထားသလို အက်သလက်တီကိုမှ ဆောလ် နီဂွက်ဇ် ကို ခေါ်ယူရေး ကြိုးပမ်းလျက်ရှိနေပါတယ်။

အာဆင်နယ်အသင်းကတော့ အပြောင်းအရွှေ့ဈေးကွက်အတွင်း သိပ်မလှုပ်ရှားနိုင်တာ ကြာပြီဖြစ်ပါတယ်။လိုကွန်ဂါနဲ့ ဘန်ဝှိုက်တို့လို မထင်မရှားကစားသမားတွေကိုသာ ခေါ်ယူထားနိုင်ခဲ့ပြီး အင်တာတိုက်စစ်မှူး လာတူရို မာတီနက်ဇ်၊ ဆက်ဆူအူလို ကွင်းလယ်လူ လိုကာတယ်လီ၊ ချဲလ်ဆီးတိုက်စစ်မှူး တမ်မီ ‌အေဘရာဟမ်နဲ့ လက်စတာ ကွင်းလယ်လူ မက်ဒီဆင်တို့ကို စိတ်ဝင်စားလျက်ရှိနေပါတယ်

စပါးအသင်းကတော့ ဟယ်ရီကိန်း အနေအထားကို စောင့်ကြည့်နေပုံရပြီး ဟယ်ရီကိန်းကိုသာ ရောင်းချရရင် ကစားသမားသစ်တွေ သေချာပေါက် ‌ခေါ်ယူသွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ ဆီဗီးလား ကွင်းလယ်လူ ဘရိုင်ယန် ဂေလ်ကိုသာ ခေါ်ယူထားခဲ့ပါတယ်။

Linko
အင်္ဂလန်၊ ဩဂုတ် - ၅