AMI မီတာစနစ်တပ်ဆင်မှုကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ မြို့နယ် လေးခု ၌ ဆက်လက်အကောင်အထည်ဖော်မည်

 AMI မီတာစနစ်တပ်ဆင်မှုကို ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အထိ မြို့နယ် လေးခု ၌ ဆက်လက်အကောင်အထည်ဖော်မည်

အိမ်သုံးမီတာတွေနဲ့ပတ်သက်ပြီး AMI (Advanced Metering Infrastructure) မီတာစနစ်တပ်ဆင်မှုကို လာမယ့် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်လေးခုမှာ ဆက်လက် အကောင်အထည်ဖော်သွားဖို့ လျာထားတယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(YESC)မှ သိရပါတယ်။

ထိုစနစ်ဟာ ဒစ်ဂျစ်တယ် အိမ်သုံးမီတာတွေကို HHU ဖြင့် မီတာဖတ်တဲ့ OMR စနစ်မှ AMI စနစ်သို့ ရှေ့ပြေး အစီအစဉ်တစ်ရပ်အဖြစ် ဒေါပုံမြို့နယ်နဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ အကောင်အထည်ဖော်ခဲ့ပြီး လတ်တလောမှာ တောင်ဥက္ကလာပမြို့နယ်ထဲမှာ အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေသလို လာမယ့် ၂၀၂၀-၂၁ အထိ နောက်ထပ် လေးမြို့နယ်မှာ လုပ်ဆောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ထိုစနစ်ဟာ အများပြည်သူတွေအနေနဲ့ မိမိတို့အသုံးပြုတဲ့ မီတာရဲ့ပကတိအခြေအနေကို လက်ကိုင်ဖုန်းထဲက Mobile Application ဖြင့် အလွယ်တကူ ကြည့်ရှုနိုင်သလို လက်ရှိကာလအထိ သုံးစွဲယူနစ်နဲ့ ကျသင့်ငွေကို သိရှိနိုင်တာ ကြောင့် သုံးစွဲခကျသင့်ငွေနဲ့ ချိန်ဆလုပ်ဆောင်နိုင်ပြီး ဘဏ်နဲ့လည်း ချိတ်ဆက်ကာ မီတာခပေးသွင်းနိုင်သလို Mobile Banking ဖြင့်လည်း မီတာခဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ထိုစနစ် မတပ်ဆင်ခင်က ဒေါပုံမြို့နယ်ထဲမှာ ဓာတ်အားပျောက်ဆုံးမှု ၁၁ ဒသမ ၁၄ ရာခိုင်နှုန်း၊ တပ်ဆင်ဆဲ ကာလမှ ၉ ဒသမ ၀၈ ရာခိုင်နှုန်း၊ ဆောင်ရွက်ပြီးဖြစ်တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၆၂ ရာခိုင်နှုန်း ရှိလာခဲ့သလို ပန်းဘဲတန်းမြို့နယ်မှာလည်း မူလက ဓာတ်အားပျောက်ဆုံး မှု ၉ ဒသမ ၈၇ ရာခိုင်နှုန်းရှိရာမှ တပ်ဆင်ဆဲကာလမှာ ၄ ဒသမ ၃၆ ရာခိုင်နှုန်း၊ တပ်ဆင်ပြီးဖြစ်တဲ့ ယခု ၂၀၁၉ ခုနှစ်ထဲမှာ ၂ ဒသမ ၁၄ ရာခိုင်နှုန်း လောက်သာ ဓာတ်အားပျောက်ဆုံးမှုရှိလာခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈-၁၉ ကာလအတွင်း ဓာတ်အားသုံးစွဲမှုမှာ ယူနစ်သန်းပေါင်း ၉၂၃၃ သန်းရှိပြီး ပျောက်ဆုံးယူနစ်မှာ သန်းပေါင်း ၁၂၈၂ သန်းဖြစ်တာကြောင့် ၁၃ ဒသမ ၈၉ ရာခိုင်နှုန်း ယူနစ်ပျောက်ဆုံးခဲ့တယ်လို့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)မှ သိရပါတယ်။

မြို့နယ်အားလုံးအတွက် စီမံချက်ပြီးဆုံးချိန်မှာ ဓာတ်အားပျောက်ဆုံးမှုကို ထက်ဝက်လောက် လျှော့ချနိုင်မှာ ဖြစ်တာကြောင့် လျှပ်စစ်ဓာတ်အား ကို ယခင်ကထက်ပိုမိုသုံးစွဲနိုင်မယ့် နည်းလမ်းတစ်ရပ်အနေနဲ့ AMI စနစ်ကို ကူးပြောင်းဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
                                                     
ဇွဲမာန်                                            
ရန်ကုန်၊ ဇူလိုင် ၂၇
Photo Credit:CCI France Myanmar

(  Zawgyi  )

  အိမ္သုံးမီတာေတြနဲ႔ပတ္သက္ၿပီး AMI (Advanced Metering Infrastructure) မီတာစနစ္တပ္ဆင္မႈကို လာမယ့္ ၂၀၂၀-၂၁ ဘ႑ာေရးႏွစ္ အထိ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္ေလးခုမွာ ဆက္လက္ အေကာင္အထည္ေဖာ္သြားဖို႔ လ်ာထားတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း(YESC)မွ သိရပါတယ္။

ထိုစနစ္ဟာ ဒစ္ဂ်စ္တယ္ အိမ္သုံးမီတာေတြကို HHU ျဖင့္ မီတာဖတ္တဲ့ OMR စနစ္မွ AMI စနစ္သို႔ ေရွ႕ေျပး အစီအစဥ္တစ္ရပ္အျဖစ္ ေဒါပုံၿမိဳ႕နယ္နဲ႔ ပန္းဘဲတန္းၿမိဳ႕နယ္ေတြမွာ အေကာင္အထည္ေဖာ္ခဲ့ၿပီး လတ္တေလာမွာ ေတာင္ဥကၠလာပၿမိဳ႕နယ္ထဲမွာ အေကာင္အထည္ေဖာ္ဖို႔ လုပ္ေဆာင္ေနသလို လာမယ့္ ၂၀၂၀-၂၁ အထိ ေနာက္ထပ္ ေလးၿမိဳ႕နယ္မွာ လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။

ထိုစနစ္ဟာ အမ်ားျပည္သူေတြအေနနဲ႔ မိမိတို႔အသုံးျပဳတဲ့ မီတာရဲ႕ပကတိအေျခအေနကို လက္ကိုင္ဖုန္းထဲက Mobile Application ျဖင့္ အလြယ္တကူ ၾကည့္ရႈႏိုင္သလို လက္ရွိကာလအထိ သုံးစြဲယူနစ္နဲ႔ က်သင့္ေငြကို သိရွိႏိုင္တာ ေၾကာင့္ သုံးစြဲခက်သင့္ေငြနဲ႔ ခ်ိန္ဆလုပ္ေဆာင္ႏိုင္ၿပီး ဘဏ္နဲ႔လည္း ခ်ိတ္ဆက္ကာ မီတာခေပးသြင္းႏိုင္သလို Mobile Banking ျဖင့္လည္း မီတာခေဆာင္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ထိုစနစ္ မတပ္ဆင္ခင္က ေဒါပုံၿမိဳ႕နယ္ထဲမွာ ဓာတ္အားေပ်ာက္ဆုံးမႈ ၁၁ ဒသမ ၁၄ ရာခိုင္ႏႈန္း၊ တပ္ဆင္ဆဲ ကာလမွ ၉ ဒသမ ၀၈ ရာခိုင္ႏႈန္း၊ ေဆာင္႐ြက္ၿပီးျဖစ္တဲ့ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွာ ၆ ဒသမ ၆၂ ရာခိုင္ႏႈန္း ရွိလာခဲ့သလို ပန္းဘဲတန္းၿမိဳ႕နယ္မွာလည္း မူလက ဓာတ္အားေပ်ာက္ဆုံး မႈ ၉ ဒသမ ၈၇ ရာခိုင္ႏႈန္းရွိရာမွ တပ္ဆင္ဆဲကာလမွာ ၄ ဒသမ ၃၆ ရာခိုင္ႏႈန္း၊ တပ္ဆင္ၿပီးျဖစ္တဲ့ ယခု ၂၀၁၉ ခုႏွစ္ထဲမွာ ၂ ဒသမ ၁၄ ရာခိုင္ႏႈန္း ေလာက္သာ ဓာတ္အားေပ်ာက္ဆုံးမႈရွိလာခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးမွာ ၂၀၁၈-၁၉ ကာလအတြင္း ဓာတ္အားသုံးစြဲမႈမွာ ယူနစ္သန္းေပါင္း ၉၂၃၃ သန္းရွိၿပီး ေပ်ာက္ဆုံးယူနစ္မွာ သန္းေပါင္း ၁၂၈၂ သန္းျဖစ္တာေၾကာင့္ ၁၃ ဒသမ ၈၉ ရာခိုင္ႏႈန္း ယူနစ္ေပ်ာက္ဆုံးခဲ့တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္လွ်ပ္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC)မွ သိရပါတယ္။

ၿမိဳ႕နယ္အားလုံးအတြက္ စီမံခ်က္ၿပီးဆုံးခ်ိန္မွာ ဓာတ္အားေပ်ာက္ဆုံးမႈကို ထက္ဝက္ေလာက္ ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္တာေၾကာင့္ လွ်ပ္စစ္ဓာတ္အား ကို ယခင္ကထက္ပိုမိုသုံးစြဲႏိုင္မယ့္ နည္းလမ္းတစ္ရပ္အေနနဲ႔ AMI စနစ္ကို ကူးေျပာင္းဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။
                                                     
ဇြဲမာန္                                            
ရန္ကုန္၊ ဇူလိုင္ ၂၇
Photo Credit:CCI France Myanmar