【 ပြည်တွင်း 】 ၅ နှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၄၃,၀၀၀ ကျော်ရှိခဲ့

【 ပြည်တွင်း 】 ၅ နှစ်အတွင်း တရုတ်-မြန်မာ ကုန်သွယ်မှုပမာဏ ဒေါ်လာ သန်း ၄၃,၀၀၀ ကျော်ရှိခဲ့

ရန်ကုန်၊ ဧပြီ - ၂၂

ပြီးခဲ့ဘဏ္ဍာနှစ် ၅ နှစ်အတွင်းမှာ တရုတ်-မြန်မာ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၄၃,၀၀၀ ကျော်ရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

ထုတ်ပြန်ချက်စာရင်းတွေအရ တရုတ်-မြန်မာ နှစ်နိုင်ငံကြား နည်းလမ်းနှစ်သွယ်ကနေ ကုန်သွယ်မှုပမာဏဟာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၁၂,၁၀၀ ကျော် ၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ဒေါ်လာသန်း ၉၈၀၀ ကျော်၊ ၂၀၂၁-၂၂ မီနီဘတ်ဂျက်ကာလမှာ ဒေါ်လာ သန်း ၄၃၀၀ ကျော်ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

အလားတူ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၉၃၀၀ နီးပါးရှိခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်ရဲ့ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်းမှာလည်း နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ သန်း ၇၅၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ကြား နှစ်စဉ်ကုန်သွယ်ရေးလုပ်ငန်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုစလုံးကနေ ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတန်ဖိုးကလည်း တခြားသော ကုန်သွယ်နိုင်ငံတွေနဲ့ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးရဲ့ သုံးပုံတစ်ပုံခန့်ရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

လင်းလင်း