【 ပြည်တွင်း 】 ၁၂ နှစ်အတွင်း မဲခေါင်မြစ်ကြောင်းတစ်လျှောက် ပူးတွဲကင်းလှည့်မှု အကြိမ်ရေ ၁၃၀ ကျော် ဆောင်ရွက်ခဲ့

【 ပြည်တွင်း 】 ၁၂ နှစ်အတွင်း မဲခေါင်မြစ်ကြောင်းတစ်လျှောက် ပူးတွဲကင်းလှည့်မှု အကြိမ်ရေ ၁၃၀ ကျော် ဆောင်ရွက်ခဲ့

ရန်ကုန်၊ ဧပြီ - ၁၂

တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ မဲခေါင်မြစ်ကြောင်းတစ်လျှောက် ပူးတွဲကင်းလှည့်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၁၂ နှစ်အတွင်းမှာ အကြိမ်ရေ ၁၃၆ ကြိမ် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။

မဲခေါင်မြစ်ကြောင်းတစ်လျှောက် ပူးတွဲကင်းလှည့်ရေး လုပ်ငန်းများကို ၂၀၁၁ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းမှာ တရုတ်ယွမ်ငွေ သန်း ၂၀၀ ခန့်ရှိ စီးပွားရေးဆုံးရှုံး နစ်နာမှုများကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

၁၂ နှစ်အတွင်းမှာ ၄ နိုင်ငံတို့ရဲ့ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုကို ၁၃၆ ကြိမ် ဆောင်ရွက်ခဲ့ရာတွင် ကုန်း၊ ရေ ပူးတွဲလှုပ်ရှားမှုနှင့် အပိုင်းခွဲခြားပြီး ကင်းလှည့်ရေးလှုပ်ရှားမှုအပါအဝင် ပူးတွဲလှုပ်ရှားမှု အကြိမ် ၂၀၀ ကျော် ဆောင်ရွက်ခဲ့ကြပြီး တရားဥပဒေစိုးမိုးရေးဝန်ထမ်း နှစ်သောင်းခန့်ကို စေလွှတ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုများတွင် ကုန်တင်သင်္ဘောအစင်း သုံးလေးထောင်ကို စောင့်ကြပ်ကာကွယ် ပို့ဆောင်ခဲ့ပြီး အန္တရာယ်များနှင့် ရင်ဆိုင်နေရသော ကုန်တင်သင်္ဘောအစင်း ၂၀၀ ကျော်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တွင် တရုတ်၊ မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့သည် မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး လုံခြုံမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထူထောင်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် မဲခေါင်မြစ်ဝှမ်းဒေသရှိ ၄ နိုင်ငံ ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုကို ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

အောင်အောင်