【 ပြည်တွင်း 】 အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားပစ္စည်းများ လှူဒါန်း

【 ပြည်တွင်း 】 အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဧပြီ - ၁၂

တရုတ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းတို့သည် နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားပစ္စည်းများ လှူဒါန်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီလ ၁၀ ရက်နေ့တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း နေပြည်တော် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း ၌ “Silk Road People-to-People Connectivity Care for the Future” လှူဒါန်းမှုအစီအစဉ်နှင့် အခြေခံပညာအထက်တန်းကျောင်းများသို့ အားကစားပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ CFPD မြန်မာနိုင်ငံရုံးခန်းဌာနမှူး Mr. Wang Lei ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း အမှုဆောင်ဥက္ကဋ္ဌ Mr. Li Bobo ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး နေပြည်တော် ဆက်သွယ်ရေးရုံးခန်း တာဝန်ခံ Mr. Zhang Zhonghua နှင့် နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ကိုယ်စားလှယ်များက CFPD ၏ လှူဒါန်းမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အောင်အောင်
Photo - တရုတ်သံရုံး