【 ပြည်တွင်း 】 သုံးလအတွင်း တရုတ်သို့ ဆန်ကွဲတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထား

【 ပြည်တွင်း 】 သုံးလအတွင်း တရုတ်သို့ ဆန်ကွဲတန်ချိန် ရှစ်သောင်းကျော် တင်ပို့ထား

ရန်ကုန်၊ ဧပြီ - ၁၀

၂၀၂၄ ခုနှစ် သုံးလတာကာလအတွင်း တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် စုစုပေါင်း ရှစ်သောင်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်စာရင်းများအရ သိရပါတယ်။

တရုတ်နိုင်ငံသို့ လအလိုက် ဆန်ကွဲတင်ပို့မှုအနေဖြင့် ဇန်နဝါရီလတွင် ဆန်ကွဲတန်ချိန် ၂၇,၇၆၅ တန်၊ ဖေဖော်ဝါရီလတွင် ဆန်ကွဲတန်ချိန် ၁၉,၃၁၃ တန်နှင့် မတ်လတွင် ဆန်ကွဲတန်ချိန် ၃၃,၂၉၉ တန်ဖြင့် အသီးသီးတင်ပို့ခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အခုနှစ်အတွင်း ပြည်ပသို့ ဆန်ကွဲတင်ပို့မှု လအလိုက် ကိန်းဂဏန်းများအရ ဇန်နဝါရီလအတွင် တရုတ်နိုင်ငံသို့ ၂၇,၇၆၅ တန်ဖြင့် နိုင်ငံအလိုက်အများဆုံး တင်ပို့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီလအတွင်း ဘယ်လ်ဂျီယံနိုင်ငံသို့ ၃၄,၇၅၀ တန်ဖြင့် နိုင်ငံအလိုက် အများဆုံးတင်ပို့ခဲ့သလို မတ်လတွင်လည်း ဘယ်ဂျီယံနိုင်ငံသို့ပင် ဆန်ကွဲတန်ချိန် ၄၅,၀၂၂ တန်ဖြင့် နိုင်ငံအလိုက် အများဆုံးတင်ပို့မှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

သို့ရာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ပြည်တွင်းကထွက်ရှိတဲ့ ဆန်ကွဲများကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ရကြောင်း ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။

အောင်အောင်
Photo Credit - Global New Light Of Myanmar