【 ပြည်တွင်း 】 ရေထွက်ပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိ

【 ပြည်တွင်း 】 ရေထွက်ပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိ

ရန်ကုန်၊ ဧပြီ - ၁၆
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း ရေထွက်ပစ္စည်း တင်ပို့မှုကနေ ကန်ဒေါ်လာ သန်း ၇၀၀ ကျော် ရရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလကနေ မတ်လကုန်အထိ တစ်နှစ်အတွင်းမှာ ပုဂ္ဂလိကပိုင်ကဏ္ဍကနေ ရေထွက်ကုန် ဒေါ်လာ ၇၁၄ သန်းကျော်ဖိုး တင်ပို့ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းကလည်း ပြည်ပသို့ ရေထွက်ကုန်တန်ဖိုး ဒေါ်လာ ၇၆၅ သန်းကျော် တင်ပို့ခဲ့ခြင်းကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်း တင်ပို့မှုဟာ အရင်နှစ်ထက် ဒေါ်လာ သန်း ၅၀ ကျော် လျော့နည်းခဲ့ခြင်းဖြစ်ပါတယ်။
 
ဘဏ္ဍာနှစ်အလိုက် ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှု စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၈၅၈ သန်းကျော်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၇၈၅ သန်းကျော်၊ ၂၀၂၁-၂၀၂၂ Mini Budget မှာ ဒေါ်လာ ၄၈၁ သန်းကျော် တင်ပို့ထားကြောင်း သိရပါတယ်။
 
ငါး၊ ပုစွန်၊ ကဏန်းအပါအဝင် မြန်မာ့ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကပါ တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။
 
ထိုသို့တင်ပို့ရာတွင် တရုတ်၊ ထိုင်း၊ ဂျပန်နှင့် ဥရောပနိုင်ငံများအပါအဝင် တခြားသော ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပါတယ်။
 
လင်းလင်း