【 ပြည်တွင်း 】 တရုတ်-မြန်မာ နှစ်နိုင်ငံကြား နည်းလမ်းနှစ်သွယ်မှ ကုန်သွယ်မှု ဒေါ်လာ သန်း ၇၅၀၀ ကျော်ရှိ

【 ပြည်တွင်း 】 တရုတ်-မြန်မာ နှစ်နိုင်ငံကြား နည်းလမ်းနှစ်သွယ်မှ ကုန်သွယ်မှု ဒေါ်လာ သန်း ၇၅၀၀ ကျော်ရှိ

ရန်ကုန်၊ ဧပြီ - ၁၅
 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား နည်းလမ်းနှစ်သွယ်ကနေ ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ သန်း ၇၅၀၀ ကျော်ရှိခဲ့ကြောင်း စီးပွားကူးသန်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
၂၀၂၃-၂၀၂ ၄ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံကနေ ပို့ကုန်တန်ဖိုး ဒေါ်လာ သန်း၂၈၀၀ ကျော်တင်ပို့ခဲ့ပြီး သွင်းကုန်အနေဖြင့် ဒေါ်လာသန်း ၄၆၀၀ ကျော်ဖိုး တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
 
တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ပုံမှန်လမ်းကြောင်းဖြစ်သည့် ပင်လယ်ရေကြောင်းအပြင် နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ကုန်သွယ်ရေးစခန်း ၅ ခုကပါ ကုန်သွယ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာလည်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ သန်း ၉၃၀၀ နီးပါးရှိခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။
 
အလားတူ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ကာလအတွင်းမှာလည်း တရုတ်-မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏဟာ ဒေါ်လာသန်း ၄၃၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။
 
အောင်အောင်