【 ပြည်တွင်း 】လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းပေါင်း ၇၀၀ ကျော် အကောင်ထည်ဖော်ခဲ့

【 ပြည်တွင်း 】လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းပေါင်း ၇၀၀ ကျော် အကောင်ထည်ဖော်ခဲ့

ရန်ကုန်၊ ဧပြီ - ၂၃

တရုတ်နိုင်ငံမှ ထောက်ပံ့လျက်ရှိသော လန်ချန်း-မဲခေါင် အထူးရန်ပုံငွေဖြင့် ဒေသတွင်းနိုင်ငံများတွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းပေါင်း ၇၀၀ ကျော် အကောင်ထည်ဖော်ခဲ့ကြောင်း သိရပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်တာကာလအတွင်း ဒေသတွင်း၌ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားလိုင်းချိတ်ဆက်မှု စသည့် ကဏ္ဍများတွင် တိုးတက်မှုများစွာရရှိခဲ့ကာ ပို့ဆောင်ချိတ်ဆက်မှုကဏ္ဍတွင်လည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ကို အရှိန်အဟုန်မြှင့်တင်စေနိုင်ခဲ့ကြောင်း သိရပါတယ်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို လွန်ခဲ့သည့် (၁၀) နှစ်ခန့်က မြန်မာနိုင်ငံ၊ နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၌ ဦးဆုံး အဆိုပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မတ်လ တွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တရားဝင်စတင်ခဲ့ခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါစီမံကိန်းကနေ ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၃၁.၆) သန်း တန်ဖိုးရှိ စီမံကိန်းပေါင်း (၁၀၆) ခုကို လက်ခံရရှိကြောင်း သိရပါတယ်။

လန်ချန်း- မဲခေါင် အဖွဲ့ဝင်နိုင်ငံများတွင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရပါတယ်။

လင်းလင်း