“Love Peace & Joy” ပန်းချီပြပွဲမှ ရောင်းရငွေ ထက်ဝက်ကျော်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်

“Love Peace & Joy” ပန်းချီပြပွဲမှ ရောင်းရငွေ ထက်ဝက်ကျော်ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းရှိ ပန်းချီဆရာများ စုပေါင်း၍ ပြုလုပ်မည့် “Love Peace & Joy” အမည်ရှိ ပန်းချီပြပွဲမှ ရရှိလာသည့် ရောင်းရငွေ ၆၀ ရာခိုင်နှုန်းကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ “Love Peace & Joy” အမည်ရှိ ပန်းချီပြပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ဒီကနေ့ ဇူလိုင် ၁၂ ရက်၊ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ရှိ House of Orchid Hotel မှာ ပြုလုပ်ခဲ့တာပါ။

“ကျနော်တို့ပြုလုပ်တဲ့ အစီအစဉ်ဟာ အလှူဒါလုပ်တဲ့ ပွဲလေးတစ်ခုပါပဲ။ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဆိုတာက အဲ့ဒီဖောင်ဒေးရှင်းကို ထူထောင်တာကလည်း သာမန်ပုဂ္ဂိုလ် မဟုတ်ဘူး။ကျနော်တို့ တိုင်းပြည်ကို လွတ်လပ်ရေး ယူပေးခဲ့တဲ့ တော်လှန်သမားတွေကို သူနာပြုအနေနဲ့ ပြုစုစောင့်ရှောက်ပေးတဲ့ မိခင်ကြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း နောက်ဆက်နွယ်နေတာက နိုင်ငံတော်အတိုင်ပင်ခံရဲ့ မွေးမိခင် ဒီလိုအကျိုးအကြောင်းဆက်နွယ်ပြီး ပညာရေး ကျန်းမာရေးတွေကို စောင့်ရှောက်နေတဲ့ အဖွဲ့အစည်းကြီးက နိုင်ငံတကာရဲ့ လယ်ဗယ်ကို မမှီရင်တောင် ဒေသအသီးသီးမှာရှိတဲ့ ချို့တဲ့သူတွေကို အထောက်အပံ့ပေးပါတယ်။ကျနော်တို့က ပန်းချီဆရာတွေက ဒီလိုပြပွဲတွေလုပ်ပြီး လှူမယ်ဆိုတဲ့ စိတ်ကူးလေးပေါ်တယ်။စေတနာထားချင်တဲ့သူမှန်သမျှ အလှူဒါနပြုချင်တဲ့သူမှန်သမျှဟာ ဒီလိုလှူမယ်ဆိုတာ သဒ္ဓါပေါ်ပြီးသားပါ။ဒီလိုစိတ်ကူးလေးနဲ့လုပ်ကြတဲ့အခါ အတိုင်ပင်ခံမွေးနေ့ကို သတိရတယ်၊ ဆက်စပ်ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို သတိရတယ်။ဒါဖြင့်ရင် ငါတို့တွေ ရုပ်ရှင်တို့ သဘင်တို့ အနုပညာရှင်တွေကလည်း သူတို့တတ်နိုင်တဲ့ဘက်ကနေ ငွေစုပြီး ဖောင်ဒေးရှင်းကိုလှူတယ်။အဲ့လိုလေးတို့တွေလည်း လုပ်ကြရအောင်ဆိုပြီး စိတ်ကူးလေးအတိုင်း လုပ်ဖြစ်ကြတာပါ။ပန်းချီဆရာတွေကလည်းက ပန်းချီကားတွေကို လှူသလို ပါဝင်လှူဒါန်းလိုတဲ့ ဝယ်ယူသူတွေကလည်း အနုပညာတစ်ခုကိုလည်းရမယ် လှူဒါန်းပြီးသားလည်းဖြစ်တယ်၊ အလှူဒါနလည်းမြောက်တယ်။ဘယ်လောက်အထိ ရောင်းရမယ် လှူနိုင်မယ်ဆိုတာကို မပြောနိုင်ပေမယ့် ပြပွဲမှာရောင်းရသမျှလေးကို ကျနော်တို့ လှူဒါန်းသွားမှာပါ။” လို့ ပန်းချီဆရာကြီး ဦးမောင်မောင်သိန်း (ပုသိမ်) က ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

နိုင်ငံတော်အတိုင်ပင်ခံ မွေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်မယ့် “Love Peace & Joy” အမည်ရှိ ပန်းချီပြပွဲတွင် ပန်းချီကားပေါင်း ၁၈၀ နှင့် ပန်းချီဆရာပေါင်း ၉၀ တို့က ပါဝင်ရေးဆွဲထားကြပြီး အဆိုပါပြပွဲက ရရှိလာတဲ့ ရောင်းချရ ပန်းချီကားများထဲမှ ၆၀ ရာခိုင်နှှုန်းကို ဒေါ်ကြည်ခင် ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဖြစ်ကာ ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို မူလ ပန်းချီဆရာများထံ ပြန်လည်ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပန်းချီကားတွေ အားလုံးက တူကောင်းတူမယ် တူပေမယ့် ပန်းချီဆရာ တစ်ယောက်နဲ့ တစ်ယောက်က တွေးပုံရော ရေးပုံရော မတူတဲ့အတွက် လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေအနေနဲ့ မတူတဲ့ရသတွေကို တစ်ပြိုင်နက်တည်း ခံစားရပါမယ်။ဒါကြောင့်လည်း ထူးထူးခြားခြားအနေနဲ့ ပရိသတ်တွေကို ဖိတ်ခေါ်ချင်ပါတယ်။
နောက်တစ်ခုက လက်တွေ့ရေးဆွဲပွဲကိုလည်း ပြပွဲ ဒုတိယနေ့မှာ လုပ်ပါမယ် မြန်မာနိုင်ငံက ပန်းချီပညာရှင်တွေကို ဖိတ်ခေါ်ထားတဲ့အတွက် ပညာရှင်တွေရဲ့ လက်ရာအစုံကို မြင်ရမယ့် ပွဲလေးတစ်ပွဲပါ။” လို့လည်း ပန်းချီဆရာ အောင်ဝင်း က ပြောကြားခဲ့ပါတယ်။

ယင်း “Love Peace & Joy” ပန်းချီပြပွဲကို ဇူလိုင် ၂၀ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ နံံသာကုန်း၊ မင်္ဂလာလမ်းမှာရှိတဲ့ Artissmile Art House မှာ ပြုလုပ်မှာဖြစ်ပြီး ပြပွဲမှရရှိလာသည့် ရောင်းရငွေများကို လာမည့် သြဂုတ်လ ၃ ရက်နေ့မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ ပန်းချီဆရာများက သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇူလိုင် ၁၂

( Zawgyi )

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ (၇၄) ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ႏိုင္ငံတစ္ဝန္းရွိ ပန္းခ်ီဆရာမ်ား စုေပါင္း၍ ျပဳလုပ္မည့္ “Love Peace & Joy” အမည္ရွိ ပန္းခ်ီျပပြဲမွ ရရွိလာသည့္ ေရာင္းရေငြ ၆၀ ရာခိုင္ႏႈန္းကို ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းသို႔ လႉဒါန္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ “Love Peace & Joy” အမည္ရွိ ပန္းခ်ီျပပြဲႏွင့္ ပတ္သက္၍ သတင္းစာရွင္းလင္းပြဲတစ္ရပ္ကိုလည္း ဒီကေန႔ ဇူလိုင္ ၁၂ ရက္၊ မြန္းလြဲပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ House of Orchid Hotel မွာ ျပဳလုပ္ခဲ့တာပါ။

“က်ေနာ္တို႔ျပဳလုပ္တဲ့ အစီအစဥ္ဟာ အလႉဒါလုပ္တဲ့ ပြဲေလးတစ္ခုပါပဲ။ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းဆိုတာက အဲ့ဒီေဖာင္ေဒးရွင္းကို ထူေထာင္တာကလည္း သာမန္ပုဂၢိဳလ္ မဟုတ္ဘူး။က်ေနာ္တို႔ တိုင္းျပည္ကို လြတ္လပ္ေရး ယူေပးခဲ့တဲ့ ေတာ္လွန္သမားေတြကို သူနာျပဳအေနနဲ႔ ျပဳစုေစာင့္ေရွာက္ေပးတဲ့ မိခင္ႀကီး ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္း ေနာက္ဆက္ႏြယ္ေနတာက ႏိုင္ငံေတာ္အတိုင္ပင္ခံရဲ႕ ေမြးမိခင္ ဒီလိုအက်ိဳးအေၾကာင္းဆက္ႏြယ္ၿပီး ပညာေရး က်န္းမာေရးေတြကို ေစာင့္ေရွာက္ေနတဲ့ အဖြဲ႕အစည္းႀကီးက ႏိုင္ငံတကာရဲ႕ လယ္ဗယ္ကို မမွီရင္ေတာင္ ေဒသအသီးသီးမွာရွိတဲ့ ခ်ိဳ႕တဲ့သူေတြကို အေထာက္အပံ့ေပးပါတယ္။က်ေနာ္တို႔က ပန္းခ်ီဆရာေတြက ဒီလိုျပပြဲေတြလုပ္ၿပီး လႉမယ္ဆိုတဲ့ စိတ္ကူးေလးေပၚတယ္။ေစတနာထားခ်င္တဲ့သူမွန္သမွ် အလႉဒါနျပဳခ်င္တဲ့သူမွန္သမွ်ဟာ ဒီလိုလႉမယ္ဆိုတာ သဒၶါေပၚၿပီးသားပါ။ဒီလိုစိတ္ကူးေလးနဲ႔လုပ္ၾကတဲ့အခါ အတိုင္ပင္ခံေမြးေန႔ကို သတိရတယ္၊ ဆက္စပ္ၿပီး ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းကို သတိရတယ္။ဒါျဖင့္ရင္ ငါတို႔ေတြ ႐ုပ္ရွင္တို႔ သဘင္တို႔ အႏုပညာရွင္ေတြကလည္း သူတို႔တတ္ႏိုင္တဲ့ဘက္ကေန ေငြစုၿပီး ေဖာင္ေဒးရွင္းကိုလႉတယ္။အဲ့လိုေလးတို႔ေတြလည္း လုပ္ၾကရေအာင္ဆိုၿပီး စိတ္ကူးေလးအတိုင္း လုပ္ျဖစ္ၾကတာပါ။ပန္းခ်ီဆရာေတြကလည္းက ပန္းခ်ီကားေတြကို လႉသလို ပါဝင္လႉဒါန္းလိုတဲ့ ဝယ္ယူသူေတြကလည္း အႏုပညာတစ္ခုကိုလည္းရမယ္ လႉဒါန္းၿပီးသားလည္းျဖစ္တယ္၊ အလႉဒါနလည္းေျမာက္တယ္။ဘယ္ေလာက္အထိ ေရာင္းရမယ္ လႉႏိုင္မယ္ဆိုတာကို မေျပာႏိုင္ေပမယ့္ ျပပြဲမွာေရာင္းရသမွ်ေလးကို က်ေနာ္တို႔ လႉဒါန္းသြားမွာပါ။” လို႔ ပန္းခ်ီဆရာႀကီး ဦးေမာင္ေမာင္သိန္း (ပုသိမ္) က ဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေမြးေန႔အထိမ္းအမွတ္အျဖစ္ ျပဳလုပ္မယ့္ “Love Peace & Joy” အမည္ရွိ ပန္းခ်ီျပပြဲတြင္ ပန္းခ်ီကားေပါင္း ၁၈၀ ႏွင့္ ပန္းခ်ီဆရာေပါင္း ၉၀ တို႔က ပါဝင္ေရးဆြဲထားၾကၿပီး အဆိုပါျပပြဲက ရရွိလာတဲ့ ေရာင္းခ်ရ ပန္းခ်ီကားမ်ားထဲမွ ၆၀ ရာခိုင္ႏွႈန္းကို ေဒၚၾကည္ခင္ ေဖာင္ေဒးရွင္းသို႔ လႉဒါန္းမည္ျဖစ္ကာ က်န္ရွိသည့္ ၄၀ ရာခိုင္ႏႈန္းကို မူလ ပန္းခ်ီဆရာမ်ားထံ ျပန္လည္ေပးအပ္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“ပန္းခ်ီကားေတြ အားလုံးက တူေကာင္းတူမယ္ တူေပမယ့္ ပန္းခ်ီဆရာ တစ္ေယာက္နဲ႔ တစ္ေယာက္က ေတြးပုံေရာ ေရးပုံေရာ မတူတဲ့အတြက္ လာေရာက္ၾကည့္ရႈတဲ့ ပရိသတ္ေတြအေနနဲ႔ မတူတဲ့ရသေတြကို တစ္ၿပိဳင္နက္တည္း ခံစားရပါမယ္။ဒါေၾကာင့္လည္း ထူးထူးျခားျခားအေနနဲ႔ ပရိသတ္ေတြကို ဖိတ္ေခၚခ်င္ပါတယ္။
ေနာက္တစ္ခုက လက္ေတြ႕ေရးဆြဲပြဲကိုလည္း ျပပြဲ ဒုတိယေန႔မွာ လုပ္ပါမယ္ ျမန္မာႏိုင္ငံက ပန္းခ်ီပညာရွင္ေတြကို ဖိတ္ေခၚထားတဲ့အတြက္ ပညာရွင္ေတြရဲ႕ လက္ရာအစုံကို ျမင္ရမယ့္ ပြဲေလးတစ္ပြဲပါ။” လို႔လည္း ပန္းခ်ီဆရာ ေအာင္ဝင္း က ေျပာၾကားခဲ့ပါတယ္။

ယင္း “Love Peace & Joy” ပန္းခ်ီျပပြဲကို ဇူလိုင္ ၂၀ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ ရန္ကုန္ၿမိဳ႕၊ အင္းစိန္ၿမိဳ႕နယ္၊ နံံသာကုန္း၊ မဂၤလာလမ္းမွာရွိတဲ့ Artissmile Art House မွာ ျပဳလုပ္မွာျဖစ္ၿပီး ျပပြဲမွရရွိလာသည့္ ေရာင္းရေငြမ်ားကို လာမည့္ ၾသဂုတ္လ ၃ ရက္ေန႔မွာ ေဒၚခင္ၾကည္ ေဖာင္ေဒးရွင္းသို႔ ပန္းခ်ီဆရာမ်ားက သြားေရာက္လႉဒါန္းမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇူလိုင္ ၁၂