၈၈ မျိုုးဆက်(ငြိမ်း/ပွင့်)အဖွဲ့နှင့်မြန်မာနိုင်ငံပညာရေးအတွက် သုတေသနပြုထားသည့် ဘွဲ့လွန်ကျောင်း သားများ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်

၈၈ မျိုုးဆက်(ငြိမ်း/ပွင့်)အဖွဲ့နှင့်မြန်မာနိုင်ငံပညာရေးအတွက် သုတေသနပြုထားသည့် ဘွဲ့လွန်ကျောင်း သားများ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်

၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့နှင့် အမေရိကန်နိုင်ငံ State University of New York မှ မြန်မာနိုင်ငံ ပညာရေးအတွက် သုတေသနပြုထားသည့် ဘွဲ့လွန်ကျောင်းသားများ တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ဇူလိုင် ၃ ရက်နေ့က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရုံးခန်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံ၏ ယနေ့ရင်ဆိုင်နေရသော ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေးနှင့် စီးပွားရေး စိန်ခေါ်မှုများအတွက် အခြေခံကျသော ပညာရေးစနစ်ကို နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲနေစဉ် ကာလတွင် လူငယ်တို့၏ ဖန်တီးမှု၊ စဉ်းစားတွေးခေါ်မှုနှင့် အနာဂတ်တွင် ပိုမိုယုံကြည်မှုဖြစ်လာရန် ကူညီခြင်းအားဖြင့် မြန်မာနိုင်ငံ ပညာရေးအတွက် အထောက်အကူပြုစေသော နည်းလမ်းများကို အမေရိကန်နိုင်ငံ State University of New York မှ မြန်မာနိုင်ငံ ပညာရေးအတွက် သုတေသန ပြုထားသော ဘွဲ့လွန်ကျောင်းသားများနှင့်အတူ တွဲဖက်ပါမောက္ခ John F. Cabra (Ph.D)၊ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော ကိုမျိုးသန့် (MSc) Executive Director The Institute of Myanmar United တို့က ဆွေးနွေးခဲ့ကြတာပါ။

 

ဒါ့အပြင် ၎င်းတို့သုတေသနပြု လေ့လာတွေ့ရှိထားသော ပညာရေးပြုပြင်ပြောင်းလဲရေးကာလ တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ ကျောင်းသားတစ်ဦးစီ သင်ကြားမှုစတိုင်များ သင်ယူခြင်းနှင့် တီထွင်ဖန်တီးမှု၊ အနုပညာပြဿနာ ဖြေရှင်းနိုင်မှု၊ အရည်အသွေးမြင့် ပညာရေးနည်းလမ်းများ သင်ကြားရေးနှင့် သင်ယူမှု မော်ဒယ်များ ဖန်တီးခြင်း၊ ခိုကိုးရာမဲ့ကလေးငယ်များအတွက် မွေးရာပါ အလားအလာများ အရည်အသွေးမြင့် မောင်းနှင်သင်ကြားရေးနှင့် ဘဝအတွေ့အကြုံများ သင်ကြားပေးခြင်း၊ မိဘမဲ့ဂေဟာများနှင့် အခြားလူမှုရေးအရ ချို့တဲ့နေသော အခြေအနေများကို အားပေးခြင်းနှင့် တိုက်ဖျက်ခြင်း စသည်တို့ကို ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရကျောင်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ကိုလည်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ခေါင်းဆောင် ဦးမင်းကိုနိုင်၊ တွဲဖက်ပါမောက္ခ John F. Cabra (Ph.D) နှင့် State University of New York မှ မြန်မာနိုင်ငံ ပညာရေးအတွက် သုတေသန ပြုထားသည့် ဘွဲ့လွန်ကျောင်းသားများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇူလိုင် - ၄
ဓာတ်ပုံ - ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)

( Zawgyi )

၈၈ မ်ိဳးဆက္ (ၿငိမ္း/ပြင့္) အဖြဲ႕ႏွင့္ အေမရိကန္ႏိုင္ငံ State University of New York မွ ျမန္မာႏိုင္ငံ ပညာေရးအတြက္ သုေတသနျပဳထားသည့္ ဘြဲ႕လြန္ေက်ာင္းသားမ်ား ေတြ႕ဆုံေဆြးေႏြးမႈတစ္ရပ္ကို ဇူလိုင္ ၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ၈၈ မ်ိဳးဆက္ (ၿငိမ္း/ပြင့္) ႐ုံးခန္းမွာ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ယင္းေတြ႕ဆုံမႈအတြင္း ျမန္မာႏိုင္ငံ၏ ယေန႔ရင္ဆိုင္ေနရေသာ ႐ုပ္ပိုင္းဆိုင္ရာ၊ လူမႈေရးႏွင့္ စီးပြားေရး စိန္ေခၚမႈမ်ားအတြက္ အေျခခံက်ေသာ ပညာေရးစနစ္ကို ႏိုင္ငံေတာ္အစိုးရ၏ ျပဳျပင္ေျပာင္းလဲေနစဥ္ ကာလတြင္ လူငယ္တို႔၏ ဖန္တီးမႈ၊ စဥ္းစားေတြးေခၚမႈႏွင့္ အနာဂတ္တြင္ ပိုမိုယုံၾကည္မႈျဖစ္လာရန္ ကူညီျခင္းအားျဖင့္ ျမန္မာႏိုင္ငံ ပညာေရးအတြက္ အေထာက္အကူျပဳေစေသာ နည္းလမ္းမ်ားကို အေမရိကန္ႏိုင္ငံ State University of New York မွ ျမန္မာႏိုင္ငံ ပညာေရးအတြက္ သုေတသန ျပဳထားေသာ ဘြဲ႕လြန္ေက်ာင္းသားမ်ားႏွင့္အတူ တြဲဖက္ပါေမာကၡ John F. Cabra (Ph.D)၊ အေမရိကန္ျပည္ေထာင္စုတြင္ ေနထိုင္ေသာ ကိုမ်ိဳးသန႔္ (MSc) Executive Director The Institute of Myanmar United တို႔က ေဆြးေႏြးခဲ့ၾကတာပါ။

ဒါ့အျပင္ ၎တို႔သုေတသနျပဳ ေလ့လာေတြ႕ရွိထားေသာ ပညာေရးျပဳျပင္ေျပာင္းလဲေရးကာလ ေတြ႕ႀကဳံခဲ့ရေသာ အခက္အခဲမ်ား၊ ေက်ာင္းသားတစ္ဦးစီ သင္ၾကားမႈစတိုင္မ်ား သင္ယူျခင္းႏွင့္ တီထြင္ဖန္တီးမႈ၊ အႏုပညာျပႆနာ ေျဖရွင္းႏိုင္မႈ၊ အရည္အေသြးျမင့္ ပညာေရးနည္းလမ္းမ်ား သင္ၾကားေရးႏွင့္ သင္ယူမႈ ေမာ္ဒယ္မ်ား ဖန္တီးျခင္း၊ ခိုကိုးရာမဲ့ကေလးငယ္မ်ားအတြက္ ေမြးရာပါ အလားအလာမ်ား အရည္အေသြးျမင့္ ေမာင္းႏွင္သင္ၾကားေရးႏွင့္ ဘဝအေတြ႕အႀကဳံမ်ား သင္ၾကားေပးျခင္း၊ မိဘမဲ့ေဂဟာမ်ားႏွင့္ အျခားလူမႈေရးအရ ခ်ိဳ႕တဲ့ေနေသာ အေျခအေနမ်ားကို အားေပးျခင္းႏွင့္ တိုက္ဖ်က္ျခင္း စသည္တို႔ကို ပညာေရးဆိုင္ရာ အဖြဲ႕အစည္းမ်ား၊ အစိုးရေက်ာင္းမ်ားႏွင့္ အစိုးရမဟုတ္သည့္ အဖြဲ႕အစည္းမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္တို႔ကိုလည္း အက်ယ္တဝင့္ ေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

အဆိုပါ ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ၈၈ မ်ိဳးဆက္ (ၿငိမ္း/ပြင့္) ေခါင္းေဆာင္ ဦးမင္းကိုႏိုင္၊ တြဲဖက္ပါေမာကၡ John F. Cabra (Ph.D) ႏွင့္ State University of New York မွ ျမန္မာႏိုင္ငံ ပညာေရးအတြက္ သုေတသန ျပဳထားသည့္ ဘြဲ႕လြန္ေက်ာင္းသားမ်ား တက္ေရာက္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇူလိုင္ - ၄
ဓာတ္ပုံ - ၈၈ မ်ိဳးဆက္ (ၿငိမ္း/ပြင့္)