(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား နေပြည်တော်တွင် စည်ကားစွာကျင်းပပြုလုပ်

(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား နေပြည်တော်တွင် စည်ကားစွာကျင်းပပြုလုပ်

(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တွင် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပြီး၊ နေပြည်တော်ကောင်စီရုံးတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်များ ဆွမ်းကပ်လှူခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

(၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်း (၇) နာရီမှ စတင်၍ လွမ်းသူပန်းခွေချခြင်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသင်းအဖွဲ့ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အစိုးရကျောင်းများ၊ ကိုယ်ပိုင်ပုဂ္ဂလိကကျောင်းများ၊ နေပြည်တော်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ် ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများမှ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ရှေ့ ရင်ပြင်တွင် လွမ်းသူပန်းခွေများ၊ ပန်းခြင်းများ၊ ပန်းစည်းများဖြင့် လာရောက်ဂါရဝပြု အလေးပြုခဲ့ကြပါတယ်၊ ယခုနှစ် အာဇာနည်နေ့ အခမ်းအနားအား နံနက် (၁၀) နာရီ (၂၅) မိနစ်မှ စတင်၍၊ ဂုဏ်ပြုရဲတပ်ဖွဲ့မှ နေရာယူခြင်း၊ နိုင်ငံတော်အလံတော်အား အလေးပြုခြင်း၊ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်များ ကျဆုံးချိန်တွင်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥသြများဆွဲခြင်း၊ အခမ်းအနားတက်ရောက်သူများ၊ လာရောက်ကြည့်ရှုသည့် အများပြည်သူများမှ (၁၀) မိနစ်ခန့် ငြိမ်သက်အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသပါတယ်။                                                

နေပြည်တော် အာဇာနည်နေ့ အခမ်းအခမ်းအနားသို့ ပါတီအသင်းအဖွဲ့များဖြစ်သည့်၊ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီများမှလည်း အင်အားပြလာရောက် လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ယခုနှစ် အာဇာနည်နေ့ အခမ်းအနားသို့ အင်အား (၃၀၀၀) ကျော်ခန့် တက်ရောက်လာသည်ကို တွေ့ရှိရပါတယ်။

ယနေ့နံနက်ပိုင်း (၁၀) နာရီအချိန်တွင် နေပြည်တော်ကောင်စီရုံး ဇမ္မူသီရိခန်းမတွင်လည်း (၇၂) နှစ်မြောက် အာဇာနည်နေ့၊ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ သံဃာတော်များအား လှူဖွယ်ဝထ္တုများ ကပ်လှူခြင်း၊ ဆွမ်းဆပ်ကပ်ခြင်း၊ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ကြပြီး ယင်းအခမ်အနားသို့ နေပြည်တော်ကောင်စီ ဥက္ကဌ ဒေါက်တာမျိုးအောင် နှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။  

PTG
နေပြည်တော်၊ ဇူလိုင် - ၁၉

( Zawgyi )

(၇၂) ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားအား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕ရွိ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္တြင္ စည္ကားစြာ က်င္းပျပဳလုပ္ခဲ့ၿပီး၊ ေနျပည္ေတာ္ေကာင္စီ႐ုံးတြင္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား ရည္စူး၍ သံဃာေတာ္မ်ား ဆြမ္းကပ္လႉျခင္းမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။

(၇၂) ႏွစ္ေျမာက္ အာဇာနည္ေန႔ အခမ္းအနားအား ယေန႔နံနက္ပိုင္း (၇) နာရီမွ စတင္၍ လြမ္းသူပန္းေခြခ်ျခင္းမ်ားကို လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာမ်ား၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ အသင္းအဖြဲ႕ပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ အစိုးရေက်ာင္းမ်ား၊ ကိုယ္ပိုင္ပုဂၢလိကေက်ာင္းမ်ား၊ ေနျပည္ေတာ္အတြင္းရွိ တကၠသိုလ္၊ ေကာလိပ္ ေက်ာင္းသား ေက်ာင္းသူမ်ား၊ ေဒသခံျပည္သူမ်ားမွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္ေရွ႕ ရင္ျပင္တြင္ လြမ္းသူပန္းေခြမ်ား၊ ပန္းျခင္းမ်ား၊ ပန္းစည္းမ်ားျဖင့္ လာေရာက္ဂါရဝျပဳ အေလးျပဳခဲ့ၾကပါတယ္၊ ယခုႏွစ္ အာဇာနည္ေန႔ အခမ္းအနားအား နံနက္ (၁၀) နာရီ (၂၅) မိနစ္မွ စတင္၍၊ ဂုဏ္ျပဳရဲတပ္ဖြဲ႕မွ ေနရာယူျခင္း၊ ႏိုင္ငံေတာ္အလံေတာ္အား အေလးျပဳျခင္း၊ ဗိုလ္ခ်ဳပ္ႏွင့္ အာဇာနည္ေခါင္းေဆာင္မ်ား က်ဆုံးခ်ိန္တြင္၊ ဝမ္းနည္းျခင္းအထိမ္းအမွတ္ ဥၾသမ်ားဆြဲျခင္း၊ အခမ္းအနားတက္ေရာက္သူမ်ား၊ လာေရာက္ၾကည့္ရႈသည့္ အမ်ားျပည္သူမ်ားမွ (၁၀) မိနစ္ခန႔္ ၿငိမ္သက္အေလးျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကသပါတယ္။                                                

ေနျပည္ေတာ္ အာဇာနည္ေန႔ အခမ္းအခမ္းအနားသို႔ ပါတီအသင္းအဖြဲ႕မ်ားျဖစ္သည့္၊ NLD ပါတီ၊ ျပည္ခိုင္ၿဖိဳးပါတီ၊ တစညပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ျပည္သူ႔ပါတီမ်ားမွလည္း အင္အားျပလာေရာက္ လြမ္းသူပန္းေခြခ်ျခင္း၊ အေလးျပဳျခင္းမ်ား ျပဳလုပ္ခဲ့ၾကၿပီး၊ ယခုႏွစ္ အာဇာနည္ေန႔ အခမ္းအနားသို႔ အင္အား (၃၀၀၀) ေက်ာ္ခန႔္ တက္ေရာက္လာသည္ကို ေတြ႕ရွိရပါတယ္။

ယေန႔နံနက္ပိုင္း (၁၀) နာရီအခ်ိန္တြင္ ေနျပည္ေတာ္ေကာင္စီ႐ုံး ဇမၼဴသီရိခန္းမတြင္လည္း (၇၂) ႏွစ္ေျမာက္ အာဇာနည္ေန႔၊ ႏိုင္ငံေတာ္အတြက္ အသက္ေပးလႉခဲ့ရေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား ရည္စူး၍ သံဃာေတာ္မ်ားအား လႉဖြယ္ဝထၱဳမ်ား ကပ္လႉျခင္း၊ ဆြမ္းဆပ္ကပ္ျခင္း၊ အမွ်ေပးေဝျခင္းမ်ား ျပဳလုပ္ခဲ့ၾကၿပီး ယင္းအခမ္အနားသို႔ ေနျပည္ေတာ္ေကာင္စီ ဥကၠဌ ေဒါက္တာမ်ိဳးေအာင္ ႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။  

PTG
ေနျပည္ေတာ္၊ ဇူလိုင္ - ၁၉