၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် မန်းဗဟိုအကျဉ်းထောင်မှကျောင်းသားများအား ဂုဏ်ပြု

၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် မန်းဗဟိုအကျဉ်းထောင်မှကျောင်းသားများအား ဂုဏ်ပြု

ယခုနှစ် တက္ကသိုလ်ဝင်တန်းကို မန္တလေးဗဟိုအကျဉ်းထောင်ထဲ ကနေဖြေဆိုအောင်မြင်ခဲ့ကြ သူတွေ အတွက် ဂုဏ်ပြုပွဲအခမ်းအနားကို မန္တလေးဗဟိုအကျဉ်းထောင် အပြင်ဓမ္မာရုံခန်းမမှာ ဒီကနေ့ မနက်ပိုင်း ကကျင်းပခဲ့ပါတယ်။

မန္တလေးဗဟိုအကျဉ်းထောင်ထဲကနေ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ကြတဲ့ အကျဉ်းသားကျောင်းသူကျောင်းသားတွေ၊ ဂုဏ်ထူးရကျောင်းသူကျောင်း သားတွေ အပြင် ၎င်းတို့ကို စာသင်ကြားပေးခဲ့ တဲ့ဆရာဆရာမတွေကိုပါ ကျောင်းသူကျောင်း သားတွေကိုယ်စား ကျေးဇူးတင်၉မ်းမြောက်စွာနဲ့ဂုဏ်ပြုခဲ့တာလို့ အကျဉ်းထောင်တာဝန်ရှိသူ တစ်ဦးကပြော ပါတယ်။

"ရိုးရိုးအောင်က ၂၈ ယောက်ပါ၊ ၂ ဘာသာဂုဏ်ထူးရှင်က ၃ ယောက်၊ ၁ ဘာသာက ၁၁ ယောက်ပါ အဲဒါအပြင် ဆရာဆရာမတွေကိုပါ ဂုဏ်ပြုတာပါ ဆရာဆရာမတွေရဲ့စေတနာမေတ္တာကြောင့်လည်း ကလေးတွေအောင်မြင်ကြတာပါ ကလေးတွေက လည်းကြိုးစားမှုပါတာပေါ့" လို့ ၎င်းကဆိုပါတယ်။ရိုးရိုးအောင်မြင်ခဲ့သူ ၂၈ ဥိးနဲ့ဂုဏ်ထူးရကျောင်းသားကျောင်းသူ ၁၄ ဦးစုစုပေါင်း ၄၂ ဦးအတွက် ငွေကြေးဆုတွေချီးမြင့်ပေးအပ်ခဲ့တာဖြစ်ပြိး ဂုဏ်ထူးရရှိသူတွေအတွက်က တစ်ဦးကိုငွေကျပ် တစ်သိန်း စီနဲ့ ရိုးရိုးအောင်မြင်သူတွေကို တစ်ဦးငါးသောင်းကျပ်စီချီးမြှင့်ခဲ့တဲ့အပြင် အကျဉ်းကျ ဆရာ ဆရာမ ၂၃ ဦး၊ ပြင်ပကလာရောက်သင်ကြားပေးတဲ့ ဆရာဆရာမ ၁၁ ဦး၊ အခမဲ့ပညာဒါနပြုကြတဲ့ ဆရာဆရာမ ၁၄ ဦး အတွက်ကိုလည်း တစ်ဦးကိုတစ်သိန်း ကျပ်စီပေး အပ်ချီးမြှင့်ခဲ့တာပါ။

ယခုနှစ် မန္တလေးဗဟိုအကျဉ်းထောင်ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၇၁ ဦးရှိခဲ့တယ်လို့ သိရပြီး အဲဒီအထဲကမှ ၄၂ ဦး အောင်မြင်ခဲ့တာလို့လည်း ၎င်းကပြောပါတယ်။ ၂၀၁၈ ခုနှစ်က မန္တလေး ဗဟို အကျဉ်းထောင်ကနေဝင်ရောက်ဖြေဆိုသူ ၅၅ ဦးရှိတာမှာ ၂၇ ဦးအောင်မြင်ခဲ့ပြိး အဲဒီအထဲကမှ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦးပါဝင်ခဲ့တယ်လို့သိရပါတယ်။

KT
မန္တလေး၊ ဇူလိုင် ၁၃

(  Zawgyi  )

 ယခုႏွစ္ တကၠသိုလ္ဝင္တန္းကို မႏၲေလးဗဟိုအက်ဥ္းေထာင္ထဲ ကေနေျဖဆိုေအာင္ျမင္ခဲ့ၾက သူေတြ အတြက္ ဂုဏ္ျပဳပြဲအခမ္းအနားကို မႏၲေလးဗဟိုအက်ဥ္းေထာင္ အျပင္ဓမၼာ႐ုံခန္းမမွာ ဒီကေန႔ မနက္ပိုင္း ကက်င္းပခဲ့ပါတယ္။

မႏၲေလးဗဟိုအက်ဥ္းေထာင္ထဲကေန ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲကို ေျဖဆိုေအာင္ျမင္ခဲ့ၾကတဲ့ အက်ဥ္းသားေက်ာင္းသူေက်ာင္းသားေတြ၊ ဂုဏ္ထူးရေက်ာင္းသူေက်ာင္း သားေတြ အျပင္ ၎တို႔ကို စာသင္ၾကားေပးခဲ့ တဲ့ဆရာဆရာမေတြကိုပါ ေက်ာင္းသူေက်ာင္း သားေတြကိုယ္စား ေက်းဇူးတင္၉မ္းေျမာက္စြာနဲ႔ဂုဏ္ျပဳခဲ့တာလို႔ အက်ဥ္းေထာင္တာဝန္ရွိသူ တစ္ဦးကေျပာ ပါတယ္။

"႐ိုး႐ိုးေအာင္က ၂၈ ေယာက္ပါ၊ ၂ ဘာသာဂုဏ္ထူးရွင္က ၃ ေယာက္၊ ၁ ဘာသာက ၁၁ ေယာက္ပါ အဲဒါအျပင္ ဆရာဆရာမေတြကိုပါ ဂုဏ္ျပဳတာပါ ဆရာဆရာမေတြရဲ႕ေစတနာေမတၱာေၾကာင့္လည္း ကေလးေတြေအာင္ျမင္ၾကတာပါ ကေလးေတြက လည္းႀကိဳးစားမႈပါတာေပါ့" လို႔ ၎ကဆိုပါတယ္။႐ိုး႐ိုးေအာင္ျမင္ခဲ့သူ ၂၈ ဥိးနဲ႔ဂုဏ္ထူးရေက်ာင္းသားေက်ာင္းသူ ၁၄ ဦးစုစုေပါင္း ၄၂ ဦးအတြက္ ေငြေၾကးဆုေတြခ်ီးျမင့္ေပးအပ္ခဲ့တာျဖစ္ၿပိး ဂုဏ္ထူးရရွိသူေတြအတြက္က တစ္ဦးကိုေငြက်ပ္ တစ္သိန္း စီနဲ႔ ႐ိုး႐ိုးေအာင္ျမင္သူေတြကို တစ္ဦးငါးေသာင္းက်ပ္စီခ်ီးျမႇင့္ခဲ့တဲ့အျပင္ အက်ဥ္းက် ဆရာ ဆရာမ ၂၃ ဦး၊ ျပင္ပကလာေရာက္သင္ၾကားေပးတဲ့ ဆရာဆရာမ ၁၁ ဦး၊ အခမဲ့ပညာဒါနျပဳၾကတဲ့ ဆရာဆရာမ ၁၄ ဦး အတြက္ကိုလည္း တစ္ဦးကိုတစ္သိန္း က်ပ္စီေပး အပ္ခ်ီးျမႇင့္ခဲ့တာပါ။

ယခုႏွစ္ မႏၲေလးဗဟိုအက်ဥ္းေထာင္ကေန တကၠသိုလ္ဝင္တန္းစာေမးပြဲ ေျဖဆိုသူ ၇၁ ဦးရွိခဲ့တယ္လို႔ သိရၿပီး အဲဒီအထဲကမွ ၄၂ ဦး ေအာင္ျမင္ခဲ့တာလို႔လည္း ၎ကေျပာပါတယ္။ ၂၀၁၈ ခုႏွစ္က မႏၲေလး ဗဟို အက်ဥ္းေထာင္ကေနဝင္ေရာက္ေျဖဆိုသူ ၅၅ ဦးရွိတာမွာ ၂၇ ဦးေအာင္ျမင္ခဲ့ၿပိး အဲဒီအထဲကမွ ၃ ဘာသာဂုဏ္ထူးရွင္ ၄ ဦးပါဝင္ခဲ့တယ္လို႔သိရပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ ၁၃