၂၀၁၉ ခုနှစ် A Moment We Share ဖျော်ဖြေပွဲ မန္တလေးမြို့တွင်ကျင်းပ

၂၀၁၉ ခုနှစ် A Moment We Share ဖျော်ဖြေပွဲ မန္တလေးမြို့တွင်ကျင်းပ

တရုတ်ရိုးရာလမုန့်ပွဲတော်အားကြိုဆိုခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း အနှစ် ၇၀ ပြည့်အထိမ်းအမှတ်အား ဂုဏ်ပြုကြိုဆိုခြင်း နဲ့ တရုတ်မြန်မာနှစ်နိုင်ငံဆွေမျိုးပေါက်ဖော်  ချစ်ကြည် ရင်းနှီးမှုတိုးတက်စေလိုခြင်းတို့အတွက်ရည်ရွယ်တဲ့ 2019 A Moment We Share ဖျော်ဖြေပွဲ အခမ်း အနားကြီးကို မန္တလေးမြို့မှာလည်း ဒီကနေ့ညပိုင်းကကျင်းပခဲ့ပါတယ်။

မန္တလေးနန်းရှေ့အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တာပဲဖြစ်ပြီး တရုတ်နိုင်ငံက အနုပညာရှင်တွေ ကိုယ်တိုင် လာရောက်ဖျော်ဖြေခဲ့ကြတာပါ။ဖျော်ဖြေမှုအစီအစဉ် မှာ တရုတ်နိုင်ငံ ယဉ်ကျေးမှု အဖွဲ့ ရဲ့ဖျော်ဖြေတင်ဆက်မှုတွေအပြင် မြန်မာတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှု အကဖျော်ဖြေမှု အစီအစဉ်တွေပါဝင်ပြီး တရုတ်နိုင်ငံကအနုပညာရှင်တွေရဲ့ တရုတ်တေးသီချင်းဖျော်ဖြေမှု မြန်မာတေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေမှုအစီအစဉ်၊ ပလောင် ဂျိန်းဖော ၀ စတဲ့မြန်မာ တိုင်းရင်းသား တို့ရဲ့ သီဆိုဖျော်ဖြေမှုအစီအစဉ်တွေနဲ့ ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေတက်ရောက်အားပေးခဲ့ကြပြီး၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ရုံးမှ  ဒုတိယကောင်စစ်ဝန် Ms. Li Libei၊ ရန်ကုန်မြို့ တရုတ်ယဉ်ကျေးမှုစင်တာမှ ယာယီတာဝန်ခံ Ms. Shi Ying နဲ့ တရုတ်နိုင်ငံမှအနုပညာရှင်တွေ၊ မန္တလေးတိုင်းဒေသကြီး မြန်မာတရုတ်ချစ်ကြည်ရေးအသင်းမှတာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ လည်း တက်ရောက် ခဲ့ကြပါတယ်။

၂၀၁၉ ခုနှစ် A Moment We Share ဖျော်ဖြေပွဲကို ရန်ကုန်မြို့မှာလည်း ကျင်းပခဲ့သေးတယ် လို့သိရပါတယ်။

KT                                                                
မန္တလေး၊ စက်တင်ဘာ ၁၄ 

(  Zawgyi  )

 တ႐ုတ္႐ိုးရာလမုန႔္ပြဲေတာ္အားႀကိဳဆိုျခင္း၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံတည္ေထာင္ျခင္း အႏွစ္ ၇၀ ျပည့္အထိမ္းအမွတ္အား ဂုဏ္ျပဳႀကိဳဆိုျခင္း နဲ႔ တ႐ုတ္ျမန္မာႏွစ္ႏိုင္ငံေဆြမ်ိဳးေပါက္ေဖာ္  ခ်စ္ၾကည္ ရင္းႏွီးမႈတိုးတက္ေစလိုျခင္းတို႔အတြက္ရည္႐ြယ္တဲ့ 2019 A Moment We Share ေဖ်ာ္ေျဖပြဲ အခမ္း အနားႀကီးကို မႏၲေလးၿမိဳ႕မွာလည္း ဒီကေန႔ညပိုင္းကက်င္းပခဲ့ပါတယ္။

မႏၲေလးနန္းေရွ႕အမ်ိဳးသားဇာတ္႐ုံမွာ က်င္းပခဲ့တာပဲျဖစ္ၿပီး တ႐ုတ္ႏိုင္ငံက အႏုပညာရွင္ေတြ ကိုယ္တိုင္ လာေရာက္ေဖ်ာ္ေျဖခဲ့ၾကတာပါ။ေဖ်ာ္ေျဖမႈအစီအစဥ္ မွာ တ႐ုတ္ႏိုင္ငံ ယဥ္ေက်းမႈ အဖြဲ႕ ရဲ႕ေဖ်ာ္ေျဖတင္ဆက္မႈေတြအျပင္ ျမန္မာတိုင္းရင္းသားေတြရဲ႕ ႐ိုးရာယဥ္ေက်းမႈ အကေဖ်ာ္ေျဖမႈ အစီအစဥ္ေတြပါဝင္ၿပီး တ႐ုတ္ႏိုင္ငံကအႏုပညာရွင္ေတြရဲ႕ တ႐ုတ္ေတးသီခ်င္းေဖ်ာ္ေျဖမႈ ျမန္မာေတးသီခ်င္းေတြနဲ႔သီဆိုေဖ်ာ္ေျဖမႈအစီအစဥ္၊ ပေလာင္ ဂ်ိန္းေဖာ ၀ စတဲ့ျမန္မာ တိုင္းရင္းသား တို႔ရဲ႕ သီဆိုေဖ်ာ္ေျဖမႈအစီအစဥ္ေတြနဲ႔ က်င္းပခဲ့ၾကတာလည္းျဖစ္ပါတယ္။

ေဖ်ာ္ေျဖပြဲကို မႏၲေလးတိုင္းေဒသႀကီးအစိုးရ အဖြဲ႕ဝန္ႀကီးခ်ဳပ္ေဒါက္တာေဇာ္ျမင့္ေမာင္နဲ႔ အစိုးရ အဖြဲ႕ဝင္ ဝန္ႀကီးေတြတက္ေရာက္အားေပးခဲ့ၾကၿပီး၊ မႏၲေလးၿမိဳ႕အေျခစိုက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေကာင္စစ္ဝန္႐ုံးမွ  ဒုတိယေကာင္စစ္ဝန္ Ms. Li Libei၊ ရန္ကုန္ၿမိဳ႕ တ႐ုတ္ယဥ္ေက်းမႈစင္တာမွ ယာယီတာဝန္ခံ Ms. Shi Ying နဲ႔ တ႐ုတ္ႏိုင္ငံမွအႏုပညာရွင္ေတြ၊ မႏၲေလးတိုင္းေဒသႀကီး ျမန္မာတ႐ုတ္ခ်စ္ၾကည္ေရးအသင္းမွတာဝန္ရွိသူေတြနဲ႔ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတြ လည္း တက္ေရာက္ ခဲ့ၾကပါတယ္။

၂၀၁၉ ခုႏွစ္ A Moment We Share ေဖ်ာ္ေျဖပြဲကို ရန္ကုန္ၿမိဳ႕မွာလည္း က်င္းပခဲ့ေသးတယ္ လို႔သိရပါတယ္။

KT                                                                
မႏၲေလး၊ စက္တင္ဘာ ၁၄