၀င်း နဲ့ ဇော် ကိစ္စ ထိထိရောက်ရောက်ဖြစ်အောင် လုပ်မည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူမှပြော

၀င်း နဲ့ ဇော် ကိစ္စ ထိထိရောက်ရောက်ဖြစ်အောင် လုပ်မည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူမှပြော

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျခံနေသော ဝင်း နဲ့ ဇော် ကိစ္စသည်High Court မှ နောက်ဆုံးအခြေအနေမှာ ပယ်လိုက်သည့်ကိစ္စသည် အရေးကြီးသည့်အပိုင်းဖြစ်၍ အထူးအလေးထားပြီး၊ အကောင်းဆုံးဖြစ်အောင်နှင့် ထိထိရောက်ရောက်ဖြစ်အောင် လုပ်မည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး မှ ပြောပါတယ်။

စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက နေပြည်တော် သမ္မတအိမ်တော်ဝန်း မီဒီယာရှင်းလင်းဆောင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

"အခုဟာက ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး Process ပေါ့နော်။တရားရုံးလုပ်ငန်းက ပြီးသွားပြီ။ဒါက တရားရုံးချုပ်ကို နောက်ဆုံးအယူခံတင်တာ။နောက်ဆုံးအယူခံတင်တာ ဖြစ်တဲ့အတွက် တရားရေးအရ အယူခံတင်သွင်းခွင့် ပြီးသွားပြီ။အယူခံကို ပလပ်လိုက်တော့ ဘာကျန်လဲဆိုတော့ နောက်လမ်းကြောင်း တစ်ကြောင်းက ထိုင်းဘုရင်ဆီကို တင်ရတဲ့သဘော ဖြစ်လာတယ်။

ဒီလမ်းကြောင်းတစ်ခုပဲကျန်တော့ အခုဟာကအရေးကြီးပါတယ်။နံပါတ်တစ်က ဒါနဲ့ပတ်သက်လို့ တကယ့် ထိထိရောက်ရောက်ပေါ့၊ ဘယ်ပုံစံ ဘယ်လိုမျိုးနဲ့ ချဉ်းကပ်ရမယ်ဆိုတဲ့ဟာတွေ ရှိဖို့လိုတယ်။အထူးသဖြင့် အလားတူစီရင်ထုံးလို့ခေါ်တဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဒီလိုဖြစ်စဉ်တွေပေါ့နော်။ဘယ်လိုတုန်းကတော့ ဘယ်လိုဆိုတာမျိုးကို ကျွန်တော်တို့ လေ့လာတယ်။လေ့လာတော့ လေ့လာဖို့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့မှာ လေ့လာရေးအဖွဲ့လေးတွေပေါ့။Official တော့ မဟုတ်ဘူး။ဒါမျိုးလေးတွေဖွဲ့ပြီးတော့ လေ့လာနေတယ်။ပြီးရင် တစ်ချိန်တည်းမှာပဲ ထဲထဲဝင်ဝင်ဆောင်ရွက်ပေးခဲ့တဲ့ ဦးအောင်မျိုးသန့် တို့ ရှေ့နေတွေရှိတယ်။နောက်တစ်ခုက ထိုင်းရှေ့နေများကောင်စီ ရှိတယ်။အဲ့ဒါတွေနဲ့ ကျွန်တော်တို့ သံအမတ်ကြီးနဲ့ ဆွေးနွေးနေတယ်။

နောက်တစ်ချက်က အစိုးရမှာ တာဝန်ရှိတဲ့သူတွေနဲ့ ဥပမာ - ပြည်ထဲရေးတို့ စသည်ဖြင့် သံအမတ်ကြီးက သွားတွေ့ပြီးတော့ အသေးစိတ်တင်ပြမှာဖြစ်တယ်။အဲ့တော့ တင်ပြပြီးမှ ဘယ်နည်းလမ်းက သူတို့အတွက် အကောင်းဆုံးလဲဆိုတာကို ကျွန်တော်တို့ လုပ်ဆောင်မှာဖြစ်တယ်။လုပ်မှာဖြစ်တဲ့အတွက် အရေးကြီးတဲ့အပိုင်းဖြစ်လို့ အထူးအလေးထားပြီး ဆောင်ရွက်နေတယ်။ဥပမာ၊ ဘာလုပ်ပါ ညာလုပ်ပါ၊ ဘာမေတ္တာရပ်ခံပါတယ်၊ ညာမေတ္တာရပ်ခံပါတယ် ဆိုပြီးတော့ Statement လေး ထုတ်ရုံနဲ့တော့ ကျွန်တော်တို့က ပြေလည်မယ်လို့ မယူဆနဲ့၊ နည်းနည်းလေး အရေးကြီးတယ်။ဒါက တရားရုံးအဆင့်ဆင့် ဖြတ်သန်းပြီးတော့ High Court ကတောင် နောက်ဆုံးအခြေအနေမှာ ပယ်လိုက်တဲ့ကိစ္စဖြစ်နေတော့ အကောင်းဆုံးကတော့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်။ထိထိရောက်ရောက်ဖြစ်အောင် လုပ်မယ်ဆိုတာကို ကျွန်တော်တို့ အခုလုပ်နေတဲ့ အခြေအနေဖြစ်တယ်" ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး မှ ပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ စက်တင်ဘာ - ၁၄

( Zawgyi )

ထိုင္းႏိုင္ငံ လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က်ခံေနေသာ ဝင္း နဲ႔ ေဇာ္ ကိစၥသည္High Court မွ ေနာက္ဆုံးအေျခအေနမွာ ပယ္လိုက္သည့္ကိစၥသည္ အေရးႀကီးသည့္အပိုင္းျဖစ္၍ အထူးအေလးထားၿပီး၊ အေကာင္းဆုံးျဖစ္ေအာင္ႏွင့္ ထိထိေရာက္ေရာက္ျဖစ္ေအာင္ လုပ္မည္ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး မွ ေျပာပါတယ္။

စက္တင္ဘာ ၁၃ ရက္ ညေနပိုင္းက ေနျပည္ေတာ္ သမၼတအိမ္ေတာ္ဝန္း မီဒီယာရွင္းလင္းေဆာင္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

"အခုဟာက ထိုင္းႏိုင္ငံရဲ႕ တရားစီရင္ေရး Process ေပါ့ေနာ္။တရား႐ုံးလုပ္ငန္းက ၿပီးသြားၿပီ။ဒါက တရား႐ုံးခ်ဳပ္ကို ေနာက္ဆုံးအယူခံတင္တာ။ေနာက္ဆုံးအယူခံတင္တာ ျဖစ္တဲ့အတြက္ တရားေရးအရ အယူခံတင္သြင္းခြင့္ ၿပီးသြားၿပီ။အယူခံကို ပလပ္လိုက္ေတာ့ ဘာက်န္လဲဆိုေတာ့ ေနာက္လမ္းေၾကာင္း တစ္ေၾကာင္းက ထိုင္းဘုရင္ဆီကို တင္ရတဲ့သေဘာ ျဖစ္လာတယ္။

ဒီလမ္းေၾကာင္းတစ္ခုပဲက်န္ေတာ့ အခုဟာကအေရးႀကီးပါတယ္။နံပါတ္တစ္က ဒါနဲ႔ပတ္သက္လို႔ တကယ့္ ထိထိေရာက္ေရာက္ေပါ့၊ ဘယ္ပုံစံ ဘယ္လိုမ်ိဳးနဲ႔ ခ်ဥ္းကပ္ရမယ္ဆိုတဲ့ဟာေတြ ရွိဖို႔လိုတယ္။အထူးသျဖင့္ အလားတူစီရင္ထုံးလို႔ေခၚတဲ့ ထိုင္းႏိုင္ငံမွာရွိတဲ့ ဒီလိုျဖစ္စဥ္ေတြေပါ့ေနာ္။ဘယ္လိုတုန္းကေတာ့ ဘယ္လိုဆိုတာမ်ိဳးကို ကြၽန္ေတာ္တို႔ ေလ့လာတယ္။ေလ့လာေတာ့ ေလ့လာဖို႔အတြက္ ကြၽန္ေတာ္တို႔ အစိုးရအဖြဲ႕မွာ ေလ့လာေရးအဖြဲ႕ေလးေတြေပါ့။Official ေတာ့ မဟုတ္ဘူး။ဒါမ်ိဳးေလးေတြဖြဲ႕ၿပီးေတာ့ ေလ့လာေနတယ္။ၿပီးရင္ တစ္ခ်ိန္တည္းမွာပဲ ထဲထဲဝင္ဝင္ေဆာင္႐ြက္ေပးခဲ့တဲ့ ဦးေအာင္မ်ိဳးသန႔္ တို႔ ေရွ႕ေနေတြရွိတယ္။ေနာက္တစ္ခုက ထိုင္းေရွ႕ေနမ်ားေကာင္စီ ရွိတယ္။အဲ့ဒါေတြနဲ႔ ကြၽန္ေတာ္တို႔ သံအမတ္ႀကီးနဲ႔ ေဆြးေႏြးေနတယ္။

ေနာက္တစ္ခ်က္က အစိုးရမွာ တာဝန္ရွိတဲ့သူေတြနဲ႔ ဥပမာ - ျပည္ထဲေရးတို႔ စသည္ျဖင့္ သံအမတ္ႀကီးက သြားေတြ႕ၿပီးေတာ့ အေသးစိတ္တင္ျပမွာျဖစ္တယ္။အဲ့ေတာ့ တင္ျပၿပီးမွ ဘယ္နည္းလမ္းက သူတို႔အတြက္ အေကာင္းဆုံးလဲဆိုတာကို ကြၽန္ေတာ္တို႔ လုပ္ေဆာင္မွာျဖစ္တယ္။လုပ္မွာျဖစ္တဲ့အတြက္ အေရးႀကီးတဲ့အပိုင္းျဖစ္လို႔ အထူးအေလးထားၿပီး ေဆာင္႐ြက္ေနတယ္။ဥပမာ၊ ဘာလုပ္ပါ ညာလုပ္ပါ၊ ဘာေမတၱာရပ္ခံပါတယ္၊ ညာေမတၱာရပ္ခံပါတယ္ ဆိုၿပီးေတာ့ Statement ေလး ထုတ္႐ုံနဲ႔ေတာ့ ကြၽန္ေတာ္တို႔က ေျပလည္မယ္လို႔ မယူဆနဲ႔၊ နည္းနည္းေလး အေရးႀကီးတယ္။ဒါက တရား႐ုံးအဆင့္ဆင့္ ျဖတ္သန္းၿပီးေတာ့ High Court ကေတာင္ ေနာက္ဆုံးအေျခအေနမွာ ပယ္လိုက္တဲ့ကိစၥျဖစ္ေနေတာ့ အေကာင္းဆုံးကေတာ့ အေကာင္းဆုံးျဖစ္ေအာင္လုပ္မယ္။ထိထိေရာက္ေရာက္ျဖစ္ေအာင္ လုပ္မယ္ဆိုတာကို ကြၽန္ေတာ္တို႔ အခုလုပ္ေနတဲ့ အေျခအေနျဖစ္တယ္" ဟု သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌး မွ ေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ စက္တင္ဘာ - ၁၄