ဧရာဝတီမြစ်ရေသည် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တွင် စိုးရိမ်ရေမှတ်နားသို့ပင် ရောက်ရှိနေ

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တွင် စိုးရိမ်ရေမှတ်နားသို့ပင် ရောက်ရှိနေ

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ မြစ်ရေကြီးမှုအခြေအနေဟာ အခုရက်ပိုင်းမှာတော့ မြစ်အောက်ပိုင်းဒေသတွေအထိ ဆက်လက်ရောက်ရှိနေတာမှာ မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့မွန်းလွဲ ၃ နာရီအချိန် တိုင်းထွာချက်အရ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၄ လက်မခန့်အထိ ရောက်ရှိနေပြီလို့ သိရပါတယ်။

ဒီအတွက်လည်း မြစ်ကမ်းနေ ပြည်သူတွေကို မြစ်ရေကြီးမှု အထူးသတိပြုကြဖို့ သက်ဆိုင်ရာက နှိုးဆော်ထားပြီး မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်နဲ့အထက် ရောက်ရှိသွားနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ မနေ့ကအထိ စိုးရိမ်ရေမှတ်ရောက်ဖို့ နှစ်ပေခန့် လိုနေသေးတာဖြစ်ပြီး ဒီနေ့အခြေအနေမှာတော့ စိုးရိမ်ရေမှတ်နားအထိ ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၊ ကချင်ပြည်နယ် ဗန်းမော်မြို့ မံစီမြို့နဲ့ ရွှေကူမြို့၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့တို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့တုန်းပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

"ဒီနေ့တော့ အင်းဝဘက် အနိမ့်ပိုင်းတွေ ရေတိုးတယ် စစ်ကိုင်း ကမ်းနားလမ်းမှာ ရေမြုပ်ကုန်ပြီ ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေမှတ်နား ရောက်နေတာပါ" လို့လည်း ၎င်းက ပြောပါတယ်။

စစ်ကိုင်းမြို့ကနေ မင်းကွန်းဘက်ကိုသွားတဲ့ မြစ်ကမ်းနားဘေး အနိမ့်ပိုင်းတွေမှာ ဒီကနေ့ မနက်အစောပိုင်းကစလို့ မြစ်ရေကျော်လွန် ဝင်ရောက်နေသလို တံတားဦး အင်းဝဘက်က အနိမ့်ပိုင်း ကျေးရွာ ရပ်ကွက်တွေမှာလည်း ရေကြီးရေလျှံမှုတွေ စတင်ဖြစ်ပေါ်နေပါတယ်။

မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာကိုရောက်ဖို့ ၁၀ စင်တာမီတာပဲ လိုတော့ပြီး
စစ်ကိုင်းမြို့ရဲ့ ဧရာဝတီမြစ်ရေဟာလည်း မြို့ရဲ့ အမြင့်ဆုံးစိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာရောက်ဖို့ ၁၅ စင်တီမီတာခန့်ပဲ လိုတော့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) ဆီက သိရပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၁၉

( Zawgyi )

ျမန္မာႏိုင္ငံ အထက္ပိုင္းေဒသေတြမွာ ျဖစ္ေပၚေနတဲ့ ျမစ္ေရႀကီးမႈအေျခအေနဟာ အခုရက္ပိုင္းမွာေတာ့ ျမစ္ေအာက္ပိုင္းေဒသေတြအထိ ဆက္လက္ေရာက္ရွိေနတာမွာ မႏၲေလးၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရဟာ ဒီကေန႔မြန္းလြဲ ၃ နာရီအခ်ိန္ တိုင္းထြာခ်က္အရ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ေအာက္ ၄ လက္မခန႔္အထိ ေရာက္ရွိေနၿပီလို႔ သိရပါတယ္။

ဒီအတြက္လည္း ျမစ္ကမ္းေန ျပည္သူေတြကို ျမစ္ေရႀကီးမႈ အထူးသတိျပဳၾကဖို႔ သက္ဆိုင္ရာက ႏႈိးေဆာ္ထားၿပီး မႏၲေလးၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရဟာ ၂၄ နာရီအတြင္း စိုးရိမ္ေရမွတ္နဲ႔အထက္ ေရာက္ရွိသြားႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ၫြန္ၾကားမႈဦးစီးဌာန (မႏၲေလးတိုင္းေဒသႀကီး) မွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဧရာဝတီျမစ္ေရဟာ မႏၲေလးၿမိဳ႕မွာ မေန႔ကအထိ စိုးရိမ္ေရမွတ္ေရာက္ဖို႔ ႏွစ္ေပခန႔္ လိုေနေသးတာျဖစ္ၿပီး ဒီေန႔အေျခအေနမွာေတာ့ စိုးရိမ္ေရမွတ္နားအထိ ေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။

ဧရာဝတီျမစ္ေရဟာ စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕၊ ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕ မံစီၿမိဳ႕နဲ႔ ေ႐ႊကူၿမိဳ႕၊ မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕တို႔မွာ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္အထက္ ေရာက္ရွိခဲ့တုန္းပဲ ျဖစ္တယ္လို႔လည္း သိရပါတယ္။

"ဒီေန႔ေတာ့ အင္းဝဘက္ အနိမ့္ပိုင္းေတြ ေရတိုးတယ္ စစ္ကိုင္း ကမ္းနားလမ္းမွာ ေရျမဳပ္ကုန္ၿပီ ဧရာဝတီျမစ္ေရဟာ စစ္ကိုင္းၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္နား ေရာက္ေနတာပါ" လို႔လည္း ၎က ေျပာပါတယ္။

စစ္ကိုင္းၿမိဳ႕ကေန မင္းကြန္းဘက္ကိုသြားတဲ့ ျမစ္ကမ္းနားေဘး အနိမ့္ပိုင္းေတြမွာ ဒီကေန႔ မနက္အေစာပိုင္းကစလို႔ ျမစ္ေရေက်ာ္လြန္ ဝင္ေရာက္ေနသလို တံတားဦး အင္းဝဘက္က အနိမ့္ပိုင္း ေက်း႐ြာ ရပ္ကြက္ေတြမွာလည္း ေရႀကီးေရလွ်ံမႈေတြ စတင္ျဖစ္ေပၚေနပါတယ္။

မႏၲေလးၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရဟာ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၁၂၆၀ စင္တီမီတာကိုေရာက္ဖို႔ ၁၀ စင္တာမီတာပဲ လိုေတာ့ၿပီး
စစ္ကိုင္းၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရဟာလည္း ၿမိဳ႕ရဲ႕ အျမင့္ဆုံးစိုးရိမ္ေရမွတ္ ၁၁၅၀ စင္တီမီတာေရာက္ဖို႔ ၁၅ စင္တီမီတာခန႔္ပဲ လိုေတာ့တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ၫြန္ၾကားမႈဦးစီးဌာန (မႏၲေလးတိုင္းေဒသႀကီး) ဆီက သိရပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ - ၁၉