ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်ရောက်ရန် နှစ်ပေခန့်သာလိုတော့

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်ရောက်ရန် နှစ်ပေခန့်သာလိုတော့

မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ နေ့လည်ပိုင်းအချိန် တိုင်းထွာချက်အရ မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်မှာ ရောက်ရှိနေပြီး နောက်တစ်ရက် နှစ်ရက်အတွင်းမှာပဲ စိုးရိမ်ရေမှတ်ဆီ ရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) ဆီက သိရပါတယ်။

"နေ့လည်ပိုင်း တိုင်းထွာချက်အရဆိုရင် စိုးရိမ်ရေမှတ်ရောက်ဖို့ နှစ်ပေလောက်ပဲ လိုတော့တယ်၊ နောက်ရက်တွေမှာ စိုးရိမ်ရေမှတ် ရောက်လာမယ့် အခြေအနေပါ" လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောပါတယ်။

ဒါဟာ မြစ်အထက်ပိုင်း ဒေသတွေမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကစလို့ မြစ်ရေကြီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အဲဒီမြစ်ရေတွေဟာ အောက်ဘက်ဆီ ဆက်လက်စီးဆင်းလာတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့ နေ့လည်ပိုင်းအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်ရောက်ဖို့ နှစ်ပေခန့်သာ လိုပါတော့တယ်။

 

"မြစ်ရေက အောက်ကိုစီးလာနေပြီ ဌာနအနေနဲ့ကတော့ မြစ်ရေသတိပေးချက်တွေ အချိန်နဲ့အမျှ ထုတ်ပြန်ပေးနေပါတယ် မြစ်ကမ်းနေသူတွေအနေနဲ့လည်း ဂရုတစိုက်နေကြဖို့ သတိပေးထားပါတယ်" လို့လည်း ၎င်းက ပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ ဒီကနေ့မနက် ၈ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၊ ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ ရွှေကူမြို့၊ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့တို့မှာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

KT                                                           
မန္တလေး၊ ဇူလိုင် - ၁၈

( Zawgyi )

မႏၲေလးၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရဟာ ဒီကေန႔ ေန႔လည္ပိုင္းအခ်ိန္ တိုင္းထြာခ်က္အရ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ေအာက္ ၂ ေပခန႔္မွာ ေရာက္ရွိေနၿပီး ေနာက္တစ္ရက္ ႏွစ္ရက္အတြင္းမွာပဲ စိုးရိမ္ေရမွတ္ဆီ ေရာက္ရွိလာႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန (မႏၲေလးတိုင္းေဒသႀကီး) ဆီက သိရပါတယ္။

"ေန႔လည္ပိုင္း တိုင္းထြာခ်က္အရဆိုရင္ စိုးရိမ္ေရမွတ္ေရာက္ဖို႔ ႏွစ္ေပေလာက္ပဲ လိုေတာ့တယ္၊ ေနာက္ရက္ေတြမွာ စိုးရိမ္ေရမွတ္ ေရာက္လာမယ့္ အေျခအေနပါ" လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန (မႏၲေလးတိုင္းေဒသႀကီး) မွ ၫႊန္ၾကားေရးမႉး ဦးေက်ာ္လြင္ဦး က ေျပာပါတယ္။

ဒါဟာ ျမစ္အထက္ပိုင္း ေဒသေတြမွာ ၿပီးခဲ့တဲ့ရက္သတၱပတ္ကစလို႔ ျမစ္ေရႀကီးမႈေတြ ဆက္တိုက္ျဖစ္ေပၚခဲ့ၿပီးေနာက္ပိုင္း အဲဒီျမစ္ေရေတြဟာ ေအာက္ဘက္ဆီ ဆက္လက္စီးဆင္းလာတာေၾကာင့္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ မႏၲေလးၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရဟာ ဒီကေန႔ ေန႔လည္ပိုင္းအခ်ိန္ တိုင္းထြာခ်က္အရ စိုးရိမ္ေရမွတ္ေရာက္ဖို႔ ႏွစ္ေပခန႔္သာ လိုပါေတာ့တယ္။

"ျမစ္ေရက ေအာက္ကိုစီးလာေနၿပီ ဌာနအေနနဲ႔ကေတာ့ ျမစ္ေရသတိေပးခ်က္ေတြ အခ်ိန္နဲ႔အမွ် ထုတ္ျပန္ေပးေနပါတယ္ ျမစ္ကမ္းေနသူေတြအေနနဲ႔လည္း ဂ႐ုတစိုက္ေနၾကဖို႔ သတိေပးထားပါတယ္" လို႔လည္း ၎က ေျပာပါတယ္။

ဧရာဝတီျမစ္ေရဟာ ဒီကေန႔မနက္ ၈ နာရီခြဲအခ်ိန္ တိုင္းထြာခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕၊ ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕နဲ႔ ေ႐ႊကူၿမိဳ႕၊ မႏၲေလးတိုင္းေဒသႀကီး သပိတ္က်င္းၿမိဳ႕တို႔မွာ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္အထက္ ေရာက္ရွိခဲ့တယ္လို႔ သိရပါတယ္။

KT                                                           
မႏၲေလး၊ ဇူလိုင္ - ၁၈