ဦးဝီရသူ လာအဖမ်းခံဖို့ ရဲတပ်ဖွဲ့နှင့် သာသနာရေးပေါင်းကာ ၎င်း နေထိုင်ခဲ့ရာကျောင်းတိုက်တွင် အမိန့်ကြေငြာစာကပ်

ဦးဝီရသူ လာအဖမ်းခံဖို့ ရဲတပ်ဖွဲ့နှင့် သာသနာရေးပေါင်းကာ ၎င်း နေထိုင်ခဲ့ရာကျောင်းတိုက်တွင် အမိန့်ကြေငြာစာကပ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ဦးဝီရသူအား တစ်လအတွင်းရုံးတော်မှာ လာရောက်အဖမ်းခံ ဖြေရှင်းဖို့ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက အင်္ဂါနေ့ကအမိန့်ချလိုက်ပြီးနောက် ဒီနေ့မှာတော့ မန္တလေး မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့နဲ့မြို့နယ် သာသနာရေး ဦးစီးဌာနပူးပေါင်းအဖွဲ့က ဦးဝီရသူကျောင်းဆီသွားရောက်ပြီး အမိန့်ကြော်ငြာစာကပ်ခဲ့ပါတယ်။

 ပူးပေါင်းအဖွဲ့ဟာ မနက် ၇ နာရီခွဲအချိန်ခန့်ကသွားရောက်စာကပ်ခဲ့တာပဲဖြစ်ပြီး ဦးဝီရသူရဲ့ကျောင်းထဲကိုလည်း အနည်းငယ် ရှာဖွေ မှုတွေ လုပ်ခဲ့ကြသေးတယ်လို့ ကျောင်းအနီးဝန်းကျင်နေသူတွေကပြောပါတယ်။ "စာကပ်တာကတော့ ဆရာတော့်ကျောင်းရှေ့ ကကြော်ငြာဘုတ် မှာကပ်တာပါ ဒါပေမယ့် အဲဒီစာက အခုမရှိတော့ပါဘူး စာကိုဆော့ပန်နဲ့လည်းခြစ်ထားပါတယ် ဆရာတော်ကြီးတွေကို လျှောက်တင်ပြီးမှ လုပ်တာ လို့သိထားပါတယ်" လို့ ကျောင်းအနီးစောင့်ကြည့်နေသူတစ်ဦးကပြောပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ဦးဝီရသူအမှုနဲ့ပတ်သက်ပြီး တရားလိုသက်သေအားလုံးကို စစ်ဆေးပြီးပြီဖြစ်လို့ တစ်လ အတွင်း လာရောက်အဖမ်းခံဖြေရှင်းဖို့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဇူလိုင် ၉ ရက်က အမိန့်ချမှတ်ခဲ့တာပါ။ တရားရုံး အနေနဲ့ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အရ ဝရမ်းထုတ်ဆင့်လိုက်တာလည်းဖြစ်ပြီး ဦးဝီရသူ နေထိုင်ခဲ့တဲ့ကျောင်းမှာ အမိန့်ကြော်ငြာ စာလိုက်ကပ် မှာဖြစ်တယ် လို့လည်း တရားရုံးကကြေညာခဲ့ပါတယ်။

KT
မန္တလေး ၊ ဇူလိုင် ၁၁

(  Zawgyi  )

 ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲခံထားရတဲ့ဦးဝီရသူအား တစ္လအတြင္း႐ုံးေတာ္မွာ လာေရာက္အဖမ္းခံ ေျဖရွင္းဖို႔ ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အဂၤါေန႔ကအမိန႔္ခ်လိုက္ၿပီးေနာက္ ဒီေန႔မွာေတာ့ မႏၲေလး မဟာေအာင္ေျမၿမိဳ႕နယ္ ရဲတပ္ဖြဲ႕နဲ႔ၿမိဳ႕နယ္ သာသနာေရး ဦးစီးဌာနပူးေပါင္းအဖြဲ႕က ဦးဝီရသူေက်ာင္းဆီသြားေရာက္ၿပီး အမိန႔္ေၾကာ္ျငာစာကပ္ခဲ့ပါတယ္။

 ပူးေပါင္းအဖြဲ႕ဟာ မနက္ ၇ နာရီခြဲအခ်ိန္ခန႔္ကသြားေရာက္စာကပ္ခဲ့တာပဲျဖစ္ၿပီး ဦးဝီရသူရဲ႕ေက်ာင္းထဲကိုလည္း အနည္းငယ္ ရွာေဖြ မႈေတြ လုပ္ခဲ့ၾကေသးတယ္လို႔ ေက်ာင္းအနီးဝန္းက်င္ေနသူေတြကေျပာပါတယ္။ "စာကပ္တာကေတာ့ ဆရာေတာ့္ေက်ာင္းေရွ႕ ကေၾကာ္ျငာဘုတ္ မွာကပ္တာပါ ဒါေပမယ့္ အဲဒီစာက အခုမရွိေတာ့ပါဘူး စာကိုေဆာ့ပန္နဲ႔လည္းျခစ္ထားပါတယ္ ဆရာေတာ္ႀကီးေတြကို ေလွ်ာက္တင္ၿပီးမွ လုပ္တာ လို႔သိထားပါတယ္" လို႔ ေက်ာင္းအနီးေစာင့္ၾကည့္ေနသူတစ္ဦးကေျပာပါတယ္။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ တရားစြဲခံထားရတဲ့ဦးဝီရသူအမႈနဲ႔ပတ္သက္ၿပီး တရားလိုသက္ေသအားလုံးကို စစ္ေဆးၿပီးၿပီျဖစ္လို႔ တစ္လ အတြင္း လာေရာက္အဖမ္းခံေျဖရွင္းဖို႔ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက ဇူလိုင္ ၉ ရက္က အမိန႔္ခ်မွတ္ခဲ့တာပါ။ တရား႐ုံး အေနနဲ႔ ရာဇဝတ္ က်င့္ထုံးဥပေဒပုဒ္မ ၈၇/၈၈ အရ ဝရမ္းထုတ္ဆင့္လိုက္တာလည္းျဖစ္ၿပီး ဦးဝီရသူ ေနထိုင္ခဲ့တဲ့ေက်ာင္းမွာ အမိန႔္ေၾကာ္ျငာ စာလိုက္ကပ္ မွာျဖစ္တယ္ လို႔လည္း တရား႐ုံးကေၾကညာခဲ့ပါတယ္။

KT
မႏၲေလး ၊ ဇူလိုင္ ၁၁