ဥရောပရုပ်ရှင်ပွဲတော် မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပ၊ မည်သူမဆို အခမဲ့ကြည့်ရှုနိုင်

ဥရောပရုပ်ရှင်ပွဲတော် မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပ၊ မည်သူမဆို အခမဲ့ကြည့်ရှုနိုင်

မြန်မာနိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး နိုင်ငံခြားရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ ဥရောပရုပ်ရှင်ပွဲတော်ကို ၂၈ ကြိမ်မြောက်အဖြစ် မန္တလေးမြို့မှာ ပြသနေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ Goethe Institut Myanmar၊ ပြင်သစ်ယဉ်ကျေးမှုဌာန(Institute France de Birmanie) တို့နဲ့ ပူးပေါင်းစီစဉ်တာလို့ သိရပြီး ဒီရုပ်ရှင်ပွဲတော်က မြန်မာနဲ့ ဥရောပနိုင်ငံတို့အကြား ယဉ်ကျေးမှုခြင်းဖလှယ်ဖို့နဲ့ ဥရောပရုပ်ရှင်တွေရဲ့ မတူကွဲပြားမှုတွေကို ခံစားသိရှိနိုင်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E.Kristain Schmidt က ပြောပါတယ်။

"ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မှာ နှစ်စဉ်ကျင်းပနိုင်ခဲ့ပါတယ်၊ အခုက ပထမဦးဆုံးအကြိမ် ရုံးပိတ်ရက်အစီအစဉ်အဖြစ် မန္တလေးမြို့မှာ ပြသတာပါ၊ မြန်မာနိုင်ငံသားတွေကို ဥရောပနိုင်ငံအချင်းချင်း ကူးလူးဆက်နွယ်နေတဲ့ ခံယူချက်တွေ၊ အကြောင်းအရာတွေနဲ့ အနုပညာတွေကို ကြီးမားတဲ့ ဖန်သားပြင်ပေါ်ကနေတစ်ဆင့် ဥရောပက လူတွေရဲ့လူနေမှုဘဝတွေကို ကြည့်ရှုခံစားဖို့ ရည်ရွယ်ပြသတာပါ" လို့ သံအမတ်ကြီးက ဆိုပါတယ်။

အဆိုပါရုပ်ရှင်ပွဲတော်ကို မန္တလေးမြို့ ၆၂ လမ်း Central Point က မင်္ဂလာရုပ်ရှင်ရုံမှာ ပြသနေတာပဲဖြစ်ပြီး ဘယ်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြသပေးသွားမှာဖြစ်ပြီး ဥရောပ ၁၆ နိုင်ငံက အနုပညာရသ ပြောင်မြောက်တဲ့ ရုပ်ရှင်ကားပေါင်း ၂၁ ကား ပြသသွားမှာဖြစ်ပြီး ဒီရုပ်ရှင်ကားတွေက ဥရောပရုပ်ရှင်ဆုရ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။

"ဟာသတွေ၊ဒရမ်မာတွေ၊ မှတ်တမ်းရုပ်ရှင်တွေ ကလေးတွေအတွက် ဇာတ်ကားတွေ အမျိုးအစားအစုံအလင် ပါဝင်ပါတယ်၊ ရုပ်ရှင်ကား ၉ ကား ပြသသွားမှာပါ" လို့လည်း သံအမတ်ကြီးက ပြောပါတယ်။

မန္တလေးမြို့မှာ ကျင်းပနေတဲ့ ဥရောပရုပ်ရှင်ပွဲတော်ကို ယမန်နေ့ညနေ ၆ နာရီခွဲအချိန်က King of the Belgians ရုပ်ရှင်ဇာတ်ကားနဲ့ စတင်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့မှာလည်း ဆက်လက်ကျင်းပသွားမှာလို့ သိရပါတယ်။                                                    

KT
မန္တလေး၊ စက်တင်ဘာ - ၁၄

( Zawgyi )

ျမန္မာႏိုင္ငံမွာ သက္တမ္းအရွည္ၾကာဆုံး ႏိုင္ငံျခား႐ုပ္ရွင္ပြဲေတာ္တစ္ခုျဖစ္တဲ့ ဥေရာပ႐ုပ္ရွင္ပြဲေတာ္ကို ၂၈ ႀကိမ္ေျမာက္အျဖစ္ မႏၲေလးၿမိဳ႕မွာ ျပသေနၿပီ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ ကိုယ္စားလွယ္အဖြဲ႕ရဲ႕ ဦးေဆာင္မႈနဲ႔ Goethe Institut Myanmar၊ ျပင္သစ္ယဥ္ေက်းမႈဌာန(Institute France de Birmanie) တို႔နဲ႔ ပူးေပါင္းစီစဥ္တာလို႔ သိရၿပီး ဒီ႐ုပ္ရွင္ပြဲေတာ္က ျမန္မာနဲ႔ ဥေရာပႏိုင္ငံတို႔အၾကား ယဥ္ေက်းမႈျခင္းဖလွယ္ဖို႔နဲ႔ ဥေရာပ႐ုပ္ရွင္ေတြရဲ႕ မတူကြဲျပားမႈေတြကို ခံစားသိရွိႏိုင္ေစဖို႔ ရည္႐ြယ္တာျဖစ္တယ္လို႔ ဥေရာပသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီး H.E.Kristain Schmidt က ေျပာပါတယ္။

"႐ုပ္ရွင္ပြဲေတာ္ကို ရန္ကုန္မွာ ႏွစ္စဥ္က်င္းပႏိုင္ခဲ့ပါတယ္၊ အခုက ပထမဦးဆုံးအႀကိမ္ ႐ုံးပိတ္ရက္အစီအစဥ္အျဖစ္ မႏၲေလးၿမိဳ႕မွာ ျပသတာပါ၊ ျမန္မာႏိုင္ငံသားေတြကို ဥေရာပႏိုင္ငံအခ်င္းခ်င္း ကူးလူးဆက္ႏြယ္ေနတဲ့ ခံယူခ်က္ေတြ၊ အေၾကာင္းအရာေတြနဲ႔ အႏုပညာေတြကို ႀကီးမားတဲ့ ဖန္သားျပင္ေပၚကေနတစ္ဆင့္ ဥေရာပက လူေတြရဲ႕လူေနမႈဘဝေတြကို ၾကည့္ရႈခံစားဖို႔ ရည္႐ြယ္ျပသတာပါ" လို႔ သံအမတ္ႀကီးက ဆိုပါတယ္။

အဆိုပါ႐ုပ္ရွင္ပြဲေတာ္ကို မႏၲေလးၿမိဳ႕ ၆၂ လမ္း Central Point က မဂၤလာ႐ုပ္ရွင္႐ုံမွာ ျပသေနတာပဲျဖစ္ၿပီး ဘယ္သူမဆို အခမဲ့ဝင္ေရာက္ၾကည့္ရႈႏိုင္တယ္လို႔ သိရပါတယ္။

႐ုပ္ရွင္ပြဲေတာ္ကို စက္တင္ဘာလ ၁၃ ရက္ေန႔မွ ၁၅ ရက္ေန႔အထိ ျပသေပးသြားမွာျဖစ္ၿပီး ဥေရာပ ၁၆ ႏိုင္ငံက အႏုပညာရသ ေျပာင္ေျမာက္တဲ့ ႐ုပ္ရွင္ကားေပါင္း ၂၁ ကား ျပသသြားမွာျဖစ္ၿပီး ဒီ႐ုပ္ရွင္ကားေတြက ဥေရာပ႐ုပ္ရွင္ဆုရ ဇာတ္ကားေတြျဖစ္တယ္လို႔ သိရပါတယ္။

"ဟာသေတြ၊ဒရမ္မာေတြ၊ မွတ္တမ္း႐ုပ္ရွင္ေတြ ကေလးေတြအတြက္ ဇာတ္ကားေတြ အမ်ိဳးအစားအစုံအလင္ ပါဝင္ပါတယ္၊ ႐ုပ္ရွင္ကား ၉ ကား ျပသသြားမွာပါ" လို႔လည္း သံအမတ္ႀကီးက ေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာ က်င္းပေနတဲ့ ဥေရာပ႐ုပ္ရွင္ပြဲေတာ္ကို ယမန္ေန႔ညေန ၆ နာရီခြဲအခ်ိန္က King of the Belgians ႐ုပ္ရွင္ဇာတ္ကားနဲ႔ စတင္ခဲ့တာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕မွာလည္း ဆက္လက္က်င္းပသြားမွာလို႔ သိရပါတယ္။                                                    

KT
မႏၲေလး၊ စက္တင္ဘာ - ၁၄