အသက် ၆၀ ကျော်အမျိုးသမီးတစ်ဦးအား လည်ပင်းကိုဓါးနှင့်လှီး၍ ဆွဲကြိုးလုယက်မှု အလုံမြို့နယ်တွင်ဖြစ်ပွား

အသက် ၆၀ ကျော်အမျိုးသမီးတစ်ဦးအား လည်ပင်းကိုဓါးနှင့်လှီး၍ ဆွဲကြိုးလုယက်မှု အလုံမြို့နယ်တွင်ဖြစ်ပွား

အသက် ၆၀ ကျော်အမျိုးသမီးတစ်ဦးအား လည်ပင်းကိုဓါးနှင့်လှီး၍ ဆွဲကြိုးလုယက်မှုဖြစ်စဉ်တစ်ခု ဒီကနေ့ ဧပြီ ၂၂ ရက်၊နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ်မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့ နံနက် ၇ နာရီကျော်အချိန်ခန့် အလုံမြို့နယ်၊စောရန်ပိုင်တောင်ရပ်ကွက်၊ငုဝါလမ်း တိုက်အမှတ်(၇၈)တွင် ဈေးမှပြန်လာသော အမျိုးသမီးတဦးကို လည်ပင်းကိုဓါးနဲ့လှီးပြီး ရွှေဆွဲကြိုးကို လုယက်သွားတာဖြစ်တယ်လို့ဆိုပါတယ်။ပြစ်မှုကျူးလွန်သူမှာ အသက်(၂၅)နှင့် (၃၀)ကြားအမျိုးသား ဖြစ်ပြီး အဆိုပါ အသက်(၆၀)ကျော်အမျိုးသမီး နောက်မှလိုက်လာကာ တိုက်အမှတ်(၇၈)၊ပထမထပ်အရောက်တွင် လည်ပင်းကိုဓါးနဲ့လှီးကာဆွဲကြိုးလုယူသွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြစ်မှုကျူးလွန်သူကိုလည်း ဖမ်းဆီးရမိခြင်းမရှိဘဲ ၎င်းမှာကျောင်းလမ်း အတွင်းသို့ပြေးဝင်သွားခဲ့တယ် လို့ဆိုပါတယ်။နောက်ဆက်တွဲသတင်းအရ ဆွဲကြိုးလုယက်ခံရသည့် အသက်(၆၀)အရွယ်အမျိုးသမီးမှာ ခွဲစိတ်ခန်းဝင်အပြီးတွင် ၎င်းရရှိသည့်ဒဏ်ရာမှာ စိုးရိမ်ရသောအခြေအနေမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့လည်း သိရပါတယ်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “ဖြစ်စဉ်အသေးစိတ် ကိုပြောလို့ရသေးပါဘူး။ လူကြီးတွေစိစစ်နေ ပါတယ်။လူနာကိုတော့ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ပေးထားပါတယ်။”လို့ Opinion Leaders Media ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပေး ခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဧပြီ ၂၂

(  Zawgyi  )

 အသက္ ၆၀ ေက်ာ္အမ်ိဳးသမီးတစ္ဦးအား လည္ပင္းကိုဓါးႏွင့္လွီး၍ ဆြဲႀကိဳးလုယက္မႈျဖစ္စဥ္တစ္ခု ဒီကေန႔ ဧၿပီ ၂၂ ရက္၊နံနက္ပိုင္းအခ်ိန္က ရန္ကုန္တိုင္းေဒသႀကီး၊အလုံၿမိဳ႕နယ္မွာျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ဒီကေန႔ နံနက္ ၇ နာရီေက်ာ္အခ်ိန္ခန႔္ အလုံၿမိဳ႕နယ္၊ေစာရန္ပိုင္ေတာင္ရပ္ကြက္၊ငုဝါလမ္း တိုက္အမွတ္(၇၈)တြင္ ေဈးမွျပန္လာေသာ အမ်ိဳးသမီးတဦးကို လည္ပင္းကိုဓါးနဲ႔လွီးၿပီး ေ႐ႊဆြဲႀကိဳးကို လုယက္သြားတာျဖစ္တယ္လို႔ဆိုပါတယ္။ျပစ္မႈက်ဴးလြန္သူမွာ အသက္(၂၅)ႏွင့္ (၃၀)ၾကားအမ်ိဳးသား ျဖစ္ၿပီး အဆိုပါ အသက္(၆၀)ေက်ာ္အမ်ိဳးသမီး ေနာက္မွလိုက္လာကာ တိုက္အမွတ္(၇၈)၊ပထမထပ္အေရာက္တြင္ လည္ပင္းကိုဓါးနဲ႔လွီးကာဆြဲႀကိဳးလုယူသြားျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ျပစ္မႈက်ဴးလြန္သူကိုလည္း ဖမ္းဆီးရမိျခင္းမရွိဘဲ ၎မွာေက်ာင္းလမ္း အတြင္းသို႔ေျပးဝင္သြားခဲ့တယ္ လို႔ဆိုပါတယ္။ေနာက္ဆက္တြဲသတင္းအရ ဆြဲႀကိဳးလုယက္ခံရသည့္ အသက္(၆၀)အ႐ြယ္အမ်ိဳးသမီးမွာ ခြဲစိတ္ခန္းဝင္အၿပီးတြင္ ၎ရရွိသည့္ဒဏ္ရာမွာ စိုးရိမ္ရေသာအေျခအေနမွ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ အလုံၿမိဳ႕နယ္ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက “ျဖစ္စဥ္အေသးစိတ္ ကိုေျပာလို႔ရေသးပါဘူး။ လူႀကီးေတြစိစစ္ေန ပါတယ္။လူနာကိုေတာ့ ရန္ကုန္ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးထားပါတယ္။”လို႔ Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားေပး ခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဧၿပီ ၂၂