အရေးပေါ်သယ်ယူပို့ဆောင်ရေးအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရဟတ်ယာဉ်ဆင်းကွင်း(၁၅)ကွင်းဖောက်လုပ်ထားဟု ဆို

အရေးပေါ်သယ်ယူ ပို့ဆောင်ရေး အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရဟတ်ယာဉ်ဆင်းကွင်း (၁၅)ကွင်း ဖောက် လုပ်ထား ဟု ဆို

အရေးပေါ်သယ်ယူပို့ဆောင်ရေးအတွက်ရည်ရွယ်ပြီးရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ရဟတ်ယာဉ်ဆင်းကွင်း(၁၅)ကွင်းဖောက်လုပ်ထားတယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညို ကပြောပါတယ်။

အဆိုပါပြောကြားမှုကို ယနေ့ မေ ၉ ရက်၊မွန်းလွဲပိုင်းအချိန်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်တဲ့ နိုင်ငံတော် အစိုးရ၏ပြည်သူ့အတွက်တတိယတစ်နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်း ပွဲမှာပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။

“ဟက်စကီးကွင်းတွေကတော့ ရခိုင်ပြည်နယ်၊မြောက်ပိုင်းဘူးသီးတောင်-မောင်တောတစ်ကြောပါ။ဆောက် ရတဲ့အကြောင်းကတော့ အဲ့ဒီဒေသ သည်လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ရာသီဥတုကန့်သတ်ချက်ရှိတယ်။  ပြီးခဲ့တဲ့ဖြစ်စဉ်ဖြစ်တဲ့ အချိန်မှာဒေသခံပြည်သူတွေ သွားရေး လာရေးခက်ခဲတယ်။ပြီးရင်သူတို့အတွက်ထောက်ပံ့ ရေးပစ္စည်းတွေပေးဖို့သော်လည်းကောင်း၊ လူတွေကိုဆွဲထုတ် ဖို့သော်လည်းကောင်း၊
နောက်ဆုံး လုံခြုံရေးအဖွဲ့တွေစစ်ကူလုပ်ဖို့သော်လည်းကောင်းနယ်မြေကန့်သတ်ချက်တွေအများကြီးရှိတယ်။မိုးတွင်းဆိုပိုဆိုးတယ်။အဲ့ဒါ ကြောင့်နယ်မြေဒေသလိုအပ်ချက်အရဟက်စကီးကွင်းတွေကိုရခိုင်ပြည်နယ်မြောက်ပိုင်းမှာဆောက်ထားတယ်။အဓိကတော့သယ်ယူပို့ဆောင်ရေးအတွက်ရည်ရွယ်ပါတယ်။”လို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညို ကပြောကြားခဲ့ပါတယ်။

ဒါ့အပြင်ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရဲကင်းတွေ အတိုက်ခံရတဲ့ဖြစ်စဉ်တွေ ကိုပြန်ကြည့်ပါကလည်း တချိုု့ရဲကင်းတွေကို အချိန်မီ စစ်ကူရောက်နိုင် တဲ့ ကန့်သတ်ချက်တွေရှိပြီး ထိခိုက်နစ်နာမှုတွေ များခဲ့တဲ့အတွက်ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုပါက စစ်ကူပေးနိုင်ဖို့ အတွက် ကိုလည်း ရည်ရွယ်ပြီး အဆိုပါရဟတ်ယာဉ်ကွင်းတွေကိုဆောက်လုပ်ရတာဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောပြခဲ့ပါတယ်။

“ဟက်စကီးကွင်းတစ်ကွင်းကိုကျပ်သိန်း(၄၀)ကုန်ကျတယ်။၂၀၁၈ ခုနှစ်၊နှစ်ကုန်ပိုင်းလောက်မှာ ရဟတ်ယာဉ်ရပ် နားကွင်း(၁၅)ကွင်း လုံးကိုတည်ဆောက်ပြီးစီးသွားခဲ့ပါပြီ။”လို့  ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုင်းထွန်းညို ကဆက်လက်ပြောပြခဲ့ပါသေးတယ်။

ဒီကနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်း၊နယ်စပ်ရေးရာဝန်ကြီးဌာနမှဒုတိယအမြဲတမ်းအတွင်းဝန်ဦးစိုင်းထွန်ညို၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး တို့မှ တတိယ တစ်နှစ်တာ အတွင်းဝန်ကြီးဌာနမှဆောင်ရွက်ချက်များကိုရှင်း လင်းပြောကြားခဲ့ကြတာဖြစ်ပါတယ်။

PTG
နေပြည်တော်၊မတ် ၉

(   Zawgyi  )
 

 အေရးေပၚသယ္ယူပို႔ေဆာင္ေရးအတြက္ရည္႐ြယ္ၿပီးရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ရဟတ္ယာဥ္ဆင္းကြင္း(၁၅)ကြင္းေဖာက္လုပ္ထားတယ္လို႔ နယ္စပ္ေရးရာဝန္ႀကီးဌာန၊ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုင္းထြန္းညိဳ ကေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ယေန႔ ေမ ၉ ရက္၊မြန္းလြဲပိုင္းအခ်ိန္က ေနျပည္ေတာ္ရွိ ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ က်င္းပျပဳလုပ္တဲ့ ႏိုင္ငံေတာ္ အစိုးရ၏ျပည္သူ႔အတြက္တတိယတစ္ႏွစ္တာကာလအတြင္းေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ ပတ္သက္သည့္ သတင္းစာရွင္းလင္း ပြဲမွာေျပာၾကား ခဲ့ျခင္းျဖစ္ပါတယ္။

“ဟက္စကီးကြင္းေတြကေတာ့ ရခိုင္ျပည္နယ္၊ေျမာက္ပိုင္းဘူးသီးေတာင္-ေမာင္ေတာတစ္ေၾကာပါ။ေဆာက္ ရတဲ့အေၾကာင္းကေတာ့ အဲ့ဒီေဒသ သည္လမ္းပန္းဆက္သြယ္ေရးခက္ခဲတယ္၊ရာသီဥတုကန႔္သတ္ခ်က္ရွိတယ္။  ၿပီးခဲ့တဲ့ျဖစ္စဥ္ျဖစ္တဲ့ အခ်ိန္မွာေဒသခံျပည္သူေတြ သြားေရး လာေရးခက္ခဲတယ္။ၿပီးရင္သူတို႔အတြက္ေထာက္ပံ့ ေရးပစၥည္းေတြေပးဖို႔ေသာ္လည္းေကာင္း၊ လူေတြကိုဆြဲထုတ္ ဖို႔ေသာ္လည္းေကာင္း၊
ေနာက္ဆုံး လုံၿခဳံေရးအဖြဲ႕ေတြစစ္ကူလုပ္ဖို႔ေသာ္လည္းေကာင္းနယ္ေျမကန႔္သတ္ခ်က္ေတြအမ်ားႀကီးရွိတယ္။မိုးတြင္းဆိုပိုဆိုးတယ္။အဲ့ဒါ ေၾကာင့္နယ္ေျမေဒသလိုအပ္ခ်က္အရဟက္စကီးကြင္းေတြကိုရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာေဆာက္ထားတယ္။အဓိကေတာ့သယ္ယူပို႔ေဆာင္ေရးအတြက္ရည္႐ြယ္ပါတယ္။”လို႔ ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုင္းထြန္းညိဳ ကေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ရခိုင္ျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ ရဲကင္းေတြ အတိုက္ခံရတဲ့ျဖစ္စဥ္ေတြ ကိုျပန္ၾကည့္ပါကလည္း တခ်ိဳု႔ရဲကင္းေတြကို အခ်ိန္မီ စစ္ကူေရာက္ႏိုင္ တဲ့ ကန႔္သတ္ခ်က္ေတြရွိၿပီး ထိခိုက္နစ္နာမႈေတြ မ်ားခဲ့တဲ့အတြက္ပြင့္ပြင့္လင္းလင္းေျပာမယ္ဆိုပါက စစ္ကူေပးႏိုင္ဖို႔ အတြက္ ကိုလည္း ရည္႐ြယ္ၿပီး အဆိုပါရဟတ္ယာဥ္ကြင္းေတြကိုေဆာက္လုပ္ရတာျဖစ္တယ္လို႔ ၎က ဆက္လက္ေျပာျပခဲ့ပါတယ္။

“ဟက္စကီးကြင္းတစ္ကြင္းကိုက်ပ္သိန္း(၄၀)ကုန္က်တယ္။၂၀၁၈ ခုႏွစ္၊ႏွစ္ကုန္ပိုင္းေလာက္မွာ ရဟတ္ယာဥ္ရပ္ နားကြင္း(၁၅)ကြင္း လုံးကိုတည္ေဆာက္ၿပီးစီးသြားခဲ့ပါၿပီ။”လို႔  ဒုတိယအၿမဲတမ္းအတြင္းဝန္ ဦးစိုင္းထြန္းညိဳ ကဆက္လက္ေျပာျပခဲ့ပါေသးတယ္။

ဒီကေန႔ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲတြင္ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံးမွျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္ဦးေမာ္သန္း၊နယ္စပ္ေရးရာဝန္ႀကီးဌာနမွဒုတိယအၿမဲတမ္းအတြင္းဝန္ဦးစိုင္းထြန္ညိဳ၊လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးတင္ေမာင္ဦး တို႔မွ တတိယ တစ္ႏွစ္တာ အတြင္းဝန္ႀကီးဌာနမွေဆာင္႐ြက္ခ်က္မ်ားကိုရွင္း လင္းေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊မတ္ ၉