အမြန်လမ်းမကြီးတစ်လျှောက် ခရီးသည်အတင်အချပြုလုပ်သည့် Express ယာဉ်လိုင်းများကို အရေးယူမည်

 
အမြန်လမ်းမကြီးတစ်လျှောက် ခရီးသည်အတင်အချပြုလုပ်သည့် Express ယာဉ်လိုင်းများကို အရေးယူမည်

အမြန်လမ်းမကြီးတွင် ခရီးသည်အတင်အချပြုလုပ်သည့် Express ယာဉ်လိုင်းများအား အရေးယူသွားမှာဖြစ်တယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သွားလာလျက်ရှိသည့် ခရီးသည်တင်ယာဉ်များသည် အမြန်လမ်းမပေါ်တွင်ရပ်တန့်၍ ခရီးသည် အတင်အချများ ပြုလုပ်လျက်ရှိသည်ကို မကြာခဏတွေ့ရှိရပြီး ထိုသို့ ဆောင်ရွက်မှုကြောင့် အခြားခရီးသည်ယာဉ်များနှင့် မလိုလားအပ်သောယာဉ်မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားလျက်ရှိစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမြန်လမ်းမကြီး ဥပဒေအရ လမ်းမကြီးပေါ်တွင် ရပ်တန့်၍ ခရီးသည်အတင်အချပြုလုပ်ခြင်းကို ခွင့်မပြုပါသဖြင်ရှောင်ကြဉ်ကြဖို့နှင့် ခရီးသည်အတင်အချ ပြုလုပ်လိုပါက ယာဉ်သွားလမ်း(2 lane)၏ ပြင်ပဘေးလွတ်ရာတွင်သာဆောင်ရွက်ကြပါရန် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ အသိပေးပန်ုကြားထားပြီး လိုက်နာမှုအားနည်းသည့် ခရီးသည်တင်ယာဉ်လိုင်းများအား အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၁၅

(   Zawgyi  )

 အျမန္လမ္းမႀကီးတြင္ ခရီးသည္အတင္အခ်ျပဳလုပ္သည့္ Express ယာဥ္လိုင္းမ်ားအား အေရးယူသြားမွာျဖစ္တယ္လို႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕ က သတင္းထုတ္ျပန္လိုက္ပါတယ္။ ရန္ကုန္ - မႏၲေလးအျမန္လမ္းမႀကီးေပၚတြင္ သြားလာလ်က္ရွိသည့္ ခရီးသည္တင္ယာဥ္မ်ားသည္ အျမန္လမ္းမေပၚတြင္ရပ္တန႔္၍ ခရီးသည္ အတင္အခ်မ်ား ျပဳလုပ္လ်က္ရွိသည္ကို မၾကာခဏေတြ႕ရွိရၿပီး ထိုသို႔ ေဆာင္႐ြက္မႈေၾကာင့္ အျခားခရီးသည္ယာဥ္မ်ားႏွင့္ မလိုလားအပ္ေသာယာဥ္မေတာ္တဆ ထိခိုက္မႈမ်ား ျဖစ္ပြားလ်က္ရွိေစတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အျမန္လမ္းမႀကီး ဥပေဒအရ လမ္းမႀကီးေပၚတြင္ ရပ္တန႔္၍ ခရီးသည္အတင္အခ်ျပဳလုပ္ျခင္းကို ခြင့္မျပဳပါသျဖင္ေရွာင္ၾကဥ္ၾကဖို႔ႏွင့္ ခရီးသည္အတင္အခ် ျပဳလုပ္လိုပါက ယာဥ္သြားလမ္း(2 lane)၏ ျပင္ပေဘးလြတ္ရာတြင္သာေဆာင္႐ြက္ၾကပါရန္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ အသိေပးပန္ုၾကားထားၿပီး လိုက္နာမႈအားနည္းသည့္ ခရီးသည္တင္ယာဥ္လိုင္းမ်ားအား အေရးယူ သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၁၅