အမြန်လမ်းတွင် ဒိုင်နာယာဉ်တစ်စီးတိမ်းမှောက် လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ဟု ဆို

အမြန်လမ်းတွင် ဒိုင်နာယာဉ်တစ်စီးတိမ်းမှောက် လူနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ဟု ဆို

အမြန်လမ်းမကြီးတွင် ဒိုင်နာယာဉ်တစ်စီးတိမ်းမှောက်မှု ဒီကနေ့ ဇူလိုင် ၂၆ ရက်၊နံနက်အစောပိုင်းအချိန်က ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူလူနှစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန် - နေပြည်တော်လမ်းမိုင်တိုင်အမှတ်(၁၁၉/၄-၁၁၉/၅)အကြား ရန်ကုန်မှ နတ်မောက်မြို့ဘက် သို့ယာဉ်မောင်း ဦးဝင်းတင် ရွှေပြည်သာမြို့နယ်နေသူမောင်းနှင်လာသော BGO 5N/----Dyna အဖြူရောင်ယာဉ်သည် လမ်းလယ်တွင် လမ်းချော်၍တိမ်းမှောက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့်ယာဉ်ပေါ်ပါလာသည့် ကလေးငယ်တစ်ဦးအပါအဝင် လူ ၁၀ ဦးအနက် အမျိုးသမီး ၁ ဦး၊အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ဖြူးစခန်းမှတပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များက လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂၆
ဓါတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့။

(  Zawgyi  )

 အျမန္လမ္းမႀကီးတြင္ ဒိုင္နာယာဥ္တစ္စီးတိမ္းေမွာက္မႈ ဒီကေန႔ ဇူလိုင္ ၂၆ ရက္၊နံနက္အေစာပိုင္းအခ်ိန္က ျဖစ္ပြားခဲ့ၿပီး ယင္းျဖစ္စဥ္ေၾကာင့္ ယာဥ္ေပၚလိုက္ပါလာသူလူႏွစ္ဦး ထိခိုက္ဒဏ္ရာရ ရွိခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ဒီကေန႔ နံနက္ပိုင္းအခ်ိန္က ရန္ကုန္ - ေနျပည္ေတာ္လမ္းမိုင္တိုင္အမွတ္(၁၁၉/၄-၁၁၉/၅)အၾကား ရန္ကုန္မွ နတ္ေမာက္ၿမိဳ႕ဘက္ သို႔ယာဥ္ေမာင္း ဦးဝင္းတင္ ေ႐ႊျပည္သာၿမိဳ႕နယ္ေနသူေမာင္းႏွင္လာေသာ BGO 5N/----Dyna အျဖဴေရာင္ယာဥ္သည္ လမ္းလယ္တြင္ လမ္းေခ်ာ္၍တိမ္းေမွာက္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းႏွင့္ယာဥ္ေပၚပါလာသည့္ ကေလးငယ္တစ္ဦးအပါအဝင္ လူ ၁၀ ဦးအနက္ အမ်ိဳးသမီး ၁ ဦး၊အမ်ိဳးသား ၁ ဦး ထိခိုက္ဒဏ္ရာရွိခဲ့သျဖင့္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕၊ျဖဴးစခန္းမွတပ္ဖြဲ႕ဝင္မ်ားႏွင့္ အေထာက္အကူျပဳ အဖြဲ႕မ်ားက လိုအပ္သည့္ကူညီမႈမ်ားကို ေဆာင္႐ြက္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၂၆
ဓါတ္ပုံ - အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕။