အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထူထောင်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ပါတီမူဝါဒသဘောထား ရှင်းလင်းပွဲ ပြုလုပ်

အငြိမ်းစား စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထူထောင်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ပါတီမူဝါဒသဘောထား ရှင်းလင်းပွဲ ပြုလုပ်

ယခင် စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထူထောင်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ Democratic Party of National Politics(DNP)ရဲ့ပါတီ မူဝါဒသဘောထားရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ ဇူလိုင် ၂၇ ရက်၊နံနက် ၁၀ နာရီအချိန်မှစတင်၍  ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်ရှိ House of Orchid Hotel မှာ ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါ ပါတီကို မြန်မာအမျိုးသားတစ်ရပ်လုံးအတွက် လူမှု အကျိုးစီးပွားကာကွယ်စောင့်ရှောက်မှု၊ လူမှုဘဝတရားမျှတမှု တာဝန်ယူ တာဝန်ခံသည့်အုပ်ချုပ်ရေးစနစ်၊ မှန်ကန်အမျှတသည့် တရား စီရင်ရေးနှင့် မျှတသည့် အကျိုးအမြတ်ခွဲဝေမှုများဖြင့် တိုင်းရင်းသားတစ်ရပ်လုံးဖွံ့ဖြိုးတိုးတက်စေဖို့ ဆိုတဲ့ အစရှိသည့် ရည်ရွယ်ချက်များဖြင့် ထူထောင်ရခြင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

 အငြိမ်းစားစစ်ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသော အဆိုပါ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က မေလ ၁၇ ရက်နေ့တွင် တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ချပေးပြီး အသိအမှတ်ပြုပေးခဲ့ တာလည်းဖြစ် ပါတယ်။ ်ယင်းအမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို ယခင်အစိုးရ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် (ဒုတိယဗိုလ်ချုပ်ကြီး ငြိမ်း)က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂၇

( Zawgyi  )

 ယခင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ားျဖင့္ ဖြဲ႕စည္းထူေထာင္ထားသည့္ အမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီ Democratic Party of National Politics(DNP)ရဲ႕ပါတီ မူဝါဒသေဘာထားရွင္းလင္းပြဲတစ္ရပ္ကို ဒီကေန႔ ဇူလိုင္ ၂၇ ရက္၊နံနက္ ၁၀ နာရီအခ်ိန္မွစတင္၍  ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ရွိ House of Orchid Hotel မွာ ျပဳလုပ္လ်က္ရွိပါတယ္။ အဆိုပါ ပါတီကို ျမန္မာအမ်ိဳးသားတစ္ရပ္လုံးအတြက္ လူမႈ အက်ိဳးစီးပြားကာကြယ္ေစာင့္ေရွာက္မႈ၊ လူမႈဘဝတရားမွ်တမႈ တာဝန္ယူ တာဝန္ခံသည့္အုပ္ခ်ဳပ္ေရးစနစ္၊ မွန္ကန္အမွ်တသည့္ တရား စီရင္ေရးႏွင့္ မွ်တသည့္ အက်ိဳးအျမတ္ခြဲေဝမႈမ်ားျဖင့္ တိုင္းရင္းသားတစ္ရပ္လုံးဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ဆိုတဲ့ အစရွိသည့္ ရည္႐ြယ္ခ်က္မ်ားျဖင့္ ထူေထာင္ရျခင္းလည္းျဖစ္တယ္လို႔ ဆိုပါတယ္။

 အၿငိမ္းစားစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဟာင္းမ်ားျဖင့္ ဖြဲ႕စည္းထားေသာ အဆိုပါ အမ်ိဳးသားႏိုင္ငံေရး ဒီမိုကရက္တစ္ပါတီကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ က ေမလ ၁၇ ရက္ေန႔တြင္ တရားဝင္ ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ခ်ေပးၿပီး အသိအမွတ္ျပဳေပးခဲ့ တာလည္းျဖစ္ ပါတယ္။ ္ယင္းအမ်ိဳးသားႏိုင္ငံေရးဒီမိုကရက္တစ္ပါတီကို ယခင္အစိုးရ သမၼတ႐ုံးဝန္ႀကီးေဟာင္း ဦးစိုးေမာင္ (ဒုတိယဗိုလ္ခ်ဳပ္ႀကီး ၿငိမ္း)က ဥကၠ႒ အျဖစ္တာဝန္ယူေဆာင္႐ြက္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၂၇