အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ချ၍ သစ်ပင်စိုက်ပျိုးမည်

အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ချ၍ သစ်ပင်စိုက်ပျိုးမည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ချ၍ သစ်ပင်စိုက်ပျိုးခြင်းကို မနက်ဖြန် စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ရှိ Yangon United Sports Complex မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။

အဆိုပါ သစ်မျိုးစေ့များကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက အင်းလေး အရှေ့ကြိုးဝိုင်းဒေသမှာ နှစ်နေရာ၊ အင်းလေး အနောက်ကြိုးပြင်ကာကွယ်တောမှာ တစ်နေရာ စုစုပေါင်း (၃) နေရာမှာ စိုက်ပျိုးသွားမှာဖြစ်ပြီး အကျယ်အဝန်းဧရိယာအားဖြင့်  ၂၅၂၀ ဧကတွင် သစ်မျိုးစေ့ စေ့ဘောအလုံးပေါင်း (တစ်သိန်းလေးသောင်း ခုနှစ်ရာ့ကိုးဆယ်) ကို ကြဲချစိုက်ပျိုးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“မနက်ဖြန်မှာ အင်းလေးဒေသမှာ ရဟတ်ယာဉ်တွေနဲ့ သစ်စေ့မျိုးစေ့ချတာတွေကို ဆောင်ရွက်မယ်။ယခင်ကတော့ ဒီလိုနည်းပညာနဲ့ ကိုးခရိုင် စိမ်းလန်းစိုပြေရေးမှာ ဆောင်ရွက်ခဲ့ဘူးပါတယ်။ယခုဆောင်ရွက်မယ့်နေရာက ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ထဲက အင်းလေး အရှေ့ကြိုးဝိုင်းမှာ နှစ်နေရာ၊ အင်းလေး အနောက်ကြိုးပြင်ကာကွယ်တောမှာ တစ်နေရာ စုစုပေါင်း ၃ နေရာမှာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ဒီသုံးနေရာက ဧရိယာဧကအားဖြင့် ၂၅၂၀ ဧက ရှိပါတယ်။အဲ့ဧကအားလုံးကို လွှမ်းခြုံနိုင်အောင်  ဝေဟင်ကနေ သစ်မျိုးစေ့ ကြဲချသွားမှာဖြစ်ပါတယ်။ပြောရရင် ကျနော်တို့ဆောင်ရွက်တဲ့ ပုံစံကတော့ စေ့ဘောလေးတွေ လုပ်ပါတယ်။စေ့ဘောဆိုတာကလည်း ကျနော်တို့ရဲ့ မျိုးစေ့လေးတွေကို မြေဆွေးတွေ မြေးစေးတွေနဲ့ လောက်စလုံးလေးလို လုံးပြီးတော့ လုပ်တဲ့ဟာလေး ဖြစ်ပါတယ်။စေ့ဘောနဲ့ ရိုးရိုးသစ်မျိုးစေ့ ကြဲတာက ဘာကွာလဲဆိုရင် သစ်မျိုးစေ့ကြဲတာကတော့ သစ်မျိုးစေ့တွေက ပေါ့ပါးတယ်။ရဟတ်ယာဉ်ရဲ့ ပန်ကာလေနဲ့ လိုရာမရောက်ဘူးပေါ့။အကုန်လုံးက အများအားဖြင့် အလေအလွင့်များတာပေါ့။ဒီစေ့ဘောလေးတွေနဲ့ကျတော့ လိုရာကို အနီးစပ်ဆုံးရောက်အောင်ထားပြီး လုပ်တာဖြစ်ပါတယ်။မြေဆွေးနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် သူသည် မြေကြီးပေါ်ရောက်တဲ့အခါမှာ မြေကြီးရဲ့ အစိုဓါတ်နဲ့ မိုးရွာလိုက်ရင် အစေ့လေးတွေပြန်ထွက်လာပြီး အညှောင့်လေးတွေပေါက်မယ် အဲ့ကမှ အပင်ပေါက်လာမှာ ဖြစ်ပါတယ်။ဒီထဲမှာတော့ စေ့ဘောတစ်လုံးမှာ မျိုးစေ့သုံးစေ့ကနေ ငါးစေ့အထိ သုံးထားတာဖြစ်ပါတယ်။စုစုပေါင်း စေ့ဘောအလုံးပေါင်းက  တစ်သိန်းလေးသောင်း ခုနှစ်ရာ့ကိုးဆယ်ကို ပေါင်းထားတာ ဖြစ်ပါတယ်။အဲ့ဒီစေ့ဘော သုံးစေ့၊ ငါးစေ့ တွက်ကြည့်ရင် သစ်ပင် ၅ သိန်းကျော် ပါဝင်မှာဖြစ်ပါတယ်။” လို့ ရန်ကုန်တိုင်းဒေသကြီး၊သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုး က ပြောပါတယ်။

ယခုကဲ့သို့ ဝေဟင်မှ ရဟတ်ယာဉ်သုံးပြီး သစ်မျိုးစေ့ကြဲချ စိုက်ပျိုးရတာဟာ ယင်းစိုက်ပျိုးမည့် ဧရိယာဟာ အင်းလေးကန်ဒေသရှိ သစ်ပင်ပေါက်ရောက်မှုမရှိသော တောင်ကတုံးများဖြစ်ပြီး အမြင့်ပေ ၅၀၀၀ ကနေ အမြင့်ပေ ၆၆၀၀ ခန့်ရှိသည့် နေရာများဖြစ်သည့်အတွက် ပျိုးပင်လေးတွေကို လူနဲ့သယ်ယူပြီး စိုက်ပျိုးပါက အခက်အခဲရှိသည့်အတွက် နည်းပညာအကူအညီကို ရယူပြီး ဝေဟင်ကနေ သစ်မျိုးစေ့  စေ့ဘောကြဲချ စိုက်ပျိုးခြင်းနည်းလမ်းကို အသုံးပြုရတာဖြစ်ကြောင်းနှင့် အဆိုပါဒေသတွင် သစ်တောများ လွှမ်းခြုံလာဖို့အတွက် ထူးကုမ္ပဏီများအုပ်စုနှင့် သစ်တောဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ရခြင်း ဖြစ်တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးသိန်းတိုး က ဆက်လက်ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ယခုလို အပြန်အလှန်ပူးပေါင်းလုပ်ဆောင်ရတာဟာ တိုင်းပြည်မှာ စေတနာဖြင့် သစ်ပင်တွေ သစ်တောတွေကို ထွန်းကားစေချင်လို့ဖြစ်ပြီး ထူးကုမ္ပဏီက မေတ္တာဖြင့် ပါဝင်ကူညီတာ ဖြစ်တယ်လို့လည်း ထူးကုမ္ပဏီများအုပ်စု ဥက္ကဌ၏ အကြံပေးဖြစ်သူ စိုက်ပျိုးရေးပညာရှင် ဒေါက်တာမောင်မာ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ဘက်က စလုပ်ဖို့ဖြစ်လာတာပါ။ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဥက္ကဌက သူများနိုင်ငံတွေမှာ စေ့ဘောတွေကြဲပြီး စိုက်တာတွေ့တော့ သူလည်းစိုက်ချင်လာတာပေါ့။သူလည်း မြေပြင်ပေါ်မှာ ဒီအတိုင်းစိုက်တာတွေကို တွေ့ရတော့ ဒီလို နည်းပညာအကူအညီသုံးပြီးတော့ လုပ်လိုက်လို့ရှိရင် ပိုပြီးတော့များများစားစား မြန်မြန်ဆန်ဆန်ပြီးမယ်ပေါ့။အဲ့တော့ ကျနော်တို့က သစ်တောဝန်ကြီးဌာနကို ကမ်းလှမ်းပါတယ်။သစ်တောဦးစီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီးမှ လုပ်ဖြစ်တာဖြစ်ပါတယ်။သစ်တောတွေရှိနေတာက အရေးကြီးပါတယ်။စိုက်ပြီးတော့ ပစ်ထားမှာလည်း မဟုတ်ပါဘူး။ဖြစ်ထွန်းမှုတွေ ရှင်သန်မှုတွေကို ဒါတွေကို အောင်မြင်အောင်လုပ်ဖို့ရှိပါတယ်။ဒီဟာအောင်မြင်ရင်တော့ ကျန်ဒေသတွေ ဆက်လုပ်ဖို့ရှိပါတယ်။ယခင်ကလည်း မြန်မာနိုင်ငံမှာ ရဟတ်ယာဉ်၊ လေယာဉ်တွေ သုံးပြီးတော့သစ်စေ့များကြဲချ စိုက်ပျိုးမှုများ ရှိခဲ့ပါတယ်။ယခုပြုလုပ်တဲ့ သစ်စေ့များကို အလေအလွင့် အနည်းဆုံးဖြစ်အောင် Seed Balls များ ပြုလုပ်၍ ကြဲချစိုက်ပျိုးခြင်းမှာ မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်ပါတယ်။ဒီလိုနည်းပညာနဲ့ စိုက်ပျိုးဖို့ ဥက္ကဋ္ဌ ဦးတေဇ မှ လမ်းညွှန်ခဲ့ခြင်း ဖြစ်ပါတယ်။” လို့ ထူးကုမ္ပဏီများအုပ်စု ဥက္ကဌ၏ အကြံပေးဖြစ်သူ စိုက်ပျိုးရေးပညာရှင် ဒေါက်တာမောင်မာ က ဆက်လက်ပြောကြားခဲ့ပါတယ်။

ယခုစိုက်ပျိုးမည့် သစ်အမျိုးအစားတွေဟာ အဆိုပါဒေသမှာ ပေါက်ရောက်တဲ့ သစ်အမျိုးအစားတွေဖြစ်ပြီး နေရာတော်တော်များများမှာ ပေါက်နိုင်တဲ့ သစ်မျိုးစေ့တွေဖြစ်တယ်လု့ိ ဆိုပါတယ်။ဒါ့အပြင် ထူးကုမ္ပဏီများအုပ်စု၊ Air Myanmar Aviation Services မှ ရဟတ်ယာဉ်သည် စက်တင်ဘာလ (၁၃) ရက်နေ့တွင် မန္တလေးမှ ထွက်ခွာ၍ စက်တင်ဘာလ (၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့များတွင် သစ်စေ့နှင့် အထူးစီမံပြုလုပ်ထားသည့် Seed Balls များကို သတ်မှတ်နေရာများဖြစ်သည့် လွယ်ခေါ့ (အင်း) ကျေးရွာအနီး၊ အင်းနီးကျေးရွာအနီးနှင့် ထီးလှိုင်ကျေးရွာများအနီးတွင် ကြဲချစိုက်ပျိုးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို့အတူ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲသို့ ထူးဖောင်ဒေးရှင်း အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုး၊ ထူးကုမ္ပဏီများအုပ်စု ဥက္ကဌအကြံပေး စိုက်ပျိုးရေးပညာရှင် ဒေါက်တာမောင်မာ နှင့် Air Myanmar Aviation Services – AMAS မန်နေဂျင်းဒါရိုက်တာ ဦးရဲမြင့် တို့က တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ် အင်းလေးကန်ဒေသတွင် ရဟတ်ယာဉ်ဖြင့် ဝေဟင်မှ သစ်မျိုးစေ့ချ၍ သစ်ပင်စိုက်ပျိုးမည့် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ စက်တင်ဘာ - ၁၄

( Zawgyi )

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာနႏွင့္ ထူးကုမၸဏီမ်ားအုပ္စုတို႔ ပူးေပါင္းၿပီး ရွမ္းျပည္နယ္ (ေတာင္ပိုင္း)၊ အင္းေလးကန္ေဒသတြင္ ရဟတ္ယာဥ္ျဖင့္ ေဝဟင္မွ သစ္မ်ိဳးေစ့ခ်၍ သစ္ပင္စိုက္ပ်ိဳးျခင္းကို မနက္ျဖန္ စက္တင္ဘာ ၁၄ ရက္ေန႔မွ စတင္ကာ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ စက္တင္ဘာ ၁၃ ရက္က ရန္ကုန္ၿမိဳ႕ရွိ Yangon United Sports Complex မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွ သိရပါတယ္။

အဆိုပါ သစ္မ်ိဳးေစ့မ်ားကို ရွမ္းျပည္နယ္၊ ေနာင္ခ်ိဳၿမိဳ႕နယ္ထဲက အင္းေလး အေရွ႕ႀကိဳးဝိုင္းေဒသမွာ ႏွစ္ေနရာ၊ အင္းေလး အေနာက္ႀကိဳးျပင္ကာကြယ္ေတာမွာ တစ္ေနရာ စုစုေပါင္း (၃) ေနရာမွာ စိုက္ပ်ိဳးသြားမွာျဖစ္ၿပီး အက်ယ္အဝန္းဧရိယာအားျဖင့္  ၂၅၂၀ ဧကတြင္ သစ္မ်ိဳးေစ့ ေစ့ေဘာအလုံးေပါင္း (တစ္သိန္းေလးေသာင္း ခုႏွစ္ရာ့ကိုးဆယ္) ကို ႀကဲခ်စိုက္ပ်ိဳးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

“မနက္ျဖန္မွာ အင္းေလးေဒသမွာ ရဟတ္ယာဥ္ေတြနဲ႔ သစ္ေစ့မ်ိဳးေစ့ခ်တာေတြကို ေဆာင္႐ြက္မယ္။ယခင္ကေတာ့ ဒီလိုနည္းပညာနဲ႔ ကိုးခ႐ိုင္ စိမ္းလန္းစိုေျပေရးမွာ ေဆာင္႐ြက္ခဲ့ဘူးပါတယ္။ယခုေဆာင္႐ြက္မယ့္ေနရာက ရွမ္းျပည္နယ္ ေနာင္ခ်ိဳၿမိဳ႕နယ္ထဲက အင္းေလး အေရွ႕ႀကိဳးဝိုင္းမွာ ႏွစ္ေနရာ၊ အင္းေလး အေနာက္ႀကိဳးျပင္ကာကြယ္ေတာမွာ တစ္ေနရာ စုစုေပါင္း ၃ ေနရာမွာ စိုက္ပ်ိဳးသြားမွာျဖစ္ပါတယ္။ဒီသုံးေနရာက ဧရိယာဧကအားျဖင့္ ၂၅၂၀ ဧက ရွိပါတယ္။အဲ့ဧကအားလုံးကို လႊမ္းၿခဳံႏိုင္ေအာင္  ေဝဟင္ကေန သစ္မ်ိဳးေစ့ ႀကဲခ်သြားမွာျဖစ္ပါတယ္။ေျပာရရင္ က်ေနာ္တို႔ေဆာင္႐ြက္တဲ့ ပုံစံကေတာ့ ေစ့ေဘာေလးေတြ လုပ္ပါတယ္။ေစ့ေဘာဆိုတာကလည္း က်ေနာ္တို႔ရဲ႕ မ်ိဳးေစ့ေလးေတြကို ေျမေဆြးေတြ ေျမးေစးေတြနဲ႔ ေလာက္စလုံးေလးလို လုံးၿပီးေတာ့ လုပ္တဲ့ဟာေလး ျဖစ္ပါတယ္။ေစ့ေဘာနဲ႔ ႐ိုး႐ိုးသစ္မ်ိဳးေစ့ ႀကဲတာက ဘာကြာလဲဆိုရင္ သစ္မ်ိဳးေစ့ႀကဲတာကေတာ့ သစ္မ်ိဳးေစ့ေတြက ေပါ့ပါးတယ္။ရဟတ္ယာဥ္ရဲ႕ ပန္ကာေလနဲ႔ လိုရာမေရာက္ဘူးေပါ့။အကုန္လုံးက အမ်ားအားျဖင့္ အေလအလြင့္မ်ားတာေပါ့။ဒီေစ့ေဘာေလးေတြနဲ႔က်ေတာ့ လိုရာကို အနီးစပ္ဆုံးေရာက္ေအာင္ထားၿပီး လုပ္တာျဖစ္ပါတယ္။ေျမေဆြးနဲ႔ လုပ္ထားတာျဖစ္တဲ့အတြက္ သူသည္ ေျမႀကီးေပၚေရာက္တဲ့အခါမွာ ေျမႀကီးရဲ႕ အစိုဓါတ္နဲ႔ မိုး႐ြာလိုက္ရင္ အေစ့ေလးေတြျပန္ထြက္လာၿပီး အေညႇာင့္ေလးေတြေပါက္မယ္ အဲ့ကမွ အပင္ေပါက္လာမွာ ျဖစ္ပါတယ္။ဒီထဲမွာေတာ့ ေစ့ေဘာတစ္လုံးမွာ မ်ိဳးေစ့သုံးေစ့ကေန ငါးေစ့အထိ သုံးထားတာျဖစ္ပါတယ္။စုစုေပါင္း ေစ့ေဘာအလုံးေပါင္းက  တစ္သိန္းေလးေသာင္း ခုႏွစ္ရာ့ကိုးဆယ္ကို ေပါင္းထားတာ ျဖစ္ပါတယ္။အဲ့ဒီေစ့ေဘာ သုံးေစ့၊ ငါးေစ့ တြက္ၾကည့္ရင္ သစ္ပင္ ၅ သိန္းေက်ာ္ ပါဝင္မွာျဖစ္ပါတယ္။” လို႔ ရန္ကုန္တိုင္းေဒသႀကီး၊သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသိန္းတိုး က ေျပာပါတယ္။

ယခုကဲ့သို႔ ေဝဟင္မွ ရဟတ္ယာဥ္သုံးၿပီး သစ္မ်ိဳးေစ့ႀကဲခ် စိုက္ပ်ိဳးရတာဟာ ယင္းစိုက္ပ်ိဳးမည့္ ဧရိယာဟာ အင္းေလးကန္ေဒသရွိ သစ္ပင္ေပါက္ေရာက္မႈမရွိေသာ ေတာင္ကတုံးမ်ားျဖစ္ၿပီး အျမင့္ေပ ၅၀၀၀ ကေန အျမင့္ေပ ၆၆၀၀ ခန႔္ရွိသည့္ ေနရာမ်ားျဖစ္သည့္အတြက္ ပ်ိဳးပင္ေလးေတြကို လူနဲ႔သယ္ယူၿပီး စိုက္ပ်ိဳးပါက အခက္အခဲရွိသည့္အတြက္ နည္းပညာအကူအညီကို ရယူၿပီး ေဝဟင္ကေန သစ္မ်ိဳးေစ့  ေစ့ေဘာႀကဲခ် စိုက္ပ်ိဳးျခင္းနည္းလမ္းကို အသုံးျပဳရတာျဖစ္ေၾကာင္းႏွင့္ အဆိုပါေဒသတြင္ သစ္ေတာမ်ား လႊမ္းၿခဳံလာဖို႔အတြက္ ထူးကုမၸဏီမ်ားအုပ္စုႏွင့္ သစ္ေတာဦးစီးဌာနတို႔က ပူးေပါင္းေဆာင္႐ြက္ရျခင္း ျဖစ္တယ္လို႔လည္း ၫႊန္ၾကားေရးမႉး ဦးသိန္းတိုး က ဆက္လက္ရွင္းျပခဲ့ပါတယ္။

ဒါ့အျပင္ ယခုလို အျပန္အလွန္ပူးေပါင္းလုပ္ေဆာင္ရတာဟာ တိုင္းျပည္မွာ ေစတနာျဖင့္ သစ္ပင္ေတြ သစ္ေတာေတြကို ထြန္းကားေစခ်င္လို႔ျဖစ္ၿပီး ထူးကုမၸဏီက ေမတၱာျဖင့္ ပါဝင္ကူညီတာ ျဖစ္တယ္လို႔လည္း ထူးကုမၸဏီမ်ားအုပ္စု ဥကၠဌ၏ အႀကံေပးျဖစ္သူ စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာေမာင္မာ က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

“ဒီကိစၥနဲ႔ပတ္သက္လို႔ က်ေနာ္တို႔ဘက္က စလုပ္ဖို႔ျဖစ္လာတာပါ။ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ ဥကၠဌက သူမ်ားႏိုင္ငံေတြမွာ ေစ့ေဘာေတြႀကဲၿပီး စိုက္တာေတြ႕ေတာ့ သူလည္းစိုက္ခ်င္လာတာေပါ့။သူလည္း ေျမျပင္ေပၚမွာ ဒီအတိုင္းစိုက္တာေတြကို ေတြ႕ရေတာ့ ဒီလို နည္းပညာအကူအညီသုံးၿပီးေတာ့ လုပ္လိုက္လို႔ရွိရင္ ပိုၿပီးေတာ့မ်ားမ်ားစားစား ျမန္ျမန္ဆန္ဆန္ၿပီးမယ္ေပါ့။အဲ့ေတာ့ က်ေနာ္တို႔က သစ္ေတာဝန္ႀကီးဌာနကို ကမ္းလွမ္းပါတယ္။သစ္ေတာဦးစီးဌာနက တာဝန္ရွိပုဂၢိဳလ္ေတြနဲ႔ အႀကိမ္ႀကိမ္ေဆြးေႏြးၿပီးမွ လုပ္ျဖစ္တာျဖစ္ပါတယ္။သစ္ေတာေတြရွိေနတာက အေရးႀကီးပါတယ္။စိုက္ၿပီးေတာ့ ပစ္ထားမွာလည္း မဟုတ္ပါဘူး။ျဖစ္ထြန္းမႈေတြ ရွင္သန္မႈေတြကို ဒါေတြကို ေအာင္ျမင္ေအာင္လုပ္ဖို႔ရွိပါတယ္။ဒီဟာေအာင္ျမင္ရင္ေတာ့ က်န္ေဒသေတြ ဆက္လုပ္ဖို႔ရွိပါတယ္။ယခင္ကလည္း ျမန္မာႏိုင္ငံမွာ ရဟတ္ယာဥ္၊ ေလယာဥ္ေတြ သုံးၿပီးေတာ့သစ္ေစ့မ်ားႀကဲခ် စိုက္ပ်ိဳးမႈမ်ား ရွိခဲ့ပါတယ္။ယခုျပဳလုပ္တဲ့ သစ္ေစ့မ်ားကို အေလအလြင့္ အနည္းဆုံးျဖစ္ေအာင္ Seed Balls မ်ား ျပဳလုပ္၍ ႀကဲခ်စိုက္ပ်ိဳးျခင္းမွာ ျမန္မာႏိုင္ငံတြင္ ပထမဆုံးျဖစ္ပါတယ္။ဒီလိုနည္းပညာနဲ႔ စိုက္ပ်ိဳးဖို႔ ဥကၠ႒ ဦးေတဇ မွ လမ္းၫႊန္ခဲ့ျခင္း ျဖစ္ပါတယ္။” လို႔ ထူးကုမၸဏီမ်ားအုပ္စု ဥကၠဌ၏ အႀကံေပးျဖစ္သူ စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာေမာင္မာ က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ယခုစိုက္ပ်ိဳးမည့္ သစ္အမ်ိဳးအစားေတြဟာ အဆိုပါေဒသမွာ ေပါက္ေရာက္တဲ့ သစ္အမ်ိဳးအစားေတြျဖစ္ၿပီး ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေပါက္ႏိုင္တဲ့ သစ္မ်ိဳးေစ့ေတြျဖစ္တယ္လု႔ိ ဆိုပါတယ္။ဒါ့အျပင္ ထူးကုမၸဏီမ်ားအုပ္စု၊ Air Myanmar Aviation Services မွ ရဟတ္ယာဥ္သည္ စက္တင္ဘာလ (၁၃) ရက္ေန႔တြင္ မႏၲေလးမွ ထြက္ခြာ၍ စက္တင္ဘာလ (၁၄) ရက္ေန႔ႏွင့္ (၁၅) ရက္ေန႔မ်ားတြင္ သစ္ေစ့ႏွင့္ အထူးစီမံျပဳလုပ္ထားသည့္ Seed Balls မ်ားကို သတ္မွတ္ေနရာမ်ားျဖစ္သည့္ လြယ္ေခါ့ (အင္း) ေက်း႐ြာအနီး၊ အင္းနီးေက်း႐ြာအနီးႏွင့္ ထီးလႈိင္ေက်း႐ြာမ်ားအနီးတြင္ ႀကဲခ်စိုက္ပ်ိဳးသြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ထို႔အတူ ဒီကေန႔ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲသို႔ ထူးေဖာင္ေဒးရွင္း အမႈေဆာင္အရာရွိခ်ဳပ္ ဦးေပၚျမင့္ဦး၊ ရန္ကုန္တိုင္းေဒသႀကီး၊ သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးသိန္းတိုး၊ ထူးကုမၸဏီမ်ားအုပ္စု ဥကၠဌအႀကံေပး စိုက္ပ်ိဳးေရးပညာရွင္ ေဒါက္တာေမာင္မာ ႏွင့္ Air Myanmar Aviation Services – AMAS မန္ေနဂ်င္းဒါ႐ိုက္တာ ဦးရဲျမင့္ တို႔က တက္ေရာက္ခဲ့ၿပီး ရွမ္းျပည္နယ္ အင္းေလးကန္ေဒသတြင္ ရဟတ္ယာဥ္ျဖင့္ ေဝဟင္မွ သစ္မ်ိဳးေစ့ခ်၍ သစ္ပင္စိုက္ပ်ိဳးမည့္ ကိစၥရပ္ေတြနဲ႔ ပတ္သက္လို႔ ရွင္းလင္းေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ စက္တင္ဘာ - ၁၄