သပိတ်ကျင်းတွင် ငလျင်တိုင်းတာခြင်းများ စတင်ဆောင်ရွက်

သပိတ်ကျင်းတွင် ငလျင်တိုင်းတာခြင်းများ စတင်ဆောင်ရွက်

သပိတ်ကျင်း ငလျင်လှုပ်ခတ်ခဲ့သည့် နေရာများတွင် ငလျင်တိုင်းတာခြင်းများအား ၂၀၁၉ ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင်ပြီး ငလျင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးသန့် က Opinion Leaders Media ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“သပိတ်ကျင်းကိုသွားပြီးတော့ ငလျင်လှုပ်တုန်းက ရွှေ့သွားတဲ့ဟာလေးတွေ အကြိုသဘောမျိုးပေါ့ လိုက်တိုင်းထားတာလေးတွေ ရှိတယ်။ဒရုန်းနဲ့ပေါ့ သပိတ်ကျင်းရဲ့ မြောက်ဘက်နဲ့ တောင်ဘက် စစ်ကိုင်းပြတ်ရွေ့တလျှောက်ကို ဒရုန်းလေးနဲ့ တိုင်းထားတယ်။ပြီးမှ ဘယ်နေရာလေးကို အတိတ်ငလျင်တွေကို လေ့လာဖို့ ကျင်းတွေဘာတွေ တူးကြမလဲ ရွေးခဲ့တာပေါ့။ဒေသခံလယ်မြေပိုင်ရှင်တွေနဲ့လည်း ဆွေးနွေးခဲ့ကြတယ်” လို့ ဆိုပါတယ်။

ဒေါက်တာမျိုးသန့်နှင့်အတူ တောင်ငူတက္ကသိုလ်မှ ဒေါက်တာစိုးမင်း၊ ဟင်္သာတ တက္ကသိုလ်မှ ဒေါက်တာစောငွေခိုင် တို့ (၃) ဦးသည် မတ်လ ၉ ရက်မှ စတင်ပြီး ၃ ရက်ကြာ ငလျင်တိုင်းတာခြင်း အကြိုလုပ်ငန်းစဉ်များ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မေလတွင် ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်းပြီး သပိတ်ကျင်းရှိ စစ်ကိုင်းပြတ်ရွေ့တွင် ငလျင်တိုင်းတာခြင်းများ ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်တမ်းများအရ စစ်ကိုင်းပြတ်ရွေ့ကြောင့် သပိတ်ကျင်းတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က အင်အား ၆ ဒသမ ၈ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဧပြီ ၂၀
ဓာတ်ပုံ - Myanmar Earthquate Committee

( Zawgyi )

သပိတ္က်င္း ငလ်င္လႈပ္ခတ္ခဲ့သည့္ ေနရာမ်ားတြင္ ငလ်င္တိုင္းတာျခင္းမ်ားအား ၂၀၁၉ ခုႏွစ္ မတ္လ ၉ ရက္ေန႔မွ စတင္ၿပီး ငလ်င္ႏွင့္ ပတ္သက္သည့္ သတင္းအခ်က္အလက္မ်ား တိုင္းတာစစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံ ေျမငလ်င္ေကာ္မတီ ဒုတိယဥကၠ႒ ဦးမ်ိဳးသန႔္ က Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။

“သပိတ္က်င္းကိုသြားၿပီးေတာ့ ငလ်င္လႈပ္တုန္းက ေ႐ႊ႕သြားတဲ့ဟာေလးေတြ အႀကိဳသေဘာမ်ိဳးေပါ့ လိုက္တိုင္းထားတာေလးေတြ ရွိတယ္။ဒ႐ုန္းနဲ႔ေပါ့ သပိတ္က်င္းရဲ႕ ေျမာက္ဘက္နဲ႔ ေတာင္ဘက္ စစ္ကိုင္းျပတ္ေ႐ြ႕တေလွ်ာက္ကို ဒ႐ုန္းေလးနဲ႔ တိုင္းထားတယ္။ၿပီးမွ ဘယ္ေနရာေလးကို အတိတ္ငလ်င္ေတြကို ေလ့လာဖို႔ က်င္းေတြဘာေတြ တူးၾကမလဲ ေ႐ြးခဲ့တာေပါ့။ေဒသခံလယ္ေျမပိုင္ရွင္ေတြနဲ႔လည္း ေဆြးေႏြးခဲ့ၾကတယ္” လို႔ ဆိုပါတယ္။

ေဒါက္တာမ်ိဳးသန႔္ႏွင့္အတူ ေတာင္ငူတကၠသိုလ္မွ ေဒါက္တာစိုးမင္း၊ ဟသၤာတ တကၠသိုလ္မွ ေဒါက္တာေစာေငြခိုင္ တို႔ (၃) ဦးသည္ မတ္လ ၉ ရက္မွ စတင္ၿပီး ၃ ရက္ၾကာ ငလ်င္တိုင္းတာျခင္း အႀကိဳလုပ္ငန္းစဥ္မ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ေမလတြင္ ဘူမိေဗဒ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္အတူ ပူးေပါင္းၿပီး သပိတ္က်င္းရွိ စစ္ကိုင္းျပတ္ေ႐ြ႕တြင္ ငလ်င္တိုင္းတာျခင္းမ်ား ဆက္လက္ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

မွတ္တမ္းမ်ားအရ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင့္ သပိတ္က်င္းတြင္ ၂၀၁၂ ခုႏွစ္ ႏိုဝင္ဘာလ ၆ ရက္ေန႔က အင္အား ၆ ဒသမ ၈ အဆင့္ ငလ်င္လႈပ္ခတ္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဧၿပီ ၂၀
ဓာတ္ပုံ - Myanmar Earthquate Committee