သတင်းစာလွတ်လပ်ခွင့်ကိစ္စအပါအဝင် ကျင့်ဝတ်နှင့်အညီ သတင်းရယူနိုင်ရေးကိစ္စများအတွက်လည်း မဏ္ဍိုင်လေး ရပ်တွေ့ဆုံရာတွင် ထည့်သွင်းဆွေးနွေးသွားရန်ရှိနေ

သတင်းစာလွတ်လပ်ခွင့်ကိစ္စအပါအဝင် ကျင့်ဝတ်နှင့်အညီ သတင်းရယူနိုင်ရေးကိစ္စများအတွက်လည်း မဏ္ဍိုင်လေး ရပ်တွေ့ဆုံရာတွင် ထည့်သွင်းဆွေးနွေးသွားရန်ရှိနေ

လာမယ့်ဇွန်လ ၁၄ ရက်မှာကျင်းပမယ့် မဏ္ဍိုင်ကြီးလေးရပ် တွေ့ဆုံဆွေးနွေးတဲ့အခါ သတင်းစာလွတ်လပ်ခွင့် ကိစ္စအပါအဝင် ကျင့်ဝတ်နဲ့ အညီသတင်းရယူနိုင်ရေးကိစ္စများအတွက်ကိုလည်း ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ရန်ကုန်မြို့က Pullman Hotel မှာ ဒီကနေ့ပြုလုပ်တဲ့ အကြိုညှိနှိုင်း ဆွေးနွေးပွဲမှ သိရပါတယ်။

“အဓိကကတော့ သတင်းမီဒီယာတွေကြားမှာ ကြုံနေရတဲ့ အခြေအနေတွေ၊ သတင်းရယူခွင့်အတွက် ကျင့်ဝတ်နဲ့အညီ ရယူလုပ်ဆောင်နိုင်ဖို့ အဟန့်အတားဖြစ်စေတဲ့ အခြေနေတွေအတွက် အသေးစိတ်ကျတဲ့ အခြေအနေတွေအပေါ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်)က ရှင်းပြပါတယ်။ အဆိုပါအခမ်းအနားမှာ အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍတွေ၊ ဥပဒေပြုရေးကဏ္ဍတွေ၊ တရားစီရင်ရေးကဏ္ဍတွေမှာ သတင်းရယူခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ အတွက် သတင်းမီဒီယာ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ယခုဆွေးနွေးထားတဲ့ အခြေအနေတွေကို မဏ္ဍိုင်လေးရပ်တွေ့ဆုံဆွေးနွေးတဲ့အခါ အဓိကထား ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုကဲ့သို့သော မဏ္ဍိုင်လေးရပ် တွေ့ဆုံဆွေးနွေးပွဲကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မှစတင်ကာ ယခု ၂၀၁၉ ခုနှစ်အတွင်း လွန်ခဲ့တဲ့ ဧပြီလ ကုန်ပိုင်း မှာကျင်းပတဲ့ ဆွေးနွေးပွဲအထိ နေပြည်တော်တွင် သုံးကြိမ်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး ကိုးခုတွင် ကိုးကြိမ် စုစုပေါင်း ၁၂ ကြိမ် ဆွေးနွေးခဲ့ကြ ပါတယ်။ နောက်ဆုံးဆွေးနွေးခဲ့ကြတဲ့ ၂၀၁၉ခုနှစ် ဧပြီ ၃၀ရက်က ကျင်းပသော ဆွေးနွေးပွဲမှာ ရလာဒ်အချက်ပေါင်း ၁၃ ချက် သဘောတူညီမှု ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၁၃

(  Zawgyi  )

 လာမယ့္ဇြန္လ ၁၄ ရက္မွာက်င္းပမယ့္ မ႑ိဳင္ႀကီးေလးရပ္ ေတြ႕ဆုံေဆြးေႏြးတဲ့အခါ သတင္းစာလြတ္လပ္ခြင့္ ကိစၥအပါအဝင္ က်င့္ဝတ္နဲ႔ အညီသတင္းရယူႏိုင္ေရးကိစၥမ်ားအတြက္ကိုလည္း ေဆြးေႏြးသြားဖို႔ ရွိေနတယ္လို႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီရဲ႕ ရန္ကုန္ၿမိဳ႕က Pullman Hotel မွာ ဒီကေန႔ျပဳလုပ္တဲ့ အႀကိဳညႇိႏႈိင္း ေဆြးေႏြးပြဲမွ သိရပါတယ္။

“အဓိကကေတာ့ သတင္းမီဒီယာေတြၾကားမွာ ႀကဳံေနရတဲ့ အေျခအေနေတြ၊ သတင္းရယူခြင့္အတြက္ က်င့္ဝတ္နဲ႔အညီ ရယူလုပ္ေဆာင္ႏိုင္ဖို႔ အဟန႔္အတားျဖစ္ေစတဲ့ အေျခေနေတြအတြက္ အေသးစိတ္က်တဲ့ အေျခအေနေတြအေပၚ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္”လို႔ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီရဲ႕ ဥကၠ႒ ဦးအုန္းႀကိဳင္ (ဟံသာဝတီ ဦးအုန္းႀကိဳင္)က ရွင္းျပပါတယ္။ အဆိုပါအခမ္းအနားမွာ အုပ္ခ်ဳပ္ေရးဆိုင္ရာ က႑ေတြ၊ ဥပေဒျပဳေရးက႑ေတြ၊ တရားစီရင္ေရးက႑ေတြမွာ သတင္းရယူခြင့္နဲ႔ ပတ္သက္တဲ့ ကိစၥေတြ အတြက္ သတင္းမီဒီယာ ကိုယ္စားလွယ္ေတြက ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ ယခုေဆြးေႏြးထားတဲ့ အေျခအေနေတြကို မ႑ိဳင္ေလးရပ္ေတြ႕ဆုံေဆြးေႏြးတဲ့အခါ အဓိကထား ေဆြးေႏြးသြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

ထိုကဲ့သို႔ေသာ မ႑ိဳင္ေလးရပ္ ေတြ႕ဆုံေဆြးေႏြးပြဲကို လြန္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွစတင္ကာ ယခု ၂၀၁၉ ခုႏွစ္အတြင္း လြန္ခဲ့တဲ့ ဧၿပီလ ကုန္ပိုင္း မွာက်င္းပတဲ့ ေဆြးေႏြးပြဲအထိ ေနျပည္ေတာ္တြင္ သုံးႀကိမ္၊ ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ကိုးခုတြင္ ကိုးႀကိမ္ စုစုေပါင္း ၁၂ ႀကိမ္ ေဆြးေႏြးခဲ့ၾက ပါတယ္။ ေနာက္ဆုံးေဆြးေႏြးခဲ့ၾကတဲ့ ၂၀၁၉ခုႏွစ္ ဧၿပီ ၃၀ရက္က က်င္းပေသာ ေဆြးေႏြးပြဲမွာ ရလာဒ္အခ်က္ေပါင္း ၁၃ ခ်က္ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၁၃