သစ်ထုတ်လုပ်မှုဝင်ငွေဖြင့် သစ်တောအစားထိုး ပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်သည့် အတွက် တိုင်းပြည်အရှုံးပေါ်ဟု သစ်လုပ်ငန်းရှင် ဥက္ကဋ္ဌ ဆို

 သစ်ထုတ်လုပ်မှုဝင်ငွေဖြင့် သစ်တောအစားထိုး ပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်သည့်အတွက် တိုင်းပြည်အရှုံးပေါ်ဟု သစ်လုပ်ငန်းရှင် ဥက္ကဋ္ဌ ဆို

သစ်ထုတ်လုပ်မှုမှ ရရှိသောဝင်ငွေဖြင့် ကုန်ဆုံးသွားသည့် သစ်ပင်များအား အစားထိုးပြန်လည်စိုက်ပျိုးရန် မဖြစ်နိုင်သည့်အတွက် တိုင်းပြည် အရှုံးပေါ်တယ်လို့ မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းက ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံသစ်တောကဏ္ဍ အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာပြောကြားခဲ့ပါတယ်။

 “ အစီရင်ခံစာက ပြီးခဲ့တဲ့ ၂ နှစ်စာကို လုပ်တာ။ပြီးခဲ့တဲ့ ၂ နှစ်စာလုပ်တာတောင် အကြိမ်ပေါင်းများစွာ ဆွေးနွေး ခဲ့ရတယ်။ကျွန်တော်တို့ တစ်နှစ်ကို ပျှမ်းမျှ နိုင်ငံခြားဝင်ငွေဒေါ်လာသန်း ၃၀၀ လောက်ပျှမ်းမျှရခြင်း ဘဲဖြစ်ပါ တယ်။နှစ်ပေါင်း ၃၀ လောက် အတွင်းမှာ သန်း၉၀၀၀ ၊ ၁ သောင်း ပေါ့၊ ၁၀ ဘီလျံလောက်ရတယ်။ဒီ ၁၀ ဘီလျံနဲ့ ကုန်ဆုံးသွားတဲ့ သစ်ပင်တွေ ပြန်စိုက်မယ်ဆိုလို့ရှိရင် ဖြစ်နိုင်သလား။ ဒါကျွန်တော် စီးပွားရေးသမား တစ်ယောက်အနေနဲ့ပြောရင် နိုင်ငံတော်ရှုံးတယ်။ပိုက်ဆံရတာနဲ့ ကုန်သွားတာ မကာမိဘူး” လို့၎င်း ကပြောကြားခဲ့ပါတယ်။

အစီရင်ခံစာအရ သစ်တောကဏ္ဍမှ ၂၀၁၄-၁၅ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း ၆၉၈၈၃၄ ရရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ကျပ် သန်းပေါင်း ၇၁၄၆၆၃ ရရှိခဲ့ကြောင်း ယင်းသည် မြန်မာနိုင်ငံစုစုပေါင်း ဂျီဒီပီ၏ ဝ.၂ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။၂၀၁၄-၁၅ဘဏ္ဍာနှစ်အတွင်း အခွန်ငွေကျပ် သန်း ၁၀၀ နှင့်အထက်ပေးဆောင်သောကုမ္ပဏီနှင့် သစ်ထုတ် လုပ်မှု တန်ချိန် ၁၀၀၀၀ အထက်အဆင့်ရှိ ကုမ္ပဏီ ၁၉ ခုရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီ ၁၆ ခုတို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၄-၁၅ဘဏ္ဍာနှစ်အတွင်း ကျွန်းသစ်ထုတ်လုပ်မှုကို မြန်မာ့သစ် လုပ်ငန်းမှ ၅၄ ရာခိုင်နှုန်းထုတ်လုပ်ခဲ့ပြီး ကန်ထရိုက်တာကုမ္ပဏီများမှ ၄၆ ရာခိုင်နှုန်းထုတ်လုပ်ခဲ့ကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာ နှစ် အတွင်း မြန်မာ့ သစ်လုပ်ငန်းမှ ၃၄ ရာခိုင်နှုန်းထုတ်လုပ်ခဲ့ပြီး ကန်ထရိုက်တာကုမ္ပဏီများမှ ၆၆ ရာခိုင်နှုန်း ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းက သစ်တောများလက်ရှိ အခြေအနေထက်ပိုမိုဆိုးရွားမသွား စေရန် စီမံကိန်းများချမှတ် အကောင်အထည်ဖော် လျှက်ရှိတယ်လို့ဆိုပါတယ်။ “သစ်တောများလက်ရှိအခြေအနေထက်ပိုမိုဆိုးမသွားဖို့ နဲ့ ပိုမိုကောင်းမွန်လာရေး ကိုရည်ရွယ်ပြီး ၁၀ နှစ် ၂၀၁၇ မှ ၂၀၂၆ ခုနှစ်အထိ ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ သစ်တော များ ပြန်လည်တည်ထောင်ရေးစီမံကိန်းကိုလည်း အကောင်အထည်ဖော်လျှက်ရှိပါတယ်။ ပုဂ္ဂလိက စိုက်ခင်း ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း စွမ်းအားရှိသမျှ ဝန်ကြီးဌာနက ဆောင်ရွက်လျှက်ရှိပါ တယ်။

 ခေတ်စနစ်နဲ့လျှော်ညီစွာနဲ့ ဌာနရဲ့လုပ်ငန်းများ ပိုမိုပွင့်လင်းမြင်သာ မှုရှိတယ်ဆိုတာဖော်ပြနိုင်ဖို့အတွက် ဆောင်ရွက်လျှက် ရှိပါတယ်။ တရားမဝင် သစ်ဖမ်းဆီးရေးဟာ ဌာနရဲ့ဝန်ထမ်းအင်အားနဲ့ အများကြီးအခက်အခဲရှိပါတယ်။ဒါ့ကြောင့်မို့လို့ ပြည်သူ့အင်အားကိုယူပြီးတော့ ပြည်သူပါဝင်တဲ့ တရားမဝင်သစ်တားဆီးကာကွယ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်လျှက်ရှိနေတယ် “ လို့ အဆိုပါအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

 မင်းထွန်း(အုတ်ကျင်း)
 ရန်ကုန်၊ ဇူလိုင် ၁၁

(  Zawgyi  )

သစ္ထုတ္လုပ္မႈမွ ရရွိေသာဝင္ေငြျဖင့္ ကုန္ဆုံးသြားသည့္ သစ္ပင္မ်ားအား အစားထိုးျပန္လည္စိုက္ပ်ိဳးရန္ မျဖစ္ႏိုင္သည့္အတြက္ တိုင္းျပည္ အရႈံးေပၚတယ္လို႔ ျမန္မာႏိုင္ငံသစ္ေတာထြက္ပစၥည္းႏွင့္ သစ္လုပ္ငန္း ရွင္မ်ားအသင္းဥကၠ႒ ဦးစိန္ဝင္းက ယေန႔ ဇူလိုင္လ ၁၁ ရက္ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕ရွိ ရွန္ဂရီလာဟိုတယ္မွာ က်င္းပျပဳလုပ္တဲ့ ျမန္မာႏိုင္ငံသစ္ေတာက႑ အစီရင္ခံစာ ထုတ္ျပန္ျခင္း အခမ္းအနားမွာေျပာၾကားခဲ့ပါတယ္။

 “ အစီရင္ခံစာက ၿပီးခဲ့တဲ့ ၂ ႏွစ္စာကို လုပ္တာ။ၿပီးခဲ့တဲ့ ၂ ႏွစ္စာလုပ္တာေတာင္ အႀကိမ္ေပါင္းမ်ားစြာ ေဆြးေႏြး ခဲ့ရတယ္။ကြၽန္ေတာ္တို႔ တစ္ႏွစ္ကို ပွ်မ္းမွ် ႏိုင္ငံျခားဝင္ေငြေဒၚလာသန္း ၃၀၀ ေလာက္ပွ်မ္းမွ်ရျခင္း ဘဲျဖစ္ပါ တယ္။ႏွစ္ေပါင္း ၃၀ ေလာက္ အတြင္းမွာ သန္း၉၀၀၀ ၊ ၁ ေသာင္း ေပါ့၊ ၁၀ ဘီလ်ံေလာက္ရတယ္။ဒီ ၁၀ ဘီလ်ံနဲ႔ ကုန္ဆုံးသြားတဲ့ သစ္ပင္ေတြ ျပန္စိုက္မယ္ဆိုလို႔ရွိရင္ ျဖစ္ႏိုင္သလား။ ဒါကြၽန္ေတာ္ စီးပြားေရးသမား တစ္ေယာက္အေနနဲ႔ေျပာရင္ ႏိုင္ငံေတာ္ရႈံးတယ္။ပိုက္ဆံရတာနဲ႔ ကုန္သြားတာ မကာမိဘူး” လို႔၎ ကေျပာၾကားခဲ့ပါတယ္။

အစီရင္ခံစာအရ သစ္ေတာက႑မွ ၂၀၁၄-၁၅ဘ႑ာႏွစ္အတြင္း က်ပ္သန္းေပါင္း ၆၉၈၈၃၄ ရရွိခဲ့ၿပီး ၂၀၁၅-၁၆ ဘ႑ာႏွစ္အတြင္း က်ပ္ သန္းေပါင္း ၇၁၄၆၆၃ ရရွိခဲ့ေၾကာင္း ယင္းသည္ ျမန္မာႏိုင္ငံစုစုေပါင္း ဂ်ီဒီပီ၏ ဝ.၂ ရာခိုင္ႏႈန္းရွိခဲ့တယ္လို႔ ဆိုပါတယ္။၂၀၁၄-၁၅ဘ႑ာႏွစ္အတြင္း အခြန္ေငြက်ပ္ သန္း ၁၀၀ ႏွင့္အထက္ေပးေဆာင္ေသာကုမၸဏီႏွင့္ သစ္ထုတ္ လုပ္မႈ တန္ခ်ိန္ ၁၀၀၀၀ အထက္အဆင့္ရွိ ကုမၸဏီ ၁၉ ခုရွိခဲ့ၿပီး ၂၀၁၅-၁၆ ဘ႑ာႏွစ္အတြင္း ကုမၸဏီ ၁၆ ခုတို႔ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၁၄-၁၅ဘ႑ာႏွစ္အတြင္း ကြၽန္းသစ္ထုတ္လုပ္မႈကို ျမန္မာ့သစ္ လုပ္ငန္းမွ ၅၄ ရာခိုင္ႏႈန္းထုတ္လုပ္ခဲ့ၿပီး ကန္ထ႐ိုက္တာကုမၸဏီမ်ားမွ ၄၆ ရာခိုင္ႏႈန္းထုတ္လုပ္ခဲ့ေၾကာင္း၊ ၂၀၁၅-၁၆ ဘ႑ာ ႏွစ္ အတြင္း ျမန္မာ့ သစ္လုပ္ငန္းမွ ၃၄ ရာခိုင္ႏႈန္းထုတ္လုပ္ခဲ့ၿပီး ကန္ထ႐ိုက္တာကုမၸဏီမ်ားမွ ၆၆ ရာခိုင္ႏႈန္း ထုတ္လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးတင္ထြန္းက သစ္ေတာမ်ားလက္ရွိ အေျခအေနထက္ပိုမိုဆိုး႐ြားမသြား ေစရန္ စီမံကိန္းမ်ားခ်မွတ္ အေကာင္အထည္ေဖာ္ လွ်က္ရွိတယ္လို႔ဆိုပါတယ္။ “သစ္ေတာမ်ားလက္ရွိအေျခအေနထက္ပိုမိုဆိုးမသြားဖို႔ နဲ႔ ပိုမိုေကာင္းမြန္လာေရး ကိုရည္႐ြယ္ၿပီး ၁၀ ႏွစ္ ၂၀၁၇ မွ ၂၀၂၆ ခုႏွစ္အထိ ေရးဆြဲထားတဲ့ ျမန္မာႏိုင္ငံ သစ္ေတာ မ်ား ျပန္လည္တည္ေထာင္ေရးစီမံကိန္းကိုလည္း အေကာင္အထည္ေဖာ္လွ်က္ရွိပါတယ္။ ပုဂၢလိက စိုက္ခင္း ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း စြမ္းအားရွိသမွ် ဝန္ႀကီးဌာနက ေဆာင္႐ြက္လွ်က္ရွိပါ တယ္။

 ေခတ္စနစ္နဲ႔ေလွ်ာ္ညီစြာနဲ႔ ဌာနရဲ႕လုပ္ငန္းမ်ား ပိုမိုပြင့္လင္းျမင္သာ မႈရွိတယ္ဆိုတာေဖာ္ျပႏိုင္ဖို႔အတြက္ ေဆာင္႐ြက္လွ်က္ ရွိပါတယ္။ တရားမဝင္ သစ္ဖမ္းဆီးေရးဟာ ဌာနရဲ႕ဝန္ထမ္းအင္အားနဲ႔ အမ်ားႀကီးအခက္အခဲရွိပါတယ္။ဒါ့ေၾကာင့္မို႔လို႔ ျပည္သူ႔အင္အားကိုယူၿပီးေတာ့ ျပည္သူပါဝင္တဲ့ တရားမဝင္သစ္တားဆီးကာကြယ္ေရး လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္လွ်က္ရွိေနတယ္ “ လို႔ အဆိုပါအခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

 မင္းထြန္း(အုတ္က်င္း)
 ရန္ကုန္၊ ဇူလိုင္ ၁၁