သစ်ခိုးထုတ်နေသူ ၁ဝ ဦးကို ယာဉ်သုံးစီးနဲ့အတူ ဖမ်းဆီးရမိ

သစ်ခိုးထုတ်နေသူ ၁ဝ ဦးကို ယာဉ်သုံးစီးနဲ့အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ဖောင်းပြင် - ပင်လည်ဘူး သွား ကားလမ်း၊ လက်ယာဘက်ခြမ်း ၆ ဖာလုံလောက် နေရာကနေ သစ်တွေ တရားမဝင်ခိုးထုတ်နေတဲ့ လူ ၁ဝ ဦးနဲ့အတူ ကားတွေ၊ သစ်တွေ၊ ထွန်စက်၊ သစ်စက်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနမှ သိရပါတယ်။

အဲ့ဒီနေရာကနေ အမျိုးသား ၁ဝ ဦး၊ မော်တော်ယာဉ် ၂ စီး၊ ထွန်စက် ၁ စီး၊ ပိတောက်ခွဲသား ဆိုဒ်စုံ ၁ဝ၉ ချောင်း၊ ၂၅ ကောင် အင်ဂျင် ၁ လုံးပါ သစ်စက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာ ဖြစ်တယ်လို့ သစ်တောဦးစီးဌာနက စက်တင်ဘာလ ၁၃ ရက်နေ့၊ ညနေပိုင်းမှာ အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်နေတဲ့ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်နဲ့ သတင်းပေးပို့ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနနဲ့ ကသာခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့မှာ အဲ့ဒီနေရာကို သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာတော့ ဖမ်းဆီးထားသူ အမျိုးသား ၁ဝ ဦးကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေပြီဖြစ်တယ်လို့ သစ်တောဦးစီးဌာနမှ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ စက်တင်ဘာ - ၁၄
ဓာတ်ပုံ - သစ်တောဦးစီးဌာန

( Zawgyi )

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေမာ္လိုက္ခ႐ိုင္၊ ေဖာင္းျပင္ၿမိဳ႕နယ္၊ ေဖာင္းျပင္ - ပင္လည္ဘူး သြား ကားလမ္း၊ လက္ယာဘက္ျခမ္း ၆ ဖာလုံေလာက္ ေနရာကေန သစ္ေတြ တရားမဝင္ခိုးထုတ္ေနတဲ့ လူ ၁ဝ ဦးနဲ႔အတူ ကားေတြ၊ သစ္ေတြ၊ ထြန္စက္၊ သစ္စက္နဲ႔ ဆက္စပ္ပစၥည္းေတြ ဖမ္းဆီးရမိခဲ့တယ္လို႔ သစ္ေတာဦးစီးဌာနမွ သိရပါတယ္။

အဲ့ဒီေနရာကေန အမ်ိဳးသား ၁ဝ ဦး၊ ေမာ္ေတာ္ယာဥ္ ၂ စီး၊ ထြန္စက္ ၁ စီး၊ ပိေတာက္ခြဲသား ဆိုဒ္စုံ ၁ဝ၉ ေခ်ာင္း၊ ၂၅ ေကာင္ အင္ဂ်င္ ၁ လုံးပါ သစ္စက္နဲ႔ ဆက္စပ္ပစၥည္းေတြကို သိမ္းဆည္းရမိခဲ့တာ ျဖစ္တယ္လို႔ သစ္ေတာဦးစီးဌာနက စက္တင္ဘာလ ၁၃ ရက္ေန႔၊ ညေနပိုင္းမွာ အသိေပးထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ျပည္သူလူထု ပူးေပါင္းပါဝင္မႈျဖင့္ လုပ္ေဆာင္ေနတဲ့ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရႈ သတင္းပို႔စနစ္နဲ႔ သတင္းေပးပို႔ခ်က္အရ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေမာ္လိုက္ခ႐ိုင္၊ ေဖာင္းျပင္ၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနနဲ႔ ကသာခ႐ိုင္၊ ပင္လယ္ဘူးၿမိဳ႕နယ္၊ သစ္ေတာဦးစီးဌာနမွ သစ္ေတာဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕၊ သစ္ေတာလုံၿခဳံေရးရဲတပ္ဖြဲ႕၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြ ပါဝင္တဲ့ ပူးေပါင္းအဖြဲ႕က စက္တင္ဘာလ ၁၁ ရက္ေန႔မွာ အဲ့ဒီေနရာကို သြားေရာက္ရွာေဖြ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ ဖမ္းဆီးထားသူ အမ်ိဳးသား ၁ဝ ဦးကို သက္ဆိုင္ရာ ရဲစခန္းမွာ အမႈဖြင့္ စစ္ေဆးေနၿပီျဖစ္တယ္လို႔ သစ္ေတာဦးစီးဌာနမွ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ စက္တင္ဘာ - ၁၄
ဓာတ္ပုံ - သစ္ေတာဦးစီးဌာန