ဝါဆိုလပြည့်နေ့တွင် ရွှေတိဂုံစေတီအနီးတစ်ဝိုက်၌ စုပေါင်းအမှိုက်ကောက် လှုပ်ရှားမည်

 ဝါဆိုလပြည့်နေ့တွင် ရွှေတိဂုံစေတီအနီးတစ်ဝိုက်၌ စုပေါင်းအမှိုက်ကောက် လှုပ်ရှားမည်

လာမယ့် ဝါဆိုလပြည့်နေ့ဖြစ်တဲ့ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီမှာ ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်တစ်ဝိုက် မှာ စုပေါင်းအမှိုက်ကောက် လှုပ်ရှားမယ့် အစီအစဉ်တစ်ရပ်ကို Clean Yangon အဖွဲ့က စီစဉ်ထားကြောင်း သိရပါတယ်။

ထိုအစီအစဉ်ဟာ Clean Yangon အဖွဲ့ရဲ့ (၂၇)ကြိမ်မြောက် စုပေါင်းအမှိုက်ကောက် လှုပ်ရှားတဲ့ အစီအစဉ် လည်း ဖြစ်သလို စေတနာပရဟိတအဖွဲ့အစည်းတွေအပြင် မြို့တော်စည်ပင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာနကလည်း လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေနဲ့ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ထိုနေ့ဟာ ဘုရားဖူး ဧည့်သည်တွေအများအပြား လာရောက် တတ်တဲ့နေ့ရက်လည်း ဖြစ်တာကြောင့် မလိုလား အပ်သော စွန့်ပစ် အမှိုက်တွေကြောင့် ပတ်ဝန်းကျင်အမြင်မတင့်တဲ့အခြေအနေမျိုးမဖြစ်အောင်စုပေါင်းအမှိုက်ကောက ်လှုပ်ရှားရင်း လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။

Clean Yangon အဖွဲ့ဟာ လတ်တလောမှာ လှိုင်သာယာမြို့နယ်က စာသင်ကျောင်းတွေမှာ စွန့်ပစ်အမှိုက် စီမံခန့် ခွဲရေးနဲ့ ပတ်သက်တဲ့အသိပညာပေးတာတွေကို လုပ်ဆောင်နေပြီး ကမ်းခြေဒေသတွေ အမှိုက်ကင်းစင်ရေး အတွက်ကိုလည်း အစီအစဉ်တွေချကာ လုပ်ဆောင်နေလျက်ရှိပါတယ်။ ထို (၂၇)ကြိမ်မြောက် စုပေါင်း အမှိုက်ကောက်လှုပ်ရှားမယ့် အစီအစဉ်အတွက်ကိုလည်း ပရဟိတအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာကို ယနေ့(ဇူလိုင်လ ၁၂ရက်) ည ၆နာရီခွဲမှာ ကျင်းပသွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် ၁၂

( Zawgyi )

 လာမယ့္ ဝါဆိုလျပည့္ေန႔ျဖစ္တဲ့ ဇူလိုင္လ ၁၆ ရက္ ညေန ၃ နာရီမွာ ရန္ကုန္ၿမိဳ႕က ေ႐ႊတိဂုံေစတီေတာ္တစ္ဝိုက္ မွာ စုေပါင္းအမႈိက္ေကာက္ လႈပ္ရွားမယ့္ အစီအစဥ္တစ္ရပ္ကို Clean Yangon အဖြဲ႕က စီစဥ္ထားေၾကာင္း သိရပါတယ္။

ထိုအစီအစဥ္ဟာ Clean Yangon အဖြဲ႕ရဲ႕ (၂၇)ႀကိမ္ေျမာက္ စုေပါင္းအမႈိက္ေကာက္ လႈပ္ရွားတဲ့ အစီအစဥ္ လည္း ျဖစ္သလို ေစတနာပရဟိတအဖြဲ႕အစည္းေတြအျပင္ ၿမိဳ႕ေတာ္စည္ပင္ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး ႏွင့္ သန႔္ရွင္းေရးဌာနကလည္း လိုအပ္တဲ့ ကူညီပံ့ပိုးမႈေတြနဲ႔ လုပ္ေဆာင္ဖို႔ စီစဥ္ထားပါတယ္။ ထိုေန႔ဟာ ဘုရားဖူး ဧည့္သည္ေတြအမ်ားအျပား လာေရာက္ တတ္တဲ့ေန႔ရက္လည္း ျဖစ္တာေၾကာင့္ မလိုလား အပ္ေသာ စြန႔္ပစ္ အမႈိက္ေတြေၾကာင့္ ပတ္ဝန္းက်င္အျမင္မတင့္တဲ့အေျခအေနမ်ိဳးမျဖစ္ေအာင္စုေပါင္းအမႈိက္ေကာက ္လႈပ္ရွားရင္း လုပ္ကိုင္ၾကမွာ ျဖစ္ပါတယ္။

Clean Yangon အဖြဲ႕ဟာ လတ္တေလာမွာ လႈိင္သာယာၿမိဳ႕နယ္က စာသင္ေက်ာင္းေတြမွာ စြန႔္ပစ္အမႈိက္ စီမံခန႔္ ခြဲေရးနဲ႔ ပတ္သက္တဲ့အသိပညာေပးတာေတြကို လုပ္ေဆာင္ေနၿပီး ကမ္းေျခေဒသေတြ အမႈိက္ကင္းစင္ေရး အတြက္ကိုလည္း အစီအစဥ္ေတြခ်ကာ လုပ္ေဆာင္ေနလ်က္ရွိပါတယ္။ ထို (၂၇)ႀကိမ္ေျမာက္ စုေပါင္း အမႈိက္ေကာက္လႈပ္ရွားမယ့္ အစီအစဥ္အတြက္ကိုလည္း ပရဟိတအဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးတာကို ယေန႔(ဇူလိုင္လ ၁၂ရက္) ည ၆နာရီခြဲမွာ က်င္းပသြားဖို႔ စီစဥ္ထားေၾကာင္း သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ ၁၂